မြန်မာ့မီးရထားပိုင် ရန်ကုန်ဘူတာကြီးအနီးရှိ သက်သာဆိုင်ခန်းများ
နိုင်ငံတော်မှ ပေးအပ်သော တာဝန်အား အလွဲသုံးစားပြုလုပ်ကာ လာဘ်ပေးလာဘ်ယူ အကျင့်ပျက် ခြစားမှုအား အရေးယူ ဆောင်ရွက် ပေးပါရန် တိုင်ကြားခြင်း။
မြန်မာမီးရထား၊ တိုင်း(၇) ရန်ကုန်ရှိ စီးပွား သက်သာဆိုင် တာဝန်ခံ ဗိုလ်မှူးဟောင်း ဦးစိုးမိုးအောင် မန်နေဂျာ (စီးပွားရေး/တိုင်း)သည် သက်သာဆိုင်(၁၅၀၀)ဆိုင်အား ဦးစီးကာ လစာငွေကောက်ခံခြင်း ဆောင်ရွက်ရာတွင် မသမာမှု၊ လဘ်ပေးလဘ်ယူ အကျင့်ပျက်ခြစားမှုများဖြင့် အောက်ဖေါ်ပြပါ အတိုင်း ဆောင်ရွက်နေပါ၍ အရေးယူ ဆောင်ရွက်ပေးပါရန် တိုင်ကြားပါသည်။
၁။ ဦးစိုးမိုးအောင်သည် သက်သာဆိုင် (၁၅၀၀)ဆိုင်များအား စာချုပ်သက်တမ်းတိုး ဆောင်ရွက်ရာတွင်(၅)ကျပ် တန်စာချုပ်မှုရင်း(၅)ရွက်ပါ တစ်စုံနှင့် မိတ္တူ(၅)ရွက်ပါ(၂)စုံပေါင်း (၁၅)ရွက်အတွက် စာချုပ်ချုပ်ဆိုခများအား ကျသင့်ငွေထက် အဆမတန် တိုးမြှင့်ကောက်ခံကာ ကိုယ်ကျိုးအတွက် အသုံးပြုခဲ့ပါသည်။ ဆိုင်တစ်ဆိုင် စာချုပ်ချုပ်ဆိုရာတွင် (၅)ကျပ်တန် စာချုပ်မူရင်း(၁) ရွက်အား ပြင်ပဈေးဖြင့် ၀ယ်ယူပါက(၁၄၀)ကျပ်ဖြစ်ပြီး၊ မိတ္တူ(၁)ရွက် ပြန်လည်ကူးယူပါက (၁၄)ကျပ်ဖြစ်ရာ မူရင်း(၅)ရွက်နှင့် မိတ္တူ(၁၀) ရွက်အတွက် ကုန်ကျငွေပေါင်းသည် (၈၄၀) ကျပ်သာ ကျသင့်ပါသည်။
၎င်းရုံးစက်များဖြင့် ဆောင်ရွက်သော လုပ်ငန်းဖြစ်သည့် အတွက်( ၈၄၀)ကျပ် အောက်လျှော့ ကောက်ခံရမည့်အစား ဆိုင်တစ်ဆိုင်လျှင်(၅၀၀၀) ကျပ်နှုန်းဖြင့် ဆိုင်ပေါင်း(၁၅၀၀)ဆိုင် အတွက် ကျပ်သိန်းပေါင်း ခုနှစ်ဆယ့်ငါးသိန်း (၇၅၀၀၀၀၀ိ/-) ကောက်ခံခဲ့ခြင်းသည် ကောက်ခံရယူသင့်ငွေထက် ကျပ်သိန်းခြောက်ဆယ်ကျပ် (၆၀၀၀၀၀၀ိ/-)ကျော် မိမိကိုယ်ကျိုးအတွက် အသုံးပြုခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ သက်သာဆိုင်(၁၅၀၀)ဆိုင်မှ တစ်လလျှင်(၅၀၀၀၀ိ/-)အထိတရားဝင် ဘောင်ချာဖြင့် ပေးသွင်းရပါသည်။
တရားမ၀င် စာရင်းမရှိသော ကျူးကျော်ဆိုင်ခန်း(၅၀၀) ဆိုင်ခန်းအား ၎င်းက ကိုယ်ကျိုးအတွက် တပည့်(လူယုံ)များနှင့် ငွေကောက်ခံမှုများ ရှိကြောင်း အဆိုပါ တရားမ၀င် ဆိုင်ခန်းများမှ တစ်လလျှင်(၂၀၀၀၀ိ/-) ကျပ်မှ(၅၀၀၀၀ိ/-)ထိ ပေးရသည့် ဆိုင်ခန်းများလည်း ရှိပါသည်။
