အသက်(၅)နှစ်အရွယ် မိန်းကလေးအား မုဒိန်းမှု ကျူးလွန်ခဲ့သော ဦးခွေး(ခ)ဦးမြဒင်ကို မော်လမြိုင်ခရိုင် ဒုတိယ တရားသူကြီး ဒေါ်နွယ်နွယ်ရီမှ ငွေရယူပြီး အမှုမှ တရားသေလွတ်ပေးခဲ့။
ချောင်းဆုံမြို့နယ်၊ ရပ်ကွက်(၁)၊ညောင်လမ်းကျေးရွာနေ အသက်(၅)နှစ်အရွယ် မိန်းကလေးငယ် တစ်ယောက်မှာ (၂၇.၅.၂၀၁၁)ရက်နေ့၊ ညနေ(၂)နာရီခွဲလောက်တွင် ရွာထဲတွင် သွားကစားနေစဉ် မိခင်ဖြစ်သူမှ ကျူရှင်သွားပို့ရန် အတွက် (၂)နာရီကတည်း ကရွာထဲတွင် လိုက်ရှာခဲ့ သည်။ ဘယ်နေရာမှ မတွေ့ပေ။ (၂)နာရီခွဲ လောက်အချိန်တွင် ကလေးမှာ ငိုယိုပြီးအိမ်သို့ပြန်လာခဲ့သည်။ ကလေးမိခင်က လျှောက်ကစား နေသည်မှတ်ပြီး ရိုက်ဖို့ချိန်ရာ ကလေးရဲ့ ပေါင်ကြားမှ သွေးများ စီးကျနေသည်ကို တွေ့ရသည်။ ထို့ကြောင့်ကလေးဖခင်က ကလေး ဘာဖြစ်တာလဲ မသိဘူး။ ဆိုပြီး ကလေးဘောင်းဘီကို ချွတ်ကြည့်ရာ ကလေးရဲ့တန်ဆာကွဲနေတာကို တွေ့ရသည်။ ကလေးမှ ဝမ်းသွားချင်တယ်။ ဆီးသွား ချင်တယ်ဆို၍ အိမ်သာတည်တော့ မတက်ဘူး။ ကလေးကို ဘယ်သူ၊ ဘာလုပ်လဲ ဟုမေးရာ နွားအဘိုးကြီး၊ နိုင်ခွေး သမီးကို မချလူးနှင့် ထိုးတယ် ဟုပြောသည်။
အိမ်အပေါ်ထပ်မှ ဖိုးလေးကို ကလေးမိခင်က ဘယ်လိုလုပ်ရမှာလဲဟု မေးရာ ဖိုးလေးကသွား၊ ရဲစခန်း သွားတိုင် ဟုပြောဆို၍ ရွာလွတ်ရဲစခန်းသို့ သွားရာ ကုလားဆိုသူ ရဲသားလေး တစ်ဦးသာ ရှိတယ်။ ကျန်တဲ့သူ တစ်ယောက်မှ မရှိပေ။ ရဲတပ်သားအား အကျိုးအကြောင်းပြောပြရာ တပ်ကြပ်ကြီး သန်းဦးဆီ ဖုန်းဆက်ပေးခဲ့သည်။ ထိုအချိန်တွင်လည်း ကလေးငယ်မှ အခင်းကြီး အခင်းငယ် သွားချင်တယ် ဟုဆိုသဖြင့် အိမ်သာသို့ တင်ပေးခဲ့ပြန်သည်။ ကလေးမှ စပ်တယ်ဟုပြောရာ ကလေးမိခင်မှ ဆေးရုံသွားလျှင် ကောင်းမည်ဟုစဉ်းစားမိကာ ရွာလွတ် ဆေးရုံသို့သွားခဲ့သည်။ အတွင်းရေးမှုး ဦးအေးလွင်မှလိုက်ပို့ပေးခဲ့ပြီး သွားခဲ့ရာ ဆရာဝန်မကြီးက မြို့သွားနေ၍ ထမိန်နီဝတ် ဆရာမတစ်ယောက်မှ အနာကိုကိုင်ပြီး သွေးတိတ်အောင် ဂွမ်းတွေနှင့် လုပ်ပေးခဲ့သည်။
