အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ပုံပါသော ပိုစတာများပေါ်တွင် မဖွယ်မရာ ဂုဏ်သိက္ခာ ထိခိုက်စေသော စကားလုံးများရေးသားပြီး မတ်လ ၂၀ရက်နေ့ညက မြောင်းမြမြို့အနှံ့ လိုက်လံ ကပ်ချိပ်ထားတာကို တွေ့ရကြောင်း မြောင်းမြမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တာဝန်ရှိသူများ၏ ပြောပြချက်အရသိရပါသည်။
အဆိုပါ ပိုစတာများပေါ်တွင် “ထင်ပေါ်ကျော်ကြားမှုတွေကြားမှာ အလွန်သာယာနေသူပါ၊ သူ့ကိုစောင့်လျှောက်တာ အနောက်အုပ်စု ဒါကြောင့်သူက အနောက်အုပ်စုရဲ့ကျွန်၊ အနောက်အုပ်စု ခိုင်းသမျှလုပ်နေတဲ့ အသားထဲကလောက်၊ သူ့ကိုရွေးရင်တော့ အနောက်အုပ်စုရဲ့ကျွန်ဖြစ်ပြီ သေချာတယ်၊ လူထုကို ချမ်းသာအောင် လုပ်ပေးမှာလား သားနှစ်ယောက်ကို ချမ်းသာအောင် လုပ်ပေးမှာလား” စတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား မဖွယ်မရာ ဂုဏ်သိက္ခာ ထိခိုက်စေသော စကားလုံးများဖြင့် အထက(၁) ကျောင်းရှေ့၊ ဆန်စက်ကုန်သည်များအသင်းရှေ့၊ နောင်ရိုးခန်းမ၏ အုတ်နံရံများပေါ် စတဲ့နေရာတွေပေါ်မှာ (Doubled tape) နှစ်ဘက်ကပ်တိတ်များဖြင့် သေသေချာချာ စနစ်တကျ ကပ်ထားတာကို တွေ့ရကြောင်း၊ မနက်မိုးလင်းမှ တာဝန်သိပြည်သူများက ၄င်းပိုစတာများကို ခွာယူပြီး မြို့နယ်ရုံးသို့ လာရောက်ပို့ပေးမှ သိရကြောင်း မြောင်းမြမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ်လောင်း မန်းဂျော်နီ၏ ရွေးကောက်ပွဲ ကိုယ်စားလှယ် မခင်ဇော်လင်း ကပြောပါတယ်။
ထိုကဲ့သို့ မဖွယ်မရာ ကိစ္စပေါ်လာချိန်တွင် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးသိန်းအောင် သည် မြောင်းမြမြို့သို့ ရောက်ရှိနေခိုက်နှင့် တိုက်ဆိုင်နေပြီး ၄င်းနှင့်အတူ အခွန်ဘဏ္ဍာမှ ဦးဝင်းကို မြောင်းမြမြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဖြိုးကိုတင့်ဆန်း၊ ဗိုလ်ချုပ်စိုးနိုင်နှင့် အခြားအရာရှိများလည်း လိုက်ပါလာကြကြောင်း သတင်းရရှိပါသည်။ ထို့အပြင် မြောင်းမြို့ တဖက်ကမ်းရှိ ဖြိုးကိုကိုတင့်ဆန်း ၏ ဇာတိ ဖြစ်သော ကွယ်လွယ်ကျေးရွာ တွင် ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်အောင်နှင့် အတူ ဖြိုးကိုကိုတင့်ဆန်းတို့ ရောက်ရှိလာခဲ့ပြီး ရွာသူရွာသားများအား တွေ့ဆုံရာတွင် ကြံ့ခိုင်ရေးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်မည့် ဖြိုးကိုကိုတင့်ဆန်းအား မဲပေးကြရန်တိုက်တွန်းပြောဆိုခဲ့ပြီး ကျေးရွာကော်မရှင် ဥက္ကဌဖြစ်သူ ဦးမောင်မောင်မြင့် လည်း အဆိုပါ ဟောပြောပွဲတွင် လိုက်ပါလာခဲ့သည်ဟု သိရပါသည်။
