Pages

Wednesday, February 15, 2012

အရောင်ပြောင်းသော လူလည်ကြီးများ အပိုင်း(၂) အမဲမှ အဖြူ သို့ ပြောင်းလဲလာသူ(သို့မဟုတ်) ခေတ်သစ်မူးယစ်ဘုရင် Steven Law ဆောင်းပါးရှင်-ရွှေဓူဝံ

ပြီးခဲ့တဲ့နှစ် ၂၀၁၁ခုနှစ် ၁လပိုင်းက မြစ်ဆုံဆည် စီမံကိန်းမှ စတီဗင်လော (ခ) ဦးထွန်းမြင့်နိုင်

အရောင်ပြောင်းသော လူလည်ကြီးများ အပိုင်း(၂)
အမဲမှ အဖြူ သို့ ပြောင်းလဲလာသူ(သို့မဟုတ်)ခေတ်သစ်မူးယစ်ဘုရင် Steven Law
(ဆောင်းပါးရှင်-ရွှေဓူဝံ)
ရင်းနှီးသူတွေက ကိုချူး(A Chiu) လို့ခေါ်တဲ့ Steven Law ရဲ့ လူသိပ်မသိတဲ့ တရုတ်နာမည် ကတော့ လျှူပင်ကျုံး (Lu Ping Zhong)ဖြစ်ပြီး ပြည်တွင်းမှာတော့ ဗမာအမည် ဦးထွန်းမြင့်နိုင်ကိုတော့ အားလုံးသိ ကြလိမ့်မည် ထင်ပါသည်။ ကိုချုးရဲ့ပုံရိပ်ဟာ မြန်မာအမည် ဦးထွန်းမြင့်နိုင်ဆိုရင် Asia World ကုမ္မဏီနဲ့ ယှဉ်တွဲပြီး သိရှိကြသလို Steven Law ဆိုရင်တော့ ကိုးကန့်အဖွဲ့ရဲ့ မူးယစ်မှောင်ခိုလုပ်ငန်းများနဲ့ ယှဉ်ပြီးသိကြမှာပါ။ Lu Ping Zhong အနေနဲ့တော့ တရုတ်နိုင်ငံအတွင်းနဲ့ စင်္ကာပူအပါအ၀င် ပြည်ပခရီး သွားလာရာမှ သုံးစွဲလေ့ရှိပါ သည်။

Steven Law ဟာ ထင်ပေါ်လိုစိတ်မရှိဘဲ မူးယစ်ရာဇာတို့ရဲ့ထုံးစံအတိုင်း သိုသိုသိပ်သိပ် နေထိုင်တတ်သလို မူးယစ်ဆေးဝါးကြောင့် ရရှိလာတဲ့ငွေမဲတွေကို ယခင်စစ်အစိုးရ လက်ထက် လူကြီးများနဲ့ပေါင်းပြီး ငွေဖြူ လုပ်နိုင်ခဲ့သူ တစ်ယောက်ဖြစ်ခဲ့ပါသည်။ ဦးရှစ်လုံးလို့ နာမည်ကြီးသည့် ယခု ဒုသမ္မတ(၁) ဦးတင်အောင်မြင့်ဦးကို Steven Law အဓိက ချဉ်းကပ်နိုင်ခဲ့ပြီး ဦးတင်အောင်မြင့်ဦး၏ လက်ရင်းတပည့် ဗိုလ်ကြီးအေးချစ်(ငြိမ်း)နှင့် ပူးပေါင်းပြီး အရပ်ဘက်၊ စစ်ဘက်စီးပွားရေးဂွင် အားလုံးကို လက်မလွှတ်တမ်း ရယူထားပါသည်။
Steven Law သည် သူ့အဖေ ဘိန်းဘုရင်လောစစ်ဟန်၏ ချမ်းသာကြွယ်ဝမှုကို တရားဝင်ငွေဖြူ ဖြစ်စေရန် ၁၉၉၂ ခုနှစ်တွင် Asia World ကုမ္ပဏီကို စတင်တည်ထောင်ခဲ့ပြီး ပြည်တွင်း စီးပွားရေး နယ်ပယ်ကိုဝင် ရောက်ခဲ့ပါသည်။ ထိုအချိန်က ဗကပပြိုကွဲရေးအတွက် လောစစ်ဟန်မှ တဆင့် လုပ်ဆောင်ခဲ့သော စစ်ထောက် လှမ်းရေးများက အထူးအခွင့်အရေး ပေးမှုအရ Steven Law သည် သစ်လုပ်ခွင့် ပါမစ်တန်(၅၀၀၀) ရရှိခဲ့ပါသည်။ ရရှိခဲ့သည့်ပါမစ်ကို တရုတ်ကုန်သည်များ နှင့် ပေါင်းပြီး အကြိမ်ကြိမ်အခါခါ သစ်တန်ချိန်သိန်းချီ ပို့ဆောင်ခဲ့ပါသည်။ သစ်ပါမစ်ပေါ်မှီပြီး ပြည်တွင်းတရားဝင် စီးပွားရေးလုပ်လာခဲ့သူ Steven Law သည် ၄င်းပိုင်ငွေမဲများဖြင့် လမ်း၊ တံတားဖောက် လုပ်ခြင်း၊ အစိုးရစီမံကိန်း လုပ်ငန်းကြီးများ ဆောက်လုပ်ခြင်း၊ ဘဏ်လုပ်ငန်းနှင့် အခြားသွင်းကုန်ထုတ်ကုန်လုပ်ငန်းများစသည့် စီးပွားရေးနယ်ပယ် အသီးသီးတွင် ၀င်ဆန့်လာ ခဲ့ပြီး စစ်အစိုးရ မျက်နှာသာပေးမှုအရ ထိပ်တန်း စီးပွားရေးသမားကြီး ဖြစ်လာခဲ့ပါသည်။