ရွာလွတ်ဥက္ကဌ ဦးကျော်ဟို၊ ညောင်လမ်းဥက္ကဌ ဦးဘတုံး၊ တပ်ကြပ်ကြီးသန်းဦးတို့ ရောက်လာပြီး ကလေးကို ဝိုင်းမေးရာ ကလေးက ယခင်မိခင်ကို ပြောတဲ့စကားများအတိုင်း ပြန်ပြောသည်။ ကလေးလက်ထဲတွင် ပိုက်ဆံ (၅၀) လည်း ပါတယ်။ မုန့်ဝယ်စား၊ နင်တို့အမေကိုပြန်မပြောနဲ့။ ပြောရင် လည်ပင်းညှစ် သတ်မယ်ဟုလည်း ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ပြောပြသည်။ ဆရာဝန်မကြီးမှ လေးနာရီခွဲ၊ ငါးနာရီ ဝန်းကျင်လောက်တွင် ရောက်လာပြီး ကလေး တန်ဆာအား ပြန်ကြည့်သည်။ ဂွမ်းတွေ အသစ်ပြန်လဲပေးသည်။ ဆေးစာအုပ် ရေးပေးပြီး ချောင်းဆုံရဲစခန်းကို လွှတ်လိုက်သည်။ ချောင်းဆုံရဲစခန်းကို အရင်သွားပြီး ရဲမှုးမှကလေးကို စစ်မေးသည်။ ကလေးမှမွန်ဖြစ်သောကြောင့် မွန်စကားပြန် (ရဲမိန်းမ)တစ်ယောက်ကိုခေါ် ပြီး စကားပြန်လုပ်ခိုင်းရသည်။ ရဲမှုးမှ သမီးကို ဘယ်သူလုပ်လဲဟု မေးရာ ဦးခွေး၊ ဦးခွေးကိုပြရင်သိလား ဆိုတော့သိတယ် ဟုဆိုသဖြင့် နာမည်တူ တခြားလူတွေကို ခေါ်ပြရာကလေးက မဟုတ်ဘူးဟု ပြောသည်။ ဦးခွေးကိုခေါ်ပြပြီး သမီးသူ့ကို သိလားဟုမေးရာ ကလေးက အဲ့ဒါဦးခွေးဘဲဟုပြောပြီး တရားခံအား တွေ့သည်နှင့် ကလေးမှာ ငိုယိုသည်။ သူမမျက်နှာကို မိခင် ရင်ဘတ်ထဲအုပ်ပြီး ငိုသည်။
ကလေးမိသားစုကို ချောင်းဆုံဆေးရုံသို့ ပြန်သွားခိုင်းခဲ့သည်။ ဆေးရုံရောက်သောအခါ ကလေးတန်ဆာကို ကြည့်သည်။ ပြီးလျှင် ဂွမ်းပြန်လဲပေးသည်။ စာရွက်တစ်ရွက်ပေးလိုက်သည်။ ညတွင်းချင်းရွာကိုပြန်လာပြီး မော်လမြိုင်ကို ညတွင်းချင်း ပြန်တက်သည်။ ထိုအချိန်တွင်ည(၁၁)နာရီလောက်ရှိနေပြီ။ နာစ်မများက ကလေးကိုရော၊ မိခင်ကိုပါမေးပြီး ကလေးရဲ့တန်ဆာကို ဂွမ်းပြန်လဲပေးပြန်သည်။ ပြီးလျှင်ဆေးသွင်းပြီး ချိတ်ပေးသည်။ ကလေးမှာ အခင်းဖြစ်တဲ့ တစ်နေ့လုံး တစ်နေရာကနေ တစ်နေရာကို လူကြီးများနှင့်အတူ လိုက်သွားနေရပြီး ခဏခဏလည်း အစစ်ဆေး၊ အမေးမြန်းခံနေရ၊ အနာကိုလည်း ဆေးထည့်ထည့်ခံနေရ၊ ဂွမ်းလဲ ခဏခဏ လဲနေရသောကြောင့် နောက်ဆုံးမှာ ကုတင်ပေါ်တွင် မျော့မျော့သာရှိ တော့သည်။ ဆေးရုံမှာ တစ်ညအိပ်လိုက်ရသည်။
