Pages

Monday, March 12, 2012

အသက် ၁၆နှစ်ကျော်သာ ရှိသေးတဲ့ မြန်မာအိမ်ဖော်လေး မတင်ဝါဝါခိုင်အား အိမ်ရှင်မှ လူမဆန်စွာ ညှင်းပန်းနှိပ်စက်ထားခြင်းအား စင်ကာပူဆိုင်ရာ မြန်မာသံအမတ်ကြီး ထံတိုင်ကြားထားခြင်း...

စင်ကာပူနိုင်ငံမှာ ၁၆နှစ်ကျော်သာ ရှိသေးတဲ့ မြန်မာအိမ်ဖော် မိန်းကလေး မတင်ဝါဝါခိုင်အား စင်ကာပူ အိမ်ရှင်မှ လူမဆန်စွာ နှိပ်စက် အနိုင်ကျင့် ခံထားရတဲ့ ကိစ္စအား SINGAPORE GENERAL HOAPITALမှာ သူနာပြုဆရာမအဖြစ် အလုပ်လုပ်ကိုင်နေတဲ့ ဆရာမ ခိုင်ခိုင်စောမှ အသက်နဲ့ မမျှအနှိပ်စက် ခံထားရတဲ့ ကိစ္စအား စင်ကာပူဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ဦးလွင်အား အဖြစ်အပျက်နဲ့ ဓာတ်ပုံများအား ပူးတွဲတိုင်ကြား ပေးပို့ခဲ့ပါတယ်..။   

ပတ်စပို့မှာ ဖော်ပြပါရှိတဲ့ အသက်(၂၄)နှစ် အမှန်တကယ် အသက် (၁၆)နှစ်သာ ရှိသေးပြီး သေးသွယ် ပိန်လှီလှတဲ့ မြန်မာအိမ်ဖော် မိန်းကလေး မတင်ဝါဝါခိုင်အား အိမ်ရှင်ရဲ့ မတရား ရိုက်နှိပ် နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေကတော့ မျက်နှာနဲ့ တကိုယ်လုံးမှာ ကုတ်ဖဲ့ရာတွေ၊ ရိုက်ခံထားရတဲ့ အရာတွေ၊ မီးလောင်ဖုများ။ တင်ပါးမှာ ရေနွေးနဲ့ ပတ်ထားတဲ့ ဒဏ်ရာများ၊ ၁၆နှစ်သာရှိသေးတဲ့ သူမဟာ ဖိနပ်နဲ့ ကန်ကျောက်တဲ့ ဒဏ်ရာတွေကြောင့် လမ်းတောင် ကောင်းကောင်း မလျှောက်နိုင်တဲ့အပြင် ကော်ဖီမတ်ခွက်နဲ့ ရိုက်ထားတဲ့ ခေါင်းက ဒဏ်ရာတွေ ခံစားနေရတယ်လို့ ဆိုပါတယ်..။

mentally နဲ့ physically  တော်တော်လေးခံစား နေရတယ်ဆိုတာ မျက်နှာကို ကြည့်ရင်သိသာပါတယ်..။  ကလေးမလေးရဲ့ မိခင်၊ ဖခင်တွေသာ မြင်တွေ့ရရင် ရင်ကျိုးရှာမှာပါ။ တကိုယ်လုံးမှာလည်း ဒဏ်ရာဒဏ်ချက်တွေနဲ့ပါ..။ ကျွန်တော်တို့ မြန်မာလူမျိုးတွေ မိဝေး၊ ဖဝေး သွားရောက် အလုပ်လုပ်ကိုင်ပြီး စင်ကာပူလို နိုင်ငံလိုနေရာမျိုးမှာ အနှိပ်စက်ခံ၊ အညှင်းပန်းခံနေရတာ အင်မတန် ရင်နာဖို့ ကောင်းပါတယ်..။ သက်ဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီး အနေနဲ့လည်း မိမိတို့ နိုင်ငံသားတွေကို ကာကွယ် စောင့်ရှောက်နိုင်ဖို့အတွက် အလျှင်အမြန် Actionယူ လုပ်ဆောင်ဖို့လည်း သူတပါးတိုင်းပြည်မှာ တိုင်းတပါးသားရဲ့ အနှိပ်စက် အညှင်းဆဲခံခဲ့ရတဲ့ မတင်ဝါဝါခိုင် ကိုယ်စား အလေးအနက် တိုက်တွန်း နှိုးဆော်အပ်ပါတယ်..။

To
HE U Tin Oo Lwin
Ambassador to Republic of Singapore
Embassy of Myanmar

Dear Sir,
I wuold like to inform you regarding as mention in above.
I am a Staff Nurse Khaing Khaing Saw who is working in SINGAPORE
GENERAL HOAPITAL.

On 25/2/12, one Myanmar maid named TIN WAR WAR KHING , 24 years (according to her pass port) was transferred from Changi General Hospital to SGH WD 43 Burn Centre as she was abused by her employer. One of the neighbour informed to police and policemen were came to this house and investigated.

the address of employer is ,
Block 702, #08-18, Tampanes street 71

They found out that many scratched marks on her face, many scrateh marks and human bite marked on her hands, so many blisters on her back and both buttocks caused by throwing of hot water onto her. She can't walk well because her legs are swollen due to kicked by employer while wearing in big boots. head injury beaten by coffee mug.

Police sent her to CGH via ambulance on 22/ 2 /12.
I went and see her on 2/3 12 in SGH. I was shocked when i saw this little skiny girl, and I can't control my tears. she is suffering alot and mentally and physically traumatised. Actually she was born in 1995,so she is only over 16 years.

She was discharged from SGH on 2/3/12 and sent to one of the shelter home arranged by Medical Social Worker and police.

The attached photoes are taken up on discharge form hospital & almost healing in progress.

Please may i request you to involve in her case and give her your kind support. We will be much appreciated.

You can be feel free to call and ask me at 93903610.
I am looking forward to hearing from you.

with due respect & kind regards,
khaing khaing saw

18 comments:

  1. စလုံး က ဗမာ သံရုံး ဒီကိတ်စ ဘာလုပ်ပေးမလဲ စောင့်ကြည့်လိုက်ဦးမယ်။ သူနာပြု ဆရာမ ခိုင်ခိုင်စော ကို ကျေးဇူးတင် တယ်။

    ReplyDelete
  2. ၁၆ နှစ် အသက်မပြည့်သေး သူကို နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့တာဝန်ရှိများမှာစပြီး စင်ကာပူမှာ အိမ်ဖော်လုပ်ခွင့်စေခိုင်းတဲ့ အေ့ဂျင့်ကိုပါ အရေးယူနိုင်အောင် ဆက်လက်ကြပါ . မခိုင်ခိုင်စော ကို ကျေးဇူးတင်ပါတယ်

    ReplyDelete
  3. ဟုတ်တယ် အေးဂျင့်ကိုပါ အရေးယူ ရမယ်၊ သူတို့ ပွဲခ ရဖို့ချည်းပဲ ကြည့်လို့ မရဘူး၊ အလုပ်ရှင် က ဘာလူမျိုးလဲ၊

    ReplyDelete
  4. အဖြစ်မှန်ကို တင်ပြရဲတဲ့ မခိုင်ခိုင်စောကို ဂုဏ်ပြုကြပါ။ အသက်မပြည့်သေးသူကို ပတ်စပို့လုပ်ပြီး ဘယ်ဌာနက လွှတ်လိုက်တာလဲ၊ ဘယ်အေးဂျင့်က အိမ်ဖော်အဖြစ် ရောင်းစားလိုက်သလဲ။
    ဥပဒေအထက်က ဘယ်သူမှ မရှိစေရဆိုတဲ့ ဦးရွှေမန်းတို့၊ ပြည်ထဲရေးက ခေါင်းမာသူ ကိုကို။ စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင်လူသတ်မှု ပေါ်အောင် မဖော်နိုင်ပေမဲ့ ရာထူးတက်ပြီး လ၀က၀န်ကြီးဖြစ်နေတဲ့ ရဲချုပ်ဟောင်း ခင်ရီတို့ ဘယ်လို အရေးယူကြမလဲ၊
    ဒီမိုကရေစီဘက်တော်သားတွေကို ခပ်ကြမ်းကြမ်းဖမ်းတဲ့နေရာမှာ လက်သွက်ပြီး ရက်စက်ခဲ့တဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ကိုခင်ရီ ပတ်စပို့ထုတ်ပေးတာဆိုတော့ လူကြီးမင်းရဲ့ ဌာနနဲ့ တိုက်ရိုက်ပတ်သက်နေပြီ။

