လျှောက်ခွင့်မရှိတဲ့ လမ်းများ မဖောက်စေချင်ပါ... ဆိုတဲ့ ခရမ်းမြို့က (တိုင်ကြားစာ)ပါ...။ ၅တန်နဲ့ အထက်ယာဉ်များ ဝင်ခွင့်မပြုတဲ့..။ ကြည့်ရမြင်ရတဲ့ အားမတန်လို့ ၅တန်အထက် မဝင်ရလမ်းထဲ ဝင်ရောက်လာတဲ့ ယာဉ်တွေအဖြစ်က ကျွန်တော်တို့ ငယ်ငယ်က ကားလမ်းမပေါ်မှာ ပိုက်ကျော်ခြင်း ခတ်နေချိန် ကားလာရင် ပိုက်ကို မပေးရသလို ကားခေါင်မိုးနဲ့ လွတ်မလွတ်ကြည့် ပေးရသလို အဖြစ်လိုပါပဲ။ ကုန်စည် စီးဆင်းရေးအတွက် အင်မတန်မှ အနှောင့်အယှက် ဖြစ်စေတဲ့မြင်ကွင်းပါ။ ဖြစ်နေပုံက ဖိနပ်ဆိုဒ်သေးလို့ မတော်တဲ့ လူတယောက် ကိုယ်နဲ့တော်မယ့် ဖိနပ်ကို မဝယ်ပဲ ခြေဖနောင့်ကို ဖြတ်ပြီး ဖိနပ်ကိုတော်အောင် လုပ်ရမယ့် အခြေအနေမျိုး ဖြစ်နေပြီး အမြင်မတော်တဲ့ မြင်ကွင်းတွေပါ..။
ကမ္ဘာမှာ မြန်မာဟေ့လို့ လက်မထောင်ချင်လည်း တခြားနည်းနဲ့ ထောင်ကြပါ။ တော်ရုံတန်ရုံပဲ ထွင်ကြပါလို့ ... သက်ဆိုင်ရာမှလည်း ယခုကိစ္စအား အလျင်အမြန် ဖြေရှင်းပေးပါရန် စိတ်အနှောင့်အယှက် ဖြစ်နေရတဲ့ ခရမ်းသားများကိုယ်စား အလေးအနက် တိုက်တွန်းနှိုးဆော် အပ်ပါတယ်..။
"Common Sense" and "Be Realistic" guidelines are very important in people's daily lives!
ReplyDeleteDon't WASTE money, resources, man power, time, energy, and everything unnecessarily!!!
Please CHANGE and ADAPT as needed accordingly to REALITY!!!
God Bless Burma Fullest and Unlimited!!
အာဆီယံ တိုင်းပြည် တွေကို မှီဘို့....ဒီအတိုင်း ရှေ့ဆက်သွားကြမှာလား....
ReplyDeleteစင်္ကာပူနဲ့ တူအောင်လုပ်ကြတဲ့...
ဘုရား ဘုရား စင်္ကာပူ အစိုးရ ဒီပုံကို မမြင်တွေ့မိပါစေနဲ့....
ဒီပုံစံနဲ့များ.စ လုံး.လဖျားတောင်မှီမှာမဟုတ်ဘူး..
ReplyDeleteခုထိ.သန်းရွှသောက်ကျင့်ကမပျောက်သေးဘူး.