အဖွဲ့ချုပ်အား ပေးအပ်လိုက်ခြင်းမရှိတဲ့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းရုပ်သံဖိုင် ပေါက်ကြားမှု အတွက် မြန်မာ့ရုပ်မြင်သံကြားဋ္ဌာနသို့ ကန့်ကွက်စာပို့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၏ ရုပ်မြင်သံကြားမှ ပြည်သူလူထုထံ ဟောပြောချက် ရုပ်သံဖိုင် ကြိုတင်ပေါက်ကြားမှုနဲ့ ပတ်သက်ပြီး ရိုက်ကူးတင်ဆက်တဲ့ ရုပ်မြင်သံကြားဋ္ဌာနမှာ တာဝန်ရှိတဲ့အတွက် စာရေးသား ပေးပို့လိုက်ကြောင်း အဖွဲ့ချုပ် ရွေးကောက်ပွဲမာန်နေဂျာ ရှေ့နေကြီးဦးဥာဏ်ဝင်းမှ ပြောဆိုပါတယ်...။
အဆိုပါ ရုပ်သံဖိုင် မှတ်တမ်းတင် ရိုက်ကူးသည့်နေ့က ရုပ်မြင်သံကြားဋ္ဌာနမှ အသံဖိုင်နှင့် ရုပ်သံမှတ်တမ်းအား အဖွဲ့ချုပ်မှ တာဝန်ရှိသူများအား ကူးယူခွင့်မပြုသည့်အပြင် ပေးအပ်လိုက်ခြင်းလည်း မရှိဟုဆိုပါတယ်..။ အဆိုပါ ပေါက်ကြားမှုအတွက် ရိုက်ကူး ထုတ်လုပ်သူ မြန်မာ့ရုပ်မြင်သံကြားဋ္ဌာနမှာ တာဝန်ရှိတဲ့အတွက် ယနေ့ စာရေးသား ပေးပို့လိုက်တာ ဖြစ်ကြောင်း ရှေ့နေကြီးဦးဥာဏ်ဝင်း ပြောဆိုသွားပါတယ်။
၁၄ရက်နေ့ ညပိုင်းမှာမှ ထုတ်လွှင့်ဖော်ပြမယ့် အဆိုပါ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြည်လင်ပြတ်သားတဲ့ အဆိုအမိန့်များပါဝင်တဲ့ ၁၄မိနစ်ကြာ အဆိုရုပ်သံဖိုင်ဟာ Facebookနှင့် အင်တာနက် စာမျက်နှာများမှာ ၁၂ရက်နေ့ ညနေပိုင်းမှ စပြီး စတင် ပေါ်ထွက်လာပြီး ကြည့်ရှုသူ အင်မတန်များပြားခဲ့ပါတယ်..။
ဒီမိုဝေယံ
MRTV မှာထုတ်လွှင့်မယ့် အမေစုရုပ်သံ.. from Demo Waiyan on Vimeo.

ကန့်ကွက် မနေပါနဲ့တော့။
ReplyDeleteဒေါ်စုကို ချစ်ခင်လေးစားတဲ့ မြန်မာ့အသံဝန်ထမ်း တစ်ယောက်က အပြင်ကို လူထုကြည့်ဘို့ ထုတ်ပြလိုက်တယ်လို့ ထင်ပါတယ်။
မြန်မာ့ရုပ်သံကလွှင့်တာကို လူတွေ မီးပျက်လို့ ကြည့်ဖြစ်ချင်မှ ကြည့်ဖြစ်မှာပါ။
ုခုလိုဆိုတော့ လူအများကြည့်ခွင့် ရသွားတပပေါ့။
ဟုတ်ပါတယ် ဦးဥာဏ်ရယ်..
ReplyDeleteစိတ်လျှော့လိုက်..စောစောသိတော့ပိုကောင်းတာပေါ့.
နောက်တော့လဲအတူတူပါပဲ..တော်ကြာ TV ကလာတဲ့အချိန်အပေါ်ကလူ
ပြောသလိုမီးပျက်နေရင်မကြည့်လိုက်ရပဲနေဦးမယ်.
အားလုံးကအမေစုကိုချစ်ပီးသားပါ..
