Pages

Sunday, March 11, 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယနေ့ မော်လမြိုင် လူထုဟောပြောပွဲ မြင်ကွင်း ဓာတ်ပုံများ..

ဘယ်လောက်ပဲ အတိုက်အခိုက်တွေ၊ မတရားမှုတွေ၊ လိမ်လည်မှုတွေရှိပါစေ.. အဘွားစုနဲ့ ခွပ်ဒေါင်းတွေ
မုချအောင်ရမည်တဲ့... အနာဂတ်ရဲ့ ရာမည ခွပ်ဒေါင်းမြေး..
ခွပ်ဒေါင်းဘွားဘွားနဲ့ ခွပ်ဒေါင်းမြေးတွေပါ မကျန်ပါဝင်တဲ့ မော်လမြိုင် လူထုပရိသတ်
သိန်းချီတဲ့ ရာမညဋ္ဌာနီ မော်လမြိုင် လူထုပရိသတ်..
ဓာတ်ပုံများ AP, Reuters
အာဏာရှင်တွေ တက်ရေး မတက်ရေးနှင့် ပေါ်လာရေး မပေါ်လာရေးမှာ မရေရာသည့် ကိစ္စတစ်ခုအဖြစ် ရှိနေဆဲဖြစ်ကြောင်း ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်မှ ၁၀ နာရီ ၁၀ မိနစ်အထိ မော်လမြိုင်မြို့၊ ခြောက်မိုင်ရွာ ဘောလုံးကွင်းတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ ''လူအခွင့်အရေးတွေအားလုံးကို ကျွန်မတို့ပြည်သူတွေ ပြည့်ပြည့်၀၀မရသေးပါဘူး။ နောက်ပြီးတော့လည်း ကျွန်မတို့ ဒီမိုကရေစီအစစ်ဆိုတာ ဒီနိုင်ငံမှာ မရှိသေးပါဘူး။ နောက်ပြီးတော့ အာဏာရှင်တွေ မတက်ရေး၊တက်ရေးဆိုတာလည်း ပြန်ပီးတော့ ပေါ်လာရေး၊မပေါ်လာရေးဆိုတာလည်း မရေရာတဲ့ကိစ္စတစ်ခုပဲ အခုထိဖြစ်နေပါသေးတယ်။ ကျွန်မတို့ရဲ့ ရည်မှန်းချက်တွေ မအောင်မြင်သေးတဲ့ အတွက် ထပ်ပြီးလုပ်စရာတွေ အများကြီးရှိနေပါတယ်'' ဟုပြောကြားခဲ့သည်။

7Day News Journal

4 comments:

  1. ဒီမြင်ကွင်းတွေကို ကြည့်ပြီး တမတ်သား အစိုးရက လူဂြီးတွေ ဘယ်လို ဖြစ်နေမလဲ ဆိုတာ မြင်ချင်စမ်းပါဘိ .. ဘာတွေ စည်းဝေးနေကြသလဲဆိုတာလဲ ကြားချင်စမ်းပါဘိ ... ရှာရှာဖွေဖွေ တင်ပြစမ်းပါ ဒီမိုရေ ....

    ReplyDelete
  2. အန်တီစု အ၀တ်အစားတွေ ဘယ်သူ ဆင်ပေးတာလဲ ဟင် သိကြလား၊ အန်တီနဲ့ သိပ်လိုက်တာပဲ။ အန်တီ ကိုယ်တိုင် လိုက်မ၀ယ်တာ အပ်ချုပ်ဆိုင်မသွားတာက တော့ သေချာပါတယ်။ ဘာပဲ ၀တ်ဝတ် သိပ် ကျက်သရေရှိတာပဲ။

    ReplyDelete
  3. ဒေါ်စုအဲဒီလို ကျက်သရေ ရှိရှိ မြန်မာဆန်ဆန် ၀တ်စားတာကို ရုရှားရောက် စည်းကမ်းပျက် စစ်ဗိုလ်တွေက သူငယ်ပြန်နေပြီလို့ သွားပုပ်လေလွှင့် ပြောနေပါတယ်။ သူတို့ အဘတွေ။အဖေတွေရဲ့ကတော်တွေ သမီးတွေ စိန်တွေ ဘယ်လိုဝတ်ဝတ်၊ ကျက်သရေ မရှိ။ လူထုမေတ္တာကို မခံယူရလေတော့ မနာလိုဝန်တိုစိတ်တွေက ဖုံးမရ ဖိမရ။ ဒေါ်စုကို ကြိုကြတာကိုလဲ မမြင်ဘူးလို့ သွားကြည့်တာလို့ ကယောင်ကတမ်းပြောလိုပြော။
    အခုထိ အမှန်မမြင်ကြသေးပါလားနော်။

    ReplyDelete
  4. ဒီလို မြင်တွေ့ရတာ ကျက်သေ၇ရှိလိုက်တာ. ဒါမျိုးဒီတသက် မြင်ဖူးသွားမယ်လို့တောင် မထင်ဘူးဗျာ လူသက်တမ်းတ၀က်လောက်တော့ လူဖြစ်၇ကျိုးနပ်တာပေါ့

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။