လူမှုရေး သူရဲကောင်း ဇနီးမောင်နှံ
နာရေးဆိုလျှင် အများကမင်္ဂလာ မရှိဘူး။ ရှောင်ရင်း၊ ရွံ့ရှာစရာအဖြစ် သတ်မှတ်ကြတယ်။ ကြောက်လန့်စရာဟုထင်မြင်ကြပြီးဝေးဝေးပြေးကြပြန်တယ်။အမှန်တော့ ဒါတွေကိုမေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ထားပြီး ကျော်လွှားနိုင်ရမှာ ဖြစ်ပါသည်။
၎.၂.၂၀၁၂ (စနေ)နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ “သုခအာဟာရ စားသောက်ဆိုင်” ၌ နေ့လည် (၁း၀၀) နာရီမှ (၃း၀၀) နာရီအချိန်တွင် မောင်ဇင်ဖြိုးအောင်နှင့် မထက်ထက်ထွေးတို့၏ မင်္ဂလာဧည့်ခံပွဲ အခမ်းအနားကို နာရေးကူညီမှုအသင်း (ရန်ကုန်)ရှိ လူကြီးများမှ ဦးဆောင်၍ ကျင်းပပြုလုပ်ပေးခဲ့သည်။ မောင်ဇင်ဖြိုးအောင်သည် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မော်တော်ယာဉ်ဋ္ဌာန၌ လုပ်ကိုင် ပေးဆပ်လျှက်ရှိပြီး မထက်ထက်ထွေးသည်လည်း နာရေးကူညီမှုအသင်း (ရန်ကုန်)၏ သန့်ရှင်းရေးတာဝန် ကို ထမ်းဆောင်ပေးဆပ် နေသူဖြစ်သည်။
မင်္ဂလာအခမ်းအနားပြီးပြီးချင်းမွန်းလွဲ (၃း၃၀) နာရီအချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ (၈) ရပ်ကွက်၊ ဗိုလ်တေဇလမ်းရှိ ဒေါ်တင် အသက် (၈၁)နှစ်၏ ရုပ်အလောင်းအား မင်္ဂလာဇနီးမောင်နှံ မောင်ဇင်ဖြိုးအောင်နှင့် မထက်ထက်ထွေးတို့သည် နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့်အတူအထူးနိဗ္ဗာန် မော်တော်ယာဉ်ကြီးဖြင့် အမြင့်မြတ်ဆုံး မင်္ဂလာကို ကူညီဖေးမ ရယူခဲ့သည်။ မင်္ဂလာရှိသော နေ့ရက်အချိန် ကာလတွင် ထပ်မံ၍ ကုသိုလ်ဖြစ် မင်္ဂလာပွဲအား ဆင်နွှဲခဲ့ကြသည်။
မောင်ဇင်ဖြိုးအောင်နှင့် မထက်ထက်ထွေးတို့ နီးတူ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် မင်္ဂလာအခမ်းအနား ဧည့်ခံကျင်းပ ကျွေးမွေးပြီးသည့်နောက် နာရေးကူညီမှု လမ်းကြောင်းများကို သတို့သား၊ သတို့သမီးဝတ်စုံဖြင့် မင်္ဂလာယူခဲ့သော ဇနီးမောင်နှံ များသည်လည်း များစွာရှိခဲ့ပြီး ဖြစ်သည်။ အချို့သော နာမည်ကြီးဟိုတယ်/ စားသောက်ဆိုင်များရှိ မင်္ဂလာအခမ်းအနား ကျင်းပရာတွင်လည်း မိမိတို့အားဂုဏ်ပြု ပေးအပ်မည့် လက်ဖွဲ့ပစ္စည်းများ အစားလူမှုရေး အသင်းအဖွဲ့များသို့သာ လှူဒါန်းမှုပြုလုပ်ရန် စီစဉ်ခဲ့သော မင်္ဂလာပွဲများလည်း ရှိခဲ့ဖူးသည်။
ထို့ကြောင့် အယူသီးမှုများကို တိုက်ဖျက်ကြသော မြတ်ဗုဒ္ဓ၏ ဗြဟ္မစိုရ်တရား လေးပါးအားလက်ကိုင် ပြုကာ မြင့်မြတ်သော ကုသိုလ်ရေး ကိစ္စများကို လုပ်ဆောင်ကြသည့် မင်္ဂလာဇနီး မောင်နှံများအား လူမှုရေးသူရဲကောင်း ဇနီးမောင်နှံများအဖြစ် ဂုဏ်ပြုလိုက်ပါတော့သည်။







နည်းနည်းလေးတော့ လွဲနေတယ်
ReplyDeleteလွဲလွဲလေးလည်း ကောင်းပါတယ်ဆို မပြောတတ်ဘူးပေါ့ဗျာ။
အသက် ၈၁ နှစ် အဖွားကြီး ရဲ့ နာရေးမို့လို့ တော်သေးတာပေါ့..
အခု မင်္ဂလာဇနီးမောင်နှံ နဲ့ သက်တူရွယ်တူရဲ့ နာရေးဆို ...