သပြေအမည်ခံမောင်ဖွတ်ရေ မင့်အဘ ဗိုလ်ချုပ်ကြီးတွေကို အသက်ဆက်ဘို့ ဒီမှာလာပြီး ဟောင်မနေပါနဲ့တော့ကွယ်။ လူတွေက စစ်အာဏာရှင်စနစ်ဆိုကြီးအောက်မှာ နှစ်(၅၀) စစ်ကျွန်ဘ၀နဲ့နေခဲ့ရတာ ခါးသီးတဲ့ အတွေ့အကြုံတွေ သင်ခန်းစာတွေ ရခဲ့ပြီးပြီ။
ReplyDeleteဒေါ်စုကို ပြည်သူက ထောက်ခံတယ် မထောက်ခံဘူးဆိုတာ စည်းရုံးရေးခရီးစဉ်တွေမှာ ပြည်သူက ငွေကြေးနဲ့မဆွဲဆောင်ဘဲ၊ အကြောက်တရားနဲ့ တစ်အိမ်တစ်ယောက် မလာမနေရ မခေါ်ဘဲ ပျော်ရွှင်ကြည်နူးစွာ လာပြီး ကြိုဆိုနေကြတာကို မနာလို မရှုစိမ့် မဖြစ်ပါနဲ့ကွယ်။
စစ်အာဏာရှုင်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို(၈၈)မှာမမြင်လိုက်တဲ့ လူငယ်တွေက ၂၀၀၇ မှာ စစ်ဘီလူးတွေရဲ့အစွယ်ကို မြင်လိုက်ရလို့ အော့နှလုံးနာနေကြပါပြီ။
မင်း ဘယ်လိုပင် အသက်သွင်းပေမဲ့ ဖွတ်ပါတီနဲ့ဖွတ်ခေါင်းဆောင်တွေကတော့ အသက်ဖုတ်လှိုက် ဖုတ်လှီုက်ဖြစ်နေပါပြီ။ သူတို့ နေ၀င်ချိန်ရောက်တော့မှာပါ။
ကမ္ဘာ့သယံဇာတ အကြွယ်ဝဆုံးနိုင်ငံကို အဆင်းရဆုံးဖြစ်အောင် လုပ်တဲ့ ဗိုလ်နေ၀င်း၊ ဗိုလ်သန်းရွှေတို့ရဲ့ ယုတ်မာဆိုးသွမ်းမှုတွေကိုလဲ သမိုင်းမှတ်တမ်းရေးထိုးပြီးပါပြီ။
မနာလိုမှုကြောင့်လူသားတွေ ဆင်းရဲဒုက္ခေ၇ာက်နေကြရသည်ဟု ဗုဒ္ဒဘုရားဟောကြားခဲ့ပေသည်။ ဦးအောင်ကြီး နိုင်ငံေ၇းနယ်ပယ်မှာ သုံးစားမရ မြောင်းထဲရောက်သွားသည်မှာလည်း ဒေါ်စု၏ခေါင်းဆောင်မှုကို မနာလိုစိတ်ကြောင့်ပင် ဖြစ်ပေသည်။
ReplyDeleteဒေါ်စုကို ပြည်သူတို့၏တခဲနက်ထောက်ခံအားပေးမှုကို မနာလို မရှုစိမ့်နိုင်ကြသော ကြံ့ဖွတ်တို့သည် သူတို့နှစ်ပေါင်းများစွာ ဂုတ်သွေးစုတ်၊ အကျင့်ပျက်၊ ဗိုလ်ကျပြီး ပြည်သူကို ကွန်သဘောက်ပမာ ဆက်ဆံခဲ့ကြသဖြင့် လူထုထောက်ခံမှု မ၇ဖြစ်နေတာကို အမှန်အကန် မသုံးသပ်နိုင်ကြဘဲ ၀န်တိုမှုဖြင့် သက်သေ အထောက်အထားမဲ့ အမနာပတိုက်ခိုက်နေကြသည်မှာ တ၇ားကျစရာပင်ကောင်းသေးတော့၏။သို့သော် ၂၃-နှစ်ကြာသူတို့၏ မီဒီယာကို လက်ဝါးကြီးအုပ်ပြီး အပုပ်ချ။လူထုကို အဓမ္မဆင့်ခေါ်ပြီး ရှုတ်ချပွဲတွေ လုပ်သော်လည်း လူထုအသဲနှလုံးဝယ် ထာဝရစွဲထင်ကြည်ညိုနေကြသည်မှာကား သမိုင်း၏တောင်းဆိုချက်အရ ပေါ်ပေါက်လာသော အမျိုးသားခေါင်းဆောင် ဒေါ်စုသာဖြစ်ပေတော့သည်တကား။