ဇနီးဖြစ်သူ စင်္ကာပူနိုင်ငံသူ ကလေးနှစ်ယောက် အမေ Cecillia Ng သည်လည်း မြန်မာနှင့်စင်္ကာပူ အကြား တရားမ၀င် ငွေကြေးလွှဲပြောင်းမှုလုပ်ငန်း(Hondi) အကြီးအကျယ်လုပ်ကိုင်သူတစ်ဦးဖြစ်ပြီး Steven Law ရဲ့ငွေမဲတွေကို စင်္ကာပူနိုင်ငံရှိ UOB ၊ OCBC ၊ DBS ကဲ့သို့သော ဘဏ်ကြီးများမှာ အကောင့်ဖွင့်သိမ်းဆည်း ထားလို့ အမေရိကန် CIA က စောင့်ကြည့်ခံနေရပါသည်။ Cecillia Ng သည် သူ့ယောက်ျား Steven Law ပိုင်သည့် Asia World ၏ ပြည်ပကုမ္ပဏီခွဲသုံးခုဖြစ်သော စင်္ကာပူအခြေစိုက် Golden Aron.Pte, S.H Ng Trading Company, K0kang Singapore Pte.Ltd များကို ဦးဆောင် လုပ်ကိုင်နေလျက် ရှိပါသည်။ မူးယစ်ဆေးဝါး အပါအ၀င် မြန်မာနိုင်ငံ၏ စီးပွားရေးဥပဒေများနှင့် မညီမညွတ်သည့် တရားမ၀င် စီးပွားရေးလုပ် ငန်းများမှ ရရှိသည့် ၀င်ငွေအားလုံးကို လွှဲပြောင်းရယူရန် ၄င်းကုမ္ပဏီများကို အသုံးပြုလျက် ရှိပါသည်။