၂။ စာချုပ်ချုပ်ဆိုခြင်းနှင့် သက်တမ်းတိုးအတွက် လစာနှုန်းများ ညှိနှိုင်းဆောင်ရွက်ရာတွင်လည်း ၎င်းနှင့်ရင်းနှီး ပတ်သက်သူများ၊ လဘ်ပေးလဘ်ယူ ငွေကြေးထောက်ပံ့သူများနှင့် ၎င်း၏ ဇာတိမြို့ဖြစ်သော သထုံမြို့၊ ဘင်လှိုင် ရပ်ကွက်၊ အာစိဏ္ဏာရာမ ပရိယတ္တိစာသင်တိုက် တွင် ဓမ္မမဉ္ဇူနှစ်ထပ် ကျောင်းဆောင် ဆောက်လုပ်ရေး အလှူငွေထည့်ဝင် သူများကိုသာ ဦးစားပေးစာချုပ် ချုပ်ဆိုပေးခြင်း၊ လစာနှုန်းများ လျှော့ပေးခြင်းများပြုခဲ့ပြီး ကျန်ဆိုင်များအား စာချုပ်မချုပ် ဆိုပေးဘဲ ဆိုင်းငံ့ထားခြင်း၊ အဆမတန်လစာနှုန်းများ တိုးမြှင့်ကောက်ခံခြင်းများကိုလည်း ဆောင်ရွက်နေပါသည်။
၃။ဦးစိုးမိုးအောင်သည် သက်သာဆိုင်နှင့် ပတ်သက်သော မြန်မာ့မီးရထား၊ အထွေထွေမန်နေဂျာ (အောက်မြန်မာပြည်) ရန်ကုန် မြန်မာ့မီးရထားရုံးချုပ်နှင့် ၀န်ကြီးရုံးများမှ ဆိုင်ခန်းနှင့်ပတ်သက်သော စာများပေါ်တွင် မှတ်ချက်ပြုရေးသားသော လူကြီးများအား နိုင်ငံတော်မှ လစာပေးထားသားလျှက်နှင့် အပိုလုပ်စားသူများ စသည့်လိုသလို အနက်အဓိပ္ပာယ် ကောက်ယူ နိုင်သော ဝေါဟာရ အသုံးအနှုံးများဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင်များရှေ့တွင် မကြာခဏ ညဉ်းတွား ပုတ်ခတ်ပြောဆိုလေ့ရှိသည့် အပြင် ၎င်းအောက်တွင် တာဝန်ထမ်းဆောင်နေသော ရုံးဝန်ထမ်းများအား လမ်းစရိတ်မပေးဘဲ ညအချိန်ထိ အတင်းအဓမ္မ အမိန့်ပေးစေခိုင်းခြင်းနှင့် ရုံးလုပ်ငန်း လုပ်ပိုင်ခွင့်များကိုလည်း တားမြစ်ပိတ်ပင် ချုပ်ချယ်မှုများ ပြုနေပါသည်။
ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းသည် ငြိမ်းချမ်းရေး လုပ်ငန်းများကို ဆောင်ရွက်နေသော်လည်း မြန်မာ့မီးရထားဝန်ကြီးဌာန လက်အောက်ရှိ ဦးစိုးမိုးအောင်သည် နိုင်ငံတော်မှ ပေးအပ်သော တာဝန်အား အလွဲသုံးစား ပြုလုပ်ကာ ကျပ်သိန်းခြောက်ဆယ်ကျော် (၆၀၀၀၀၀၀ိ/-) လာဘ်ပေးလာဘ်ယူ အကျင့်ပျက်ခြစားခြင်း၊ ကျောသားရင်သားခွဲခြားခြင်း၊ နိုင်လိုမင်းထက်ပြုမူခြင်းနှင့် ပြည်သူပြည်သားများ ယုံကြည်မှုကင်းမဲ့အောင် ဆောင်ရွက်နေခြင်းများအား အရေးယူ ဆောင်ရွက်ပေးပါရန် တိုင်ကြားအပ်ပါသည်။
