မနေ့က ကဗျာရှင် တက္ကသိုလ် ဘုန်းကြွယ် ကဗျာမှာ ပါလာတဲ့ မြန်မာပြည်အကြွေးစာရင်း စာရွက်လေးကို ကြည့်မိရင်းက တော်တော်တရားကျဖို့ ကောင်းပါလားလို့ တွေးမိတယ်...။ နအဖလက်ထက်က အကြွေးက မဆလဦးနေဝင်း လက်ထက်ကထက် ပိုနည်းသယောင် အကြွေးတောင် ပြိုင်လိုက်လေသလားပဲ...။ မဆလအစိုးရလက်ထက် ၁၉၈၇ကထင်ပါတယ်.. (LDC) Least Developed Country ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံအဖြစ် လျှောက်ထားလိုက်ပြီး အကြွေးတွေ ဒေဝါလီခံလိုက်တယ်လို့ ကြားဘူးတယ်။ ကြွေးရှင်နိုင်ငံတွေက အကြွေးတွေ လျှော်ပေးလိုက်ရတာပေါ့။ ဒါတောင် အဆင်းရဲဆုံးနိုင်ငံအဖြစ် လျှောက်ထားရာမှာ သတ်မှတ်ချက်ဖြစ်တဲ့ စာတတ်မြောက်သူဦးရေမှာ များနေလို့ ပြန်လျော့ချပြီး ပြရတယ်ဆိုလား ကြားမိပါတယ်...။
မြန်မာစကားပုံမှာ အကြွေးတင် ရှင်ဘုရင်ဆပ်ဆိုတာပဲ ကြားဘူးပါတယ်..။ အခုတော့ အကြွေးတင် ပြည်သူဆပ်ပေါ့၊ ၂၃နှစ်လုံးလုံး ပါးစပ် အမြုပ်ထွက်မတတ် ပြောခဲ့တဲ့ စကားတွေဖြစ်တဲ့ အဘက်ဘက်က ကဏ္ဍပေါင်းစုံ တိုးတက်နေပါပြီ၊ ခေတ်မှီဖွံဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးဆိုပြီး လေလုံးထွားခဲ့တာ နေ့စဉ်နဲ့အမျှပါပဲ..။ တိုးတက်တဲ့နိုင်ငံတိုင်းမှာ နိုင်ငံခြား ကြွေးမြီဆိုတာရှိပါတယ်..။ လုပ်ငန်းကြီးလေ အကြွေးကြီးလေ ဆိုသလိုပေါ့။ သူ့အိုးနဲ့ သူ့ဆန်တန်ယုံ ရှိကြတာပါ။ အခုဟာက (၂၃)နှစ်လုံးလုံး နိုင်ငံလည်း တိုးတက်မလာ ဆင်းရဲပုံထဲကမထွက် ....။ ယခင် မဆလလက်ထက်က အကြွေးကပိုများသယောင် ဘော်လီဘောပုတ်တယ်...။ တကယ်ရော မဆလလက်ထက်က အကြွေးတွေ ဟုတ်မဟုတ် ရှိနေသေးတဲ့ မဆလဟောင်းတွေ တစညတွေ ပြန်ဖော်ထုတ်ရမှာပါ...။ တိုင်းပြည်ကထွက်တဲ့ သဘာဝသံယံဇာတတွေ၊ ဂတ်စ်တွေ ရောင်းရငွေ ဥုံဖွဆိုပြီး မန်ယူဘောလုံး အသင်းကြီးတောင် ဝယ်ပေးနိုင်တဲ့ ဘယ်အာဏာရှင်တွေ၊ ဘယ်ဗိုလ်ချုပ်တွေ အိတ်ထဲ ရောက်သွားပါလိမ့်။
အကြွေးတင်တော့ ပြည်သူကို ချပြတယ်...။ အကြွေးတင်တာ ပြနိုင်ရင် ဘာကြောင့် အကြွှေးတင်တယ်ဆိုတာ ချပြနိုင်ရမယ်..။ ကဲကျွန်တော်တို့ ပြည်သူတွေ ပြန်ဆပ်မယ်ဗျာ...။ အနှီနှီသော ဗိုလ်ချုပ်များမှလည်း မိမိတို့ပိုင်ဆိုင်မှုတွေ ချပြ.. ။ တရားမျှတအောင်ပါ... အကြွေးယူတာ အကြွေးထူတာပြနိုင်သလို ပြည်သူပိုင် ပစ္စည်းကိုယ့်ပစ္စည်းလုပ်ပြီး အပေး၊ အယူတွေ လုပ်ထားတာကိုလည်း နိုင်ငံကြီးသား ပီသစွာ သက်ဆိုင်သူ၊ တာဝန်ယူသွားသူ၊ အနှီနှီသော ပုဂ္ဂိုလ်ကြီးများလည်း ပိုင်ဆိုင်မှုတွေ ချပြမကောင်းဘူးလား...။

ငုတ်ပ.....................