    ReplyDelete
  5. ကမ္ဘာပေါ်မှာစောက်ကျင့်အယုတ်ဆုံးကစင်္ကာပူတရုပ်ပဲ.
    ဒီကောင်မလေးတစ်ယောက်ထဲမဟုတ်ပါ.
    တစ်ခြားအဖြစ်အပျက်တွေအများကြီးရှိပါသေးတယ်.
    ခွေးမသားတရုပ်တွေနဲ့ပေါင်းပီးလုပ်စားနေတဲ့.ခွေးမသားဗမာပွဲစားတွေကြောင့်ပဲ.
    ဖြစ်နိုင်တာကတော့.မိုးသီတာဆိုတဲ့.ပွဲစားမဖြစ်မယ်.သူများလင်ကြီးကိုအမိဖမ်းထားတဲ့မိမ္မပဲ
    စီးတီးဟောအပေါ်ထပ်မှာတောင်ဟိတ်ဟန်နဲ့ဆိုင်ဖွင့်လိုက်သေးတယ်.
    ခုတော့ဘယ်ရောက်သွားလဲမသိဘူး..

    ReplyDelete
  6. စင်္ကာပူမှာမြန်မာဆို ၁ သိန်းကျော်၇ှိတယ်ဆိုပြီး၊ဒီလိုကိစ္စတွေေ၇ာ၊သွားစ၇ာနေ၇ာမ၇ှိတဲ.၊ဒီလိုကြိတ်မှိတ်
    ခံနေ၇တဲ.မြန်မာလူမျိုးတွေကို၊ကူညီဖို.၊အကူအညီတောင်းခံဖို.ဖုန်းနံပါတ်တွေ၊အဖွဲ.အစည်းတွေမ၇ှိကြတာ
    အံသြောဖို.ကောင်းတယ်။ ယူအက်စ် မှာဆိုယင်ဒီအိမ်၇ှင်တော.အနှစ်၂၀ လောက်တော.အသာလေးသွား
    တယ်။

    ReplyDelete
  7. ဖိလစ်ပိုင်အိမ်ဖော်မလေးတုန်းကသူ့သမ္မတကိုယ်တိုင်ကဒီကိစ္စကိုင်တွယ်ခဲ့တယ်သူ့နိုင်ငံသားအတွက်ကာကွယ်စောင့်ရှောက်တယ်သူများနိုင်ငံနော်တို့မြန်မာတွေဘယ်လိုလဲသစ်ခွပန်းသိန်းစိန်ရောဘယ်လိုလဲဒါဒီအိမ်ရှင်ကိုစံပြလုပ်မှနောင်မြန်မာတွေအားလုံးအတွက်စိတ်လုံခြုံမှုရစေမယ်ဒါကြောင့်ထိထိရောက်ရောက်ကိုင်တွယ်ပေးပါနိုင်ငံရေးမပါတ်သက်ဘူးအားနာစရာမလိုဘူးဒါလူလူချင်းမတရားပြုတဲ့ကိစ္စပဲပွဲစားကိုလည်းအရေးယူပါဘာအာမခံချက်မှမပေးနိုင်ပဲပွဲစားလုပ်တာစကာင်္ပူကမြန်မာတွေခေါင်းငုံ့မခံပါနဲ့နိုင်ငံတိုင်းမှာမြန်မာဆိုနှီမ်ချင်ကြတယ်မြန်မာကခေါင်းငုံ့ခံတတ်တော့ပိုဆိုးတယ်တရုတ်ဆိုမလုပ်ရဲဘူးတရုတ်ကဘယ်နေရာရောက်ရောက်စွာတယ်ပြည်တွင်းမှာမြန်မာပြည်ချစ်တဲ့မြန်မာတရုတ်ရှိပေမယ့်ပြည်ကြီးကိုချစ်တဲ့တရုတ်ပြည်ကြီးတရုတ်စလုံးတရုတ်ဘိန်းတရုတ်တရုပ်ဆိုဘယ်တယုတ်မှမကောင်းဘူးဆိုတာမှတ်ထားပါတယုတ်ရဲ့အထိမခံကြပါနဲ့ကျနော်တို့လည်းပြည်ပရောက်ကာစသည်းခံပေမယ့်ဒီကောင်တွေစောက်ကျင့်သိလာတော့လာထားမင်းနဲနဲဆိုငါများများရိုက်ပစ်လိုက်မယ်လို့လုပ်ထားလို့မစော်ကားရဲကြတော့ဘူးကိုယ့်အလုပ်ကိုယ်ပီပြင်အောင်လုပ်တယ်လာတော့မစော်ကားနဲ့ဒါပဲလို့လုပ်ထားရတယ်ပင်ကိုယ်စိတ်ကတော့မြန်မာပီပီနူးညံ့တာပေါ့ဗျာနိုင်ငံခြားသားတွေကအေးလို့မရဘူးဗျသူ့ထက်မိုက်ပြထားမှရတာပညာတတ်အလုပ်ကြတော့နဲနဲပညာပါတာပေါ့ဗျာအောက်ခြေသမားကတော့ဒီအတိုင်းပဲစိတ်မကောင်းဘူးမိုက်တယ်ဆိုတဲ့မြန်မာတွေကအချင်းချင်းဗျို့သူများနဲ့ဆိုကြက်မကြီးအတိုင်းပဲမတွန်ရဲကြဘူးစိတ်နာတယ်ဒင်းတို့လူမိုက်ဆိုတဲ့ကောင်တွေကို

