Pages

Saturday, March 3, 2012

ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးခရီးစဉ် ပရိတ်သတ်ဦးရေ စံချိန်တင်များပြား..

ရန်ကုန် ၊ မတ် ၃ (The Voice Weekly)
ပရိတ်သတ် စံချိန်တင်များပြားသောဒေါ်အောင်ဆန်းစုကြည် ၏ မန္တလေးခရီးစဉ်

ကြားဖြတ်ရွေးကောက်ပွဲ အတွက် ပါတီစည်းရုံးရေးခရီး ခရီးများထွက်နေသော ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၃ ရက်နေ့ နံနက်ပိုင်း ၉နာရီခန့် မန္တလေမြို့သို့ ရောက်ရှိလာခဲ့ပြီး လူထု ဟောပြောပွဲပြုလုပ်မည့် မြို့သစ်(အောင်ပင်လယ်) သို့သွားရောက်ရာတွင် လာရောက်ကြိုဆိုကြသူများ ဦးရေမှာ ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးခရီးစဉ်များတွင် စံချိန်တင်လောက်အောင် အလွန်များပြားခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးခရီးစဉ်များကို လိုက်ပါသတင်းရယူခဲ့သူ သတင်းမီဒီယာသမားများက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တံတားဦးလေဆိပ်မှထွက်ခွာပြီး ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မှတဆင့် မန္တလေးမြို့အတွင်းသို့ ၀င်ရောက်ရာလမ်းတစ်လျှောက်ရှိ မန္တလေးမြို့ခံ များသာမက နိုင်ငံခြားသားများ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများနှင့် တိုင်းရင်းသားလူငယ်များပါ လာရောက်ကြိုဆိုကြပြီး ကားတန်းမှာ တံခွန်တိုင်အ၀ိုင်းမှ သိပ္ပံလမ်းအထိ ကားတန်းမှာ အလွန်ရှည်လျား များပြားနေကြောင်း The Voice Weekly သတင်းထောက်က ပြောကြားသည်။

ယခု သတင်းရေးသား ထုတ်လွှင့်ချိန်တွင် မွန်းတည့် ၁၂ နာရီခန့်တွင် ဒေါ်အောင်ဆန်းစုကြည်မှာ လူထုဟောပြောပွဲပြုလုပ်မည့်ကွင်းအတွင်း သို့ရောက်ရှိလာခြင်း မရှိသေးဘဲ သိပ္ပံလမ်း ပေါ်တွင်သာရှိသေးကြောင်း The Voice Weekly သတင်းထောက်က ပြောကြားသည်။
(DVB) ရုပ်သံ..

5 comments:

  1. ဝမ်းသာလွန်းလို့မျက်ရည်တောင်ကျရပါတယ်..
    အမေ ဘေးရန်ကင်းပါစေ..

    ReplyDelete
  2. အမေစုအနားမှ NLD အဖွဲ့ဝင်များအားအထူးကျေးဇူးတင်ပါတယ်.
    ဘေးမသီရန်မခအောင်စောင့်ရှောက်ပေးကြပါ..
    အလွန့်အလွန်မှအရေးကြီးသောပုဂ္ဂိုလ်ဖြစ်ပါတယ်.

    ReplyDelete
  3. ကြည်နူးဝမ်းသာလို့ မျက်ရည်ကျမိပါတယ်၊ အန်တီစု ရော မြန်မာပြည်သူပြည်သားအားလုံး စိတ်ချမ်းသာကျန်းမာကြပါစေ

    ReplyDelete
  4. အမေ့ ကျန်းမာရေးက ပိုအရေးကြီးပါတယ်၊ တစ်ပြည်လုံးက တစ်ယောက်ထဲကိုပဲ ၀ိုင်းပြီးအားကိုးနေရတာ၊ အမေမရှိရင် ပြည်သူတွေ ဒီ့ထက်ပို ဖိနှိပ်ခံရမယ်၊ တော်ရုံတန်ရုံလူလတ်ပိုင်းတောင် ဒီလောက်ခရီးတွေ ဆက်တိုက်သွားနေရင် တော်တော် ပင်ပန်းနေပါပြီ။ အမေ ကျန်းမာရေးဂရုစိုက်ပါ

    ReplyDelete
  5. ၇င်တထိတ်ထိတ်နဲ့ ကြည့်မိပါတယ် ဘယ်နားက တ၇ုပ်စာနဲ့ အမေစုကို ၀ တို လဲ ကြိုဆိုပါတယ် ဆိုတဲ့ ဗီးနိုင်း ပေါ်လာမလဲလို့း)

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။