Pages

Sunday, April 1, 2012

စစ်ကိုင်း မင်းလမ်းရပ်ကွက်က ထူးခြားတဲ့ မဲအနိုင်အရှုံးစာရင်း (သနားတယ်ဟေ့တဲ့)

ဒီမိုဝေယံကို ပေးပို့လာတဲ့ ဒီနေ့ရဲ့ အကြိုက်ဆုံးပုံ... စစ်ကိုင်းက မင်းလမ်းရပ်ကွက်.. အမေစု ၁၃၄၀ ကြံ့၁၀၂ သနားတယ်ဟေ့တဲ့ ရဲရဲနီတဲ့ မင်းလမ်းကို ခွပ်ဒေါင်းလမ်းလို့ ပြောင်းမယ်..။

21 comments:

  1. ha ha very nice photo NLD keep your quality we love you

    ReplyDelete
  2. အနိုင်ရနေပြီဖြစ်သော NLD အနေနှင့် အပြောအဆို အရေးအသားများ ကို အကောင်းဖက်သို့ ဆင်ခြင်သင့်ပါသည်။ ဘယ်သူနိုင်နိုင် တိုင်းပြည်ကို ကောင်းစေချင်ကြသူတွေလို့ သုံးရင် မကောင်းဘူလား။ သနားတယ်ဟေ့ ဆိုတာကြီးကတော့ ရှုံးတဲ့သူအတွက် အကောင်းပါ။ အသုံးသင့်ပါဘူး။

    ReplyDelete
  3. အပေါ်က စာကို ထောက်ခံပါတယ်။
    အကောင်းဖက်သို့ ဆင်ခြင်ရေးသင့်ပါတယ်။
    နိုင်ငံရေးလုပ်တဲ့အဆင့်တွေပါ။
    အဖက်ဖက်ကနေ ပြည့်စုံစေဖို့ အကြံပေးတာပါ။


    ကံ့ကော်

    ReplyDelete
  4. အပေါ်ကအကို အမတွေရေးသားတာတွေဟာ အားလုံးသင့်လျော်ပါတယ်။ ကျနော်တို့ မှာ ကြိုးစားရအုံးမယ်။ အရာရာမှာ ဆင်ခြင်ရမယ် လိမ်မာရမယ် ။ လူလိမ်မာ သားသမီးတွေဖြစ်ကြရမယ်

    ReplyDelete
  5. ကလေးမဆန်ကြပါနဲ.ဗျာ...

    ReplyDelete
  6. အင်းသနားတယ်ပဲ စာနဲ့ရေးတာပါ
    ကြံ့ဖွတ်အနေနဲ့ အနှစ်၂၀လုံးလုံး NLD ကိုဖွတ်ဖွတ်ကြေအောင် လုပ်ခဲ့တာနဲ့
    စာရင်တော့ မဆိုးသေးဘူးလို့ထင်မိပါတယ်

    ReplyDelete
  7. This comment has been removed by a blog administrator.

    ReplyDelete
  8. ကျုပ်လဲအမေစုနိုင်လို့.
    ဝမ်းသာပီးမျက်ရည်တောင်ကျရတယ်.
    ဒါပေမဲ့.အပေါ်၂ခုတော့ရေးချင်ရေးပေါ့.
    သနားတယ်တော့ပြန်ဖျက်ပြစ်လိုက်တာကောင်းပါတယ်.
    မလိုလားအပ်သောပြသနာများဖြစ်လာနိုင်တာကြောင့်.
    ကျွှန်တော်တို့ချစ်သော အမေစု.လျှောက်နေသောလမ်း
    ကိုမထိခိုက်စေချင်လို့ပါ.ကျေးဇူးတင်ပါသည်.

    ReplyDelete
  9. ၂၀၀၇ သံဃာတော် အရေးခင်းမှာ အသေ သတ် ခံ နီး နီး ကျုပ်တော့မသနားနိုင်ဘူး၊ ဒီစာကနဲတောင်နဲသေးတယ် ။

    ReplyDelete
  10. ရေးလဲဘာမှမထိခိုက်ပါဘူးး...ခံစားခဲ့ရတဲ့သူတွေက ဒီ့ထက်ပိုခဲ့ပါတယ်....ဒီလောက်တော့သူတို့ လဲတုံပြန်မှာပေါ့

    ReplyDelete
  11. pls think positive side. everybody do good for the country.
    everything leave it to GOD.God will protect us.

    ReplyDelete
  12. ပြည်သူတွေစိတ်ဘယ်လောက်ခံစားနေရသလဲဆိုတာသက်သေပြနေတာပါ၊ ကိုယ်ချင်းစာတတ်ရင်သိပါတယ်။

    ReplyDelete
  13. စစ်ကိုင်းရဲ.လမ်းတွေပေါ်အတိတ်က အနီရောင်စွန်းခဲ.ရတာတွေနဲ.စာရင်
    အချိုသာဆုံးသောအသုံးအနုံးကိုရွေးသုံးတာဖြစ်နိုင်ပါတယ်

    ReplyDelete
  14. သနားတယ်ဟေ့
    နဲ့တင်မလုံလောက်ဘူးဟေ့.
    နားနား ကိုင်းကြီးကြီးမှာ.နား..
    ရေမရှိတဲ့ချောင်းမှာ.ဖင်ဆောင့်သေလိုက်.

