သို့
နိုင်ငံတော်သမ္မတနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူများ သိစေရန်
အကြောင်းအရာ။ ။ ဗန္ဓုလခရီးသည် သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းဖြစ်သော အဓိပတိ(အဖြူရောင်) ယာဉ်လိုင်းမှ လူအုပ်စုဖွဲ့၍ မင်းမဲ့စရိုက် ဆန်ဆန် လူနေရပ်ကွက် အတွင်းဝင်ရောက်၍ ဆဲဆိုခြင်း၊ ရိုက်နှက်ခြင်း တို့ကို တင်ပြ အသိပေး တိုင်ကြားခြင်းကိစ္စ..
အထက်ပါ အကြောင်းရာ ကိစ္စနှင့်ပတ်သက်၍ (၄.၄.၂၀၁၂)ရက်နေ့ မွန်းလွဲ (၁း၀၀)နာရီ အချိန်ခန့်တွင် ဗန္ဓုလ ခရီးသည်တင် ယာဉ်လိုင်းမှ အဓိပတိ(အဖြူရောင်)ယာဉ်အမှတ် (၂ဂ/ ၅၃၅၄) ကားသည် သင်္ဃန်းကျွန်းမြို့နယ်၊ လေးဒေါင့်ကန်လမ်းမကြီး၊ ဘ၀မြင့် ကားမှတ်တိုင်အနီး လမ်းမကြီးပေါ်တွင် ကားပျက်၍ ရပ်ထားခဲ့ပါသည်။ ကားပျက်သော်လည်း (၁)လမ်းဘေးသို့ ချ၍ရပ်မထားခြင်း (၂) ညဘက် လျှပ်စစ်မီး ပျက်နေသော်လည်း ကားမှာ မီးမထွန်းထားခြင်းတို့ကို တွေ့ရှိရပါသည်။
၎င်းနေ့ည(၁၁း၀၀)ခန့်တွင် လေးထောင့်ကန် လမ်းမကြီးအတိုင်း အနောက်မှအရှေ့သို့ မောင်းနှင်လာ သောဂျစ်ကား အမှတ်(၃ဂ/၆၅၈၁) ကားမှာ ပျက်နေသော အ့ဓိပတိကားကြီး နောက်မှ ၀င်ရောက် တိုက်မိခဲ့ပါသည်။ အရှိန်ပြင်းသောကြောင့် ကားကြီးပေ(၅၀)ခန့်အကွာအဝေးသို့ရောက်ရှိပြီး ပလက်ဖောင်းပေါ်တွင် စိုက်ထူထားသော အလင်းရောင် ဓါတ်ပုံ၊ စတူဒီယို ဆိုင်းဘုတ်ကိုပါကားကြီးမှ ၀င်ရောက် တိုက်မိ၍ လဲပြိုခဲ့ပါသည်။ ဂျစ်ကား မောင်းလာသူမှာ ကားထဲတွင် ညက်နေ၍ အနီးပတ်ဝန်းကျင် ရပ်ကွက်သူ ရပ်ကွက်သားတို့မှ ခက်ခဲစွာ ဆွဲထုတ်ယူ၍ နီးစပ်ရာစံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။
ည(၁၁း၃၀) နာရီတွင် လျှပ်စစ်မီးပြန်လာ၍ ၎င်းယာဉ်တိုက်မှုဖြစ်စဉ်ကို ရပ်ကွက်သူရပ်ကွက်သားတို့က ၀ိုင်းအုံကြည့်ရှုနေစဉ် အဓိပတိယာဉ်လိုင်းမှ တာဝန်ရှိသူ အသက်(၃၅)နှစ် ၀န်းကျင်ခန့် ရောက်ရှိလာပြီး မှတ်တမ်းတင် ဓာတ်ပုံခြင်း၊ လက်ကိုင်ဖုန်း စကားပြောခြင်းတို့ ပြုလုပ်နေပြီး ရုတ်တရက် လူပရိသတ် ဘက်လှည့်၍ “ မင်းတို့က ဘာကောင်တွေလဲ၊ မင်းတို့အလုပ်ဘာရှိသလဲ၊ မဆိုင်တဲ့ကောင်ပြန် “ ဟုမောက်မာစွာ ပြောဆိုခဲ့ပါသည်။ ကျွန်တော်တို့က “ ကျုပ်တို့ဟာ ရပ်ကွက်သားတွေ ဖြစ်ကြောင်း၊ ယာဉ်တိုက်မှုမှာ ကူညီကြသူများ ဖြစ်သည့်အတွက် မပြန်နိုင်ကြောင်း၊ မိမိအိမ်ရှေ့မှာ မိမိဘာသာ လွတ်လပ်စွာ နေထိုင်နိုင်ခွင့် ရှိကြောင်း၊ ပြန်ပြောသည့်အခါ ထိုသူက “ ကျုပ်ဟာ နိုင်ငံတော် ပြန်တမ်းဝင် အရာရှိ တစ်ယောက်ဖြစ်တယ် “ ၊ “ အဲဒါဆိုရင် ခင်ဗျားကပိုလို့ နားလည်ရမှာ ဖြစ်ကြောင်း” ကျွန်တော်က ပြောပြခဲ့ပါတယ်။ ထိုသူက “ ထိုသူက သူမှားသွားကြောင်း ပြန်ပါအုံးမည်” ဟုပြောပြီး ပေကြိုးတိုင်း၍ တာဝန် ထမ်းဆောင်နေသော ယာဉ်မှုစစ်အား “ဟေ့ကောင် မင်းလည်း လုပ်စရာမလိုဘူးပြန် “ ဟုပြောပြီး ၎င်းစီးလာသော တက္ကစီအနီရောင်ဖြင့် ပြန်လည် ထွက်ခွာသွားခဲ့ပါသည်။ ကျွန်တို့လည်း လူစုခွဲ၍ အိမ်သို့ပြန်ရောက်ပြီးမိနစ် (၂၀) ခန့်အကြာ(၁၂း၃၀) နာရီခန့်တွင်လမ်းမတန်းမှ လူအုပ်စုအသံကြီးနှင့် “ငါတို့ ဗန္ဓုလယာဉ်လိုင်းကို စော်ကားတဲ့ကောင်တွေ အကုန်ရိုက်” အော်ဟစ်ဆဲဆိုပြီး ရပ်ကွက်အတွင်းသို့ ၀င်ရောက်ခဲ့ကြပါသည်။
ကျွုန်ပ်လည်း အသံကြား၍ ထွက်ကြည့်လိုက်ရာ နဖူးတွင်စွပ်ကျယ် အင်္ကျီကိုစည်း ကိုယ်လုံးတွင် အင်္ကျီဗလာယူနီ ဖောင်းနက်ပြာ ဘောင်းဘီကို ဒူးအထိလိပ် လက်ထဲတွင်လုံးပတ် တစ်လက်မ အရှည်တစ်ပေခွဲခန့် သံပိုက်လုံး ကိုယ်စီ ကိုင်ဆောင်ပြီး မြင်မြင်သမျှ လိုက်လံရိုက်နှက် နေကြသဖြင့် ကျွန်ုပ်တို့ ရပ်ကွက်သားတို့မှာ မိမိတို့ အိမ်ထဲ ပြေးဝင်ရောက် ရှောင်ပုန်းခဲ့ကြပါသည်။ ရပ်ကွက်အတွင်းမှ မော်ခန်းဟု ခေါ်သော အသက်(၂၇)နှစ်အရွယ် လူငယ်၏ ညာပခုံးကို တစ်ချက်ရိုက်မိခဲ့ပါသည်။ ရပ်ကွက်အတွင်းတွင် မင်းမဲ့ စရိုက်ဆန်ဆန် ပြုမူကျင့်ကြံပြီး (၁၅) မိနစ်ခန့်အကြာတွင် ၎င်းတို့စီးလာသော အဓိပတိ(အဖြူရောင်) ကားနှစ်စီးနှင့် လူအင်အား(၇၀)ခန့်မှာ ပြန်လည်ထွက်ခွာ သွားခဲ့ပါသည်။ ၎င်းယာဉ်နှစ်စီး၏ နံပါတ်များမှာ (၃ဂ/၃၁၆၇) ၊ (၃ဂ/၃၈၈၁) တို့ဖြစ်ကြပါသည်။
လူကြီးမင်းခင်ဗျား ယခုကျွန်တော် အစီရင်ခံအပ်သော ကိစ္စရပ်များမှာ တရားဥပဒေ စိုးမိုးမှုအတွက်၎င်း၊ ရပ်ရွာအေးချမ်း သာယာရေးအတွက်၎င်း၊ များစွာသော စိုးရိမ်ကြောင့်ကျ ဖြစ်ရပါသောကြောင့် လူကြီးမင်းမှ တစ်ဆင့်နိုင်ငံတော် သမ္မတထံသို့ သိရှိနိုင်ပါရန် လေးစားစွာ တင်ပြတောင်းခံ အပ်ပါသည်ခင်ဗျား။
အကူအညီ တင်ပြတောင်းခံသူ
ဦးစိန်သန်း
၁၂/သဃက(နိုင်)၀၄၈၉၄၆
အမှတ်(၂၅၈/B) ပြည်တော်အေးလမ်း၊
လေးဒေါင့်ကန်ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ဘာလဲဟဘလိုင်းကြီး၊
ReplyDeleteသူတလူငါတမင်းတွေဖြစ်နေပါလား.