မနက်မိုးလင်းတော့ ဆရာဝန်မကြီးမှ ကလေးရဲ့ အနာကိုချုပ်ပေးသည်။ ဆရာမမှ ဆေးဝယ်ခိုင်း၍ ဆေးဝယ် ထည့်ပေးရသည်။ ပြီးလျှင် လှုမှုရေးအဖွဲ့ အစည်းများသို့ သို့တိုင်ကြားခဲ့သည်။ လှုမှုရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးခဲ့သည်။ ကလေးရဲ့ ရုံးချိန်းစားရိတ်နှင့် ဆေးဝယ်စရိတ်များကိုလည်း ပံ့ပိုးပေးခဲ့သည်။ အမှုကို မော်လမြိုင်ခရိုင် တရားရုံးမှစစ်သည်။ ကလေးမိခင်နှင့်ဖခင်မှာ ရုံးချိန်းများကိုလည်း မပျက်မကွက် သွားရောက်ခဲ့ကြသည်။ သက်သေများကိုလည်း တရားရုံးမှ ခေါ်ခိုင်းသည့်အတိုင်း အတိအကျ လိုက်နာခဲ့သည်။
အမှုကို (၁၁.၄.၂၀၁၂) ရက်နေ့က အမိန့်ချမှတ်ခဲ့ရာ တရားခံမှာ အမှုမှ ကွင်းလုံးကျွတ်လွတ်သွားခဲ့သည်။ ထို့ကြောင့် အမှုမှန် ပေါ်ပေါက်ရန်နှင့် ကျူးလွန်ခံရသော ကလေးဘက်မှ အမှန်တရားအတိုင်း ဖြစ်ပေါ်စေရန် အတွက် ဝိုင်းဝန်းကူညီ အမှုမှန်ဖော်ထုတ်ပေးပါရန် လေးစားစွာဖြင့် အကူအညီ တောင်းခံ အပ်ပါသည်။
ခိုင်လုံသော သတင်းရပ်ကွက်အရ တရားခံဘက်မှ တရားသူကြီးအား ငွေသိန်း(၄၀) ပေးသောကြောင့် အမှုမှ ကွင်းလုံးကျွတ် လွတ်ပေးခဲ့သည်ဟု သိရသည်။ ကျေးရွာအုပ်ချုပ်ရေးမှူးသည် တရားခံ၏ သမီးနှင့် ချဲဒိုင် လောင်းကစားလုပ်ငန်းကို အတူတကွ လုပ်ဆောင်နေသောကြောင့် တရားခံဘက်မှ လိုက်ပါပြီး အမှုမှန် မပေါ်အောင် သက်သေအတုများကို လုပ်ကြံ ဖန်တီးပေးခဲ့ပါသည်။
ခိုင်လုံသော သတင်းရပ်ကွက်အရ တရားခံဘက်မှ တရားသူကြီးအား ငွေသိန်း(၄၀) ပေးသောကြောင့် အမှုမှ ကွင်းလုံးကျွတ် လွတ်ပေးခဲ့သည်ဟု သိရသည်။ ကျေးရွာအုပ်ချုပ်ရေးမှူးသည် တရားခံ၏ သမီးနှင့် ချဲဒိုင် လောင်းကစားလုပ်ငန်းကို အတူတကွ လုပ်ဆောင်နေသောကြောင့် တရားခံဘက်မှ လိုက်ပါပြီး အမှုမှန် မပေါ်အောင် သက်သေအတုများကို လုပ်ကြံ ဖန်တီးပေးခဲ့ပါသည်။
အထက်ပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဝိုင်းဝန်းကူညီ အမှုမှန်ဖော်ထုတ်ပေးပါရန်
လေးစားစွာဖြင့် အကူအညီ တောင်းခံအပ်ပါသည်။

တရားသူကြီးဆီမှာ သမီးတွေ တူမတွေမရှိဘူးထင်ပါရဲ့