    ReplyDelete
  8. 7 comment ဆိုပီးကျန်တာတွေဘယ်ရောက်ကုန်လဲ.

    ReplyDelete
  9. Poor girl.. Agree with Khaing Khaing Saw. Involve in this case and give ur supports pls..

    ReplyDelete
  10. 9 comments:ဆိုပီးကျန်တာတွေဘယ်ရောက်ကုန်လဲ.စင်ကာပူဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ဦးလွင် ဘာလုပ်ပေးမလဲ ယဉ်ကျေးစွာ စောင့်ကြည့်ဦးမယ် ဖိလစ်ပိုင်အိမ်ဖော်မလေးတုန်းကသူ့သမ္မတကိုယ်တိုင်ကဒီကိစ္စကိုင်တွယ်ခဲ့တယ် စင်ကာပူနိုင်ငံ သံအမတ်ကြီး အနေနဲ့လည်း မိမိတို့ နိုင်ငံသားတွေကို ကာကွယ် စောင့်ရှောက်နိုင်ဖို့အတွက် အလျှင်အမြန် Actionယူ လုပ်ဆောင်ဖို့လည်း အလေးအနက် တိုက်တွန်း နှိုးဆော်အပ်ပါတယ်..။

    ReplyDelete
  11. အဲဒီကိစ္စတွေကို...သတင်းဌာနတွေအနေနဲ့...စောင့်ကြည့်ပေးကြပါခင်ဗျာ...။ အမျိုးကိုလည်းစောင့် ရှောက်တဲ့အနေနဲ့ပေါ့ဗျာ..။ သတင်းဌာနတွေကိုကျေးဇူးတင်ပါတယ်...။
    နောက်ပြီး (၁) ဂျပန်ပါးရိုက်မှု (၂) တပ်သားကျော်ဇင်ဝင်း (၃) ယခုစင်္ကာပူမှ အိမ်ဖေါ်လေး မတင်ဝါ၀ါခိုင် အမှုများကို မျက်ခြေမပြတ်တင်ပြပေးကြပါခင်ဗျာ..။ ကူညီနိုင်သောလူများလည်း ကူညီပေးကြပါခင်ဗျာ...။ တစ်ကိုယ်တော်ရင်ဆိုင်ရတဲ့လူတွေကိုစောင့်ရှောက်ခြင်းအားဖြင့်လည်း တစ်မျိုးသားလုံးကို စောင့်ရှောက်ရာရောက်ပါတယ်ခင်ဗျာ...။ ဥပမာ အမေရိကန် တွေဆိုရင် ... သူတို့လူမျိုးဘယ်နေရာမှာမဆို...မရရအောင်ကယ်ထုတ်တတ်တဲ့အကျင့်ရှိပါတယ်ခင်ဗျာ..။ အမေရိကန်ကစစ်သားတွေဆိုရင်...သူတို့မိန့်ခွန်းထဲမှာ ဘယ်နေရာရောက်ရောက်..မင်းကို ငါတို့လာကယ်မယ်တဲ့...ဘယ်လောက်ကောင်းလိုက်တဲ့စည်းရုံးရေးစကားလေးလဲဗျာ..။ ခွန်အားလည်း ဖြစ်စေပါတယ်..။ နောက်ပြီးသူတို့ပြောတဲ့အတိုင်း ဘယ်နေရာရောက်သူ့နိုင်ငံသားကို တန်ဖိုးထားပါတယ်ခင်ဗျ...။