စစ်အာဏာရှုင်တွေ တိုင်းပြည်အာဏာကို မတရားသိမ်းပြီးကထဲက စစ်ဗိုလ်မျိုးဆက်တွေက တိုင်းပြည်ဘဏ္ဍာငွေတွေ ထင်သလို သုံးလာတာ လူထုမှာတော့ ဖွတ်ကျောပြာစု၊ ခရုဆံကျွတ် ဖြစ်နေပေမဲ့ စစ်ဗိုလ်တွေကတော့ တိုက်တာ အိမ်ခြံ ကုမ္ပဏီကြီးတွေထောင်ပြီး ကြီးပွါးနေကြပြီ။
ReplyDeleteဒီလောက် ကြွယ်ဝနေပေမဲ့ မတင်းတိမ်နိုင်ဘဲ တိုင်းပြည်ရဲ့ အဓိက အင်အားစုဖြစ်တဲ့ လယ်သမားတွေရဲ့လယ်တွေကို မတရား လောဘဇောတိုက်ပြီး သိမ်း၊ ပြန်ရောင်းစားနဲ့။ လယ်သမားတွေလဲ ဒူးနဲ့မျက်ရည်သုတ်နေရပြီ။ ဒီစစ်တပ်ကျောထောက်နောက်ခံ ဖွတ်ပါတီကို မဲပေးရင် ဖွတ်တက်သထက် မွဲမယ်ဆိုတာ သတိရှိကြပါ။
ကွနုပ်အမြင်လေးပါ။
ReplyDeleteသားသမီးမကောင်းမိဘခေါင်း။
တပည်မကောင်းဆရာ့ခေါင်း။
ခေါင်ကစမိုးမလုံတာဘာမှလုပ်မရဘူး။
အကုန်ဖျက်ချပြီးအသစ်မိုးတာအကောင်းဆုံးပါ။
။
်အမည်နှင့် နေရပ်လိပ်စာမပါဘဲ မဟုတ်မမှန်သောသတင်းပေးပို့ ခြင်းများနှင့် သူတပါး၏အကျိုးပျက်စီးလိုသော သူတို့ ရဲ့ လုပ်ကြံပြောဆို၍ ပေးပို့ သောသတင်းများကို ( ဒီမိုဝေယံ )ဆိုက် နှင့်အခြားသော ဆိုက်များကပါ လက်ခံတင်ပြခြင်းမပြုရန်အကြံပြုလိုပါသည်။
ReplyDeleteမီးရထားဝန်ထမ်းဖြင့်မှီခိုသူတစ်ဦး
ဒီလို ခိုင်မာတဲ့ အချက်အလက်တွေကို ပရင့်ထုတ်ပြီး ပြည်တွင်းမှာ ဖြန့်ဝေမပေးကြတော့ဘူးလား ... ပြည်တွင်းမှာတော့ သိကြတဲ့အတိုင်းဘဲ အင်တာနက်ဆိုတာ တော်ရုံတန်ရုံ မချဉ်းကပ်နိုင်ကြပါဘူး .. အချိန်မပေးနိုင်တာလဲ ပါပါတယ် .. ပရင့်ထုတ်ပြီး ဖြန့်ဝေပေးနိုင်တယ်ဆိုရင်ဖြင့် ... ကျွန်တော်များ ၀မ်းသာစွာ ကြိုဆိုလျှက်ပါ ..
ReplyDeleteပြောသမျှစာတွေက တော်တော်လေးကိုမှန်ကန်ပါတယ် လို့ ၀န်ထမ်းဟောင်းတစ်ယောက်အနေနဲ့ပြောချင်ပါတယ်
ReplyDeleteလူလည်ကြီးများကို လူလည်ကျနိုင်ခဲ့သူ တစ်ယောက်အကြောင်း မကြာမီရေးသားဖော်ပြသွားပါမည်
ReplyDeleteအာဏာရှင် စနစ်ဆိုးရဲ့ ဆိုးဝါးတဲ့ သရုပ်မှန်တွေပါ။
ReplyDelete