Pages

Friday, April 27, 2012

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊(၅၀)ရပ်ကွက်၊ကျန်စစ်သားပတ်လမ်း အပြင်ဘက်တွင် နေထိုင်သော မိသားစုဝင်များအား သုဿန်မှူးနှင့် ဆယ်အိမ်မှူး တို့မှ ချိန်းခြောက် မောင်းထုတ်နေခြင်း...

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောင်ပိုင်း)မြို့နယ်၊(၅၀)ရပ်ကွက်၊ ကျန်စစ်သားပတ်လမ်း အပြင်ဘက်တွင် နေထိုင်လုပ်ကိုင် စားသောက်နေသော မိသားစုဝင်များအား ဇန်န၀ါရီလ ၁၅ရက် ၂၀၁၂ နေ့ နံနက်(၈း၀၀)တိတိတွင် (၁၅)ရက်အတွင်း ဓနိအိမ်များဖျက်၍ ဖယ်ရှားထွက်ခွာပေးရန် ထားဝယ်ချောင်သုဿန်မှူး ဦးအောင်မျိုးမင်းနှင့် ဆယ်အိမ်မှူး ဦးမောင်မြင့်တို့မှ ခြိမ်းခြောက်ပြောဆိုပြီး ဓာတ်ပုံများ ရိုက်ယူသွားခဲ့သဖြင့် ၂၀၁၂ ခုနှစ်၊ မတ်လ ၆ ရက်နေ့တွင် နိုင်ငံတော်သမ္မတကြီး နှင့်ရန်ကုန်တိုင်း မြို့တော်ဝန်ထံ အသနားခံစာ ပေးပို့ထားသော်လည်း စည်ပင်သာယာမှ နောက်ထပ် စာတစ်စောင်ထပ်ထုတ်၍ ၁၃ ရက် ၄ လ ၂၀၁၂ နောက်ဆုံးပြောင်းရန် အကြောင်း ထပ်မံကြားသောကြောင့် သမ္မတထံ နောက်ထပ်စာတစ်စောင် တနေ့က ၂၄ ရက်နေ့တွင် ပေးပို့ခဲ့ပါသည်။ သို့သော်လည်း ၂၅ ရက်နေ့တွင် စည်ပင်အရာရှိနှင့် ရဲ ၄ ဦးမှ ၅လပိုင်း ၂၀ ရက်နေ့ နောက်ဆုံး အပြီးဖယ် ပေးရမည်ဟု အကြောင်းကြားခဲ့ကြောင်း သိရှိရပါသည်။

2 comments:

  1. တိုင်လဲအလကားသမတပါကွာ.
    လူကြားကောင်းအောင်.အသံကောင်းဟစ်နေတာ
    တကယ်ကဘာတစ်ခုမှအားမကိုးရ.ဘားသုံးမရတဲ့
    သန်းရွှေကြိုးဆွဲတာကနေရတဲ့.အင်ဂုလိ သမတပါ။

    ReplyDelete
  2. ဟေ့ကောင် Anonymous အဲ့ဒီနေတဲ့ကောင်တွေက ကျူးကျော်တွေဆိုရင် မင်းအမေလင်အိမ်မှာ သွားနေခိုင်းမှာလား။ ဒါမှမဟုတ် မင်းလဲပဲ အဲ့လိုအိမ်မရှိ ယာမရှိ ကျူးကျော်နေထိုင်နေတာလား။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။