    ReplyDelete
  12. ဒီမိုဝေယံ (ပျောက်ဆုံးသွားသော ကွန်မာန့်များ ပြန်လည်ဖော်ပြခြင်း)March 12, 2012 at 10:49 PM

    System Error ဖြစ်ပြီး ပျောက်ဆုံးနေတဲ့ ကွန်မာန့်များ ပြန်လည် ဖော်ပြအပ်ပါတယ်..

    Anonymous စလုံး က ဗမာ သံရုံး ဒီကိတ်စ ဘာလုပ်ပေးမလဲ စောင့်ကြည့်လိုက်ဦးမယ်။ သူနာပြု ဆရာမ ခိုင်ခိုင်စော ကို ကျေးဇူးတင် တယ်။

    nyopyar88888
    ၁၆ နှစ် အသက်မပြည့်သေး သူကို နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့တာဝန်ရှိများမှာစပြီး စင်ကာပူမှာ အိမ်ဖော်လုပ်ခွင့်စေခိုင်းတဲ့ အေ့ဂျင့်ကိုပါ အရေးယူနိုင်အောင် ဆက်လက်ကြပါ . မခိုင်ခိုင်စော ကို ကျေးဇူးတင်ပါတယ်။

    Anonymous
    ဟုတ်တယ် အေးဂျင့်ကိုပါ အရေးယူ ရမယ်၊ သူတို့ ပွဲခ ရဖို့ချည်းပဲ ကြည့်လို့ မရဘူး၊ အလုပ်ရှင် က ဘာလူမျိုးလဲ၊

    Anonymous
    အဖြစ်မှန်ကို တင်ပြရဲတဲ့ မခိုင်ခိုင်စောကို ဂုဏ်ပြုကြပါ။ အသက်မပြည့်သေးသူကို ပတ်စပို့လုပ်ပြီး ဘယ်ဌာနက လွှတ်လိုက်တာလဲ၊
    ဘယ်အေးဂျင့်က အိမ်ဖော်အဖြစ် ရောင်းစားလိုက်သလဲ။
    ဥပဒေအထက်က ဘယ်သူမှ မရှိစေရဆိုတဲ့
    ဦးရွှေမန်းတို့၊ ပြည်ထဲရေးက ခေါင်းမာသူ ကိုကို။ စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင်လူသတ်မှု ပေါ်အောင် မဖော်နိုင်ပေမဲ့ ရာထူးတက်ပြီး လ၀က၀န်ကြီးဖြစ်နေတဲ့ ရဲချုပ်ဟောင်း ခင်ရီတို့ ဘယ်လို အရေးယူကြမလဲ၊
    ဒီမိုကရေစီဘက်တော်သားတွေကို ခပ်ကြမ်းကြမ်းဖမ်းတဲ့နေရာမှာ လက်သွက်ပြီး ရက်စက်ခဲ့တဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ကိုခင်ရီ ပတ်စပို့ထုတ်ပေးတာဆိုတော့ လူကြီးမင်းရဲ့ ဌာနနဲ့ တိုက်ရိုက်ပတ်သက်နေပြီ။

    Anonymous
    ကမ္ဘာပေါ်မှာစောက်ကျင့်
    အယုတ်ဆုံးကစင်္ကာပူတရုပ်ပဲ.
    ဒီကောင်မလေးတစ်ယောက်ထဲမဟုတ်ပါ.
    တစ်ခြားအဖြစ်အပျက်တွေ
    အများကြီးရှိပါသေးတယ်.
    ခွေးမသားတရုပ်တွေနဲ့ပေါင်းပီး
    လုပ်စားနေတဲ့.ခွေးမသား
    ဗမာပွဲစားတွေကြောင့်ပဲ.
    ဖြစ်နိုင်တာကတော့.မိုးသီတာဆိုတဲ့.ပွဲစားမဖြစ်မယ်.သူများလင်ကြီးက
ိုအမိဖမ်းထားတဲ့မိမ္မပဲ စီးတီးဟောအပေါ်ထပ်မှာတောင် ဟိတ်ဟန်နဲ့ဆိုင်ဖွင့်လိုက်သေးတယ်.
    ခုတော့ဘယ်ရောက်သွားလဲမသိဘူး..

