Pages

Thursday, May 3, 2012

မေလ(၂)ရက်နေ့မှာ ထူးထူးခြားခြား ရန်ကုန်မှာ ပိတောက်တွေ လှိုင်လှိုင်ပွင့်ခဲ့ပါတယ်...

 ဧပြီ(၁)မှာ ရွှေပြည်သစ်အတွက် ခွပ်ဒေါင်းနိုင်ခဲ့သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်စတင် တက်ရောက်ခဲ့တဲ့ ထူးခြားတဲ့ မေ(၂)မှာလည်း ထူးထူးခြားခြား ပိတောက်တွေ လှိုင်လှိုင်ပွင့်ခဲ့ပြန်ပါပြီ...


သူငယ်ချင်းတို့ရေ..
အမေစု လွှတ်တော်တက်တဲ့ ဒီနေ့ရန်ကုန်မှ ပိတောက်တွေ တစ်မြို့လုံးဝေအောင် ပွင့်နေကြပါတယ်။ ဘယ်လောက်များ တိုက်ဆိုင် ၀မ်းသာကြည်နှုးဖို့ ကောင်းလိုက်ပါသလဲ၊ ၀မ်းသာကြည်နှုးမှုများကို မျှဝေလိုက်ပါတယ်၊

လွန်ခဲ့တဲ့(၂၂) နှစ်က ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာလေးကို ပြန်သတိရမိပါတယ်၊
ငုနဲ့ပိတောက် နွေမှာလှိုင်သည်။ စုနဲ့ ခမောက် မေမှာနိုင်မည်။

ဝမ်းသာကြည်နူးစွာဖြင့်
ကိုငယ်
ကျွန်တော်လည်း ဒီလိုလေးတွေးမိတယ်..။  ထူးထူးခြားခြား ပိတောက်တွေပွင့်တဲ့ အတွက်..
ငုနဲ့ပိတောက် နွေမှာလှိုင်သည်..။ 
စုနဲ့ခွပ်ဒေါင်း သေချာနိုင်ပြီလို့

10 comments:

  1. really nice day

    ReplyDelete
  2. A Very Good Omen for Myanmar, NLD and all our people!

    The God and Mother Nature is cherishing MYANMAR, NLD, Aung San Suu Kyi and all our people.

    ReplyDelete
  3. ပိတောက်တွေကဖူးနေတာကြာပြီ မေ၁ရက်နေ့ကမိုးရွာ လိုက်လို့ပွင့်တာပါကွာ။ သဘာဝကြကြတွေးစမ်းပါ.....

    ReplyDelete
  4. မေ ၁မှာမိုးရွာပေးတာလည်း ထူးတာပေါ့ ငတုံး မျောက်ကျော်ရဲ့

    ReplyDelete
  5. မေ ၂မှာ နာဂစ် ဖြစ်ခဲ့တာမို့လား

    တော်သေးတာပေါ့ ပိတောက်ပဲ ပွင့်သွားတာ

    ReplyDelete
  6. ဦးသကြားMay 5, 2012 at 12:18 AM

    အေးလေ ၂၀၀၈ မေ ၂. တုံး ကတော့ ဝေသာလီပြည် ဘီလူးစီးထားတော့ နာဂစ် ဒုက္ခပေးလိုက်တာပေါ့။
    အခု ဘီလူးလက်ကနေ သဘက်လက်ထဲရောက်ပြီး နတ်ကောင်းနတ်မြတ်တွေက နဲနဲပါးပါး မျက်နှာသာ
    ပေးမလို့ ကြံကာရှိသေး။. ။. ။

    ReplyDelete
  7. နာဂစ်မှတ်တမ်းတင်သူ(ဧရာဝတီအလွမ်းများနဲ့ထွန်းဝေ)May 5, 2012 at 12:51 AM

    နာဂစ် လို့ဆိုလိုက်တာနဲ့ တသက်လုံး မမေ့နိုင်အောင် သတိရနေတာ အများကြီးထဲက တခုလောက်ပြောပြချင်တယ်။ အခု ရန်ကုန်တိုင်းဒေသကြီးရဲ့ ဝန်ကြီးချုပ်ထင်ပါရဲ့၊အဲဒီအချိန်တုံးက ဒုတိယဗိုလ်ချုပ်ကြီးဘဝနဲ့၊အောက်ကလူတွေက ထုံးစံအတိုင်းအဖားလွန်သွားတာလား?တမင်တကာ သမိုင်းမှာ မှတ်မှတ်ရရ အမဲစက်ကလေးခပ်များများ ကျန်ခဲ့အောင်လုပ်ပေးလိုက်တာလားတော့ မသိဘူး၊း နာဂစ် ဒုက္ခသည်တွေအတွက် နိုင်ငံခြားက ပို့ပေးလိုက်တဲ့ အရေးပေါ်အကူအညီ အထုပ်အပိုး
    အပေါ်မှာ စာတကြောင်းကိုရေးပြီးကပ်ထားတယ်။ အဲဒီစာသားကတော့. "ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေမှ
    တဆင့်လှူဒါန်းသည်တဲ့" စဉ်းစားသာကြည့်ကြပါတော့ဗျာ။

    ReplyDelete
  8. ရွာဦးနတ်May 5, 2012 at 4:17 AM

    သူကြီးဘုရား ရွာသားကောင်းမှုပေါ့။

    ReplyDelete
  9. ဘကြီးဖြိုး(နေပြည်တော်)May 5, 2012 at 3:21 PM

    ဟားဟားဟား ရယ်ရတယ်၊ ဒါနဲ့များ ဦးဌေးဦးက ၂၀၁၅အတွက် အောင်နိုင်ရေး မဟာဗျူဟာ ပြောင်းလဲဘို့ ပြည်သူတွေနဲ့တိုက်ရိုက်ထိတွေ့နေတဲ့ အောက်ခြေအကျဆုံး အဖွဲ့ဝင်တွေကိုလဲရမယ်တဲ့၊
    တကယ်လုပ်သင့်တာက ဂျပန်နိုင်ငံမှာလို ကိုယ့်တာဝန်ကိုယ်ယူတဲ့အနေနဲ့ ကြံ့ဖွတ်အဖွဲ့ကနေနှုတ်ထွက် မလား? ဒါမှမဟုတ် သတ်သေမလား?

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။