Pages

Thursday, February 16, 2012

၁၅ရက်နေ့က ရွှေညဝါဆရာတော်မှ သံဃာတော်အပါး ၇၀၀ကျော်နှင့် ဆွမ်းခံကြွချီပြီး ကျေးဇူးရှင် ဒါယကာ၊ ဒါယိကာမများအား နှုတ်ဆက်ပွဲနှင့် လမ်းခရီးမှ အလှူရှင် အမေအိုတဦးရဲ့ မြင်ကွင်း...

လာမည့် ၁၉ရက်နေ့မှာ သီတင်းသုံးရာ ကျောင်းမှ ထွက်ခွာရန် အတင်းအကြပ် ဖိအားပေးခြင်း ခံနေရတဲ့ ရွှေညဝါဆရာတော်ကြီးနဲ့ နောက်ပါ တပည့်သံဃာတော် အပါး၇၀၀ဟာ   ကျေးဇူးရှင် ဒါယကာ၊ ဒါယိကာမများအား ဆွမ်းခံကြွချီပြီး ချီးမြှင့်ခဲ့ပါတယ်..။ ၁၅ရက်နေ့မနက်ပိုင်းက ကမာရွတ်မြို့နယ် အမှတ် ၃/၄/၅ ရှောက်ပင်ခြံ ရပ်ကွက်ရှိ လမ်းအသီးသီးသို့ ရွှေညဝါဆရာတော်ကြီးနဲ့ သံဃာတော် အပါး၇၀၀ အတူ နိုင်ငံရေး အကျဉ်းသားဟောင်းများ အပါအဝင် ဆရာတော်အား ထောက်ခံသူ လူပုဂ္ဂိုလ် ၁၀၀၀ခန့် လိုက်ပါခဲ့ကြပါတယ်...။
ထိုသို့ ရွှေညဝါဆရာတော်ကြီးနဲ့ သံဃာတော်များ ကြွချီရာ လမ်းတလျှောက်မှာ ကြည်ညိုသူ ဒါယိကာ၊ ဒါယိကာမများမှ လှူဖွယ်ပစ္စည်းများနဲ့ လောင်းလှူခဲ့ကြပါတယ်..။ ဘာသာအကျိုး၊ သာသနာအကျိုး အများအကျိုး ဆောင်ရွက်နေတဲ့ ဆရာတော်ကြီးအား  ကျောင်းတိုက်မှ ထွက်ခွာရန် အတင်းအကြပ် ဖိအားပေးခြင်း ခံနေရတဲ့ ဆရာတော်ကြီးအတွက် မတရားမှုအား သိရှိနေကြတဲ့ ဒါယိကာ၊ ဒါယိကာမများအပေါင်းမှာ ဝမ်းနည်းပူဆွေးမှု၊ မျက်ရည်မဆည်နိုင် ငိုကြွေးသူများရှိသလို ဆရာတော်ကြီးအား နှုတ်ဆက်တဲ့ အနေနဲ့ ကြွချီရာ လမ်းတလျှောက်မှာ သဒ္ဓါတရားထက်သန်စွာ လောင်းလှူပူဆော် ခဲ့ကြပါတယ်..။

ဒီကနေ့လှူဒါန်း ရရှိသည်များထဲမှ  ပိုလျှံသည် ဆွမ်း၊ ဟင်းနှင့် လှူဖွယ်ပစ္စည်းများ အပါအဝင် ငွေသား ၂သိန်းကျော်အား လှိုင်သာယာမြို့နယ် မီးဘေးဒုက္ခသည်များအား ဆရာတော်ကြီးနှင့် နိုင်ငံရေး အကျဉ်းသားများဟောင်းများ၊ လူငယ်လူရွယ်များမှ သွားရောက်လှူဒါန်းခဲ့ကြပါတယ်။

