Pages

Sunday, March 11, 2012

တစ်ဦးတည်းသောသားများ (ကဗျာရှင် နေရဲနီ)

တဦးတည်းသောသားများနဲ့ ၂၀၁၁ခုနှစ် မြစ်ဆုံသင်္ကြန်ပွဲ အတူတကွ ဆင်နွှဲနေတဲ့ တိုင်းမှူး၊ တပ်မမှူးများ

တစ်ဦးတည်းသောသားများ

တစ်ဦးတည်းသောသား
ရှားရှားပါးပါးလေးဆိုတော့
မိဘနှစ်ပါးကငုံထားမတတ်ချစ်ကြတယ်။
အဲ့ သံတစ်ချက်မကြားစေရ။
အစစအရာရာလိုလေသေးမရှိ
ဒါကြောင့်အဲဒီကလေးရဲ့စိတ်ဟာ
လောကကြီးမှာ ငါတစ်ယောက်တည်း
လူဖြစ်တယ်လို့အထင်ရှိတယ်။

တစ်ဦးတည်းသောသား
သူ့မှာအစ်ကိုမရှိဘူး
အစ်မ မရှိဘူး
ညီ မရှိဘူး
ညီမ မရှိဘူး
ဒါကြောင့် ကြီးသူကိုရိုသေလေးစားပြီး ငယ်သူကိုသနားညှာတာရမဲ့
မိသားစုစိတ်ဓာတ် သူ့မှာခေါင်းပါးနေတယ်။

တစ်ဦးတည်းသောသား
ဘာမဆို လိုတရနေတော့
အပေါင်းအသင်း သူငယ်ချင်းတွေကြားမှာ
သူ့ရဲ့စရိုက်ဟာ တစ်ခါတစ်လေ အတ္တဆန်တယ်။
သူ့ရဲ့နေပုံထိုင်ပုံက အထီးကျန်ဆန်တယ်။

တစ်ဦးတည်းသောသား
လက်လှုပ်မှ ပါးစပ်လှုပ်ရမယ့် အိုင်တီခေတ်ကြီးထဲမှာ
လူလာဖြစ်ရသူ ဖြစ်လေတော့
မနက်လင်းတာနဲ့ ကလေးထိန်းကျောင်းကနေ ဘ၀စလိုက်တာ
ပညာတတ်ဘွဲ့ရပြီး ကိုယ့်ဝမ်းကိုယ်ကျောင်းရတဲ့ အချိန်အထိ
မိဘနှစ်ပါးနဲ့အတူ မိသားစု စုံစုံလင်လင် နေခွင့်ရတဲ့အချိန်ဆိုတာ
ညအိပ်ယာဝင်ချိန်ဘဲ ရှိခဲ့တယ်။
ဒါကြောင့်သူ့ရဲ့ အယူအဆ ဒဿနတွေဟာလည်း
အများအားဖြင့် ရုပ်ဝတ္ထုဆန်တယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း သုံးဆယ်လောက်က
အဆမတန် တိုးပွားလာတဲ့ လူဦးရေကို ထိန်းချုပ်ဘို့အတွက်
တစ်အိမ်ထောင် ကလေးတစ်ယောက်သာ ယူရမယ်ဆိုတဲ့ဥပဒေကို
အိမ်နီးချင်း တရုပ်ပြည်ကြီးမှာ ပြဌာန်းခဲ့တယ်။

ရှေးရိုးစွဲ အယူဝါဒပြင်းထန်တဲ့ လူ့ပတ်ဝန်းကျင်မှာ
ချွေးမ ဆိုတာကျွန်နဲ့ မခြားဆက်ဆံတတ်ကြတော့
မိဘတော်တော်များများက
ဆောင်ထားတဲ့ ကိုယ်ဝန်
မိန်းကလေးမှန်း သိခဲ့ရင်
လူ့ပြည်ကို ခြေချခွင့်မပေးကြဘူး။

