Pages

Sunday, March 25, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ရဲ့ မနေ့က မြိတ်မြို့စည်းရုံးရေး ခရီးစဉ် မြင်ကွင်းများ..

မြိတ်လေဆိပ်ကို ရောက်ရှိစဉ်.. လေဆိပ်မှ အလုပ်သမလေးများရဲ့ ကြိုဆိုကြပုံ ပကာသနမပါတဲ့ အရိုးခံကြည်နှူးဖွယ် မြင်ကွင်း
မြိတ်လေဆိပ်မှာ အိမ်စိုက်ပန်းလေးနဲ့ ကြိုဆိုသူ တဦးရဲ့ မေတ္တာပန်းကို လက်ခံရယူနေတဲ့ လူထုခေါင်းဆောင်..
မနေ့က စခန်းသစ် ကျေးရွာမှ ကြိုဆိုကြပုံမြင်ကွင်း..
ကမ်းလုံးညွှတ် ရေပေါ်လျှံအောင် ပို့ဆောင်ကြတဲ့ မြိတ်ပရိသတ်..
 
မြိတ်နည်းပညာ တက္ကသိုလ် ကျောင်းသားများမှ ကြိုဆိုကြပုံ
မြိတ်မြို့ဆိပ်ကမ်းသို့ မနေ့ည (၉)နာရီကျော်မှ ပြန်လည်ရောက်ရှိလာတဲ့ အမေစုရဲ့ စက်လှေအဖွဲ့..။ အမေစု စက်လှေသောင်တင်ပြီး လှိုင်းမူးတဲ့ ဒဏ်ကိုလည်း ခံစားခဲ့ရပါတယ်..။ မနက်ပိုင်းကတော့ ကျွန်းစုရွာကို သွားရောက်ခဲ့ပြီ ဒီကနေ့နေ့လည် (၁)နာရီမှာ မြိတ်မြို့လူထုအား တရားဟောမှာ ဖြစ်ပါတယ်..။

ဓာတ်ပုံ AP,Getty Images
(DVB ရုပ်သံဖိုင်)

3 comments:

  1. လူသားရဲ့ ပင်ကိုယ်စိတ်ဓါတ်က ဖိနှိပ်တာကို မကြိုက်ဘူး။ အနိုင်ကျင့်တာကို မခံချင်ဘူး။ မတရားမှုကို စက်ဆုပ်တယ်။ မလွှဲသာလို့ ငုံ့ခံနေရပေမဲ့ အခြေအနေပေးတာနဲ့ သူတို့ရင်ထဲက ဆန္ဒအမှန်ကို ဖော်ထုတ်တာဘဲ။
    ဘာမှ အပြစ်မရှိတဲ့ လင်ယောက်ျားလဲ သေဆုံး၊ သားတွေနဲ့လဲ ဝေးနေတဲ့ လူထုက တခဲနက် ၉၀-ရွေးကောက်ပွဲနဲ့ထောက်ခံထားတဲ့ အမေစုကို စစ်တပ်အကြီးအကဲ၊ နိုင်ငံခေါင်းဆောင်ဆိုတဲ့ ပုဂ္ဂိုလ်တွေက မတရားအနိုင်ကျင့်ခဲ့တာကို ပြည်သူတွေက မနှစ်မြို့ပါ။
    သာမန်ပညာမတတ်သော လက်လုပ်လက်စားပြည်သူတွေရဲ့ ရင်ထဲမှာလဲ ၀မ်းနည်းနာကျင်မှုတွေ ရှိနေခဲ့တာပါ။ အဲဒီ မကျေနပ်မှုတွေကို အမေစုကို တခဲနက်ကြိုဆိုထောက်ခံခြင်းဖြင့် ပြသနေပါပြီ။ ဆရာချစ်ဦးညို ဟောပြောသလို အသိဥာဏ်ပညာ ကင်းမဲ့ပြီဆိုလျှင် ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိတတ်ကြောင်း ကြံ့ဖွတ်ပါတီမှ အခွင့်ထူးခံများ သိစေချင်ပါသည်။

    ReplyDelete
  2. ဆရာချစ်ဦးညိုပြောသလိုကိုယ်ဂိုးကိုသွင်းနေတာ။
    ဟိုစကားပုံလိုပေါ့။
    ယိုသူမရှက်မြင်သူရှက်။

    ReplyDelete
  3. ကောင်းလိုက်တဲ့ Comment လေးတွေဗျာ။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။