Pages

Saturday, March 31, 2012

အမှန်တရားအတွက် မှန်ရာကို ခြစ်မည့် ပြည်သူ့တပ်မတော်သားများ...

အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ လက်ကမ်း စာစောင်တွေကို ဝမ်းပန်းတသာ ရယူပြီး ပြန်လည် အသိအမှတ်ပြုနေကြတဲ့ ပြည်သူ့တပ်မတော်သားများ..

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး မဲဆွယ် စည်းရုံးရေး ခရီးစဉ်အတွင်း တပ်မတော်သားများမှ အဖွဲ့ချုပ် လက်ကမ်းစာစောင်များအား ဝမ်းပန်းတသာ လက်ခံ ရယူပြီး အပြန်အလှန် အသိအမှတ်ပြုနေကြတဲ့ မြင်ကွင်း ဓာတ်ပုံတွေပါ...။ အကြောင်းကြောင်းကြောင့် မည်သည့်မြို့ မည်သည့်တပ်ဆိုတာကို ကာယကံရှင်များရဲ့ လုံခြုံရေးကြောင့် မဖော်ပြနိုင်တာကိုတော့ နားလည်စေချင်ပါတယ်..။

ပြီးခဲ့တဲ့ ၁၉၉၀ရွေးကောက်ပွဲတွေမှာ တပ်မြို့တွေဖြစ်တဲ့ မင်္ဂလာဒုံ၊ မှော်ဘီအစရှိတဲ့ နေရာတွေမှာ အဖွဲ့ချုပ်က ပြတ်ပြတ်သားသား အနိုင်ရခဲ့တာ မှတ်မိကြဦးမှာပါ..။ လတ်တလော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေး ခရီးစဉ်တွေမှာလည်း ယူနီဖောင်းကို ချွတ်ပြီး လာရောက်အားပေးကြတဲ့ သူတွေဒုနဲ့ဒေးပါ..။ ကလောမြို့က တပ်သားလေး ကျော်ဇင်ဝင်းတို့ အဖွဲ့ချုပ်ကို လာရောက်တိုင်ကြားတဲ့ ရေတပ်သားသူရိန်တို့ သတင်းတွေဟာလည်း အင်တာနက် သတင်းစာမျက်နှာတွေမှာ မြင်တွေ့နေရတာပါ..။ လူထုခေါင်းဆောင်မှလည်း မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးတွေမှာ တပ်မတော်မှ ပူပေါင်းပါဝင် ဆောင်ရွက်ဖို့ ပြောဆိုနေတာလည်း အများသိပြီး ဖြစ်ပါတယ်..။ တကယ့် အရာခံ၊ အကြပ်၊ တပ်သားတွေရဲ့ ရင်ထဲမှာလည်း အမှန်တရားဆိုတာကို သိရှိနားလည် ပြီးသားပါ...။  တပ်မတော်နဲ့ ပြည်သူကို ရန်သူသဖွယ် ပိုင်းခြားခဲ့တဲ့ လူနည်းစု တဦး၊ တဖွဲ့ ကြောင့် အိမ်ကြက်အချင်းချင်း ပြန်ခွပ်နေရပြီး ပြည်သူနဲ့ အလှမ်းဝေးနေရတာပါ...။
ကောင်းမွန်တဲ့ စံနစ်တခုအောက်ကို ပြန်လည်ရောက်ရှိမှသာ တပ်မတော်သားတွေရဲ့ ဘဝတွေ သာယာစိုပြေနိုင်မှာ ဖြစ်သလို ခေတ်မှီပြီး အင်အားတောင့်တင်းတဲ့ ပြည်သူ့ကို ကာကွယ်တဲ့ တပ်မတော်ဆိုတာ ဖြစ်လာမှာပါ...။ တိုင်းပြည် အင်းအားရှိမှ တပ်မတော်လည်း အင်အားရှိလာမှာ မလွဲမသေပါပဲ။ အနာဂတ်မှာ ဗိုလ်ချုပ်တည်ထောင်ခဲ့တဲ့  ပြည်သူချစ်တဲ့ ပြည်သူတပ်မတော်ဆိုတဲ့ ကောင်းမွေကို ပြန်လည် ဆက်ခံနိုင်ဖို့ အတွက် ပြည်သူ့ဘက်က ရပ်တည်ပေးကြပါလို့ တိုက်တွန်းလိုက် ရပါတယ် ပြည်သူ့တပ်မတော်သားများ ခင်ဗျာ..။

အထက်က ဖော်ပြပါ ဓာတ်ပုံတွေကို မည်သည့်တပ်၊ မည်သူဆိုတာ စုံစမ်းမနေပဲ တကယ့် အောက်ခြေမှ စစ်သည်တွေရဲ့ ရင်ထဲက ဆန္ဒတွေကို နားလည်ပေးဖို့ သက်ဆိုင်ရာ အာဏာပိုင်များအား မေတ္တာရပ်ခံ အပ်ပါတယ်..။
ဒီမိုဝေယံ

8 comments:

  1. (88)အရေးတော်ပုံကာလအတွင်း မန္တလေးနန်းတွင်းထဲက တပ်မတော်သားတွေ အပြင်က ဒီမိုကရေစီဟောပြောသံတွေ မကြားရယောင် တိုင်းမှူးက အသံချဲ့စက်တွေတပ်ပြီး ကျယ်လောင်စွာ ဖွင့်ခိုင်းထားခဲ့တယ်.
    ဒီနေ့ခေတ်ကတော့ ဆက်သွယ်ရေးပစ္စည်းတွေက ခေတ်မှီလာလို့ ဒီလို တပ်မတော်သားတွေကို မျက်စိပိတ် နားပိတ်လုပ်လို့ မရတော့ပါဘူး။
    သူတို့ရင်ထဲမှာ တပ်မတော်ဖခင်ကြီးအစစ်က ဗိုလ်ချုပ်အောင်ဆန်းဆိုတာ သိနေပြီးသား။
    ဗိုလ်ချုပ်သမီး လူထုခေါင်းဆောင် အမေစုကလည်း တပ်မတော်ကို ချစ်တယ်ဆိုတာလဲ သူတို့လဲ ထမင်းစားနေတဲ့လူတွေဘဲ သိတာပေါ့.
    သန်းရွှေလွန်ခေတ်ရောက်ပါပြီ အဓမ္မ၀ါဒတွေကို မြေလှန်ပစ်ပြီး ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်အောင် ကြိုးစားကြရတော့မှာပါ။
    ခုတော့ ၀ဋ်မကုန်သေးလို့ အင်တာနေရှင်နယ် ကျွန်အဖြစ် သူများမလုပ်ချင်တဲ့ အလုပ်ကြမ်းတွေလုပ်နေကြရဦးမှာပါ.

    ReplyDelete
  2. ခင်ဗျားတို့မဲလိုချင်ပြန်တော့လဲ ပြည်သူ့တပ်မတော်သား ဆိုပါလား။ နီးရာဓါးဆိုတာ ရှိတယ်ဗျ။ မျိုးဒီချုပ်က စစ်တပ် ကကောင်တွေကိုဘာတွေများ အကျိုးပြုနေလို့လဲ။ အခုချိန်ထိ ဆဲရေးတိုင်းထွာနေတာထက်ဘာမှ မပိုပါဘူး။ အခုမှအခေါ်အဝေါ်တွေပြောင်းနေတယ်။ တသက်လုံး ဒီလိုဆက်ဆံကြရင်ကောင်းတာပေါ့ဗျာ။

    ReplyDelete
  3. အပေါ်ကရေးတဲ့ကောင် မင်းကပဲပြောရတယ်ရှိသေးဘာနီးရာဓါးကိုကြောက်ရတာလဲ အပြစ်မဲ့တဲ့ပြည်သူလူထုနဲ့ရဟန်းသံဃာတွေကိုအခုအချိန်ထိရက်စက်စွာပစ်သတ်နေတာမင်းအမေလင်ခွေးစစ်တပ်ပဲကွ အာဏာရူးတွေကိုငါတို့ဗမာ့လူထု့ကမကြောက်ဘူး အသိဉာဏ်ကင်းမဲ့ပြီးလက်နက်အားကိုးနဲ့ဖိနှိမ့်အုပ်ချုပ်နေတဲ့မင်းအမေလင်ဘာသာကင်းမဲ့ခွေးစစ်တပ်ကြောင့်အားမတန်မာန်လျှော့နေတာကွ ဒီအမည်းစက်စွန်းနေတဲ့ခွေးတပ်မတော်အပေါ်ပြည့်သူ့အငြိုးနောင်ဘယ်တော့မှမပြေဘူး

    ReplyDelete
  4. ပြည့်သူ့သွေးတွေစွန်းပေနေတဲ့ ခွေးတပ်မတော် ရဲ့မဲအလိုမရှိ ခွေးတပ်မတော်ရဲ့မဲအလိုမရှိ

    ReplyDelete
  5. ခွေးတပ်မတော်ရှိလို့ မင်းညီမကို နှာခေါင်းချွန်တွေက ၀င်မဗြင်းနိုင်တာဟေ့..ဒီမိုခွေးဝဲစားရဲ့။

    ReplyDelete
  6. တပ်မတော်ဆိုတာ မရှိမဖြစ်လိုအပ်တာပဲ အဲ.လိုမကောင်းတော.မပြောသင်.ဘူး
    အဓိကကခေါင်းဆောင်ပါ
    ခေါင်းဆောင်မကောင်းလို.ဖြစ်ရတာပါ

    ReplyDelete
  7. တပ်မတော် ဆိုတာ နိုင်ငံတိုင်းမှာ နိုင်ငံတော် ကာကွယ်ရေး အတွက် မဖြစ်မနေ လိုအပ်တာလက်ခံပါတယ်။ ဒါပေမယ့် မြန်မာပြည်က စစ်တပ်က နိုင်ငံတော်ကာကွယ်ရေးအတွက် က နည်းပါတယ်။ ထိပ်ပိုင်းအရာရှိကြီး တွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ကာကွယ်ဖို့ ၀ါဒမှိုင်း သွင်းခြင်း ခံထားရပါတယ်။သင်တန်းမှာကိုက မိမိမှလွဲ ရ်ျ မည်သူ့ကိုမဆို ရန်သူဟုသတ်မှတ်ရမည်။အမိန့်သာ အသက်။ဒါတွေပြောနေရင် အရှည်ကြီးပါ။အဓိက ကတော့ စစ်တပ်ရဲ့ မဲလိုချင်လို့ပြောနေတာမဟုတ်ပါဘူး။မဲမရလဲ နေပစေ။တပ်သားမိန်းမတွေ ဖာမဖြစ်တော့ရင် ကျေနပ်ပါပြီ။

    ReplyDelete
  8. ကျွန်တော်ထင်တာကတော့၊ စားဝတ်နေရေးကြောင့်ပဲဖြစ်ဖြစ်၊ အထက်ကအာဏာကြောင့်
    ဖြစ်ဖြစ်၊ ကာယကံပြုမူတဲ့လူရဲ့အသိညဏ်က၊ အဓိကပါပဲ၊
    စစ်တပ်ရယ်၊ အရပ်သားရယ်လို့မခွဲခြားနေလို့တော့၊
    ဆွေးနွေးလို့အဖြေထွက်မှာမဟုတ်ဘူးနော်...
    :)

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။