Steven Law ၏ မူးယစ်ဆေးဝါးကျော်ဇောမှုနှင့် တရုတ်နိုင်ငံ၏ ကျောထောက် နောက်ခံပြုမှုများကြောင့် ယခင် စစ်ထောက်လှမ်းရေးများက ပြည်တွင်းစီးပွားရေး နယ်ပယ်မှာ နေရာပေးခြင်း မရှိသဖြင့် သူ့အဖေရဲ့ဇာတိမြေ ကိုးကန့်ဒေသကို အခြေခံပြီး ဒေသဆိုင်ရာ အာဏာပိုင်များနှင့်သာ ရင်းနှီး ကျွမ်းဝင်မှုရှိအောင် ကြိုးစားခဲ့ပါသည်။ ပါးရေနပ်ရေရှိပြီး စီးပွားရေး အကွက်မြင်သည့် တရုတ်လူမျိုးပီပီ ထိုစဉ်က ရှမ်းပြည်နယ် မြောက်ပိုင်းတိုင်းမှုးကို ချဉ်းကပ်ခဲ့ပြီး မူးယစ်ဆေးဝါးမှ ရရှိသည့် ငွေမဲများဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကြီးအကျယ် ထောက်ပံ့ပေးမှုကြောင့် ရှမ်းပြည်မြောက်ပိုင်း တိုင်းမှုးကြီး၏ အရင်းနှီးဆုံး တရုတ် လောပန်းကြီး ဖြစ်ခဲ့ပါသည်။ ၄င်းနောက်တိုင်းမှုးကြီး စစ်ထောက်ချုပ်ဖြစ်လာခဲ့ပြီး စစ်ထောက်လှမ်းရေးများ ပြုတ်သွားချိန်မှာ တော့ Asia World ကုမ္ပဏီမှာ ကံဇာတာတက်ခဲ့ရပါသည်။

ပြည်တွင်းမှာ စောင့်ကြည့်ခံရမှု အခြေအနေက လွတ်မြောက်ခဲ့ခြင်း၊ တရုတ်အစိုးရ၏ ကျောထောက် နောက်ခံခိုင်မာလာခြင်း၊ ဦးရှစ်လုံးတန်ခိုး အာဏာကြီးထွား လာခြင်းများနှင့်အတူ Steven Law၏ လုပ်ရည်ကိုင်ရည် ပါးနပ်မှုကြောင့် ၂၀၀၅ ခုနှစ်မှစတင်ပြီး Asia World ဆိုသည့် နဂါးကြီး မြန်မာပြည်တွင် အမောက်ထောင် လာခဲ့ပါသည်။

အထူးသဖြင့် ဦးရှစ်လုံး တာဝန်ယူရသည့် စစ်တပ် တပ်ထောက်ဌာနရှိ ဆောက်လုပ်ရေး လုပ်ငန်းကြီးများနှင့် မြန်မာစီးပွားရေး ကော်ပိုရေးရှင်း (MEC) ၏ စက်ပစ္စည်း ၀ယ်ယူမှုများ သွင်းကုန်လုပ်ငန်းများ အားလုံး တစ်ဦးတည်း ကိုယ်စားလှယ်ရရှိခဲ့ပြီး ငွေဖြူများ တိုးပွားလာပါသည်။ မူးယစ်မှရရှိသော ငွေမဲများကို ငွေဖြူလုပ်ရာတွင် ဗိုလ်ကြီးဟောင်း အေးချစ် (ဇင်ထက် ဘိလပ်မြေရောင်းဝယ်ရေး) နှင့်ပူးပေါင်းပြီး နှစ်စဉ် ဘိလပ်မြေတန်ချိန် ၃ သန်းနှင့် သံချောင်းလုံးတန်ချိန် ၁ သိန်းခန့်ကို ပြည်ပမှ ဘဏ်ငွေစာရင်းများဖြင့် ၀ယ်ယူပြီး MEC ပြည်တွင်းကျပ် ငွေဖြင့်ပေးချေခဲ့ပါသည်။ Steven Law သည် ဘိလပ်မြေတင်သွင်းမှုကြောင့် ရရှိသည့်ကျပ်ငွေအား ပြည်တွင်းမှ ၀န်ထမ်းများ၏ လစာနှင့်၎င်း၏ Asia W0rld ဘဏ်လုပ်ငန်းများတွင် အသုံးပြုလျက်ရှိပါသည်။ ဦးရှစ်လုံး နယက အတွင်းရေးမှုး(၁)ဖြစ်လာချိန်တွင် စစ်တပ်စီးပွားရေးသာမက အရပ်ဘက်ဝန်ကြီးဌာန စီမံကိန်းလုပ်ငန်းကြီးများ ကိုပါ လက်ဝါးကြီးအုပ် ဆောက်လုပ်ခွင့်ရရှိခဲ့ပါသည်။ ငွေမဲမှငွေဖြူပြောင်းခြင်း၊ ငွေဖြူများတိုးပွားအောင် လုပ်ခြင်းတို့ကို ၄င်းရရှိခဲ့သည့် စီးပွားရေး အခွင့်အလမ်းများအား အသုံးချနိုင်ခဲ့ပြီး ယခုအခါ ထိပ်ထိပ်ကြဲစီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦး ဖြစ်နေပါသည်။
အေရှားဝေါ(လ်) ကုမ္ပဏီ မြစ်ဆုံဆည် စီမံကိန်းမှ ဝန်ထမ်းကဒ် (ဓာတ်ပုံ ဒီမိုဝေယံ)
တရုတ်ကုမ္မဏီကြီးများ၏ ကိုယ်စားလှယ်(ပွဲစား)အဖြစ် ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးများ ကိုချုပ်ကိုင်ထားပြီး မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းတွင်လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကို လေ့လာမှု မပြုဘဲ ကော်မရှင်ရရှိရေး လောဘဇောဖြင့် လုပ်ဆောင်ခဲ့ပါသည်။ တရုတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏သယံ ဇာတများကို အမြတ်ကြီးစားရယူနိုင်ရန် Steven Law ကို အသုံးချပြီး မြန်မာနိုင်ငံ၏စီးပွားရေး လုပ်ငန်းကြီးများကို ကြိုးကိုင် လုပ်ဆောင်နေကြောင်း အနောက်နိုင်ငံများမှ ထင်မြင် ယူဆထားပါသည်။
၂၀၀၈ ခုနှစ်အတွင်း U.S Department Of The Treasury အင်တာနက် ၀ဘ်ဆိုက်မှာ ဖော်ပြချက်အရ Steven Law ၏ Financlal Network တွင် မူယစ်ဆေးဝါးနှင့် ဆက်နွယ်နေသော Asia World ၏ လုပ်ငန်းများကို ဖော်ပြထားရှိပါသည်။