သတင်း၊ ဓာတ်ပုံ ဒီမိုဝေယံ

အနစ်နာခံ ပေးဆပ်သူတို့အား ပြည်သူတွေ လေးစားချစ်ခင် တန်ဘိုးထားကြသည်...
ဒီကနေ့ ဆရာတော်ကြီး ကြွချီရာ လမ်းမှာ မြင်တွေ့ရတဲ့ ဓာတ်ပုံလေးပါ..။ ဒီလိုမြင်ကွင်းမျိုးတွေ အမေစုနဲ့ ကိုမင်းကိုနိုင်တို့ရဲ့  ခရီးစဉ်တွေမှာ ကျွန်တော်တို့ အခုတလော မြင်နေကြားနေ သိနေရတဲ့ မြင်ကွင်းတွေနဲ့ ထပ်တူထပ်မျှပါပဲ။ ရွှေညဝါ ဆရာတော်ကြီးကို သဒ္ဓါတရားထက်သန်စွာ လောင်းလှူလိုတဲ့ အမေအိုတဦးအား ဆရာတော်နဲ့ လိုက်ပါလာတဲ့ ဒကာ(၂)ဦးမှ ဆရာတော်ဆီ တွဲခေါ်လာတဲ့ ရင်ကိုထိမှန်စေတဲ့ မြင်ကွင်းတွေပါ..။ လမ်းတောင် အဖော်ပါမှ တွဲခေါ် လျှောက်နိုင်တဲ့ ဘဝရဲ့ နေဝင်ချိန်ကို ရောက်ရှိနေတဲ့ အမေအိုပါ...။
ဒါပေမယ့် အမေအို ဆရာတော်ကြီးဆီ မရောက်ရောက်အောင် သွားရှာပြီး လှူဖွယ်ပစ္စည်းလေးကို ရအောင်ကပ်လှူခဲ့တာပါ။ နှစ်စဉ်နှစ်တိုင်း နွေရာသီ ရွှေညဝါသင်တန်းကာလမှာ ဒီလိုပဲ တပည့် နောက်ပါသံဃာတွေနဲ့ အပင်ပန်းခံ ဆွမ်းခံထွက်ချိန်မှာ အမေအိုတို့လည်း လောင်းလှူနေကြဖြစ်မှာပါ၊ ယခင်က အဝေးကနေ တဆင့်လောင်းလှူတာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ရွှေညဝါဆရာတော်ကြီး ကျောင်းက ထွက်ခွာ ပေးရတော့မယ်ဆိုတာ သိရှိနေတဲ့ အမေအိုရဲ့ ရင်ထဲမှာ နောက်ထပ် ဆရာတော်ကြီးကို အနီးအပါးမှာ ဖူးမျှော်နိုင်ခွင့် ရမဆိုတာ မသေချာတော့ဘူးဆိုတဲ့ ရင်ထဲ မချိတင်ကဲ ခံစားချက်နဲ့ လာရောက်ဖူးမျှော် ရှာသလားအမေအို...။ စိတ်မကောင်းတဲ့ ခံစားချက်ကတော့ မျက်နှာမှာ အထင်းသားနဲ့ပေါ့...။ အတင်းလုပ်ယူ ခံစားယူလို့ ရတဲ့ မြင်ကွင်းတွေ မဟုတ်ပါ...။ အမေအိုတို့ ဘဝနောက်ဆုံး အချိန်တွေမှာတောင် လေးစားကြည်ညိုသူအတွက် မချိတင်ကဲ စိတ်မကောင်း ဖြစ်နေရတာပါ....။

ပြည်သူတွေကို နည်းမျိုးစုံနဲ့ အနှစ်နှစ် အလလ စိတ်ဒဏ်ရာတွေ ပေးနေကြတဲ့ သူတွေနဲ့ သာသနာ့ နောက်ကွယ်မှာ ကြိုးကိုင်နေသူတွေ ဒီလောက်ဆို တော်လောက်ပါပြီ...။  ငါးပါးသီလရဲ့ တခုချင်းဆီရဲ့ အခြေခံဟာ ကိုယ်ချင်းစာတရားပါ။ ယခုမတရား အမိန့်ထုတ်ပြန်တာ စာတတ်ပေတတ် သံဃာတော်တွေ ဖြစ်တဲ့အတွက် မိကျောင်းမင်း ရေခင်းပြတာမဟုတ်ပါ။ ပြန်လည် စဉ်းစားပေးဖို့လည်း ဦးတင်လျှောက်ထားပါတယ်..။
လက်ရှိ ရွှေညဝါ ဆရာတော်ကြီးနဲ့ ပတ်သက်လို့ ထုတ်ပြန်ခဲ့တဲ့ အမိန့်ဟာ အင်မတန် အငြိုးအတေးကြီးလွန်း၊ အာဃတတရားတွေ၊ မစ္ဆရိယစိတ်တွေ ကြီးလွန်းနေမလားပဲ...။ ဒီကနေ့ ဆရာတော်ကြီး ဆွမ်းခံကြွချီရာမှာ မျက်ရည်ကြသူတွေ အများအပြားပေါ့။ ဒီလို မျက်ရည်တွေရဲ့ နောက်ကွယ်မှာ အမိန့်ချမှတ်ခဲ့တဲ့ သံဃာ့အဖွဲ့အစည်းပေါ်မှာလည်း လုပ်ရက်လေခြင်းလို့ အမှန်တရားကို လိုလားသူတိုင်း မချိတင်ကဲ အပြစ်တင်မိကြမှာပါ...။ တကယ်လုပ်ဆောင်ရာမှာ ပါဝင်ခဲ့တဲ့ အာဏာပိုင် သံဃာ့အဖွဲ့အစည်းက သံဃာတွေအပေါ်မှာ အပြစ်မြင်မိကြမှာ ဖြစ်သလို ပါဝင်ခြင်း သိရှိခြင်းမရှိတဲ့ သံဃာတော် ထေရ်ကြီး၊ ဝါကြီးတွေ အပေါ်မှာလည်း အမြင်တမျိုးဖြစ်မိကြမှာပါ...။ 