ခြေလှမ်းပေါင်းများစွာ
ReplyDeleteယနေ့ မြန်မာနိုင်ငံရဲ့ အစိုးရအဖွဲ့သစ်က ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းကြောင်းကို တည်ငြိမ် အေးချမ်းစွာနဲ့ အခြေအနေအချိန်အခါလိုက်ပြီး တစ်ဆင့်ပြီးတစ်ဆင့် အစီအမံရှိစွာနဲ့ စနစ်တကျကူးပြောင်းနေတာ တွေ့ရမှာဖြစ်တယ်၊ စစ်မှန်တဲ့ဒီမိုကရေစီ ထွန်းကားတဲ့နိုင်ငံဖြစ်အောင် ခြေလှမ်းပေါင်းများစွာ လျှောက်လှမ်းရဦးမှာ ဖြစ်လို့ အရိုးကြေကြေအရေခန်းခန်း ကြိုးပမ်းဆောင်ရွက်သွားမယ်၊ အသက်နဲ့ခန္ဓာကိုယ် စွန့်လွှတ်ပေးဆပ်ဖို့အထိ ကတိသစ္စာပြုထားကြပါတယ်လို့ ကမ္ဘာသိကြေညာထားတယ်။
အဓိကလိုအပ်ချက်
ဒီမိုကရေစီသတို့သမီးဘွဲ့ခံဆိုတာ ဒီမိုကရေစီစနစ်နဲ့ နိုင်ငံတကာရေးရာတွေကို ဂဃနဏနဲ့ ခြေခြေမြစ်မြစ် လေ့လာသိရှိရန်လိုအပ်တယ်၊ မြန်မာနိုင်ငံကို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာမှာ အမျိုးသားရေး သမိုင်းအစဉ်အလာကြီးတဲ့ တပ်မတော်ကို အဓိကအခန်းကဏ္ဍမှ ပါဝင်နိုင်ရေးဟာ မြန်မာ့သမိုင်းရဲ့ နိုင်ငံရေး လိုအပ်ချက်ဖြစ်တယ်ဆိုတာ လက်ခံရမှာပါ၊ နိုင်ငံ့အကျိုးစီးပွားတည်ဆောက်ရေးမှာ ရွေးကောက်ခံမဟုတ်တဲ့ တပ်မတော်သားကိုယ်စားလှယ်များအပြင် အခြားလိုအပ်တဲ့ အသိပညာရှင်/အတတ်ပညာရှင်များ ကိုလည်း လိုအပ်သလို ထည့်သွင်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ အစိုးရအဖွဲ့သစ်က Common Ground ရှာဖွေပြီး All Inclusive Political Process ခင်းထားပေးပြီးဖြစ်တာကြောင့် Rule of Law နဲ့အညီ တပ်မတော် ကိုမဏ္ဍိုင်ပြုပြီး သင့်တော်တဲ့နေရာမှ နိုင်ငံတော်ကို တည်ငြိမ်တိုးတက်အောင် ၀ိုင်းဝန်းထိန်းကျောင်း ပေးကြရမှာ မဟုတ်ဘူးလား။
“တောကြောင်တွေ ၀န်းရံနေတဲ့ကြားမှာ တောကြောင်တွေ လက်ခမောင်းခတ်လို့ မရအောင်” “စည်းလုံး ညီညွတ်ရေး”ဟာ အဓိကလိုအပ်ချက် ဖြစ်နေလို့ပါ။
လွှတ်တော်ထဲမှာ ဇွတ်ဝင်ပြီး အတင်းအဓမ္မတက်ထိုင် အမတ်လစာထုတ်ယူ ငိုက်မျည်းနေတဲ့ အချောင်သမား ဖွတ်လောင်းတွေကို အမြန်ဆွဲကြပါ။
ReplyDeleteရာဇပလ္လင်ပေါ်ခွေးတက်ဆိုတာ ဒါမျိုးကိုခေါ်တာပါ။
စစ်ဝတ်စုံဝတ်ပြီး စစ်မတိုက်ဘဲ လူညွန့်ခူးစားနေတဲ့ကောင်တွေကို လက်မခံသင့်တော့ပြီ။
