ယနေ့ ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးရှေ့မှာ မဲအနိုင် အရှုံးစာရင်း လာရောက်ကြည့်ရှုကြတဲ့ ပရိသတ်များ..
ဓာတ်ပုံများ ဒီမိုကောင်းကင်
ယှဉ်ပြိုင်ရာ ၄၄ နေရာလုံး NLD နိုင်ပြီဟုဆို
မဇ္ဈိမသတင်းဌာန | တနင်္ဂနွေနေ့၊ ဧပြီလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၂၂ နာရီ ၄၅ မိနစ်
ဧပြီလ ၁ ရက်နေ့တွင် ကျင်းပပြီးစီးသွားသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြည်နယ်နှင့်တိုင်းအသီးသီးမှ မဲဆန္ဒနယ် ၄၄ နေရာလုံးတွင် အနိုင်ရရှိသွားကြောင်း NLD ရုံးချုပ်မှ သိရသည်။
နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် ယှဉ်ပြိုင်နေသော အဆိုတော် ဇေယျာသော် အနိုင်ရရှိကြောင်း နောက်ဆုံး သိရပြီးနောက် ၄၄ နေရာလုံး အနိုင်ရရှိသည်ဟု ဆိုနိုင်ခြင်းဖြစ်သည်။
nldledfont7
တဘက်သား အနှောင့်အယှက်မဖြစ်စေရန် ဒေါ်အောင်ဆန်းစုကြည်၏ မှာကြားချက်ကို ဖတ်ကြားပြနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးတင်ဦးကို ဧပြီလ ၁ ရက် ၂ဝ၁၂ ခုနှစ် ညပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-လင်းဘိုဘို၊ မဇ္ဈိမ) သိက္ခာရှိသည့် အောင်နိုင်မှုဖြစ်စေရန်အတွက် တဘက်အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များအား ထိခိုက်နိုင်သည့် အပြောအဆို၊ အမူအယာ၊ အလုပ်အကိုင်များ မပြုလုပ်ရန် အဖွဲ့ချုပ်ပါတီဝင်များကို ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့သည်။
၄၄ နေရာအနက် ၃၈ နေရာမှာ မဲရေတွက်ပြီးဖြစ်ကာ ကျန် ၆ နေရာတွင် မဲရေတွက်ဆဲဖြစ်သော်လည်း NLD ကိုယ်စားလှယ်လောင်းများက ပြိုင်ဘက်များအား မဲအရေအတွက် အများအပြား အသာဖြင့် ဦးဆောင်ပြီး
သေချာနေသည့်အတွက် ၎င်းတို့ အနိုင်ရရှိပြီးဖြစ်ကြောင်း ရုံးချုပ်သို့ ဖုန်းဖြင့် သတင်းပို့လာသဖြင့် ယခုကဲ့သို့ ယှဉ်ပြိုင်နေရာအားလုံး အနိုင်ရရှိသည်ဟု ဆိုနိုင်ခြင်းဖြစ်သည်။






ဒါအမှန်ပဲလေး ဒီလိုပဲဖြစ်ရမှာပေါ့။
ReplyDeletehardliners all finished watch out all over the world they do nothing.
ReplyDeleteမြတ်ခိုင်ကိုပြောပေးပါ။
ReplyDeleteကြားဖြတ်ရွေးကောက်ပွဲမှာ အခုလို လုံးဝ အပြတ်အသတ် ရှုံးနိမ့်ခဲ့ရတာနဲ့ ပတ်သက်ပြီး သဘောထားဘယ်လိုရှိတယ်ဆိုတာကို ဦးအောင်သောင်းနဲ့ အင်တာဗျူးပေးပါဦးလို့။
ဦးမြတ်ခိုင် အရင်တုံးကခင်ဗျားကိုလေးစားတယ်.. ဦးအောင်သောင်းနဲ့အင်တာဗျူးမှာ ခင်ဗျားရဲ့အတွင်းစိတ်ကို သိလိုက်ရတယ်.. အခု NLD နိုင်သွားပြီ .. ခင်ဗျားရဲ့စာနယ်ဇင်းပညာနဲ့ အင်တာဗျူးလေးတစ်ခုလောက် လုပ်စမ်းပါဦး.. ဖတ်ချင်လို့ပါ..
ReplyDeleteအချင်းချင်းပူးပေါင်းပြီးသူများတွေအမြတ်ထုတ်တာကိုကာကွယ်ကြပါ၊ဗမာအချင်းချင်းအမြတ်မထုတ်ပါနဲ့၊တိုင်းပြည်နာလှပါပြီ။
ReplyDeleteကျနော်ဂျာနယ်အားလုံးကိုအထူးတောင်းဆိုချင်တာကတော့ အောင်သောင်း၊ထေးဦး၊အောင်သိန်းလင်း၊၊ဒေါက်တာစိုးးမင်း(ကော့မှုးကံ့ဖွတ်)၊ မြင့်မြင့်အေး (မိတီလာတသီးပုဂလ)တို့နဲ့ အင်တာဗျုးအမြန်ဆုံးလုပ်ပေးပါလို့။ အရမ်းဖတ်ချင်လွန်းလို့ပါ၊
ReplyDeleteအဲ့ဒီလိုပဲဖြစ်ရမယ်လေNLD အမြဲအောင်နိုင်ပါစေ
ReplyDelete