ယခုကဲ့သို့ ထေရဝါဒ ဗုဒ္ဓဘာသာမှာ မှားခဲ့သည့် အမှုအတွက် တောင်းပန်မှု ပြုသည့် အပေါ်မှာ တဘက်က ပါရာဇိက ကျသည့် အပြစ်မဟုတ်လျှင် ဘုရားရှင် အဆုံးအမအတိုင်း ခွင့်လွှတ်ခြင်း ဆိုတဲ့ တန်ပြန်တုံ့ပြန်မှုတော့ ပေးသင့်ပါတယ်...။ ယခုကဲ့သို့ တဘက်သတ် လုပ်ဆောင်မှုကြောင့် သံဃာသင်းခွဲမှုကဲ့သို့ သံဃာတော် အချင်းချင်း မညီညွတ်မှုကို ဖြစ်ပေါ်စေနိုင်သလို သာမာန်ပုထုစဉ် ပြည်သူလူထုမှာလည်း မတရားမှုအတွက် သနားဂရုဏာ ကုသိုလ်စိတ်ကို အကြောင်းပြုပြီး လုပ်ဆောင်တဲ့ အဖွဲ့အစည်းအပေါ် လုပ်ရက်လေခြင်းဆိုတဲ့ ဒေါသစိတ် အကုသိုလ်စိတ်ကို ဖြစ်ပေါ်စေတဲ့အတွက် လုပ်ဆောင်ခဲ့သူ သက်ဆိုင်သူများဟာ ဘာသာတရားအရ အင်မတန်မှ အပြစ်ကြီးစေပါတယ်..။ သိုပေတည့် အမှန်တရားသည် အမြင်အားဖြင့် တခဏတာ အရှုံးပေးလိုက်ရသည်ဟု ထင်ရသော်လည်း ရရှိခဲ့သော လူထုမေတ္တာ စေတနာနှင့် ချစ်ခြင်းတရားတို့သည် အဓမ္မပြုသူများအပေါ် အကြိမ်ကြိမ်အခါခါ အဖန်ဖန်အထပ်ထပ် အောင်နိုင်ခဲ့လေပြီ...။

အမှန်တရားဖြင့် လက်ရှိအခြေအနေ၌ အကြိမ်ကြိမ်အခါခါ အောင်နိုင်ပြီး ပြည်သူ့မေတ္တာ ရရှိနေသော ရွှေညဝါဆရာတော်ကြီးအား ဦးညွှတ်ကန်တော့ အပ်ပါသည်...။

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ၊ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ၊ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ..။

ဒီမိုဝေယံ




https://picasaweb.google.com/109255525006943086316/ShweNyaWar15th?authuser=0&feat=directlink

15 comments:

  1. Gov knows the weakness of Burmese. How to drive out the good people easily.

    ReplyDelete
  2. ""shwe nya wa"" is not myanmar real monks,, myanmar buddhist monks is not like that. and can not talk like that.. he was wrong,,

    ReplyDelete
  3. အမှန်တရားသည် အမြင်အားဖြင့် တခဏတာ အရှုံးပေးလိုက်ရသည်ဟု ထင်ရသော်လည်း ရရှိခဲ့သော လူထုမေတ္တာ စေတနာနှင့် ချစ်ခြင်းတရားတို့သည် အဓမ္မပြုသူများအပေါ် အကြိမ်ကြိမ်အခါခါ အဖန်ဖန်အထပ်ထပ် အောင်နိုင်ခဲ့လေပြီ...။

    Absolutely true.