ဖေဖော်ဝါရီလ (၂၀)ရက်နေ့ကလည်း မြောင်းမြမြို့နယ် ကန်ကြီးတိုက်နယ်ကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်ဘုတ်တင်နှင့် ရုံးခန်းဖွင့်ပွဲ အခမ်းအနားအပြီးတွင် နယ်မြေခံ ရဲသားတစ်ဦးမှ ဖွင့်ပြီးကာစ ရုံးအားလိုက်လံ၍ ဓါတ်ပုံရိုက်ခြင်း၊ အိမ်ရှင်များကိုခေါ်၍ စစ်ဆေးမေးမြန်းခြင်း အိမ်သားများကို တန်းစီ၍ ဓါတ်ပုံများ ရိုက်ယူခြင်းများကို အပြင်၊ မတ်လ (၁၆)ရက်နေ့ ကလည်း မြောင်းမြမြို့နယ် ရှမ်းရေကျော်ကျေးရွာရှိ ဒေါ်အောင်ဆန်းစုကြည်နှင့် မန်းဂျော်နီပုံပါသည့် ပိုစတာများအား ဓါးနှင့် ခုတ်ဖြတ်၍ အဖျက်ဆီးခံခဲ့ရခြင် စသည့် မင်းမဲ့စရိုက်ဆန်ုသည့် လုပ်ရပ်များဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား စော်ကားနှောင့်ယှက်မှုများ လုပ်ဆောင်ခဲ့ဖူးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အစီရင်ခံစာများအရ သိရပါသည်။
ကော်မရှင်ထံတိုင်ကြားစာ ၀၂
ဖြစ်စဉ်မှတ်တမ်း၀၁
ဖြစ်စဉ်မှတ်တမ်း ၀၂

သတင်း... Myanmar Mediamm
ကိုတင်အေး ခုတလော နှာစေးနေပါလား။
ReplyDeleteခင်ဗျား ကိုယ်တိုင်က ညစ်ပတ်တဲ့ အလုပ်တွေကို လုပ်ခိုင်းထားသလား။
ခင်ဗျာ့ ဖွတ်ပါတီကလူတွေ တိုင်းဝန်ကြီးချုပ် အဆင့ှ်ရှိသူကိုယ်တိုင် အောက်တန်းကျတဲ့ အလုပ်တွေ လျှောက်လုပ်နေပြီဗျ။
ကြဲ့ဖွတ်ပါတီကြီးး ကောင်းတာလုပ်တာ တစ်ခုမှ မရှိပါလား။
လက်ရှိမြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးမှာ အာဏာရယူထားသူ အများစုဟာ ပြည်သူတွေရဲ့ စစ်မှန်တဲ့ရင်တွင်းဆန္ဒနဲ့ ရွေးချယ်ထားသူတွေ မဟုတ်ကြဘူးဆိုတာ ပြည်သူလူထုအများစုက သိထားပြီးသားပါ။ သူတို့လည်း သိနေတာပါ။ အာဏာသိမ်းပြီး အနှစ် ၂၃ ကျော်တိုင်အောင် ဒီလိုအချေအနေမျိုး ရောက်ကိုရောက်အောင်သွားပြီး အုပ်ချုပ်ရေးအာဏာကို ယူထားသူတွေပဲ။ စစ်မှန်တဲ့ ပြည်သူ့ဆန္ဒမပါပဲ “လုပ်ယူ”ထားကြတာ။ လုပ်ယူ တော့ “လူယုတ်” ပဲပေါ့။ ဗိုလ်ချုပ်အောင်ဆန်း မနှစ်သက်တဲ့ စားဖားကြီးတွေရဲ့ ညီညီညွတ်မှုမျိုးနဲ့ ညီညွတ်နေကြတာ။ တိုင်းပြည်ကိုကောင်းစားစေလိုတဲ့ ညီညွတ်မှုမျိုးမဟုတ်ဘူးဆိုတာ စစ်အုပ်ချုပ်ရေးတစ်လျှောက်လုံးရော စစ်ဝတ်လဲထားတဲ့ ခုချိန်မှာရော ပြည်သူတွေကိုဆက်ဆံတဲ့ သူတို့ရဲ့အမူအကျင့်၊ သူတို့ရဲ့အပြောအဆိုကိုကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။ သူတို့တွေဟာ သူတို့ကိုယ်တိုင်လဲ ပြည်သူတွေအပေါ်ယုတ်မာကောက်ကျစ် အနိုင်ကျင့်နေဆဲ၊ ပြည်သူကို ခွေးလေ ခွေးလွင့်တွေနဲ့ အဟောင်ခိုင်း အကိုက်ခိုင်းနေဆဲ။ ဒါကြောင့် ပြည်သူ့ဆန္ဒ အစစ်အမှန်မပါပဲ “လုပ်ယူ” လို့ “လူယုတ်” လို့မှတ်ပေါ့။ အဲ့ဒိအာဏာရူးတွေကို အရပ်တကာမှာ ဒီလိုပြောပေါ့။ သူတို့ကို ဗိုလ်သန်းရွှေကခိုင်းလို့ နေရာပေးထားတာ လို့ ပြောနိုင်ကြပါစေ။ ခိုင်းတော့မလုပ်လား………………
ReplyDeleteအနောက်အုပ်စု ကျွန်က သက်သာမှာပါ အသား ထဲကလောက်ကြီးက ၂၂ နှစ် လုံးလုံး အတွင်းသားတွေ စားလို့ကုန်နေပါပြီ၊ အနောက် အုပ်စုလာစားလည်း အရိုးပဲ ရတော့မှာပါ။
ReplyDelete