ခုချိန်မှာ တစ်ဦးတည်းသော သားတွေ အရွယ်ရောက်နေကြပြီ။
သူတို့အတွက် ကျွန်လိုအသုံးတည့်မယ့် ဇနီးလောင်းကို ကမ္ဘာပတ်ပြီးရှာနေကြပြီ။
အိမ်နီးချင်းတိုင်းပြည်များမှ သမီးမိန်းကလေး မွေးထားသူများ
သတိသာ ထားကြပေတော့။
တဦးတည်းသော သားများနှင့် အပေးအယူလုပ်နေတဲ့ ဧရာဝတီမြစ်ဆုံပါရဂူ..
နောက်ဆယ်နှစ်လောက်ဆို တစ်ဦးတည်းသောသားတွေ
နိုင်ငံခေါင်းဆောင် ဖြစ်တော့မယ်။
အမျိုးသား အကျိုးစီးပွား ကာကွယ်ရေးဥပဒေဆိုတာ
သူတို့နိုင်ငံ ကောင်းစားဘို့  အတွက်ဘဲပြဌာန်းထားတာ
ဘယ်တိုင်းပြည် ဘယ်ပြည်သူ ဘယ်သူဘာဖြစ်ဖြစ်ငတေမာရင်ပြီးရောနဲ့ မခြားဘူး။
သူတို့လိုဘပြည့်ဝမယ်ဆိုရင် ဘာမဆိုလုပ်ရဲတယ်။
အာဏာရှင်မှန်သမျှကို ကမ္ဘာ့အလယ်မှာ မျက်နှာပြောင်တိုက် ထောက်ခံပြ၀ံ့တယ်။
တကမ္ဘာလုံးက တောင်းဆိုလာရင်
မတတ်သာတဲ့ အဆုံးမှာ ဗီတိုအာဏာကို ထုတ်သုံးလိုက်တယ်။
အဲဒီအတွက်အကျိုးဆောင်ခအနေနဲ့
ရှိရှိသမျှသယံဇာတမြေပေါ်မြေအောက်အမှိုက်သရိုက်လူပါမကျန်
အားလုံးကိုနောက်ကွယ်ကနေဈေးပေါပေါနဲ့ရောင်းပေးရမယ်။

တချိန်လုံး တံခါးပိတ်လာတဲ့ နိုင်ငံဟာ
အဲဒီစနစ်ကြောင့် တံခါးဖွင့် အမည်ခံပြီး
သူခိုးလက်ခံ လူမိုက်အားပေး လုပ်လာတဲ့အတွက်
အရင်ကချွတ်ခြုံကျနေတဲ့နိုင်ငံ့စီးပွားရေးဟာ
ဆယ်စုနှစ် တစ်ခုအတွင်း တဟုန်ထိုး ထိုးတက်လာခဲ့တယ်။
ပညာမဲ့ပြီး အာဏာကိုမက်မော တွယ်တာတတ်တဲ့
အတ္တသမားတွေအုပ်ချုပ်တဲ့
သယံဇာတ ပေါကြွယ်ဝတဲ့နိုင်ငံတွေ သတိသာထားကြပေတော့။


နေရဲနီ

4 comments:

  1. အဲ ဒါ ဗ မာ တ ပြည် လုံး ပုံ နှိပ် ပြီး ဖြန့် သင့် တဲ့ က ဗျာ ဘဲ။ တ ရုတ် တွေ ဗ မာ ပြည် ထဲ မှာ နေ ရာ တ ကာ မှာ စိုး မိုး နေ တာ မ သိ တာ လား။ မ သိ ခြင် ဟန် ဆောင် နေကြ တာ လား မသိ ဘူး။ မြေ မြို လို့  လူ မျိုး မ ပြုတ် လူ မြို မှ လူ မျိုး ပြုတ် ဆို ပြီး ရေး တဲ့ ဆ ရာ သမား တွေ ကော တရုတ် တွေ သတ် လိုက် တာ လား။ ပါး စပ် တွေ ကို ဘာ တွေ နဲ့ ပိတ် လိုက် လို့  တိတ် ဆိတ် သွား ကြ တာ လဲံ။ ဗ မာ မိန်း က လေး တွေ လဲ ကုန် တော့ မယ် ။ ခြေ တော် တင် နေ တာ လဲ မ နဲ ဘူး။ အဲ ဒါ ဘယ် က ကောင် တွေ လဲ။ လုပ် ကြ ပါ အုံး ။ အ ချိန် က သိပ် တော့ မ ရှိ တော့ ဘူး။ လူ ထု က လည်း လူ ထု နည်း နဲ့ တိုက် ကြ ပါ။ အ စိုး ရ ချည်း ဘဲ အား မ ကိုး ပါ နဲ့ ။ အ စိုး ရ လည်း အိပ် ယာ က တော့ နိုး လာ ပြီ။သို့  သော်
    တ ရုတ် သား တွေ က လွှမ်းမိုး နေ တော့ လုပ် ရ တော့ နည်း နည်း ခက် နေ တယ်။လူ ထု က လည်း ကူ တွန်း ပေး ပါ။ လုပ် နိုင် သ လုပ် တ ရုတ် ဆန့် ကျင် ရေး လုပ်ကြ ပါ။

    ReplyDelete
  2. ဧရာဝတီ မြစ်ဆုံ ပါရဂူဆိုတာ ဘယ်သူလဲဗျ..

    ReplyDelete
  3. မြစ်ဆုံပါရဂူဘယ်သူလဲဆိုတာသိချင်ရင် နေရဲနီကဗျာများ ကို ကလစ်ပေးလိုက်ပြီးတန်ဘိုးနားမလည်ကြသူများ ကဗျာကိုဖတ်ပါ။
    နေရဲနီ

    ReplyDelete
  4. ပြည်ပအားကိုး ပုဆိန်ရိုးဆိုပြီး အော်နေတဲ့ ဗိုလ်ချုပ်ကြီးတွေကို မေးချင်တာက တရုတ်ကရော ပြည်ပမဟုတ်ဘူးလား။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။