    ReplyDelete
  4. ''Shwe nya wa'' is not myanmar real monks,, myanmar buddhist monks is not like that. and can not like that..he was wrong...
    ပုဂ္ဂိုလ်တစ်ယောက်ရေးထားတဲ့ ဒီကွန်မန့်လေးကို ဖတ်ရပါတယ်။
    ''shwe nay wa'' is not maynmar real monks"
    ဒီစာကြောင်းလေးအတွက် ပြောချင်တာက `` ရွှေည၀ါဆရာတော်ဟာ မြန်မာ(ဗမာ)စစ်စစ် ရဟန်းတော်တစ်ပါး ဖြစ်တယ်ဆိုတာပါပဲ´´။
    maynmar buddhis monks is not like that?
    ဒီစာကြောင်းကတော့ ဘာကိုရည်ရွယ်တယ်ဆိုတာ အတိအကျမသိပါဘူး။ ရွှေည၀ါဆရာတော်လုပ်နေတဲ့ လက်ရှိ ပရဟိတ အလုပ်တွေကို ရည်ရွယ်တယ်ဆိုရင်တော့ ဒီပုဂ္ဂိုလ်ရေးထားတဲ့ ``ဗုဒ္ဓဘာသာမြန်မာရဟန်းတော်တွေဟာ ဒီလိုမလုပ်ပါဘူး´´ ဆိုတဲ့ ဒီစာကြောင်းကတော့ လုံးဝကို လွဲချော်နေတယ်လို့ပဲ ပြောချင်ပါတယ်။
    ဘာကြောင့်လဲ ဆိုရင် မြတ်စွာဘုရား ကိုယ်တော်တိုင် လောကအတွက်(လူသားတွေအတွက်) ပရဟိတလုပ်ငန်းတွေကို နည်းပေးလမ်းပြ ဟောဖော်ညွှန်ပြထားပါတယ်။ ရှေးမြန်မာဆရာတော်ကြီးတွေနဲ့ ယခု ပရဟိတ လုပ်နေတဲ့ မြန်မာရဟန်းတော်(ရဟန်းကောင်း)တွေ ရှိနေတဲ့အတွက် အထက်ပါစာကြောင်းဟာ ပုဂ္ဂိုလ်ရေး အမြင်စောင်းမှု တစ်ခုခုအတွက်လားဆိုတာ စဉ်းစားစရာပါ ။
    "he was wrong"
    သူမှားခဲ့တယ်၊ မှားနေတယ် ဆိုတာကရော ဘယ်အရာတွေကို ပြောချင်တာပါလဲ။ တစ်ခုပြောချင်တာက ရွှေည၀ါ ဆရာတော်ဟာ ရဟန္တာတစ်ပါးမဟုတ်ပါဘူး ။ သာမန် ပုထုဇဉ်ရဟန်းတစ်ပါးဆိုတာကိုတော့ သတိချပ်စေချင်ပါတယ်။ ဘယ်ပုထုဇဉ်မှ ခြောက်ပစ်ကင်း သဲလဲမစင်ဘူးဆိုတာကိုလဲ သတိထားစေချင်ပါတယ် ။

    ReplyDelete
  5. ""shwe nya wa"" is not myanmar real monks,, myanmar buddhist monks is not like that. and can not talk like that.. he was wrong,, ဖော်ပြပါ မှတ်ချက်ကို ပေးထားသူဟာ ကိုယ့်အရည်အချင်း နဂိုစိတ်ရင်းအမှန်ကိုဖော်ပြနေပါတယ်။ အများအကျိုးကို ရွက်ဆောင်တဲ့သူအားလုံးကို အသားအရောင် ဘာသာအယူဝါဒ ချမ်းသာဆင်းရဲ အာဏာရှိ မရှိ စတာတွေ ခွဲခြားနေဖို့ မလိုပါဘူး။ ကျင်းမြောင်းတဲ့ အမြင်သဘောထားတွေ ရှိခဲ့ကြလို့လဲ မြန်မာနိုင်ငံမှာ အခုချိန်ထိ မငြိမ်းချမ်းသေးနိုင်တာပဲဖြစ်ပါတယ်။ အရေတွက်ကို သူနေရာအလိုက် လိုအပ်တာမှန်ပေမယ့် အရည်အချင်းကိုတော့ ပထမဦးစာပေးသင့်ကြပါတယ်။ ဘာသာတစ်ခု လူမျိုးတစ်မျိုးဟာ မိမိဟာမှ မိမိအကောင်း အမှန်ဟု ထင်မြင်ယူဆပြီး တစ်ဖက်ကို အပုတ်ချ ဝေဖန်ပြောဆို နေလို့ကတော့ ကိုယ့်ဝါဒ ကိုယ့်လူမျိုးကို တူဖြိုဖျက်ဆီးနေတာပဲဖြစ်ပါတယ်။ အခုချိန်မျာ တိုင်းပြည်တစ်ခု လူမျိုးတစ်မျိုး ဘာသာတစ်ခုတည်း ရပ်တည်နေလို့ကောရကြပါရဲ့လား ဆိုတာ နားလည်သင်ကြပါပြီ။
    အသားရောင်စွဲ ၀ါဒစွဲ ဇာတ်စွဲပျင်းထန်တဲ့ခေတ်ကြီးမှာ ၄င်းစနစ်တွေမှ သွေဖယ်ပြီး လမ်းကြောင်းအသစ်နဲ့ စတင်ခဲ့တဲ့ မြတ်စွာဘုရားရဲ့ သာသာနာတွင်းနဲ့ သာသနာပြင်ပမှာ နေကြသူများဟာ မြတ်စွာဘုရားရဲ့ လမ်းကြောင်းအတိုင်းမလျှောက်ပဲ ရှေးရိုးလမ်းစဉ်ဖြစ်တဲ့ လူမျိုးစွဲ ဇာတ်စွဲဝါဒလမ်းစဉ်ကိုလိုက်နေကြသူတွေဟာ ငါဟာ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဟုတ်ပါရဲ့လားဆိုတာ မိမိကိုယ်မိမိ သုံးသပ်သင့်ကြပါပြီ။
    နောက်တစ်ခုမှတ်သားရမှာက ဂေါတမဘုရားအလောင်းတော် သုမေဓာရှင်ရသေဘ၀ကတည်းက နိဗ္ဗာန်ချမ်းသာကို ရရှိနိုင်ပါလျှက် သတ္တ၀ါတို့ရဲ့အကျိုးစီပွါးအတွက် ဘုရားဖြစ်တဲ့အထိ ကျင့်ကြံအားထုတ်ခဲ့တယ်ဆိုတာ နားလည်သင့်ပါတယ်။ ဒီလောက်ဆိုရင် ဗုဒ္ဓ၀ါဒနဲ့ ပရဟိတလုပ်ငန်းဟာ ဘယ်လောက်ဆက်စပ်မှုရှိတယ်ဆိုတာ နားလည်သင်ပါပြီ။