မင်းတို့သိပ်လိုချင်နေတဲ့ ဒီမိုကရေစီ ရဲ့ နားလည်မှုလွဲခြင်း ရောင်စဉ် စသန်းနေတာပေါ့ဗျာ။ လာပါဦးမယ် အများကြီး ဒီလိုဖြစ်စဉ်တွေ။ ဘယ်လိုထိန်းကြမလဲဆိုတာ သာစဉ်းစားကြပေတော့။
ReplyDeleteအပေါ်ကတယောက်
ReplyDeleteအဲ့ဒါ မင်းတို့စစ်အာဏာရှင်တွေရဲ့
ဆိုးမွေတွေလေ အုပ်စုလိုက် အနိုင်ကျင့်လို့ရတယ်ဆိုတာ ဘယ်သူသင်ပေးသွားတာလဲ တခြားမကြည့်နဲ့ ဒီပဲယင်းပဲကြည့် ဒီလို အာဏာကို အလွဲသုံးစားပြုပြီး ဥပဒေမဲ့ အပြုအမူတွေ ဘယ်သူသင်ပေး ပြပေးထားခဲ့တာလည်း စဉ်းစားပြော
ဒီယာဉ်လိုင်းကဦးပိုင်ကပိုင်တယ်မဟုန်လား။
ReplyDelete"မင်းတို့သိပ်လိုချင်နေတဲ့ ဒီမိုကရေစီ ရဲ့ နားလည်မှုလွဲခြင်း ရောင်စဉ် စသန်းနေတာပေါ့ဗျာ။ လာပါဦးမယ် အများကြီး ဒီလိုဖြစ်စဉ်တွေ။ ဘယ်လိုထိန်းကြမလဲဆိုတာ သာစဉ်းစားကြပေတော့။"
ReplyDelete-------------------------------
အဲလိုပြောတာကိုက ဒီမိုကရေစီဆိုတာဘာလဲဆိုတာ
သေချာနားမလည်သေးမှန်းတော်တော်သိသာနေပြီ။
ဒီမိုကရေစီဆိုတာဘာလဲသေချာသိချင်ရင်ဗဟန်းက
ဒီချုပ်ရုံးကိုလာပြီးသင်ကြားစေချင်ပါတယ်။ပြောချင်တာ
တွေကတော.အများကြီးပဲ။ပြောလိုက်ရင်တော.ဆုံးမှာ
မဟုတ်လို.ပါဗျာ။ဒီမိုကရေစီမှာ ရမ်းကားတာမပါဘူးဗျ။
အဲဒါက အာဏာရှင်တွေသင်ပေးခဲ.တဲ.-------
မင်းမဲ.စရိုက်လို.ခေါ်တယ် -----သေချာလေ.လာ
စာများများဖတ်၊ဒီမိုကရေစီအကြောင်းသေချာသိတဲ.သူ
တွေနဲ.များများစကားပြော၊အလွယ်ဆုံးကတော.----
ဒီလှိုင်းဂျာနယ်ဝယ်ဖတ် ---ပြီးမှပြော ---
ဒါဆိုခင်ဗျားနည်းနည်းတန်ဖိုးရှိလာမယ်။အခုကတော.
