လားရှိုး အမျိုးသားလွှတ်တော် အတွက် ဝင်ရောက်ယှဉ်ပြိုင်တဲ့ အဖွဲ့ချုပ် ကိုယ်စားလှယ် ဦးစိုင်းမြင့်မောင်
ဓာတ်ပုံ အဘဥက္ကာကိုကို
လားရှိုးမဲဆန္ဒနယ်မှ ခွပ်ဒေါင်းပါတီနဲ့ ကျားဖြူပါတီ ဘယ်သူနိုင်နိုင် ဂုဏ်ပြုကြပါစို့..
အားလုံးသိချင်နေတဲ့ အမျိုးသားလွှတ်တော်အတွက် လားရှိုးမဲဆန္ဒနယ်မှာ ယနေ့ည နောက်ဆုံး သိရှိရသည့် အချိန်အထိ ကျားဖြူပါတီမှ မဲ၆၀၀အသာနဲ့ ဦးဆောင်နေတယ်လို့ သိရပါတယ်..။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)မှ ဦးစိုင်းစံမင်းမှ မဲ ၆၀၀ အသာနဲ့ ဦးဆောင်နေပြီး အန်အယ်လ်ဒီမှ ဦးစိုင်းမြင့်မောင် ဒုတိယလိုက်နေပါတယ်..။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ အတွက် ကျေးရွာ ၁၀ရွာခန့်ကျန်နေသေးပြီး မနက်ဖြန်မနက်မှာ အဖြေသိရှိနိုင်မှာ ဖြစ်ကြောင်းသိရှိရပါတယ်..။
ဒီမိုဝေယံ အမြင်လေး ပြောရရင်တော့ အန်အယ်လ်ဒီနဲ့ ကျားဖြူပါတီမည်သူရရ ကျေနပ်ရမှာပါ..။ ကျွန်တော့်အမြင်ကတော့ အန်အယ်လ်ဒီနဲ့ ကျားဖြူပါတီကို တအိမ်တည်းနေ ညီအကိုနှစ်ဦး ဗိုလ်လုပွဲမှာ ပြန်တွေ့ကြတဲ့ အတွက် အကိုပဲနိုင်နိုင် ညီပဲနိုင်နိုင် ကျေနပ်ပါတယ်..။ ဘာကြောင့်ဆိုတော့ တစိမ်းမပါတော့ဘူးလေ။ အဲ့တော့ မနက်ဖြန် အဖြေထွက်ခဲ့ရင်တော့ မည်သူနိုင်နိုင် ဂုဏ်ပြုရမယ်လို့ ဒီလိုပဲ မြင်မိပါတယ်ဗျာ...။
တဆက်တည်းမှာပဲ ခုအနိုင်ရရှိတဲ့ အဖွဲ့ချုပ်ရဲ့ ပြည်နယ်နဲ့တိုင်းက ကိုယ်စားလှယ်တွေ လာမယ့် (၇)ရက်နေ့မှာ အဖွဲ့ချုပ်ရုံးမှာ စုံစုံညီညီ တွေ့ဆုံကြပါမယ်... ကျွန်တော်တို့ ပြည်သူတွေ ထပ်မံကြိုဆို ဂုဏ်ပြုကြတာပေါ့ဗျာ..။
ဒီမိုဝေယံ
MRTVက ကြေငြာသွားတဲ့ NLD လွှတ်တော် ကိုယ်စားလှယ်စာရင်း(Burma VJ ရုပ်သံ) from Demo Waiyan on Vimeo.

ဆိုလိုတာကတော့ ငကြံ့တွေ ငဖွတ်တွေ မပါတော့ စိတ်ချမ်းသာတာပေါ့ ... ဟုတ်လား ဒီမို .. ဟားဟားဟား .. ဒီလိုဘဲ ဖြစ်ရမယ်လေ ..
ReplyDeleteကျးဖြူကြီးပါပါစေဗျာ။ ခွပ်ဒေါင်းကိုချစ်ပါတယ်။ ကျားဖြူကြီးလည်းပါဝင်စေချင်ပါတယ်
ReplyDeleteကြံ့ဖွံ့သူခိုးပါတီတွေကလွဲကလွဲပီး
ReplyDeleteကျန်တဲ့ဘယ်ပါတီနိုင်နိုင်.
ကျေနပ်တယ်ဟေ့.
ခွပ်ဒေါင်း ကျားဖြူ
ReplyDeleteပြည် သူ ကိုယ် စားပြု
ပြည်သူ့ ကိုယ်စားလှယ်
လုံး ၀ ထောက်ခံ တယ်
without kyantphut we all support if it,s dog must be support.
ReplyDeleteကြံ့ဖွံ့သူခိုးပါတီတွေကလွဲပီး
ReplyDeleteကျန်တဲ့ဘယ်ပါတီနိုင်နိုင်.
ကျေနပ်တယ်ဟေ့.