    ReplyDelete
  6. ""shwe nya wa"" is not myanmar real monks,, myanmar buddhist monks is not like that. and can not talk like that.. he was wrong,,
    ဒီကွန်မင့်ရေးတဲ့သူဟာ.ဘယ်သူလဲဆိုတာမေးနေ.စဉ်းစားစရာမလိုပါဘူး..
    ရှင်းရှင်းလေးပါပဲ..ရေးတဲ့သူက မဟန ပါပဲ..

    ReplyDelete
  7. ဦးလေးမောင်(ဘောက်ထော်)February 17, 2012 at 3:43 PM

    ရွှေညဝါဆရာတော်ဘုရားဟာ မြန်မာဘုန်းကြီးမဟုတ်ဘူးဆိုတာ. လူမျိုးကို
    ပြောတာလား၊. ဘာသာကိုပြောတာလား?လူမျိုးကိုပြောတာဆိုရင်. ရွှေညဝါ
    ဆရာတော်ဟာ. ဘာလူမျိုးဖြစ်နေလို့လဲ?ဘာသာကိုပြောတာဆိုရင်.
    တရုတ်ပြည်ကမဟာယာနဖြစ်နေလို့လား?ဂျပန်ပြည်က. ဇင်ဗုဒ္ဓဘာသာလား?
    မြန်မာဘုန်းကြီးတွေ. ဒီလိုမဟုတ်ဘူးဆိုတာရော. ဘာကိုပြောတာလဲ?၁၀ပါး
    ဘဲသိခဲ့တာကို. ၄၇. ပါးစုံညီဆုံးဖြတ်ချက်ဆိုပြီး. ၃၇. ပါးကိုအသိမပေးခဲ့တာတွေ
    အသနားခံစာကိုတင်တဲ့အခါမှာ. ထေရဝါဒ ထုံစံအရ. အာပါတ်ဖြေရင်ခွင့်လွှတ်
    ရရိုးထုံးစံရှိပါလျှက်. နာမည်ပျက်ရှိတဲ့. တိုင်းသံဃာ့နာယက. က. မဟနကို
    ကျော်ပြီး. ကြားဖြတ်ပယ်ခဲ့တာတွေ. ၊ရွှေညဝါဆရာတော်ကိုခေါ်ပြီး. ချိန်းခြောက်
    ပြီး၁၅ရက်အတွင်းမှာတောင်. ကျောင်းကဖယ်ရှားဘို့. ကြိုးစားခဲ့တာတွေ. ဒါတွေ
    ဟာ. သွေးရိုးသားရိုးမဟုတ်ဘူး၊. သာသနာရေးဦးစီးဌာနနဲ့. ဇရှိတဲ့မဟနတချို့
    ပူးပေါင်းလုပ်ဆောင် ခဲ့တာတွေပေါ့။. တကယ်လို့များ. ရွှေညဝါဆရာတော်ဟာ
    မြို့နယ်သံဃာ့နာယကအဖွဲ့မှာ တာဝန်ထမ်းဆောင်စဉ်တုံးကတဲက. အစိုးရကို
ြေ. ဖားရားခဲ့မယ်ဆိုရင်. အခုလောက်ဆို. ဘွဲ့တွေတသီကြီး. အပ်နှင်း
    ခြင်းခံရပြီးသားဖြစ်နေမှာပါ။.

