ပြည်သူတို့ကား ကျောက်ခေတ်ဂူနေလူများပမာ မီးတုတ်များကို ထွန်းညှိပြီး နေရမလို ဖြစ်နေလေပြီ။ သယံဇာတ ရေနံ၊ သဘာဝဓါတ်ငွေ့သိုက်ကြီးများ ပေါများလှသော ရွှေနိုင်ငံသားတို့မှာ လျှပ်စစ်မီး မရှိသော အမှောင်ကမ္ဘာထဲမှာ စမ်းတ၀ါးဝါး လမ်းမှားပြီး ချေက်ကမ်းပါးကျမည့်ကိန်းဆိုက်နေသည်မှာ စစ်အာဏာရှင်တို့၏ ဂုတ်သွေးစုတ် အမြတ်ထုတ်ပြီး ပြည်သူကို လူသားများလို့ အသိအမှတ်မပြု သူတို့ပြုသမျှ နုရမည့် ၀က်သတ္တ၀ါများပမာ သဘောထားနေခြင်းကြောင့်ဖြစ်ပေသည်။ ပြည်သူတို့ကား ပူလောင်လှသော နွေရာသီဝယ် မီးမရှိ ရေငတ်သည့်ဒဏ်ကိုပါ တပြိုင်နက်ခံစားနေရသည်မှာ အရှင်လတ်လတ် စစ်ကျွန်ငရဲကြီးမှာ ပြိတ္တာများပမာ ဖြစ်နေကြပေသည်။ အပူလှိုင်းကြီးများ ကျသည့်နှစ်ကလဲ မီးပျက် ရေပြတ်ဖြစ်ပြီး မသေသင့်သော အသက်တို့ သေကျေဆုံးရှုံးခဲ့၇ပြီးလေပြီ။ စစ်အာဏာရှုင်တို့ကား ပြည်သူတို့လိုအပ်ချက်ကို ဖြည့်ဆည်း မပေးနိုင်သော်လည်း ပြည်သူကို လက်နက်ဖြင့် ပစ်ခတ်ဖြိုခွဲရာမှာ လက်မနှေးခဲ့ကြပေ။ သူတို့စံပျော်ရာ နေပြည်တော်သာမက မြို့တိုင်းရှိ အာဏာရှင်တို့နေထိုင်ရာ အိမ်ဂေဟာကြီးများ။ ရုံးကြီးများကို လျှပ်စစ်မီးများ ထိန်ထိန်ညီးနေအောင် အလှဆင်ထားသည်မှာ ပြည်သူကို တမင်တကာ အရွဲ့တိုက်နေသလားဟုပင် ထင်မိကြောင်းပါ။ စစ်အာဏာရှုင်တို့ကား ဒီမိုကရေစီသို့ သွားနေပါသည်ဆိုသော်လည်း လူသားတို့၏ အခြေခံအခွင့်အရေးဖြစ်သော လွတ်လပ် ဆန္ဒထုတ်ဖော်ခွင့်ကိုပင် ဥပဒေအတည်ပြုမပေးသေးဘဲ ပြည်သူတို့အား ဆက်လက်ဗိုလ်ကျစိုးမိုးနေသည်ကို သည်းခံ နေကြပါက စစ်ဘိနပ်ကြီးများသည် ကျနှုပ်တို့၏ ကျောပေါ်မှ မည်သည့်အခါမျှ ရုတ်သိမ်းသွားမည်မဟုတ်ဘဲ၊ ထာဝရ စစ်ကျွန်အဖြစ် နွံနစ်နေမည်သာဖြစ်ပါကြောင်း။။
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။
ပြည်သူတို့ကား ကျောက်ခေတ်ဂူနေလူများပမာ မီးတုတ်များကို ထွန်းညှိပြီး နေရမလို ဖြစ်နေလေပြီ။
ReplyDeleteသယံဇာတ ရေနံ၊ သဘာဝဓါတ်ငွေ့သိုက်ကြီးများ ပေါများလှသော ရွှေနိုင်ငံသားတို့မှာ လျှပ်စစ်မီး မရှိသော အမှောင်ကမ္ဘာထဲမှာ စမ်းတ၀ါးဝါး လမ်းမှားပြီး ချေက်ကမ်းပါးကျမည့်ကိန်းဆိုက်နေသည်
မှာ စစ်အာဏာရှင်တို့၏ ဂုတ်သွေးစုတ် အမြတ်ထုတ်ပြီး ပြည်သူကို လူသားများလို့ အသိအမှတ်မပြု သူတို့ပြုသမျှ နုရမည့် ၀က်သတ္တ၀ါများပမာ သဘောထားနေခြင်းကြောင့်ဖြစ်ပေသည်။
ပြည်သူတို့ကား ပူလောင်လှသော နွေရာသီဝယ် မီးမရှိ ရေငတ်သည့်ဒဏ်ကိုပါ တပြိုင်နက်ခံစားနေရသည်မှာ အရှင်လတ်လတ် စစ်ကျွန်ငရဲကြီးမှာ ပြိတ္တာများပမာ ဖြစ်နေကြပေသည်။
အပူလှိုင်းကြီးများ ကျသည့်နှစ်ကလဲ မီးပျက် ရေပြတ်ဖြစ်ပြီး မသေသင့်သော အသက်တို့ သေကျေဆုံးရှုံးခဲ့၇ပြီးလေပြီ။
စစ်အာဏာရှုင်တို့ကား ပြည်သူတို့လိုအပ်ချက်ကို ဖြည့်ဆည်း မပေးနိုင်သော်လည်း ပြည်သူကို လက်နက်ဖြင့် ပစ်ခတ်ဖြိုခွဲရာမှာ လက်မနှေးခဲ့ကြပေ။
သူတို့စံပျော်ရာ နေပြည်တော်သာမက မြို့တိုင်းရှိ အာဏာရှင်တို့နေထိုင်ရာ အိမ်ဂေဟာကြီးများ။ ရုံးကြီးများကို လျှပ်စစ်မီးများ ထိန်ထိန်ညီးနေအောင် အလှဆင်ထားသည်မှာ ပြည်သူကို တမင်တကာ အရွဲ့တိုက်နေသလားဟုပင် ထင်မိကြောင်းပါ။
စစ်အာဏာရှုင်တို့ကား ဒီမိုကရေစီသို့ သွားနေပါသည်ဆိုသော်လည်း လူသားတို့၏ အခြေခံအခွင့်အရေးဖြစ်သော လွတ်လပ် ဆန္ဒထုတ်ဖော်ခွင့်ကိုပင် ဥပဒေအတည်ပြုမပေးသေးဘဲ ပြည်သူတို့အား ဆက်လက်ဗိုလ်ကျစိုးမိုးနေသည်ကို သည်းခံ နေကြပါက စစ်ဘိနပ်ကြီးများသည် ကျနှုပ်တို့၏ ကျောပေါ်မှ မည်သည့်အခါမျှ
ရုတ်သိမ်းသွားမည်မဟုတ်ဘဲ၊ ထာဝရ စစ်ကျွန်အဖြစ် နွံနစ်နေမည်သာဖြစ်ပါကြောင်း။။