အထင်ရှားဆုံး ဖြစ်ရပ်တစ်ခုမှာ ၂၀၀၉ခုနှစ် ဇန်န၀ါရီလကုန်ပိုင်းက Asia World ဆိပ်ကမ်းမှ ထိုင်ဝမ်ကိုထွက်ခွာမည့် ကုန်တင်သဘောင်္ပေါ်က သစ်သားချောင်းများ အတွင်း ဘိန်းဖြူဘလောက် တုံး ၆၄ တုံး (အမေရိကန်ဒေါ်လာ ၄ သန်းခန့်) ဖမ်းဆီးခံခဲ့ရပါသည်။ သို့ပေမဲ့လည်း Steven Law ဟာ ဖမ်းဆီး ခံရခြင်းမရှိဘဲ ၄င်း၏စီးပွားရေးလုပ်ငန်းများ ပိုမိုကြီးထွားလာခဲ့ခြင်းကို အများက အံ့အားသင့်ခဲ့ကြရပါသည်။

၁၉၉၅ ခုနှစ်ခန့်က မူးယစ်ဆေးဝါးဘုရင်၏ သားဖြစ်လို့ ကမ္ဘာကျော် ရှန်ဂရီလာ ဟိုတယ်များ၏ ဒါရိုက်တာအဖွဲ့ဝင် အဖြစ်မှ နှုတ်ထွက်ခဲ့ရသော Steven Law သည် မူးယစ်ငွေမဲများကို ပြည်တွင်းစီးပွားရေး ကုမ္ပဏီအမည် အမျိုးမျိုးဖြင့် ငွေဖြူလုပ်လာနိုင်ခဲ့သဖြင့် ၂၀၁၁ ခုနှစ်တွင် စင်္ကာပူနိုင်ငံ၏ (Asia News) သတင်းဌာနတွင် ဒေါ်လာသန်းပေါင်းများစွာ ရှယ်ယာပိုင်ဆိုင်ထားပြီးဖြစ်ပါသည်။ ၄င်းရှယ်ယာများသည် သူတစ်ဦး တည်းပိုင် ဟုတ်-မဟုတ် ဆိုတာ ခေတ်သစ်မူးယစ်ဘုရင် ကိုချူးသာ သိရှိနိုင်မည်ဖြစ်ပါသည်။

ရွှေဓူဝံ 
ယခင် အပိုင်း (၁) ပြန်လည်ဖတ်ရှုရန် http://www.demowaiyan.co.cc/2012/02/blog-post_15.html
 လာမည့် အပိုင်း ၃ မည်သူအလှည့် ဆိုတာ ဆက်လက် စောင့်မျှော် ဖတ်ရှုပါရန်...