    ReplyDelete
  8. သာသနာတော်သန့် ရှင်းဖို့  မဟနရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုထောက်ခံတယ်။
    ဘုန်းကြီးတွေ ဘုရားသာသနာတိုးပွားအောင် မလုပ်ဘဲ နိုင်ငံရေးသမားတွေနဲ့
    ရှုတ်ရှက်ခပ်နေတာ ကြည့်မရဘူး

    ReplyDelete
  9. အောင်မြင်February 18, 2012 at 2:07 AM

    Mr.Anonymous....Ya fuckin stupid,thats why you dare to post that dumb ass fuckin comment.သမိုင်းစဉ်ဆက် ရှေးပဝေသဏီကတည်းက ဗုဒ္ဓဘာသာရဟန်းတော်တွေဟာ နိုင်ငံရေးမှာပတ်သက်သက်ခဲ့ကြတာဘဲ။ သုံးလူ့ထွတ်ထား ဗုဒ္ဓရှင်တော်ဘုရားကိုယ်တော်တိုင် နိုင်ငံရေးမှာတိတိပပ ပါဝင်ပတ်သက်ခဲ့တဲ့ သာဓကတွေအများကြီးရှိတယ်။ ဘာသာတရားတခုကို သေသေချာချာမလေ့လာဘဲ ဘာသာရေးမဆွေးနွေးသင့်ဘူး။ အမောင် တောင်မှန်း မြောက်မှန်း သိတတ်ပါစေ။

    ReplyDelete
  10. သာသနာတော်သန့် ရှင်းဖို့  မဟနရဲ့ ဆုံးဖြတ်ချက်ကို လေးလေးနက်နက် ကြိုဆိုထောက်ခံတယ်။
    ဘုန်းကြီးတွေ နိုင်ငံရေးလုပ်ချင်ရင် လူထွက်ပါ။ ရွေးကောက်ပွဲ ၀င်ပြိုင်ပါ။ အဲဒီမှာ လူထုထောက်ခံမူ
    ဘယ်လောက်ရှိသလဲ ပေါ်လိမ့်မယ်။

    ReplyDelete
  11. အမောင် တောင်မှန်း မြောက်မှန်း သိတတ်ပါစေ။ လို့ ပြောတဲ့ သူကြီးရေ၊ ဘုန်းကြီးတွေ အတွက် ၀ိနည်းတွေ လေ့လာပါအုံး ခင်ဗျား။ လူ့ အလုပ်လူဘဲလုပ်ပါစေ။ ဘုန်းကြီးတွေ ၀ိနည်းမလိုက်နာရင် မကြည်ညိုနိုင်ပါ။

    ReplyDelete
  12. သံဃာနှင့်နိုင်ငံရေး

    အခုတစ်လော ရွေးကောက်ပွဲ မဲဆွယ် စည်းရုံး လှုပ်ရှားမှုများမှာ သံဃာတော်တွေ ပါဝင် ချီတက်တာ၊ ဟောပြောမှုကို နားထောင် တာတွေ လုပ်လာတာကို တွေ့ရပါတယ်။ တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ ကိစ္စများမှာ သံဃာတော်များက ဒကာများကို ဦးဆောင် လမ်းညွှန် တာမျိုးတွေ ရှိနိုင်တာ မှန်ပေမယ့် ပါတီတစ်ခု အတွက် ၊ ဒကာတစ်ဦး အတွက် မဲဆွယ် လှုပ်ရှားပေးတာ လုပ်သင့်ပါသလာ။ ထေရ၀ါဒ နှစ်နိုင်ငံဖြစ်တဲ့ သီရိလင်္ကာနဲ့ ထိုင်းနိုင်ငံမှာတော့ အဲဒီလို မဲဆွယ်မှုတွေမှာ သံဃာတွေ ပါဝင်ခွင့် မရှိဘူးလို့ သိရပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာလည်း ၁၉၉၀ ရွေးကောက်ပွဲ နီးတော့ မင်းကွန်း ဆရာတော်ကြီးတို့က အခုလို ညွှန်ကြားဖူးပါတယ်။
    ပိတောက်မြေ

    ညွှန်ကြားလွှာ အမှတ်လွှာ အမှတ် (၈၃)

    သာသနာ့ ဝန်ထမ်း ရဟန်းသာမဏေများသည် ပါတီ နိုင်ငံရေးများ၌ ပါဝင် ဆောင်ရွက်ခြင်း မပြုလုပ်ရန် ညွှန်ကြားခြင်း။

    (၁၃၊ ၇၊ ၉၁) (ဒု-၂၊ ၄၊ ၅၃)

    ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အတွင်းရှိ ထေရဝါဒ ဂိုဏ်းဝင် သံဃာပေါင်း သုံးသိန်းကျော် နေထိုင် သီတင်း သုံးလျက် ရှိပါသည်။ ယင်းထေရဝါဒ ဂိုဏ်းဝင် သံဃာ အပေါင်းသည် သာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားရေးမူ အရ ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်း အဝေးပွဲကြီး ကျင်းပ ပြီးနောက် သံဃာ့ ဂိုဏ်းကြီး ၉ ဂိုဏ်းဖြင့် သံဃာ့ အဖွဲ့အစည်း အဆင့်ဆင့် ဖွဲ့စည်း၍ သာသနာရေး တာဝန်များကို ဆောင်ရွက်လျက် ရှိကြပါသည်။

    ထေရဝါဒ သံဃာ့ ဂိုဏ်းဝင် သမ္မုတိ သံဃာတို့သည် သာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားရေးကို ဦးတည်၍ သာသနာ့ဝန်ထမ်း ရဟန်းသာမဏေတို့၏ ကိစ္စ ဖြစ်သော ဂန္ထဓုရ၊ ဝိပဿနာဓုရ နှစ်ပါးလုံးကို သော်လည်းကောင်း၊ တစ်ပါးပါးကို သော်လည်းကောင်း ဆောင် ရွက်ကြရမည် ဖြစ်ပါသည်။ ပါတီ နိုင်ငံရေးများ၌ ပါဝင် ဆောင်ရွက်ခြင်းကို ရှောင်ကြဉ် ကြရမည် ဖြစ်ပါသည်။

    အကယ်၍ ရဟန်း သာမဏေများ ပါတီ နိုင်ငံရေးများ၌ ပါဝင် ဆောင်ရွက်ပါက နိုင်ငံရေး ပါတီများသည် ရဟန်း သာမဏေများထံ ချဉ်းကပ်၍ ဆရာ မွေးကြပေလိမ့်မည်။ ထိုအခါ ရဟန်း သာမဏေများသည် မိမိနှစ်သက်ရာ ပါတီ အနိုင်ရရှိရေးကို ဆောင်ရွက်ကြရ၊ ဟောပြောကြရသဖြင့် ဘုရားရှင်၏ ဓုရနှစ်ဖြာကို အားမထုတ်နိုင်တော့ဘဲ သာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားရေး ဦးတည်ချက်ကို ထိခိုက်လာမည့် အပြင် ရဟန်း သာမဏေ အချင်းချင်း စိတ်ဝမ်းကွဲပြားကာ ခဲခဲယဉ်းယဉ်း တည်ဆောက် ထားရသော ဂိုဏ်းပေါင်းစုံ သံဃာ့ ညီညွတ်ရေးကြီး ပြိုကွဲ၍ သံဃာ့ အဖွဲ့အစည်း အဆင့်ဆင့်တို့ ဧကန် ပျက်စီး ကြရပေလိမ့်မည်။

    ရှေးယခင် အင်္ဂလိပ် အုပ်စိုးစဉ်အခါက ဝံသာနု၊ ဒိုင်အာခီစသည် ကွဲပြားကြရာ ရဟန်းတော်များ ပါတီနိုင်ငံရေး၌ ပါဝင် ဆောင်ရွက်ကြသဖြင့် ဝံသာနုဘုန်းကြီး၊ ဒိုင်အာခီ ဘုန်းကြီး စသည်တို့ စိတ်ဝမ်းကွဲကာ ကံကြီးကံငယ် အတူ မဆောင်နိုင်၊ သံဃာစင် အတူ မတက်နိုင်သည် အထိ အချင်းချင်း ကွဲပြားခဲ့ဖူးပါသည်။

    မြန်မာ နိုင်ငံတော်၌ ရှေးအခါက တစ်ကြိမ် တစ်ခါမျှ မရခဲ့ဖူးသော ဂိုဏ်းပေါင်းစုံ သံဃာ့ ညီညွတ်ရေးကြီးကို ရရှိ၍ သံဃာ့ အဖွဲ့အစည်း အဆင့်ဆင့် ဖွဲ့စည်းကာ ''သံဃာ့ကိစ္စ သံဃာ ဆောင်ရွက်'' ဟူသော မူအရ သာသနာ့ ကိစ္စအဝဝကို သံဃာတော်များ ကိုယ်တိုင် ဆောင်ရွက်ခွင့် ရသဖြင့် သာသနာတော်၌ အဓမ္မဝါဒများကို နှိမ်နင်းနိုင်ခြင်း စသော အကျိုးတရား များစွာ ဖြစ်ထွန်းခဲ့ပါသည်။ သို့ဖြစ်၍ ဂိုဏ်းပေါင်းစုံ သံဃာ့ ညီညွတ်ရေးကြီး မပြိုကွဲရန် ထိန်းသိမ်း စောင့်ရှောက်ရမည့် တာဝန်သည် ရဟန်း သာမဏေတိုင်း၏ တာဝန် ဖြစ်သည်။ ဤတာဝန်ကို ကျေပွန်စွာ မထမ်းဆောင် နိုင်ကြသဖြင့် သံဃာ့ ညီညွတ်ရေးကြီး ပြိုကွဲ၍ သံဃာ့ အဖွဲ့အစည်းများ ပျက်စီးသွားပါက နောင်တစ်ဖန် ဤအခွင့်အရေးမျိုး ရရှိရန် မျှော်မှန်း၍ ရနိုင်တော့မည် မဟုတ်ပါ။