    ReplyDelete
  15. ကိုယ်တွေက နိုင်နေပြီပဲ။ သဘောထားမကြီးတဲ့သူတွေကို ကိုယ်က သဘောထားကြီးကြောင်း ပြသမှ ကိုယ့်ရဲ့အဆင့်ကို မြှင့်တင်ရာရောက်မှာပေါ့နော်။ ဒီလိုကလေးဆန်တဲ့အပြုအမူတွေကြောင့် အမေစုလျှောက်လှမ်းမယ့် လမ်းမှာ အတားအဆီးတွေဖြစ်လာမှာ စိုးတယ်။

    ReplyDelete
  16. စကား အသုံးနှုန်းတွေ ဆင်ခြင်သင့်ပါတယ်။ ၁၉၉၀ အနိုင်ရတုံးက အပြောကြီးခဲ့လို့ ဘာဖြစ်ခဲ့လဲဆိုတာ သိကြမှာပါ။ ပန်းတိုင်မရောက်ခင် တက်မထောင်ပါနဲ့(ဗိုလ်ချုပ်) နိုင်ငံရေးဆိုတာ ရန်သူကို မိတ်တွေဖြစ်အောင်လုပ်ခြင်း တမျိုးပါပဲ

    ကျော်စွာ

    ReplyDelete
  17. I don't think we should bring our status down to their level. At the same time, we must always keep in mind that they are holding the magic wand. Please don't forget the clause in the constitution saying that the army can take over the power at anytime. (They have done it numerous time already)

    ReplyDelete
  18. "စစ်ကိုင်း မင်းလမ်းရပ်ကွက်က ထူးခြားတဲ့ မဲအနိုင်အရှုံးစာရင်း (သနားတယ်ဟေ့တဲ့)"
    အဲဒီ ဓာတ်ပုံက အမှန်မဟုတ်ပါဘူး သက်သက် လုပ်ကြံ
    ထားတာပါ။ အဲဒီအိမ်ကို စိတ်အနှောက်အယှက် ဖြစ်အောင်လုပ်ကြံထားတာပါ ကြံဖွံ့ ဘက်ကလုပ်ကြံရေးထားတာပါ ကျွှန်တော်စစ်ကိုင်းသားပါ။ ဓာတ်ပုံထဲကအိမ်က အင်တာနက်ဆိုင်ပါ ကျွန်တော်သိပါတယ် ဒါကြံဖွံ လက်ချက်ဆိုတာ၊ တင်တဲ့လူနဲ့ တွေ့ ခွင့်ရမယ်ဆိုရင်တော့ကောင်းမှာပဲ သက်သက်မဲ့ အဲဒီအင်တာနက်ဆိုင်ကို လုပ်ကြံတဲ့ကောင်တွေပဲ ရဲ တွေ အစိုးရဘက်က လူတွေ မျက်မုန်ူးကျိုးအောင်လုပ်နေတာပါခင်ဗျာ။

    ReplyDelete
  19. လုပ်ကြံထားတဲ့ ဓာတ်ပုံဆိုတာ ဟုတ်ပါတယ်။
    ပုံကို အကြီးချဲ့ကြည့်ပါ။

    သနားတယ်ဆိုတဲ့ စာရေးထားတဲ့ “အမဲရောင်အပြားက ဘာနဲ့မှ ချိတ်ဆွဲခြင်း၊ ထောက်မထားခြင်းမရှိပဲ လွတ်နေတာ တွေ့ရလိမ့်မယ်”

    ကျုပ်တို့ တစ်နိုင်ငံလုံး အမေစုရဲ့ အောင်ပွဲအပြီး မှာထားတဲ့စကားကို တလေးတစား လိုက်နာနေကြတာ။ ဘယ်သူမှ ဒီလိုမရေးဖူး။ ဒီ/ချုပ် ရုံးမှာရေးဖို့ သာပြီး ခဲယဉ်းသေးတယ်။

    အောက်တန်းကျတဲ့တန်ပြန်လုပ်ရပ်တွေ ဘယ်သူလုပ်မလဲ။ ဒီလိုထင်အောင် သက်သက်မဲ့ “လိုက်ဖွ” နေတယ်လို့ ကျုပ်ထင်တယ်။ စစ်ကိုင်း မင်းလမ်းကို သွားကြည့်ပြီးမှ ဓာတ်ပုံနဲ့တကွ ထပ်တင်ပေးမယ်။

    ReplyDelete
  20. အမှန်အကန် အကြံအဖန်မဟုတ်လာစုံစမ်း နိုင်တယ်

    ဇေယျာရွှေမြေ

    ReplyDelete
  21. သနားတယ်ဟေ့လို့မပြောသင့်ဘူးလေ၊ တိုးတက်ရေးအတွက် အားလုံးဝိုင်းလုပ်ကြရမှာဘဲ ဟုတ်ဘူးလား၊

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။