Pages

Friday, March 23, 2012

ဟင်္သာတမြို့မှာ မကြာမှီဖွင့်လှစ်မယ့် Maxဦးဇော်ဇော်ပိုင် ဧရာဝတီဘဏ်ခွဲအကြောင်း (တိုင်ကြားစာ)

ဧရာဝတီတိုင်း ဟင်္သာတမြို့ မန်းဘခိုင်လမ်းမှာ 26.3.2012 တနင်္လာနေ့မှာဖွင့်မယ့် Maxဦးဇော်ဇော်ပိုင် ဧရာဝတီဘဏ်ခွဲ ဖွင့်လှစ်မှာဖြစ်တဲ့ အတွက် ၀မ်းသာလှပါတယ်။ ကိုယ်မြို့မှာဘဏ်အသစ် တိုးလာပြီဖြစ်သေကြောင့် ဝမ်းသာမိတာပါ။ ဒါပေမယ့်ဗျာ ငါပိုင်တယ် ငါလုပ်ချင်ရာ လုပ်မယ်ဆိုပြီး ဆောက်လုပ်ရေး ဝန်ထမ်းတွေက ခြံစည်းရိုးကို ပိုင်နက်အပြင် မသိမသာထုတ် ဂဟေဆော် သံတခါးကြီးတွေ တပ်ကြပါတယ် ခင်ဗျာ။  ပြီးတော့ ထရပ်စဖေါ်မာ တပ်ဖို့  ဆိုပြီး တိုင်ကြီးတစ်တိုင်ကိုလည်း ပလက်ဖေါင်းမှာ မြုပ်ပြီး တပ်ထားပါတယ်။ အဲဒီပလက်ဖေါင်းက ဖေါက်ဖို့မဆိုထားနဲ့ ဆိုင်ကယ်အတင်အချ ဂုံးလေးလုပ်ဖို့တောင် စည်ပင်အခွန်ဌာနက ဒေါ်တင်မြ၀င်းကို သွားပြီးမရမက ပြောရပါတယ်။ ကြော်ငြာဆိုင်းဘုတ်တွေ စိုက်ရင်တောင်မှ ဒေါ်တင်မြ၀င်းကို အခွန်ဆောင် ပိုက်ဆံအပြင် အခြားခေတ်ပေါ် under table  ပေါ့ဗျာ။ အခုကတော့ ဖုန်းတိုင်တွေစိုက် လျှပ်စစ်တိုင်တွေ စိုက်ပြီးတော့ ခင်ဗျားတို့ စဉ်းစားကြည့်ဗျာ ပလက်ဖောင်းပေါ်မှာ ဓါတ်တိုင်သုံးတိုင် စိုက်ခွင့်ပေးတာ။ 
ဒါကျွန်တော်တို့ မြို့ရဲ့ စည်ပင်သာယာ ဗိုလ်ကြီးခင်မောင်မြင့်ရဲ့ ပထမဆုံးခွင့်ပြုချက်ပါ။ ပလက်ဖောင်းကို မသိမသာခိုးယူပြီး ခြံစည်းရိုး ခတ်ထားတာကိုလည်း သိသိကြီးနဲ့ ဘာမှမပြောပါ။ ပလက်ဖေါင်းပေါ်မှာလဲ စတီးတိုင်(၂)ချောင်းကို ပလပ်နဲ့ ဆွဲထားပြီး ကျောင်းသား၊ ကျောင်းသူ သက်ကြီးရွယ်အိုများ မိုးတွင်းအခါ လမ်းသွားလို့ မရအောင် ဖြစ်နေပါပြီ။ မြောင်းများမှာလည်း ဘဏ်ရှေ့မှစပြီး သဲတွေ ရွှံ့တွေနဲ့ ပိတ်ဆို့နေပြီး ရေစီးရေလာ မကောင်းပါ။ ပြီးညစ်ပါတ်နေတာကို မြို့တမြို့လုံးမှာတော့ လူတစ်ရပ်လောက် မြောင်းတွေဖေါ်ပြီး ဥယျာဉ်မြောက် ရပ်ကွက်ကျတော့ သဲတွေပို့နေတာ ဘယ်လောက်တိုင်တိုင် ဘာမှလာမကြည့်ပါဘူး။ သူတို့ ၀န်ထမ်းတောင် ကြောက်နေရရင် သာမန်ပြည်သူ တစ်ယောက် အနေနဲ့ ဘယ်လိုများ လုပ်ရမှာလဲ။ စိန်ထွန်းဆိုင်ရှေ့ မှာလည်း တိုင်(၃)တိုင် ကျွန်တော်တို့မြို့ မှာက အိမ်ကို သံရိုက်ပြီး ပြင်တာတောင် စည်ပင်ကို အကြောင်းကြားရတယ်။ အခုဟာက ဘဏ်ပိုင်နက် မဟုတ်ဘဲ ပလက်ဖေါင်း အထိတောင် တိုင်ကြီးထုတ်ပြီး စတီးတိုင်ကြီး စိုက်ထားတာကို စည်ပင်ဝန်ထမ်းတွေ MAXဦးဇော်ဇော်မို့လို့ မပြောရဲတာကို ဟင်္သာတမြို့ခံများအနေနဲ့ အံ့သြလို့မဆုံးပါဘူး။ ဒီလမ်းဟာ ပလက်ဖောင်းတွေတောင် အဖြူနဲ့ အနီဘဲ သုတ်တာ  ဘဏ်ဖွင့်ရင် ဘာအရောင် ပြောင်းဦးမလဲနဲ့ ယာဉ်ကြောပိတ်ဆို့မှုကို ဟင်္သာတယာဉ်ထိန်းတွေ ဘယ်လိုဖြေရှင်းပေးမှာလဲ ဆိုတာကို စောင့်ကြည့်ရှု ရမှာဖြစ်ကြောင်း ရေးသား၊ တင်ပြလိုက်ရပါတယ်..။

1 comment:

  1. ဇော်ဇော် ဆိုတာ ဗိုလ်သန်းရွှေသမီးတွေ ပြည်ပထွက်ရင် ဒေါ်လာ အထုပ်လိုက်ကိုင်ပြီး နောက်ကလိုက်နေခဲ့သူပါ။ သမီးတော်တွေ၊ မြေးတော်တွေ တည်းသမျှ ဟိုတယ်ခ ၊ဈေးဝယ်သမျှ ကုန်ကျစရိတ်၊ သွားလာသမျှ မော်တော်ကား။ အားလုံးကို ရှင်းပေးပြီး အဖားတော်လို့ သူဌေးဖြစ်လာခဲ့သူပါ။ ခုလဲ ဗိုလ်သိန်းစိန်သွားလေရာ ကပ်လိုက်နေတာကို သတင်းထဲမှာ တွေ့မိသဗျ။
    သူ့မှာ ဘာခံယူချက်မှ မရှိ။ တက်လာတဲ့မင်း ဘုရားထူး၊ ဒါ ခေတ်အမှီဆုံး အလုပ်ဘဲ ဆိုတာ ဇော်ဇော်လက်ကိုင်ထားတဲ့ ၀ါဒပါ။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။