Pages

Tuesday, April 24, 2012

မအေးယုအောင် မိခင်ထံပြန်ရောက်၊ ခြိမ်းခြောက်ခံထားရ..

မအေးယုအောင် ကျောက်ကြီးမြို့မှ မိခင်ဖြစ်သူ မကြူထံ ၂၃ ရက် ညနေ ၅နာရီခန့်က ပြန်လည်ရောက်ရှိနေကြောင်းသိရသည်။ ဦးအောင်ဖုန်းဝင်းမှ လိုက်လံပို့ဆောင်ခြင်းဖြစ်ပြီး ကလေးသည် ဦးအောင်ဖုန်းဝင်းတို့ဘက်က သွေးထိုးမှု၊ ဘုရားတွင် သစ္စာဆိုခိုင်းထားကာ ခြိမ်းခြောက်ထားမှုတို့ကြောင့် မိခင်ဖြစ်သူကိုပင် အကောင်းမမြင်နိုင်ဖြစ်နေသည်။ မိခင်မှ သတင်းသမားများနှင့် တွေ့ဆုံဖြေကြားခြင်းကို ကလေးမှ မိခင်အား အပစ်တင်ကြောင်း သိရသည်။

ထို့အပြင် မီးပူနှင့်အကပ်ခံရခြင်း ကိစ္စအား ဒီဘ၀တွင်သာမက နောင်ဘ၀အထိပါ ထုတ်ဖော်မပြောပါဟု ဘုရားများတွင် သစ္စာဆိုခိုင်းထားကြောင်းသိရသည်။ မအေးယုအောင်အား ဦးအောင်ဖုန်းဝင်းက လိုက်လံပို့ဆောင်ရာတွင် ကျောက်ကြီး မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် အမျိုးသမီးရေးရာမှ လူများရှေ့တွင် မိဘဖြစ်သူထံ ပြန်လည် အပ်နှံကြောင်းသိရသည်။ ထိုသို့အပ်နှံရာတွင် မြို့နယ် အုပ်ချုပ်ရေးမှူးမှ မအေးယုအောင်အား အပြီးပြန်လည် အပ်နှံခြင်းဖြစ်ကြောင်နှင့် နောင်တွင် ကလေးကို ပြန်ခေါ်မည် မဟုတ်ကြောင်းကို ဦးအောင်ဖုန်းဝင်အား လက်မှတ်ရေးထိုးစေရာ ဦးအောင်ဖုန်းဝင်းက ငြင်းဆိုသဖြင့် လူအများက ၀ိုင်းဝန်းပြောဆိုမှသာ လက်မှတ်ရေးထိုး ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး ပဲခူးမှ လမ်းပြကြယ် အဖွဲ့မှ တရားစွဲဆိုမည် ဖြစ်ကြောင်း သိရှိရသည်။

ကိုရဲ

သတင်းအတွက် ညီငယ် ကိုရဲအား ကျေးဇူးတင်ပါတယ်..

5 comments:

  1. မတရားကျိန်ခိုင်းတာကတော့ မကောင်းဘူး

    ReplyDelete
  2. လုပ်နိုင်တုန်း လုပ်ထါးပေါ့ နင်တို့ လင်မယါး အကုသိုလ်အကျိုးပေး လှည့်တဲ့ တနေ့ တော့ ကလေးမ အမေပြောသလို သေဖို့သာ စဉ်းစားထား ကြတော့ သိပ်မပြောချင်တော့ဘူး ဒါဘဲ

    ReplyDelete
  3. ဘုရားတွေမှာ သစ္စာဆိုထားလို့  မပြောရဲလည်း ကိစ္စမရှိပါဘူး။စာလေးနဲ့ ပဲ အမှန်တိုင်း အဖြစ်ပျက်တွေကို ရေးချ ပြလိုက်ပါ ညီမလေး။သူတို့ ဆိုခိုင်းတယ့် သစ္စာဆိုတာကလည်း အမှန်တရားပေါ်မှာစိုးလို့ အမှန်တရားကို ဖုံးကွယ်ချင်လို့ အတင်းအဓ္ဓမနည်း နဲ့ တစ်ဖက်သတ်ဆိုခိုင်းတယ့် အမှားစကားတွေပဲဖြစ်မှာပါ။သစ္စာဆိုတာ မှန်တာတွေကို ပြောမှ လုပ်မှ ဆိုမှ သစ္စာဖြစ်မှာပေါ့။အမှားစကားတွေဟာအမှန်တရားသစ္စာဘယ်ဖြစ်နိုင်မလဲ။ဘယ်လိုပဲဖြစ်ဖြစ် အချိန်တန်ရင် အမှန်တရားကတော့ တစ်နည်းနည်း နဲ့ ပေါ်လာမှာ။

    ReplyDelete
  4. ဘကျော်ထူးApril 26, 2012 at 11:41 AM

    ခင်ဗျားတို့ ကို ပြောပြဦးမယ်။ သစ္စာဆိုပြီးတိုင်းသာ သစ္စာစူးကြစတမ်းဆို ကျုပ်တို့ နို်င်ငံမှာပထမဆုံး သေချင်းဆိုးအမျိုးမျိုးနဲ့
    သေမှာအဲဒီတရားသူကြီးတွေဗျ။ ဘာဖြစ်လို့ လဲဆိုခင်ဗျားတို့ တရားရုံးကိုသွားကြည့်ကြ။ တရားရုံးမှာ အမှုကိုမမှန်မကန်ဆုံးဖြတ်ခဲ့ပါကဆိုပြီး ရေးထားလိုက်တဲ့ကြိမ်စာက ကြက်သီးထစရာကြီးဗျ၊ ဒါပေမယ့် တရားသူကြီးတိုင်း လဘ်စားတယ်။ မမှန်မကန်ဆုံးဖြတ်တယ်။
    မဟုတ်တာ မမှန်တာ ပြောတယ်။ ဒါပေမယ့် ဘာမှ မဖြစ်ကြပါဘူး။
    ရယ်စရာ သိပ်ကောင်းပါတယ်ဗျာ။ ဒါကို မယုံကြည်ကြပါနဲ့ ။သူခိုးတဦးရဲ့ ကြိမ်စာကရော ဘယ်လောက်တောင် ထိရောက်မှာလဲ။

    ReplyDelete
  5. ဘကျော်ထူးApril 26, 2012 at 11:48 AM

    ကြိမ်စာတခုကို ကြိမ်ပြပါမယ်။ နဂါးမင်းရဲ့သား မြွေပွေးကိုက်ပြီး နားခေါင်းမှ သွေးစိမ်ရှင်ရှင် ထွက်ရပါစေသား။ အမှုကို မမှန်မကန်ဆုံးဖြတ်ခဲ့ရင်သော်လည်းကောင်း၊ မတရားသောငွေကို စားခဲ့လျှင်သော်လည်းကောင်း သေချင်းဆိုးအမျိုးမျိုးနဲ့ သေရပါစေသားတဲ့။ ကမ္ဘာကျော်ပျက်လုံးတွေပေါဗျာ။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။