ReplyDeleteဘယ်လိုတရားသူကြီးလဲကွာ...မေးလိုက်ချင်တယ် တက်လို့လုပ်နေတာလား ငက်လို့လုပ်နေတာလား လို့ .. ဒီအမှု ဟာ မုဒိန်းမှု မြောက်တယ်.. ချိန်းခြောက်မှုမြောက်တယ် .. အရွယ်မရောက်သေးသော အသက်မပြည့်သေးသော ကလေးငယ်အား ဖြားယောင်းသွေးဆောင်ပြီး ကာမရယူမှုတွေပါ မြောက်နေတာတာတောင် .. ဘာတဲ့ အမှုမှ ကွင်းလုံးကျွတ်လွတ်စေတဲ့... သူလို တရားသူကြီးမျိုးမပြောနဲ့.. ၆ တန်းကလေးမေးရင်တောင် ဘယ်လို ပြစ်ဒဏ်မျိုးမြောက်တယ်.. ပေးလို့ရတယ် ဆိုတာ သိတယ်... တော်တော် အကျင့်ပျက် အဂတိလိုက်စားတဲ့ တရားသူကြီး မိုးကြိုးပစ်။ စီးပွားပျက် ။ သူ့သားသမီးတွေလည်း အဲလို မျိုးဖြစ်ပါစေဗျာ....
ReplyDeleteမြန်မာ နိုင်ငံ ရဲ့ တရားစီ ရင် ရေး စံနစ် ဟာ အလွန် ဆိုးရွား တဲ့ အခြေ အနေ ရောက် နေ ပါ ပြီ။ အစိုးရ သစ် အနေ နဲ့ အမြန် ပြုပြင် ပြောင်း လွဲ အောင် လုပ် ဆောင် ဖို့ လို အပ် နေ ပါ တယ်။ ဒီ လိုမတရား သူကြီး တွေ ကို ရာထူး က ဖယ်ရှား ပစ် ရုံ မဟုတ် ပဲ ထိထိ ရောက် ရောက် ပြစ် ဒါဏ် ပေး သင့် ပါ တယ်။
ReplyDeleteဒီအမူကကွင်းလုံးကျွတ်လွတ်စေဆိုတော့ ဆေးထည့်ပေးတဲ့နပ်စ်မနဲ့ဆရာဝန်တွေ ဆေးရုံအုပ်တွေကသေကုန်ပြီလား ဘာမှနားမလည်သေးတဲ့ကျောင်းတောင်မတက်ရသေးတဲ့ကလေးလေးက ဒီလိုကိစ္စမျိုးကို လိမ်ညာပြီးပြောတက်မလား အဲဒီတရားသူကြီးမသာအဲလိုခံရရင်အမှုမဖွင့်ဘူးလား မဖွင့်ဘူးဆိုရင်သူကပိုက်ဆံယူပြီးအဲလိုလုပ်စားနေကျပေါ့..ပညာသင်ပြီးလူ့အသိလေးတော့သိဦးမှပေါ့..ကိုယ်လုပ်နေတဲ့အလုပ်ကဘာအလုပ်လဲဆိုတာ..သူ့ရဲ့သမီးတွေမြေးတွေအဲလိုမဖြစ်ပါစေနဲ့လို့ဆုတောင်းပေးတယ် ..သိပ်တော့မထင်ဘူးလေဖြစ်ခဲ့ရင်လည်းသူကပိုက်ဆံယူပြီးငြိမ်နေမဲ့ပုံစံ
ReplyDeletehi guys, i dont mean to fight against u. but please be aware that the case is medically proven that the rapist is not him. if u wanna say sth, pls be sure that u all
ReplyDeleteknow the truth & have proofs. in my opinion, a case like this cannot be cheated. all are done under legal procedures & medical examination. jus wanna let u guys know. thnx.