    ပါတီနိုင်ငံရေး ဟူသည် လူဝတ်ကြောင်၊ လူပုဂ္ဂိုလ်တို့၏ ကိစ္စ တာဝန်သာ ဖြစ်ပါသည်။ ရဟန်း သာမဏေများသည်ကား မည်သည့် ပါတီကပင် အစိုးရအဖြစ် တက်ရောက်လာသည် ဖြစ်စေ ထိုတက်ရောက်လာသော အစိုးရ၏ တရားနှင့်အညီ ပေးအပ်သော အာဏာစက် အကူအညီ အထောက်အပံ့ကို ရယူ၍ ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီးကို စောင့်ရှောက် ထိန်းသိမ်း သွားရမည်သာ ဖြစ်ပါသည်။

    သို့ဖြစ်ပါ၍ ပြည်ထောင်စု မြန်မာနိုင်ငံတော် အတွင်း၌ သီတင်းသုံး နေထိုင်ကြသော ထေရဝါဒ သံဃာ့ဂိုဏ်းဝင် ရဟန်း သာမဏေတို့သည် ပါတီ နိုင်ငံရေးများ၌ ကိုယ်တိုင် ပါဝင်ခြင်း၊ လှုံ့ဆော်ခြင်း၊ အားပေးခြင်း၊ သူတစ်ပါးအား တိုက်တွန်းခြင်းများမှ ရှောင်ရှားကြရန် ညွှန်ကြား လိုက်ပါသည်။
    (ဘဒ္ဒန္တဣန္ဒာစာရ)

    ဘဒ္ဒန္တ ဝိစိတ္တသာရာဘိဝံသ၊
    အဘိဓဇမဟာရဋ္ဌဂုရု

    (အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့

    အဘိဓဇမဟာရဋ္ဌဂုရု၊
    ဥက္ကဋ္ဌဆရာတော်
    တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက)
    နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
    အကျိုးတော်ဆောင်ချုပ်

    ReplyDelete
  13. ဘယ်ကြည်ညိုနိုင်မလဲ ကြံ့ဖွတ်နဲ့ နအဖအရိုးရင်း ကိုက်နေရတဲ့သူတွေက
    ကဲရွှေညဝါကို အမိန့်ထုတ်တဲ့ တိုင်းသံဃနာယကသတင်း ဒီမိုဝေယံမှာဖတ်လိုက်ရလို့ ပြန်တင်ပေးလိုက်တယ် ကြည်ညိုနိုင်အောင် http://www.demowaiyan.co.cc/2012/02/blog-post_02.html

    ReplyDelete
  14. "သာသနာတော်သန့် ရှင်းဖို့  မဟနရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုထောက်ခံတယ်။
    ဘုန်းကြီးတွေ ဘုရားသာသနာတိုးပွားအောင် မလုပ်ဘဲ နိုင်ငံရေးသမားတွေနဲ့
    ရှုတ်ရှက်ခပ်နေတာ ကြည့်မရဘူး."

    ဒီကွန်မင့်ရေးတဲ့အကောင်.
    မင်းအမေလင်မဟနတွေ နအဖ.ကြံဖွိ့အစိုးရန်ုင်ငံရေးသမားတွေရဲ့.
    ပေးတာယူကြွေးတာစား..နအဖ.ကြံဖွိ့အစိုးရန်ုင်ငံရေးသမားတွေ.
    အလိုကျခိုင်းတာလုပ်နေတာတွေဟာ.နိုင်ငံရေးလုပ်တာပဲ.
    ဘုန်းကြီးဒဏ်မဲ့.နအဖ.ကြံဖွိ့အစိုးရန်ုင်ငံရေးသမားတွေနဲ့ပေါင်း.
    ကားပါမစ်တွေလျှောက်.ကျောင်းပုံစံအတုတွေရေးဆွဲ.တကယ်ကျောင်းဆောက်တာလဲမဟုတ်.
    သစ်သံချောင်း.ဘိလပ်မြေပါမစ်တွေလျှောက်.အပြင်မှာအမြတ်နဲ့ရောင်းစားစီးပွားရှာ.
    အဲ့ဒါဘုန်းကြီးအလုပ်လား.မင်းအမေလင်မဟနတွေမင်းပြန်ကြည့်ဦး..

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။