စစ်ဝတ်ချွတ်ပြီး အရပ်ဖက်မှာ ကျော်မကောင်း ကြားမကောင်း သန်းပေါင်း ထောင်နဲ့ချီပြီး အလွဲသုံးစားလုပ်တာတွေလဲ ပေါ်နေပြီ။
လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများက စစ်ဝတ်လဲ မလဲသေးသော ဗိုလ်သန်းရွှေချန်ထားခဲ့သော သူခိုးများအား သက်သေခိုင်လုံစွာ(ဖွတ်တွေလို အထောက်အထားမရှိစွပ်စွဲခြင်းမျိုးမဟုတ်)ဖော်ထုတ်နေပါသဖြင့် အချောင်သမားစစ်ဗိုလ်များနဲ့ တိုက်ပုံဝတ်စစ်ထွက်များ နေ၀င်ချိန်ကား မဝေးတော့ပြီ။
တောကြောင်တွေကြားမှာ ဒီမိုကရေစီထုဆစ်ခြင်း
ReplyDeleteသပြေ
မတ် ၁၅၊ ၂၀၁၂
“နိုင်ငံ့အကျိုးစီးပွားတည်ဆောက်ရေးမှာ ရွေးကောက်ခံမဟုတ်တဲ့ တပ်မတော်သားကိုယ်စားလှယ်များအပြင် အခြားလိုအပ်တဲ့ အသိပညာရှင်/အတတ်ပညာရှင်များကိုလည်း လိုအပ်သလို ထည့်သွင်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။”
ဒီမိုကရေစီအနှစ်သာရနဲ့ စံနှုန်း
မတ်လ(၁၄)ရက်နေ့က NLDဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောချက်မှာ ရွေးကောက်ခံမဟုတ် တဲ့ တပ်မတော်သားကိုယ်စားလှယ်(၂၅)ရာခိုင်နှုန်း လွှတ်တော်တွေမှာပါဝင်နေတာ ဒီမိုကရေစီစံနှုန်းနဲ့မကိုက်ညီ ဘူး၊ ပြည်သူတွေကို ပြည်သူကတင်မြှောက်တဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေက အုပ်စိုးခြင်းကသာ ဒီမိုကရေ စီရဲ့ အနှစ်သာရဖြစ်တယ်လို့ ပြောကြားသွားခဲ့တယ်။
ဒီမိုကရေစီကို ရှေ့တန်းတင်
အဲဒီပြောကြားချက်ကို တီဗွီမှာဦးစွာနားထောင်ပြီးတဲ့နောက် အင်တာနက်နဲ့သတင်းစာမှာ ဖတ်ပြီးတဲ့ အခါကျတော့ ဒီစာကိုရေးမှဖြစ်တော့မယ်လို့ ဆုံးဖြတ်ချက်ချပြီး ရေးလိုက်တာဖြစ်တယ်။ ပြိုင်ဘက်နိုင်ငံရေးပါတီ များအတွက် စိုးရိမ်လို့မဟုတ်ဘူး၊ နုနယ်လှတဲ့အများပြည်သူတို့ ထင်ယောင်ထင်မှားဖြစ်စေမယ့်အရေးကို စိုးရိမ် တာဖြစ်တယ်၊ ဘာကြောင့်လည်းဆိုတော့ ဒီမိုကရေစီကို ရှေ့တန်းတင်ပြီး လိုရာကိုဆွဲနေတဲ့ကိစ္စ ဖြစ်နေလို့ပါပဲ။
ဒီမိုကရေစီတို့ရဲ့ မိခင်
ဒီမိုကရေစီတို့ရဲ့မိခင်လို့ အမွှမ်းတင်ထားကြတဲ့ အင်္ဂလန်နိုင်ငံရဲ့ပါလီမန်မှာ ပဒေသရာဇ်စနစ်ရဲ့ဦးသျှောင် ဖြစ်တဲ့ ဘုရင်မကြီးကိုယ်တိုင် တက်ရောက်အမှာစကားချွေပြီး ရွေးကောက်ခံမဟုတ်တဲ့ မင်းမျိုးမင်းနွယ် နယ်စား မြို့စားကြီးတွေ ပါဝင်တက်ရောက်ဆွေးနွေးနေကြတယ်၊ ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့ Power Balance ဖြစ်အောင် ထိန်းညှိထားတာတွေ့ရတယ်။