    Anonymous
    စင်္ကာပူမှာမြန်မာဆို ၁ သိန်းကျော်၇ှိတယ်ဆိုပြီး၊
    ဒီလိုကိစ္စတွေေ၇ာ၊
    သွားစ၇ာနေ၇ာမ၇ှိတဲ.၊ဒီလိုကြိတ်မှိတ်
    ခံနေ၇တဲ.မြန်မာလူမျိုးတွေကို၊ကူညီဖို.၊
    အကူအညီတောင်းခံဖို.
    ဖုန်းနံပါတ်တွေ၊အဖွဲ.အစည်းတွေမ၇ှိကြတာ
    အံသြောဖို.ကောင်းတယ်။ ယူအက်စ် မှာဆိုယင်
    ဒီအိမ်၇ှင်တော.အနှစ်၂၀ လောက်တော.
    အသာလေးသွားတယ်။

    ဖိလစ်ပိုင်အိမ်ဖော်မလေးတုန်းက
    သူ့သမ္မတကိုယ်တိုင်ကဒီကိစ္စ
    ကိုင်တွယ်ခဲ့တယ်သူ့နိုင်ငံသားအတွက်
    ကာကွယ်စောင့်ရှောက်တယ်
    သူများနိုင်ငံနော်တို့မြန်မာတွေ
    ဘယ်လိုလဲသစ်ခွပန်းသိန်းစိန်ရော
    ဘယ်လိုလဲဒါဒီအိမ်ရှင်ကိုစံပြလုပ်မှေ
    နာင်မြန်မာတွေအားလုံးအတွက်စိတ်လုံခြုံမှုရစေမယ်
    ဒါကြောင့်ထိထိရောက်ရောက်ကိုင်တွယ်ပေးပါ
    နိုင်ငံရေးမပါတ်သက်ဘူးအားနာစရာမလိုဘူး
    ဒါလူလူချင်းမတရားပြုတဲ့ကိစ္စပဲပွဲစားကိုလည်း
    အရေးယူပါဘာအာမခံချက်မှ
    မပေးနိုင်ပဲပွဲစားလုပ်တာစကာင်္ပူက
    မြန်မာတွေခေါင်းငုံ့မခံပါနဲ့
    နိုင်ငံတိုင်းမှာမြန်မာဆိုနှီမ်ချင်ကြတယ်
    မြန်မာကခေါင်းငုံ့ခံတတ်တော့ပိုဆိုးတယ်
    တရုတ်ဆိုမလုပ်ရဲဘူးတရုတ်ကဘယ်နေရာ
    ရောက်ရောက်စွာတယ်ပြည်တွင်းမှာ
    မြန်မာပြည်ချစ်တဲ့မြန်မာတရုတ်ရှိပေမယ့်ပြည်ကြီးကို
    ချစ်တဲ့တရုတ်ပြည်ကြီး
    တရုတ်စလုံးတရုတ်ဘိန်းတရုတ်တရုပ်ဆို
    ဘယ်တယုတ်မှမကောင်းဘူးဆိုတာ
    မှတ်ထားပါတယုတ်ရဲ့အထိမခံကြပါနဲ့
    ကျနော်တို့လည်းပြည်ပရောက်ကာစ
    သည်းခံပေမယ့်ဒီကောင်တွေ
    စောက်ကျင့်သိလာတော့
    လာထားမင်းနဲနဲဆိုငါများများ
    ရိုက်ပစ်လိုက်မယ်လို့လုပ်ထားလို့
    မစော်ကားရဲကြတော့ဘူးကိုယ့်အလုပ်ကိုယ်ပီပြင်အောင်
    လုပ်တယ်လာတော့မစော်ကားနဲ့
    ဒါပဲလို့လုပ်ထားရတယ်
    ပင်ကိုယ်စိတ်ကတော့မြန်မာပီပီနူးညံ့တာပေါ့ဗျာ
    နိုင်ငံခြားသားတွေကအေးလို့
    မရဘူးဗျသူ့ထက်မိုက်ပြထားမှရတာ
    ပညာတတ်အလုပ်ကြတော့နဲနဲပညာပါတာပေါ့ဗျာ
    အောက်ခြေသမားကတော့
    ဒီအတိုင်းပဲစိတ်မကောင်းဘူး
    မိုက်တယ်ဆိုတဲ့မြန်မာတွေက
    အချင်းချင်းဗျို့သူများနဲ့ဆို
    ကြက်မကြီးအတိုင်းပဲမတွန်ရဲကြဘူး
    စိတ်နာတယ်ဒင်းတို့
    လူမိုက်ဆိုတဲ့ကောင်တွေကို

    Anonymous
    Poor girl.. Agree with Khaing Khaing Saw. Involve in this case and give ur supports pls..