ဇီးရိုးပဲ ----------:)
ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ဘယ်သူ ကာကွယ်ပေးမှာလဲဗျာ။
ReplyDeleteအဲဒီ လက်ချက်က န၀တ ကမွေးထားတဲ့ ကြံ့ ဖွတ်တွေ၊ စွမ်းအားရှင်ဆိုတဲ့ စာမတတ် ပေမတတ်တဲ့ လူမွဲ လက်ကိုင်တုတ် လူသတ်သမားတစုဖြစ်မယ်။ အဲဒီ လူ့ တိရစ္ဆာန်တွေ လူလိုနားမလည်ဘူးနဲ့တူတယ်။ ကိုယ့်တိုင်းပြည်ကို နိုင်ငံတကာက ရွံရှာအောင်လုပ်ပြနေကြတာလေ။ အုခုအုပ်ချုပ်နေတဲ့ အစိုးရကိုသာ ကြည့် ဘာမှမတတ်ပဲနဲ့ တိုင်းပြည်ကို လက်နက်အာဏာ အားကိုးနဲ့ အုပ်ချုပ်နေတာလေ။ စောက်သုံးမကျတဲ့ အစိုးရပဲ။
ReplyDelete"မင်းတို့သိပ်လိုချင်နေတဲ့ ဒီမိုကရေစီ ရဲ့ နားလည်မှုလွဲခြင်း ရောင်စဉ် စသန်းနေတာပေါ့ဗျာ။ လာပါဦးမယ် အများကြီး ဒီလိုဖြစ်စဉ်တွေ။ ဘယ်လိုထိန်းကြမလဲဆိုတာ သာစဉ်းစားကြပေတော့။"
ReplyDeleteKo Thar Gyi ပြောတာမှန်တယ်...ကိုယ်ချင်းစာတရားမရှိ တဲ့ကောင်တွေ၊(မိမဆုံးမဖမဆုံးမတွေ)လုပ်သင်.မှန်း မလုပ်သင်.မှန်းမစဉ်းစားပဲသူများခိုင်းတိုင်းလျှောက်လုပ်နေတဲ့အရူးတွေ ကိုယ်လုပ်ချင်တာကိုယ်လုပ်ပြီး "မင်းတို့သိပ်လိုချင်နေတဲ့ ဒီမိုကရေစီ"လို့ပြောရတာပါလဲ(24)နာရီတာဝန်ထမ်း ဆောင်နေပါတယ်ဆိုတဲ့ပြည်ထဲရေးကအဖွဲ့တွေဘယ် ရောက်နေတာပါလဲ...ဒီအခန်းဖြတ်ဇာတ်လမ်းထဲကလို
မာဆတ်ရောက်နေတာပါလား
မင်းတို့သိပ်လိုချင်နေတဲ့ ဒီမိုကရေစီ ရဲ့ နားလည်မှုလွဲခြင်း ရောင်စဉ် စသန်းနေတာပေါ့ဗျာ။ လာပါဦးမယ် များကြီး ဒီလိုဖြစ်စဉ်တွေ။ ဘယ်လိုထိန်းကြမလဲဆိုတာ သာစဉ်းစားကြပေတော့။
ReplyDelete:အပေါ်ကကောင် ဘာမှနားမလည်ပဲသောက်ရမ်းတွေ လျောက်ပြောနေတယ်။ဒီမိုကရေစီက မင်းပထွေးတွေ လုပ်ရပ်နဲ့ ဘာဆိုင်လဲ။အဲ့ မင်းပထွေးတွေ လုပ်တာကမှ ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက်ဖြစ်နေတာ။ပြည်သူအတွက် လုံခြုံမှုကောင်းကောင်းမပေးနိုင်တဲ့ ဥပဒေ တွေ နဲ့ မင်းပထွေးစ်အုပ်စု အုပ်ချုပ်နေတာလေ။အဲ့ တာ မင်းပထွေးတွေ လက်ထက်က လုပ်ရပ်တွေ။မင်းက ဒီမိုကရေစီကြောင့်လို့ ပြောရင် မင်းအဲ့ လုပ်ရပ်ဟာ ဒိမိုကရေစီကြောင့်ပါ။မင်း တစ်ယောက်ထဲ ဒီဖြစ်ရပ်ကို အခြေခံပြီး ဒီမိုကရေစီကို ဆန့်ကျင်ပါတယ်။စစ်အာဏာရှင်စနစ် ကိုထောက်ခံပါတယ်ဆိုပြီး ဆန္ဒပြလိုက်လေ။သောက်သုံးမကျတဲ့ကောင်။