အဲလို ကောင်တွေ လူ့ လောက ကြီးက အသက်ရှင်ရက်နဲ့ လက်ခံထားတာ အံ့သြ ဘို့ ကောင်းလိုက်တာ တရားသူကြီးမ ဆိုတဲ့ ကောင်မကြီးကော လုပ်တဲ့ ခွေးမသားကြိးကောပေါ့
ReplyDeleteစိတ်ပိန်ဒယ်။လူသားတိုင်းလူသားစိတ်ရှိကြပါစေဟုသာဆုတောင်းလိုက်ရပါ၏။
ReplyDeleteဒီလို လူမျိုးတိုင်းကို ထောင်ချလည်း ပြန်ထွက်လာရင် လုပ်ဦးမှာပဲလေ
ReplyDeleteဒီတော့ ရပ်ကွက် က ပဲ ၊ လူ မသိသူမသိ ဆုံးမပြီး
ဘ၀ တပါးပြောင်းခိုင်းတာ အသင့်တော် ဆုံးပဲ
ငါးနှစ် ဆိုတဲ့ အရွယ်ဟာ လူဖြစ်ကာစ လေးပါ
ရင်နာ ဘို့ ကောင်းပါတယ်
မြန်မာပြည်ကြီးကဘာလဲ.ဒီလိုကိစ္စမျိုးတွေတခါမှအဆုံးသက်သွားတယ်ဆိုတာမကြားခဲရဘူးနော်...
ReplyDeleteIf u don't mind,I wanna read the complete judgement.I'm interested this judgement.u post the only last page,not complete.so........
ReplyDeleteIf u don't mind,I wanna read the complete judgement.I'm interested this judgement.u post the only last page,not complete.so........
ReplyDeleteအစိလေး say:
ReplyDeleteဘယ်လိုတရားသူကြီးလဲကွ ဒီခလေးခုမှလူဖြစ်ကာစပဲရှိသေးတာ.. အဲလိုနေရာမျိုးမှာ
သူ့သမီး သာဆိုဘယ်လိုလုပ်မလဲ အဲလိုပဲလုပ်မှာလား
မေးကြည့်ချင်တယ်....စောက်သုံးမကျတဲ့ တရားသူ
ကြီးပဲ
အစိလေး say:
ReplyDeleteဘယ်လိုတရားသူကြီးလဲကွ ဒီခလေးခုမှလူဖြစ်ကာစပဲရှိသေးတာ.. အဲလိုနေရာမျိုးမှာ
သူ့သမီး သာဆိုဘယ်လိုလုပ်မလဲ အဲလိုပဲလုပ်မှာလား
မေးကြည့်ချင်တယ်....စောက်သုံးမကျတဲ့ တရားသူ
ကြီးပဲ
အစိလေး say:
ReplyDeleteဘယ်လိုတရားသူကြီးလဲကွ ဒီခလေးခုမှလူဖြစ်ကာစပဲရှိသေးတာ.. အဲလိုနေရာမျိုးမှာ
သူ့သမီး သာဆိုဘယ်လိုလုပ်မလဲ အဲလိုပဲလုပ်မှာလား
မေးကြည့်ချင်တယ်....စောက်သုံးမကျတဲ့ တရားသူ
ကြီးပဲ
အမှုကို ဆုံးဖြတ်ရာမှာ မြန်မာနိုင်ငံမည်မျှခေတ်နောက်ကျနေတယ်ဆိုတာကို ထင်ဟပ်ပြနေပါတယ် ။ တရားခံ ကိုမဖေါ်နိုင်သေးခင်မှာ သက်သေခံ ပစ္စည်းတွေကို ဖျက်စီးစေ ဆိုတာ က တရားခံ ခြေရာကို ဖျောက်ပြစ်ရာရောက်နေပါတယ် ။
ReplyDeleteDNA ခေတ်မှာ ဒီအင်အေနဲ့တိုက်ဆိုင်စစ်ဆေးလို့ ရနေတာ တရာသူကြီးမ မသိတာလား ။ နိုင်ငံတော်မှာ ဒီလို တိုးတက်တဲ့ နည်းပညာကို မလုပ်ဘူးပြောချင်တာလား ...
