Pages

Monday, April 2, 2012

ယနေ့ မင်္ဂလာတောင်ညွန့်မြို့နယ် ဖဆပလရပ်ကွက် ပြည်သူများရဲ့ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မဖြူဖြူသင်းအား ဂုဏ်ပြုပွဲအခမ်းအနား...

ယနေ့ မင်္ဂလာတောင်ညွန့်မြို့နယ် ဖဆပလရပ်ကွက်နေ ပြည်သူများမှ မင်္ဂလာတောင်ညွန့်မြို့နယ် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မဖြူဖြူသင်းအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ် ဂုဏ်ပြု ခဲ့ကြပါတယ်..။

ရပ်ကွက်နေ ပြည်သူများမှ မဖြူဖြူသင်း ရွေးကောက်ပွဲ အောင်နိုင်ပွဲ အထိမ်းအမှတ် လာရောက်သူများအား စတုဒီတာကျွေးမွေး ဧည့်ခံခဲ့ကြပါတယ်..။
ဓာတ်ပုံ... ဒီမိုကောင်းကင်၊ ဒီမိုဝေယံ

4 comments:

  1. ဂုဏ်ယူပါတယ်။

    ReplyDelete
  2. အမေစုကြောင့်ရတာပါ အထင်မကြီး ကိုယ်တိုင်စွမ်းရည်မ၇ှိပါ အမေစုကို ချစ်ကြလို့မဲပေးကြရင်းနဲ့ ရလာတာပါ

    ReplyDelete
  3. မဖြူဖြူသင်းကို လူမှု့ရေးကူညီမှု့တွေကြောင့်လေးစားမိပါတယ်။
    ဒါပေမယ့် နိုင်ငံရေးနဲ့ဘယ်လိုမှ့ ဆပ်စပ်လို့ မရနိုင်ပါ။ အများအမြင်မှာနေရာတစ်ခုရဖို့အတွက် နာမည်ကြီးဖို့အတွက် ဒီရုံမြင်လို့ ဒီချုံထွင်တာလို့ မြင်မိသွားစေနိုင်ပါတယ်။ ကိုကျော်သူ လိုတစ်လိုင်းဘဲ မသွားနိုင်တော့တဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ နောက်တစ်ယောက်က ဇေယျာသော်။ မနေ့တစ်နေ့က ထောင်က ထွက်လာပြီး အမေစုနားရောက်သွားပြီး နေရာတစ်ခုရသွားတယ်။ သူ့အသက်အရွယ် သူ့အနေအထားနဲ့ ရွေးကောက်ပွဲဝင်တာ ရုပ်ဆိုးလွန်းပါတယ်။ NLD မှာ သူ့ထက် နေရာပေးသင့်တဲ့သူတွေ အများကြီးပါ။ အခု NLD နိုင်သွားတယ်ဆိုတာကလဲ ဘောလုံးတစ်သင်းလုံးကို အမေစု တစ်ယောက်တည်း ကစားပြီး ဆုဖလားရသွားသလိုပါဘဲ။ ကျန်တဲ့ အရံတွေက အော်တိုမစ်တစ် နေရာ ရသွားကြတာပါ။

    ReplyDelete
  4. ကြိုးစားပါ။ဘာမှဖြစ်မလာရင်တော့ရွေးချယ်ပေးလိုက်တဲ့ပြည်သူတွေစိတ်ပျက်သွားမှာအမှန်ပါပဲ။တာဝန်ကြီးပါတယ်။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။