လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံ သုဝဏ္ဏဘုမ္မိလေဆိပ်သို့ ရောက်ရှိလာစဉ် ကြိုဆိုနှုတ်ဆက်သူများနှင့် အတူတွေ့ရစဉ်.. (Getty Images & Thai Daily)
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံ သုဝဏ္ဏဘုမ္မိလေဆိပ်သို့ ရောက်ရှိလာစဉ် ကြိုဆိုနှုတ်ဆက်သူများ
(ရုပ်သံ)






Very proud of you, Aunty Su. All the foreigners( Thai) surrounding you has a facial expression of admiration that we could figure out.
ReplyDeleteအကျင့်သီလချို့ယွင်းပျက်စီးသူများသည် လူသူပရိတ်သတ်ထဲသို့ ရဲဝံ့စွာ သွားလာရဲသော သတ္တိမရှိဟု ရှင်တော်ဘုရားဟောတော်မူခဲ့၏။
ReplyDeleteသမတကြီးဦးသိန်းစိန်သည် ခေတ်ဆိုးခေတ်ပျက်မှ သန့်ရှင်းသော ခေတ်သစ်သို့ပြောင်းရန်ကြိုးစားနေသူ
မှန်ပါသည်။
ငါးပုပ်ကိုထုပ်သောဖက်သည် အပုပ်နံ့စွဲနေပြီး အနံ့ဆိုးပျောက်ပျက်ရန် အချိန်ယူရသည်ဟုလည်း ကျမ်းဂန်မှာ မိန့်ဆိုထားသည်။
ဦးသိန်းစိန်သည် အတိတ်က လူမိုက်ထိပ်သီး ဗိုလ်ချုပ်မှူးကြီးနဲ့အနီးကပ်ပေါင်းပြီး ပြည်သူကို နှိပ်စက်ညှဉ်းပန်း၊ ယုံကြည်ချက်ကို အကြမ်းမဖက်ထုတ်ဖော်ခဲ့သော ရဟန်း ရှင်လူတို့ကို နလံမထူနိုင်အောင်ဒုက္ခပေးခဲ့ပေသည်။
ဗိုလ်ချုပ်မှူးကြီးတည်းဟုသော ငါးပုပ်၏ထုပ်ပိုးခြင်းကို ခံခဲ့ရသော သမတကြီးသည် အနံ့ဆိုးများ မပျက်ပြယ်သေးသဖြင့် ဖြူစင်ပြီး ကိုယ်ကျင့်သီလနှင့် ဗြဟ္မစိုရ်တရား လက်ကိုင်ထားသော မွှေးရနံ့ကြွယ် စပယ်ပန်းနှင့်တူသော ဒေါ်စုနှင့်ယှဉ်တွဲပြီး ကမ္ဘာ့ထိပ်သီး စစ်မှန်သော ရွေးကောက်ခံ သမတ ၀န်ကြီးချုပ်တို့ကို မတွေ့ဝံ့သည်မှာ နားလည်ပေးနိုင်သောအရာဖြစ်ပါသည်။
လက်ရှိအစိုးရအတွင်းမှ သွေးစွန်းနေသော၊ ပြည်သူကိုဂုတ်သွေးစုတ်၊ပြည်သူပိုင်ပစ္စည်းကို ယူနီဖောင်းကြီးတွေ၊ တိုက်ပုံ ခေါင်းပေါင်းစကြီးတွေ ၀တ်ပြီး ခိုးဝှက်နေကြခြင်းကား လမ်းပေါ်က ခါးပိုက်နှိုက် အလစ်သုတ်သမားများနှင့် အာဏာရှင်ကြီးများ တစ်တန်းတည်းဟု သတ်မှတ်ရပေမည်။
` ကိုယ်ကျင့်တရားပျက်ပြားပါက မိမိပြုခဲ့သော မကောင်းမှုသည် မိမိနောက်သို့ အရိပ်ပမာ ထက်ချပ်မကွာလိုက်နေပါလိမ့်မည်။
ကိုယ်ကျင့်တရားကောင်းပြီး ဂုဏ်သိက္ခာရှိသော နိုင်ငံကြီးများအသိုင်းအ၀ိုင်းသို့ ၀င်ဆန့်လိုပါက မိမိတို့ သောက်ကျင့်များကို အမြန်ပြင်ရပေါတော့မည်။
တရုတ်၊မြောက်ကိုရီးယားစသော လူမိုက် ဘာသာမဲ့နိုင်ငံများမှ ခေါင်းဆောင်များနဲ့ ဆက်ဆံနေစဉ်ကလို လူသတ်၊ ခေါင်းပုံဖြတ်၊ အလုပ်သမား၊ လယ်သမားကို နှိပ်စက်၊ ရဟန်းသံဃာများကို ညအချိန်ဝင်ဖမ်း၊ ၀မ်းလျားမှောင်ခိုင်းပြီး ခေါင်းကို စစ်ဘိနပ်နဲ့တက်နင်းသော အရိုင်းအစိုင်း ဂျပိုးတေလေတို့၏ အပြုအမူများကို ရပ်တန်းက ရပ်သင့်ပြီဖြစ်ကြောင်း အကျိုးမျှော်ပြီး နှိုးဆော်လိုက်ရပေသည်။