မတ်လ၂၉ရက်နေ့က အဖွဲ့ချုပ်ရုံးမှာ တွေ့ရတဲ့ ပြည်ပ ဓာတ်ပုံ၊ သတင်းထောက်များ.. (AP)
မနက်ဖြန် ၃၀ရက်နေ့ မနက်(၉)နာရီမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ ပြည်တွင်းပြည်ပ သတင်းမီဒီယာများအား ယနေ့ဖြစ်ပေါ်နေတဲ့ ကြားဖြတ်ရွေးကောက်ပွဲ ဆိုင်ရာ အခြေအနေများနဲ့ ပတ်သက်ပြီး တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်ခြံဝင်းအတွင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်မှာ ဖြစ်ကြောင်း အဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေး မာန်နေဂျာ ဦးဥာဏ်ဝင်းမှ ပြောကြားပါသည်..။
ရွေးကောက်ပွဲ ကျင်းပရန် ရက်ပိုင်းမျှသာ လိုတော့သည့် အခြေအနေအထိ ရွေးကောက်ပွဲ မသမာမှုများ လျှော့ကျသွားခြင်းမရှိပဲ ပိုလို့ပင် တိုးလာကြောင်း ရှေ့နေကြီးဦးဥာဏ်ဝင်းမှ ဆက်လက်ပြောဆိုပါတယ်..။
အာဏာပိုင်များအား အရေးယူ ဆောင်ရွက်ပေးရန် တိုင်ကြားခဲ့သော်လည်း အရေးယူ ဆောင်ရွက်ပေးမှုမှာ စတိမျှသာ ဖြစ်ကြောင်း ဆက်လက်ပြောဆိုပါတယ်..။
အစိုးရမှနယ်မြေ အေးချမ်းမှု မရှိသောကြောင့် ဟူသော အကြောင်းပြချက်ဖြင့် ကချင်ပြည်နယ်အတွင်းမှ ဖားကန့်၊ မိုးကောင်းနှင့် ဗန်းမော် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃နေရာအား အမျိုးသားဒီမိကရေစီအဖွဲ့ချုပ်မှ KIOနှင့် ဆွေးနွေးလုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့သလို ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO)မှလည်း ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးအတွက် ကူညီဆောင်ရွက် ပေးမည်ဟု ကြေငြာချက် ထုတ်ပြန်ကြိုဆိုခဲ့ပါတယ်..။ သို့ပါသော်လည်း KIO၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် လက်ရှိအာဏာပိုင် အစိုးရတို့မှ သုံးပွင့်၊ သုံးဆိုင် ညှိဆောင်ရွက်ရမည့် ကိစ္စ၌ အဓိကကျသည့် လက်ရှိ အာဏာပိုင်များမှ တစုံတခုမျှ တုံပြန် ဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း သိရှိရပါသည်..။
သတင်း...ဒီမိုဝေယံ

(၉၀)ခုနှစ် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးရဲ့အဖေကြီးလို့ ပြောလို့ရတဲ့ တစညပါတီကြီး ခွက်ခွက်လန်အောင် ရှုံးသွားခဲ့တဲ့ အတွေ့အကြုံကလဲ ရှိနေတော့ ကြံ့ဖွတ်ပါတီကြီး ကြောက်ဒူးတုန်တာ မဆန်းပါဘူးဗျာ
ReplyDeleteပြည်သူတွေရဲ့ အဖွဲ့ချုပ်ကို အားပေးတာကလဲ ကမ္ဘာကြီးတုန်လှုပ်သွားလောက်အောင်ပါဘဲ။
နှစ်ပေါင်းများစွာ ဂုတ်သွေးစုတ်ပြီး ဗိုလ်ကျလာခဲ့တဲ့ ကြံ့ဖွံ့ပါတီထိပ်သီးကြီးတွေ အိပ်ပျက်ညတွေများပြီး အိပ်မက်ဆိုးတွေ မက်နေမှာပါ။
သေနတ်ကြီးတွေ ခါးချိတ်ထားစဉ်ကလဲ ကြေက်။ ဖွဲ့စည်းပုံမှာ ရေပက်မ၀င်အောင် ကာကွယ်ထားပြီး တိုက်ပုံဝတ်ပြီး နိုင်ငံဘဏ္ဍာတွေ ထင်သလိုသုံးပြီး မဲဆွယ်ခွင့်ရနေတာလဲ အကြောက်ကမပြေ။
စစ်သားတွေ စစ်သားလူထွက်တွေလုပ်ပြီး သွေးကြောင်သွေးပျက်နေလိုက်ကြပုံများ ဘေးကကြည့်နေရတဲ့လူတွေက ရယ်ချင်စိတ်ကို မနည်း ထိန်းထားရပါတယ်။
မတရားမှုတွေကတော့ နေရတိုင်းမှာ ဖြစ်နေပေမဲ့ ရွေးကော် ဥက္ကဌကြီးကလဲ နွေခေါင်ခေါင်မှာ နှာစေးနေလိုက်တာ ဘာမီတွန်နဲ့ ပါရာစီတမောလေးများ တိုက်လိုက်ကြပါဦး။
အစိုးရဆေးရုံမှာ ဆေးမရှိရင် ဦးကျော်သူရဲ့ သုခကုသိုလ်ဖြစ်ဆေးခန်းကို ပို့လိုက်ကြပါ။
ဒီပုံစံအတိုင်းဆက်သွာနေမယ်ဆိုရင်.
ReplyDeleteစီးပွားရေးပိတ်ဆို့ထားတာတွေကိုရပ်တန့်ဖို့
အချိန်မတန်သေးဘူး..အတုအယောင်ဒီင်္မိုကရေစီ
ဖြစ်နေတယ်..ပိတ်ဆို့ထားတာတွေပွင့်သွားအောင်
ဟန်ပြလုပ်ပြပီး.သူတို့မတရားခိုးထားတဲ့.ငွေတွေ.
ဘဏ်ကနေပြန်ထုပ်ဖို့နဲ့.လမ်းကြောင်းတွေထွက်ပေါက်
ရအောင်လုပ်ခြင်းသာဖြစ်တယ်.အဲ့ဒီအချိန်ကြရင်.
သမတ.လွတ်တော်နဲ့.နိုင်ငံရေးပါတီတွေ.ဆွဲစိမဲ့
အကြံအစည်တွေပဲ..ဒါတွေဟာ.သန်းရွှေရဲ့
နောက်ကွယ်ကကြိုးကိုင်နေတဲ့.အစီအမံတွေပါပဲ..