ဒီမိုကရေစီ သမ္ဘာ
ဒီမိုကရေစီစနစ်ကို နှစ်ပေါင်းရာချီကျင့်သုံးခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့ ဆီးနိတ်နဲ့ကွန်ဂရက်မှာလည်း ရွေးကောက်ခံမဟုတ်တဲ့ အသိပညာရှင်/အတတ်ပညာရှင်တွေထည့်ပြီး သူ့နိုင်ငံအကျိုးစီးပွားနဲ့ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အဓိကမဏ္ဍိုင်ထားပြီး ခိုင်မြဲတဲ့ဒေါက်တိုင်တွေ တပ်ဆင်ထားတာတွေ့ရတယ်။ အုပ်ချုပ်ရေးလုပ်တဲ့ အစိုးရအဖွဲ့မှာတော့ ရွေးကောက်ခံမဟုတ်တဲ့ အသိပညာရှင်/အတတ်ပညာရှင်တွေ ပါဝင်မှုကလည်း မနည်းလှပါ ဘူး။
မသိလို့ပြောတာလား၊ သိလျက်နဲ့ပြောတာလား
ဒီမိုကရေစီစနစ်ဟာ နိုင်ငံတစ်ခုနဲ့တစ်ခု ပုံတူကူးချလို့ မရနိုင်တာကို အင်္ဂလန်မှာကျောင်းတက်ပြီး နိုင်ငံ သားခံယူထားတဲ့ အနောက်နိုင်ငံကြီးသားရဲ့ မယားဖြစ်သူ မျောက်လောင်း(၂)ကောင်ရဲ့ အမေတစ်ယောက်အနေနဲ့ မသိလို့ ပြောလိုက်တာလား၊ ဒါမှမဟုတ်ရင် သိသိကြီးနဲ့ပြောထွက်တာလားဆိုတာ တော်တော်အံ့သြမိတယ်။ လက်နဲ့ရေးထားတာကို ခြေနဲ့ဖျက်လိုတာ ပေါ်လွင်မနေဘူးလား။
အမှန်တရားကို ရင်ဆိုင်ချင်လျှင် ယှဉ်တွဲဖော်ပြပါရန်။
ReplyDelete။နိုင်ငံ့အကျိုးစီးပွားတည်ဆောက်ရေးမှာ ရွေးကောက်ခံမဟုတ်တဲ့
ReplyDeleteတပ်မတော်သားကိုယ်စားလှယ်များအပြင် အခြားလိုအပ်တဲ့
အသိပညာရှင်/အတတ်ပညာရှင်များ ကိုလည်း လိုအပ်သလို
ထည့်သွင်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်။
ဟုတ်ပါပြီ။ ဘယ်နှစ်ရာခိုင်နှုန်းလဲ၊ 100 % လား။
အသိပညာရှင်၊ အတတ်ပညာရှင် ဘယ်နှဦး ပါဝင်နေပါသလဲ။
အသိပညာ အတတ်ပညာမရှိတဲ့ တပ်မတော်သား ၂၅%ဆိုတာတော့
များလွန်းပါတယ်။ ၁% ၂%ဆိုတာတောင်များနေပါသေးတယ်။
စစ်သားတွေက စစ်တောင် မတိုက်တတ်ဘဲ လွှတ်တော်ထဲမှာ
အိပ်နေကြတာ က တော့ ဆိုးလွန်းပါတယ်
အင်း---ဒီခွေးမသား--အမျိုးယုတ်လုပ်တာနဲ. ခေတ်အဆက်ဆက်က အောင်လံ သပြေပန်းတောင် မကြည်.ချင်တော.ဘူး--။အသိပညာရှင် အတတ်ပညာရှင်တွေနဲ အာဏာရူး လက်ထောင်ဖခါင်းညိတ်တွေနဲ. နှိုင်းရသလား--၀က်မသားရဲ.--။
ReplyDelete