Pages

Saturday, March 10, 2012

မြန်မာနိုင်ငံ မသန်စွမ်းသူများ အရေးအတွက် ပြည်ထောင်စု လွှတ်တော်တွင် တင်ပြဆွေးနွေးပေးရန်.. စာရေးဆရာ မောင်သော်က (ခ) ဗိုလ်မှူးဘသော်၏ မြေးဖြစ်သူမှ ဒီချုပ်သို့ အကြံပြုတောင်းဆိုလွှာ...

မသန်စွမ်းသူများအရေး လွှတ်တော်အတွင်း တင်ပြ အဆိုပြု ဆွေးနွေးပေးရန်အတွက်  ကိုယ်တိုင် အကြားအာရုံချို့တဲ့ နေရတဲ့ အသက်(၂၈)နှစ် ရှိပြီဖြစ်ပြီး မြန်မာစာအထူးပြုနဲ့ ဘွဲ့ရကာ အလုပ်အကိုင် အခက်အခဲ ဖြစ်နေတဲ့ မောင်ဘိုဘိုကြိုင်(ခ) မောင်လူငယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ တင်ပြတောင်းဆို ထားကြောင်းသိရှိရပါတယ်...။ နှစ်ပေါင်း (၅၀)အတွင်း မသန်စွမ်းသူများရဲ့ အရေးကို လျစ်လျှူရှူ ပစ်ပယ်ခံနေရတဲ့ အရေးအတွက် လွှတ်တော်အတွင်းမှာ တင်ပြဆွေးနွေးပေးရန် အဖွဲ့ချုပ်သို့ တင်ပြတောင်းဆိုခြင်း ဖြစ်ကြောင်း မသန်စွမ်းသူများရဲ့ နစ်နာနေရတဲ့ အဖြစ်၊ လျစ်လျူရှုခံနေရတဲ့ အဖြစ်ကိုလည်း အများသိစေလိုကြောင်း မောင်ဘိုဘိုကြိုင်(ခ) မောင်လူငယ်မှဆိုပါတယ်...။ 

မောင်ဘိုဘိုကြိုင်(ခ) မောင်လူငယ်ရဲ့ အဖိုးဖြစ်သူဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ထူထောင်ရာမှာ ပါဝင်ခဲ့ပြီး ၁၉၉၁ ခုနှစ် ဇွန်လ(၁၁)ရက်နေ့မှာ နဝတ အကျဉ်းထောင် အတွင်းမှာ ကျဆုံးသွားခဲ့ရတဲ့ စာရေးဆရာ မောင်သော်က (ခ) ဗိုလ်မှူးဘသော်ဖြစ်ပါတယ်..။ စာရေးဆရာ မောင်သော်ကလို့ လူသိများတဲ့ ဗိုလ်မှူးဘသော်ဟာ ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလိပ်အစိုးရထံမှ လွှဲပြောင်းရယူခဲ့တဲ့ မေယုသဘောင်္ ဂုဏ်ပြုအလံတင်အဖွဲ့တွင်  ခေါင်းဆောင် တဦးအဖြစ် ပါဝင်ခဲ့ပြီး ၁၉၈၇ခုနှစ်ခန့်က ပေဖူးလွှာ မဂ္ဂဇင်းတွင် ရေးသားခဲ့သည့် တိုက်ရေယာဉ်(၁၀၃) အခန်းဆက် ကိုယ်တွေ့ဖြစ်ရပ်များ ဝတ္ထုမှာ အင်မတန် လူကြိုက်များခဲ့ပါတယ်...။ ၁၉၈၈ခုနှစ် လူထုအရေးတော်ပုံကြီးတွင် ရှေ့တန်းမှ ပါဝင်ခဲ့ပြီး စာနယ်ဇင်း သမဂ္ဂတွင် ဥက္ကဌ အဖြစ် တာဝန်ယူခဲ့ပါတယ်..။ တပ်မတော်(ရေ)တွင် ဗိုလ်မှူးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုကော်မတီဝင် တဦးလည်းဖြစ်ခဲ့သည်..။
ပေါ်ပြူလာ ဂျာနယ်ပါ မောင်ဘိုဘိုကြိုင် (ခ) မောင်လူငယ် သတင်း....မသန်စွမ်းသူများ အရေးအတွက် အဖွဲ့ချုပ်သို့ ပေးစာ

4 comments:

  1. ဦးသော်ကရဲ့မြေး မြန်မာစာဘွဲ့ရ ပီသစွာ မိမိဆန္ဒကို ရှင်းလင်းစွာ ရေးသားတင်ပြနိုင်သည်မှာ မသန်စွမ်းသော်လည်း အရည်အချင်းပြည့်မှီသူ တစ်ဦးဖြစ်ကြောင်း သိသာပါသည်။
    လက်ရှိစစ်အာဏာရှင်ကို အမွေခံသော အစိုးရခေါင်းဆောင်အချို့က သမိုင်းတရားခံ ဗိုလ်သန်းရွှေ သေနတ်နဲ့ထောက် ရေးဆွဲထားသော ဖွဲ့စည်းပုံဥပဒေကို ဘုရားဟော ပိဋကတ်သုံးပုံလို သဘောထားပြီး ပြင်ဆင်စရာမလို၊ ကာကွယ်စောင့်ရှောက်ရမည်ဟု မျက်စိမှိတ်ပြီး ကုန်းအော်နေပါသည်။
    ဦးသော်ကလို လွတ်လပ်ရေးသမိုင်းဝင် ပုဂ္ဂိုလ်ကြီးကိုပင် ထောင်ထဲမှာ အပြတ်ရှင်းပစ်ရဲလောက်အောင် မိုက်တွင်းနက်သော စစ်အာဏာရှင်တို့ကို အပြီးသတ် ဖယ်ရှားနိုင်မှသာ ပြည်သူအကျိုးပြု ဥပဒေများ ပေါ်ထွန်းလာပါမည်။
    နှစ် ၅၀ စစ်အုပ်ချုပ်မှုဆိုးမွေကြောင့် သန်စွမ်းသူများလဲ အလုပ်လက်မဲ့ဖြစ်နေသည်မှာ အနန္တဖြစ်ပါသည်။ စစ်လူတန်းစားနှင့် သူတို့လက်ဝေခံများသာ ကောင်းစားနေသော ၀ါဒကို ဖယ်ရှားမှသာ ခွင့်တူညီမျှ ၀ါဒဖြူစင်သော တိုင်းပြည်ဖြစ်လာမှာပါ။

    ReplyDelete
  2. တောင်းဆိုမှု နံပါတ် (၂) အချက် ကတော့ မဖြစ်နိုင်ပါ။ ဘယ်သူမဆို ရွေးကောက်ပွဲ မှာ ဝင်ပြိုင်ခြင်းဖြင့်သာ ပြည်သူ့ကိုယ်စားပြု ကိုယ်စားလှယ် ရယ်လို့ ခေါ်နိုင်မှာ ဖြစ်ပါတယ်။ သန်းရွှေ စစ်တပ်က အရှက်မရှိ ပဲ အတင်းသက်သက် ဒမြတိုက်ယူ ထားတဲ့ တမတ်သား ဆိုတာ ကိုလဲ စစ်ဘိုချုပ်တွေ အနေနဲ့ ရှက်တတ်ရင် မထိုင်သင့်ပါ။ စစ်တပ်က တမတ်သား ယူလေတိုင်း ဟိုက ဒီက ၅ပြားဘိုး ၁၀ပြားဘိုး တောင်းဆိုလာ ကြမယ် ဆိုရင် လူရီ စရာ ဖြစ်နေပါပြီ။ မဲသခိုး မအေ -ိုး သန်းရွှေ ကြံ့ဖွတ် ကိုယ်စားလှယ် ဆိုသူတွေလဲ ဆောက်ရှက်မရှိ မဲခိုး မဲလိမ် အတ်ဒမ မဲတွေ နဲ့ အတင်းအကြပ် မျက်နှာပြောင် တိုက်တာတွေ ကို ရှက်တတ် နိုင် ကြပါစေ။

    ReplyDelete
  3. Dear BO BO
    Dont be upset. There was a blind Minister in British Parliment.
    http://en.wikipedia.org/wiki/David_Blunkett
    kophohtaung

    ReplyDelete
  4. လူကြီးမင်း ပြောဆိုသော နံပါတ် ၂ အချက်သည် ဖြစ်နိုင်ပါသည်။ လောကမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး ဘာမဆိုဖြစ်နိုင်ပါတယ်။ ပြောရတဲ့ အကြောင်းကတော့ မသန်စွမ်းသူများအပေါ် ထားရှိတဲအမြင်တွေကို ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လိုလဲဆိုတော့ မသန်စွမ်းတွေ ဟာ မစွမ်းဆောင်နိုင်ပါဘူး။ အရည်အချင်း မရှိပါဘူး အစရှိသော ဘာသာရေးအမြင်၊ လူမှုရေးအမြင်နဲ့ သုံးသပ်သူများလှပါတယ်။ ဒါကို ဖယ်ရှားဖို့လိုအပ်တဲ့အတွက် ပြောရတာ ဖြစ်ပါတယ်။ ကျွန်တော်ဟာ ဘယ်တုန်းကမှ မဟုတ်တာ မလုပ်ခဲ့ဘူး။ မှန်တာကိုဘဲ ပြောတယ်။ ယုံကြည်တာကို ဘဲလုပ်တယ်။ ဒီကိစသာ ဖြစ်လာရင် နိုင်ငံတကာကတောင် မြန်မာပြည်ရဲ့ ဒီမိုကရေစီ ကို လေးစာယုံကြည်လာမှာပါ။

    နောက်တခု က ပြည်ခိုင်ဖြိုးပါတီက ဦးဌေးဦးက ၂၀၀၈ ဖွဲစည်းပုံ အခြေခံဥပဒေကို ပြင်ဆင်စရာမလိုဘူးတဲ့။ အားလုံးပြည်စုံတယ်တဲ့လို့ ပြောသွားတယ်။ ဒါကို ကျွန်တော် ကန်ကွက်ပါတယ်။ အရင် အမျိုးသားညီလာခံခေါ်တုန်း က မသန်စွမ်း အစုအဖွဲ့ဆိုတာမှာ မပါခဲ့တာ အမှန်ပါ။ ဒါက ဘာကြောင့်လဲဆိုတော့ မသန်စွမ်းအရေးကို အလေးမထားတာပါ။ မြန်မာပြည်မှာ မသန်စွမ်း ၃ သန်းလောက်ရှိပါတယ်... အမေစုပြောသလို ပြင်ဆင်ရပါမယ်....

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။