ReplyDeleteထိုင်း ကို ဓာတ်ငွေ့ေ၇ာင်းတဲ့ ပိုက်ဆံ တွေ ။ ကျွန်းသစ်တွေေ၇ာင်း တဲ့ ပိုကပ်ဆံ တွေ ၊ ကျောက် တွေေ၇ာင်းတဲ့ ပိုက် ဆံ တွေ ။ လျှပ်စစ် (ဥပမာ. ရွှေကျင်)ေ၇ာင်းတဲ့ ပိုက်ဆံ တွေ ဘယ် တွေေ၇ာက် သွားလဲ လွှတ်တော်က မေးသင့် တယ်

ReplyDeleteစစ်ဗိုလ်တွေခိုးစားပြစ်လိုက်ပီလေ.
ReplyDeleteချေးငွေတွေလဲ..သူတို့အပိုင်စီး.ရောင်းရသမျှတွေလဲ.
အကုန်ခိုး.ပီးတော့.တိုးတက်နေပါပီတဲ့.
အတော်စောက်ရှက်မရှိတဲ့.မြန်မာ့စစ်တပ်.
ပီးရင်းသူခိုးကလူပြန်ဟစ်သေး..
ခွေးမသားစစ်ဗိုလ်တွေ..
အကြွေးတင်တော့ ပြည်သူကို ချပြတယ်...။ အကြွေးတင်တာ ပြနိုင်ရင် ဘာကြောင့် အကြွှေးတင်တယ်ဆိုတာ ချပြနိုင်ရမယ်..။ ကဲကျွန်တော်တို့ ပြည်သူတွေ ပြန်ဆပ်မယ်ဗျာ...။ အနှီနှီသော ဗိုလ်ချုပ်များမှလည်း မိမိတို့ပိုင်ဆိုင်မှုတွေ ချပြ.. ။ တရားမျှတအောင်ပါ... အကြွေးယူတာ အကြွေးထူတာပြနိုင်သလို ပြည်သူပိုင် ပစ္စည်းကိုယ့်ပစ္စည်းလုပ်ပြီး အပေး၊ အယူတွေ လုပ်ထားတာကိုလည်း နိုင်ငံကြီးသား ပီသစွာ သက်ဆိုင်သူ၊ တာဝန်ယူသွားသူ၊ အနှီနှီသော ပုဂ္ဂိုလ်ကြီးများလည်း ပိုင်ဆိုင်မှုတွေ ချပြမကောင်းဘူးလား...။..........ဆိုတာကြိုက်တယ် အခွန်တွေပေးမယ်ဗျာ ကဲ စိန်ခေါ်ရဲသလား သမ္မတ ကစပေါ့ တလစာတလလောက်အောင်တောင်မနည်းသုံးနေရတာနော် ထမင်းတနပ်မစားပဲနေမယ် လုပ်ရဲသလား အစိုးရဆိုသူတွေအကုန်စိန်ခေါ်တယ် လစဉ်လည်း ဘယ်ရောက်မှန်မသိတဲ့အခွန်လည်း ဆောင်တယ်နော် လာမပြောနဲ့ ပြည်သူအတွက်ဘာလုပ်ပေးလည်း ဘာမှအလကားမရခဲ့ဘူးနော် ကျောင်းတက်တာလည်းလခပေးတက်ခဲ့တာ ကဲပြော ဒါလာပြည်သူကိုချစ်တာ သွားပြောလိုက်..လက်ရှိစာရင်းစစ်တွေက ဘာလုပ်တယ်ဆိုတာမပြောတော့ဘူး သူတို့အသိဆုံးလောကမှာဘယ်သူမှမသိသိ မိမိသိတယ် ကဲပြောကြည့်ုလိုက်လေ ....
ReplyDelete