ဒီအင်အေ စစ်ဆေးမဲ့ကုန်ကျစရြိတ်ကို ကျနော်တို့တတွေ ၀ိုင်းဝန်းကျခံပါမယ် ။ စစ်ပေးပါလို့ တောင်းဆိုပါတယ်
လှိုင်မြင့်
ဘယ်လိုတရားသူကြီးလဲကွာ
ReplyDeleteဒီတိုင်းပြည်မှာ ဥပဒေ ဆိုတာ မရှိတော့ဘူးလား မသိဘူးနော် ၊ ပိုက်ဆံပေးရင် အကုန်လုံး ဖြစ်နေတာလား မသိဘူးနော်၊ ဒါဆိုလည်း ကျွန်တော်လည်း နိုင်ငံတော် သမ္မတ ရာထူး လိုချင်လို့ ပိုက်ဆံ ဘယ်လောက်ပေးရမလဲ ခင်ဗျာ ပြောကြပါ ခင်ဗျာ၊ ဒီလို လူမျိုးတွေကို သတ်ကို သတ်ပစ်ရမှာပါ ခင်ဗျာ ၊ အိုက် ရာထူး အတွက် ပိုက်ဆံ ဘယ်လောက်ပေးရမလဲ သိချင်ပါတယ် ခင်ဗျာ၊ တရာသူကြီးများခင်ဗျာ သိရင် ပြောကြပါ။
ReplyDeleteအဲ့ဒီတရားသူကြီးမကိုသိန်း(ဂ၀)ပေးပြီးမုဒိန်း
ReplyDeleteကျင့်ကြည့်ရအောင်
ဥပဒေကို လက်တစ်လုံးခြား လုပ်နေတာ သူတို့ ပဲ ... မတရားမှု အရ .. ကွင်းလုံးကျွတ်လွတ်တာ ရှိပါတယ် .. သို့ သော် ယခု အမှုမှာ တရားလိုဖြစ်သူ မိန်းမငယ်မှာ ရာဇသတ်ကြီး ဥပဒေအရ အရွယ်မရောက်သေးသူ မိန်းမငယ်အား ဖြားယောင်းသွေးဆောင်မှု၊အတင်းဓမ္မကျူးလွန်မှု၊အသက်အန္တရာယ်ခြိမ်းခြောက်မှု စသည့် စွဲချက်ပေါင်းများစွာနှင့် ကိုက်ညီနေတာတောင် ဒီတရားသူကြီးမ က ဘာလို့ ကွင်းလုံးကျွတ်လွတ်စေတာလည်း.. စိတ်ဆန္ဒထပ်တူ ဖြစ်သည်ဟု ပြောဆိုရအောင် တရားလို မိန်းမငယ်မှာ ယခု အသက်၅ နှစ်အရွယ်သာရှိသေးသည် ထို့ ကြောင့် ကာမဆန္ဒမနှိုးဆွနိုင်ပေ... တရားလိုသက်သေဖြစ်သော နာ့စ်မများနှင့် ဆရာဝန်မ တို့  ပြောကြားချက်အရ . အလိုမတူ မိန်းမငယ်တန်ဆာထဲသို့ အတင်းထိုးထည့်ခြင်းကြောင့် တန်ဆာအတွင်းအပြင်တွင် ပေါက်ပြဲ ဒဏ်ရာ ရရှိစေခြင်းသည် အနာတရဖြစ်စေမှု အရ တရားစွဲဆိုနိုင်သေးသည်။ ယခု အမှု ကွင်းလုံးကျွတ် လွတ်ပေးခြင်းသည် ဥပဒေကို ပြည်သူအများ နားမလည်နိုင်ဟု ဗြောင်လိမ်ခြင်းပင် ဖြစ်သည်။
ReplyDeleteပြည်ထောင်စုမြန်မာနိုင်ငံ စီရင်ထုံး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၇၅အရ....