အခုလို ကုသိုလ်ယူသင့်ပါ့မလား။
နာရေးဖြစ်လို့ ပူဆွေးနေကြတဲ့ အချိန်မှာ အသစ်စက်စက် ဇနီးမောင်နှံ့ က ပြုံးပြုံး ကြီး... တောက်ပသစ်လွင်တဲ့ အဝတ်အစားတွေနဲ့...
အင်း...အိုင်ဒီယာ နည်းနည်းလေးကွေးနေတာပဲလား..
ကိုယ်ကပဲ မခံစားနိုင်တာလားတော့ မသိ...
ဒါက ပေါ်ပျူလာဖြစ်ချင်တဲ့ စိတ်က ပိုများနေတာလို့ ပဲ ကောက်ချက်ချရမယ်။
ကျုပ်တို့ နယ်မှာတော့ ကိုကျော်သူကြီး ပြောသလို နာရေးဆို မကြောက်ကြပါဘူး..ဒီလိုပဲ ဝိုင်းဝန်းလုပ်ကိုင်ပေးလိုက်ကြတာပါပဲ...
ကဲပါလေ...ရှင်းပြနေရင် ငြင်းတယ်ဖြစ်နေအုံးမယ်။
နည်းနည်းလေးတော့ ကွေးနေတယ်....ကွေးကွေးလေးလဲ ကောင်းပါတယ်။
သူတစ်ပါးအကြောင်းကို ဝေဖန်သော ... သူ ....
ReplyDeleteသူ့ရဲ့အကြောင်း၊သူ့ရဲ့တွေး၊သူ့ရဲ့ စိတ်နေစိတ်ထား...စတဲ့ အရာတွေအများကြီးကို ဖေါ်ပြပြီးသွားဖြစ်တတ်ပါတယ်...
ကုသိုလ်အကြောင်းပြု အကုသိုလ်မဖြစ်ပါစေနှင့်...
ကုသိုလ်အကြောင်းပြု ကုသိုလ်ဖြစ်နိုင်ပါစေ...
ချီးမွမ်း ၇ ရက် ကဲ့ရဲ့ ၇ ရက်ဟာ။ လုပ်ချင်၇င် လုပ်ပစ်လိုက်။ ငါလဲ နားမလည်ဘူး။
ReplyDeleteသိပ်ကိုကောင်းပါတယ် ပညာတတ်ဗုဒ္ဒဘာသာဝင်များ ရှင်းအောင်ကြည့်ပါ
ReplyDelete(၁)မြန်မာတို့သည် မင်္ဂလာဦးကုသိုလ်ယူလေ့ရှိသည်
(ကုသိုလ်ရတာမှန်သမျှ အကျုံးဝင်သည်)
(၂)ပေါ်ပြူလာဖြစ်ချင်သူတို့သည် ဘုန်းကြီးကျောင်းတွင် အသံချဲ့စက်ကြီးများဖွင့်ကာ
ကျောင်းနံရံများတွင်ပင် ကဗြည်းထိုးကြသေးသည်
(၃)ကုသိုလ်ထဲတွင် နာရေးကူညီမှုလဲပါဝင်သည်
(၄)နာရေးကူညီရာတွင် အသက်ကြီးတဲ့သူသေသေ အသက်ငယ်တဲ့သူသေသေ
သေပြီးသားသူကသေပြီးသားပင်ဖြစ်သည်
(၅)နာရေးတွင် သေဆုံးသူမိသားစုဝင် ၀မ်းနည်းနေ၍ လိုက်ငိုပေးပြီးအားပေးသည်မှာ
ရှေးရိုးစွဲ တလွဲနည်းလမ်းဖြစ်၏
(၆)နာရေးတွင် ဝေယာဝစ္စများ အကူငွေများပေးခြင်းသာကုသိုလ်ဖြစ်၏
(၇)အမျိုးသားနှင့်အမျိုးသမီး မင်္ဂလာဆောင်ခြင်းမှာနောင်တွင် လောကထဲကိုလူသားများ
မွေးထုတ်ပေးမှာဖြစ်လို့မင်္ဂလာမြောက်သည်၊လောကထဲမှ လူတစ်ဦးထွက်သွားခြင်း
အမင်္ဂလာမှ လောကထဲလူသားများမွေးထုန်ပေးမဲ့မောင်နှံမှ မင်္ဂလာပြန်ဖြစ်စေသည်
သေတပန်သက်တဆုံးပေါင်းသင်းမည့်ဇနီးမောင်နှံမင်္ဂလာဦးတွင် အသုဘဖြင့်မင်္ဂလာ
ယူခြင်းသည် တစ်ဦးနှင့်တစ်ဦး ဘယ်လောက်ပင်ချစ်သော်ငြားလဲ အချိန်တန်ရင်
ဤလမ်းကိုလျှောက်ကြရမှာမလွဲ ဆိုတာပူပင်စရာမရှိ၍ သူတို့ဘ၀တွင် မီးတစ်ဝက်
ငြိမ်းပြီးသွား ပါပြီ