Pages

Sunday, March 4, 2012

ပျောက်ဆုံးသွားသော သားဖြစ်သူအတွက် ရတက်မအေးရသူ ဖခင်ဖြစ်သူမှ ရဲစခန်း၌ အမှုဖွင့် တိုင်ကြားသော်လည်း အမှုဖွင့် အရေးယူ ဆောင်ရွက်ပေးခြင်း မရှိသည့်အပေါ် (တိုင်ကြားစာ)

ပျောက်ဆုံးနေတဲ့ မောင်အောင်ရဲသူ(ခ) မောင်အောင်မြတ်သူ..
ဟင်္သာတမြို့နယ် ပြဿအုပ်စု တူးမြောင်း ကျေးရွာနေ ပျောက်ဆုံးသွားသော မောင်အောင်ရဲသူ(ခ) မောင်အောင်မြတ်သူ.. အတွက် ရတက်မအေးရသူ ဖခင်ဖြစ်သူဦးတင်လှိုင်မှ တလုတ္ထော်ရဲစခန်း၌ အမှုဖွင့် တိုင်ကြားသော်လည်း တလုတ္ထော်ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ရဲစခန်းမှ ယနေ့ထက်တိုင် အမှုဖွင့် အရေးယူ ဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း သိရှိရပါသည်။
Untitled from Demo Waiyan on Vimeo
ပျောက်ဆုံးနေတဲ့ မောင်အောင်ရဲသူ(ခ) မောင်အောင်မြတ်သူရဲ့ အမဖြစ်သူ ပြောကြားချက် (ရုပ်သံ) ဟင်္သာတ ကိုဖိုးတုတ် သတင်းပေးပို့သည်...။

2 comments:

  1. ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ စွယ်တော်ဘုရားနှင့်မျက်နှာချင်းဆိုင်မှာ သာသနာရေးဝန်ကြီးဌာ၊ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်ဖွင့်ထားပါတယ်။
    ပြည်တွင်း ပြည်ပ ကျောင်းသာ (၂၀၀) နီးပါးခန့် ဗုဒ္ဓစာပေများကို အ၈င်္လိပ်လိုသင်ယူနေကြတာပါ၊ အဲဒီ တက္ကသိုလ်မှ နီပေါနိုင်ငံမှ အသက်(၂၀) ခန့်ရှိ ရုပ်ရည်ချောမောသော ကျောင်းသား တစ်ဦး ၂၀၀၄-၂၀၀၅ ခု ပညာသင်နှစ်မှာ ထူးဆန်းစွာပျောက်ဆုံးသွားခဲ့ပါသည်။
    ထောက်လှမ်းရေး၊ ရဲ၊ နီပေါသံရုံးတို့မှ အပူတပြင်း ရှာဖွေသော်လည်း ယနေ့တိုင် ရှာမတွေ့တော့ပါ။ မြန်မာပြည်မှာ လုံခြုံမှု တရားဥပဒေစိုးမိုးမှု မရှိကြောင်း သိရှိသွားသော နီပေါအစိုးရမှ နောက်ထပ် ပညာသင်ကျောင်းသား စေလွှတ်မှုကို ရပ်ဆိုင်းလိုက်ပါသည်။
    လူကုန်ကူသူများလက်သို့ ရောင်းစားခံလိုက်ရသည်ဟု ယူဆခဲ့ကြပါသည်။ထို့ကြောင့် မိဘများအနေနဲ့ သား သမီးများကို မိမိတို့ကိုယ်တိုင် ဂရုပြုစောင့်ရှောက်ကြပါ၊အကျင့်ပျက် ၀န်းထမ်းများကို အားမကိုးကြပါနှင့်။

    ReplyDelete
  2. မြို့တိုင်း ရွာတိုင်း နေရာတိုင်းမှာ စစ်တပ်က အဓမ္မဖမ်းဆီးပြီး အသက်မပြည့်သေးတဲ့ကလေးတွေကို တပ်ထဲသွင်းတာ ရိုးနေပါပြီ၊ သတင်းလို့တောင် မထင်ကြတော့ပါ။ အသက်ပြည့်ပြီးလူငယ်တွေကို ဖမ်းဘို့မလွယ်လို့ ကလေးတွေကို ချောင်းပြီးဆွဲတာပါ။
    အဓိကဆွဲတဲ့နေရာကတော့ မီးရထားဘူတာတွေက မီးကလဲ ပျက်၊ ဒါမှမဟုတ် မီးအားနည်းတော့ မှောင်နေတာများပါတယ်။ ရထားတွဲတွေကြား အမှောင်ထဲမှာ စစ်သားတွေက စောင့်နေပြီး၊အပေါ့အပါးသွားတဲ့ကလေးတွေကို ဖမ်းခေါ်လေ့ရှိပါတယ်။အသာတကြည့်မလိုက်ရင် ရိုက်နှက် ထိုးကြိတ်ခေါ်ပါတယ်။
    သတင်းစုံစမ်းပြီး လိုက်ရွေးနိုင်ရင်တော့ ငွေ ၅ သိန်းအထိပေးရတာတွေ ရှိတယ်။
    ဒါက မိဘတွေ သတိနဲကာကွယ်ဘို့ပါ။ ဘူတာတွေ၊ ကားဂိတ်တွေမှာ မီးေ၇ာင်လင်းတဲ့နေရာ၊ လူမပြတ်တဲ့နေရာမှာ နေသင့်ပါတယ်။ ဥပဒေမဲ့တိုင်းပြည်မှာ မိမိကိုယ်ကို မိမိဘာသာ ကာကွယ်ရမှာပါ။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။