ReplyDelete“အသက်(၁၄)နှစ်အောက်၊ မိန်းကလေးတစ်ဦးအား စပ်ယှပ်လျှင်၊ မိန်းကလေးက သဘောတူစေကာမူ ပြစ်မှုမြောက်သည်။ အသက်အရွယ် နုနယ်သဖြင့်၊ အကောင်းအဆိုးကို ခွဲခြားနိုင်သည့် အရွယ်မဟုတ်သည့်အလျောက် မိန်းကလေး၏ သဘောတူခွင့်ပြုသောကြောင့် ကာမစပ်ယှပ်ခြင်းဖြစ်သည်ဟု ထုချေခြင်း မပြုနိုင်ပေ၊
ကိုးကားချက်။ ။ ပြည်ထေင်စုနှင့် မောင်ပြူးပါ (၂) ၁၉၆၅ မြန်မာပြည်စီရင်ထုံး ၄၈၆၊
တရားဥပဒေမရှိတဲ့တိုင်းပြည်မှာသမီးမိန်းခလေးမွေးထားရတာကြောက်စရာကောင်းလိုက်တာ။ခွေးရောတရားသူကြီးမရောလူမှပာုတ်ကြရဲ့လား။ကြားလိုက်ရရင်၅နှစ်/ရနှစ်/၈နှစ်ခလေးတွေကိုကြီးဘဲ။ပိုက်ဆံယူပြီးအဲလိုလုပ်စားနေတဲ့တရားသူကြီးမရောခွေးလူယုတ်မာေ၇ာအရှင်မထားသင့်ဘူး။ပိုယုတ်တာကတရားသူကြီးမဘဲ။ဒီလိုအမှုမျိုးကိုစောက်ရှက်မရှိလဘ်စားရဲတယ်။တရားဥပဒေမရှိမှတော့ကိုယ်နည်းကိုယ့်ပာန်နဲ့ဘဲပညာပေးကြပါ။၂ယောက်စလုံးကို။နောက်နောင်ဒီလိုဘယ်သူမှမလုပ်ရဲအောင်စံပြအနေနဲ့လဘ်စားတဲ့လူကိုရောခွေးကျင့်ခွေးကြံကြံတဲ့ခွေးကိုရော။ခလေးလေးေ၇ာခလေးအမေရောဘယ်လောက်တောင်ခံစားကြရမလဲမသိဘူး။ကြားရတာရင်နာလွန်းလို့။
ReplyDeleteတရားခံ ကို ချက်ချင်းအရေးယူပြီး တရားသူကြီးမကို မြန်မာပြည်မှာ မထားပဲ ကိုကိုး ကျွန်းလိုမျိုး နယ်နှင်ထားပါ ဒီလိုအစိုးရအလုပ်ကိုမလုပ်ပါစေနဲ့ အဆင့်မရှိတဲ့ တရားသူကြီးမှန်သမျှ ခြေမှုန်းပစ်ကြပါ
ReplyDeleteကျင့်တဲ့ကောင် ရဲ့ မြေး သမီး တူမရယ် တရားသူကြီး ရဲ့ တူမ သမီး တွေ ကို ကျင့်ပြီး သိန်း ၁၀၀ ပေးမယ် ok မလား
Delete