8 comments:

  1. အားပါး -- အံ့တပါးပါပေ ။

    ReplyDelete
  2. During 1982~1986 , Cecillia Ng မှာ ကွန် ဟိန်း အ မည် နဲ့ Trading Company ရှိ ပြီး သင်္ဘော သား တွေ သူ့ ဆီ က ကား ( အ သစ် အ ဟောင်း ) တွေ ဝယ် ကြ တယ်၊

    ReplyDelete
  3. Is there an English version of this article? It should be distributed to media internationally.

    ReplyDelete
  4. ကျေးဇူးတင်တယ်ဗျာ...။ ကိုရွှေဓူဝံရေ... ။ နောက်ထပ်အခုလိုများကိစ္စများကို ပြည်သူသိအောင် ဖော်ထုတ်ပေးပါခင်ဗျာ..။

    ReplyDelete
  5. ဥင်္းနေ၀င်းတပည့်တွေ၊ သူ့အဖေလက်ထက်တည်းကလုပ်လာတာလေ။

    ReplyDelete
  6. အားပါးပါး.....ခါးပါတ်တောင် Hermes` သုံးထားပါလားဗျို့...ကျုပ်တို့ရဲ့ သမ္မတကြီး သနားပါတယ်။ သူ့ခမျာ ပေါချောင်ကောင်း ခါးပါတ်လောက်ဘဲသုံးနိုင်ရှာတယ်။

    ReplyDelete
  7. ကျနော့ အမြင်ပါ ... ဆဲလည်း ခံပါတယ်။
    မူးယစ်ဆေး လုပ်ပြီး တခြား နိုင်ငံတွေ ကိုရောင်းတာဟာ ပြည်တွင်း သယံဇာတ တွေ တူးရောင်း ခုတ်ရောင်း နိုင်ငံပိုင် တွေ ကို မတရား ဘုန်းစား တာထက် တော့ အပြစ် နည်းပါတယ်။

    ချစ်မောင်

    ReplyDelete
  8. The FACT that Tin Aung Myint Oo is USING HIM - Steven Law - AS HIS PROXY in today's SHADY BUSINESSES in BURMA PROVED the VICE PRESIDENT OF BURMA is NOTHING LESS THAN A THIEF in ALI THAN SHWE'S GANG of CUTTHROATS and LOOTERS running amok at Naypyidaw today.
    And Daw Suu VOWING TO MAKE THE RULE OF LAW TO REIGN SUPREME IN BURMA should WATCH HER STEP as well.
    There is NO WAY TO MAKE THINGS CHANGE FOR THE BETTER for BURMA specifically THE RULE OF LAW via Thein Sein's whore house (parliament) I say.
    As long as the BURMA ARMY IS HEADED by Than Shwe's (CHINA'S as well) lackey Min Aung Hlaing THERE IS NO HOPE of DEMOCRACY much less the RULE OF LAW will REIGN SUPREME IN BURMA like Daw Suu said.
    And LACK OF RULE OF LAW in BURMA would LEAD to CHINESE HEGEMONY in the country like today as Thein Sein, Tin Aung Myint Oo and Shwe Mann leading the lot at Naypyidaw today are SELLING BURMA to the communists in Beijing as worldwide known today.
    Hence, a CHINESE CAMPAIGN should be in order to DRIVE OUT ALL ILLEGAL LIVING CHINESE in BURMA.
    And Steven Law, the Chinese and his cohort Tin Aung Myint Oo should be the PRIME TARGETS when the CHINESE CAMPAIGN in BURMA is LAUNCHED and SOON if not IMMEDIATELY as well I say.

    George Than Setkyar Heine
    Born in Burma

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။