    9 comments:
    ဆိုပီးကျန်တာတွေဘယ်ရောက်ကုန်လဲ.စင်ကာပူဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ဦးလွင် ဘာလုပ်ပေးမလဲ ယဉ်ကျေးစွာ စောင့်ကြည့်ဦးမယ် ဖိလစ်ပိုင်အိမ်ဖော်မလေးတုန်းက
    သူ့သမ္မတကိုယ်တိုင်က
    ဒီကိစ္စကိုင်တွယ်ခဲ့တယ
် စင်ကာပူနိုင်ငံ သံအမတ်ကြီး အနေနဲ့လည်း
    မိမိတို့ နိုင်ငံသားတွေကို ကာကွယ် စောင့်ရှောက်နိုင်ဖို့အတွက်
    အလျှင်အမြန် Actionယူ လုပ်ဆောင်ဖို့လည်း အလေးအနက် တိုက်တွန်း နှိုးဆော်အပ်ပါတယ်..။

    ReplyDelete
  13. သိပ်ကိုစိတ်မကောင်းစ၇ာပါ

    ReplyDelete
  14. ခုလိုကြားရ မြင်ရတာ တကယ်ရင်နာစရာပါပဲ .. ဖြစ်နိုင်ရင် မြန်မာမိန်းလေးများကို home maid အဖြစ်မလာရောက်စေချင်ပါဘူး မိဘများအနေနဲ့လဲ ပိုက်ဆံရရေးကိုသာ မကြည့်ပဲ သူများပြောတာကိုသာ မယုံကြည်ပဲ မျက်စိဖွင့်နားစွင့်သင့်ပါတယ် ကိုယ့်သားသမီးကို သူများနှိပ်စက်တာ ခံခိုင်းမလား ကိုယ့်မျက်စိအောက်မှာပဲ ကိုယ်နဲ့ အတူတူ မရှိအတူ ရှိအတူနေခိုင်းမလားစဉ်းစားသင့်ပါတယ် ဒီလိုမျိုးတွေကြားရ မြင်ရတာ ခဏခဏပါပဲ မြန်မာ နိုင်ငံမှာကျန်ခဲ့သူတွေက အချိန်တန် ပို့လာတဲ့ ပိုက်ဆံကိုပဲမြင်ပြီး ကောင်းတယ်လို့ပဲ တွေးကြတာပါ တကယ်တော့ အလုပ် လုပ်နေရတဲ့ ကာယကံ၇ှင် ဘယ်လိုကြုံတွေ့နေရလဲဆိုတာ မသိကြပါဘူး ပညာသည်အဆင့်လောက်ပဲ နိုင်ငံခြားကို လာသင့်ပါတယ် ပညာမတတ်ပဲ လာရင် အနှိပ်ဆက်ခံရ သူပြောလို့လဲ ပြန်မပြောတတ် ဒုက္ခတွေေ၇ာက်ကြပါတယ် ဒါကြောင့် ခုအမေစုက မြန်မာမိန်းခလေးတွေကို home maid ဆို သွားခွင့်မပေးတော့ဘူးလို့ကြားပါတယ် အဲဒါ ကောင်းပါတယ် ခုဆို တင်ဝါ၀ါခိုင်က အသက် 16 နှစ်ကို 24 လို့လိမ်ပြီးလာတယ် အသက်နဲ့မမျှခိုင်းတော့ နောက်ပိုင်းမှာ ခလေးအတွက် စိုး၇ိမ်စရာပါပဲ ဒါကို မိဘတွေက သိမှသိပါလေစ....ခုလို ကူညီပေးနေတဲ့ မခိုင်ခိုင်စောကိုလဲ ကျေးဇူးတင်ပါတယ် နောက်ပိုင်းဘယ်လို စီရင်တယ်ဆိုတာလဲ တင်ပေးပါဦးနော်...

    ReplyDelete
  15. စလုံး က ဗမာ သံရုံး ဒီကိတ်စ ဘာလုပ်ပေးမလဲ စောင့်ကြည့်လိုက်ဦးမယ်။ သူနာပြု ဆရာမ ခိုင်ခိုင်စော ကို ကျေးဇူးတင် တယ်။

    စောင့်ကြည့်မနေနဲ့ အချိန်ကုန်တယ်၊ အင်္ဂလိပ်စာလည်း ကောင်းကောင်းမတပ်၊ အင်္ဂလိပ်စကားလည်း မပြောတပ်တဲ့ သောက်ဖြစ်မရှိတဲ့ကောင်တွေ ဘာလုပ်ပေးနိုင်မှာလည်း။

    ReplyDelete
  16. အစိုးရအနေနဲ့ ဘာမှလုပ်ပေးနိုင်မှာ မဟုတ်ဘူး.။ပြည်တွင်း ထက်ထက်မိုးဦး ပါးရိုက်တဲ့ ကိစ္စတောင် ကျပ်ငွေတစ်ထောင်ပြီးသွားတာပဲကြည့် ပါတော့

    ReplyDelete
  17. Hello,
    Do you know if any one can set up some kind of Funds for her to help pay for medical expenses and may be a ticket back to home? I think we should set up an non profit organization to help any Burmese that need help in overseas. Thank you.

    ReplyDelete
  18. မခိုင်ခိုင်စော ရေ..လူသားဆန်တဲ့ အပြုအမူအတွက် ကျေးဇူးပါ.. မြန်မာအများစုဟာ အခြေခံပညာ သို့ ဗဟုသုတ နည်းပါးကြတော့ လူတကာရဲ့ အနိုင်ကျင့် ဗိုလ်ကျ စိုးမိုးမှု့တွေကို ခံကြရတယ်၊ တချို့က အလုပ်လုပ် တော့မယ်ဆိုရင် လခကောင်းတာကိုပဲ ကြည့်တတ်ပြီး အလုပ်အနေအထား အလုပ်ရှင်အခြေနေ ကိုယ်လုပ်ရမဲ့ အပိုင်း စတာတွေ ဘာမှ ကြိုတင် မလေ့လာ အကဲမခတ်ဘဲ လုပ်တတ်ကြတယ်၊
    ကျွန်တော်တော့ မြန်မာတွေ မအ စေချင်ဘူး၊ ဒါမျိုးသတင်းတွေ ထိုင်းမှာလည်း ခဏတိုင်းကြားနေရတယ်၊ အတော်စိတ်ပျက်ဖို့ကောင်းပါတယ်၊ ကျွန်တော့်အထင် သံအမတ်ဆီက အများကြီးမျှော်လင့်လို့ရမယ် မထင်ဘူး၊ ဒါနဲ့ စလုံးအစိုးရကကော အလုပ်ရှင်ကို ဘာမှ အရေးမယူဘူးလား၊ အခြေနေဘယ်လိုလဲ၊ အိမ်နံပါတ်ပါပေမဲ့ သူဘာလူမျိုး ဘာလုပ်တယ်စသည်ဖြင့် သိရင်ပိုကောင်းမယ်ထင်တယ်၊ စလုံးမှာ မြန်မာအားလုံးပါဝင်တဲ့ လူမှု့အဖွဲ့အစည်းလေး ရှိရင် ကောင်းမယ်၊ ထင်ရှား လူသိများတဲ့ ဆရာတော် သံဃာတော်တွေကိုရှေ့တန်းတင်ထားပြီး လူမှု့ရေးမှာ တက်တက်ကြွကြွ ရှိသူတွေစုစည်းလိုက်ရင် မဖြစ်နိုင်စရာမရှိပါဘူး၊ ကျနော့်သိရသလောက် စလုံးမှာ များမြန်မာသံဃာတွေအတော်များပါတယ်၊ အဖွဲ့ဖွဲ့ပြီး သွားလျောက်ရင် သံဃာတွေလည်း ပါဝင်ကြမှာ သေချာပါတယ်၊ ပုံတွေကြည့်ရတာ လုံးဝ စိတ်မကောင်းဘူး၊ မြန်မာတွေ မအ စေချင်ဘူးဗျာ..

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။