Pages

Wednesday, May 30, 2012

သမ္မတနှစ်ယောက်နဲ့တိုင်းပြည် (ကဗျာရှင် နေရဲနီ)

သမ္မတနှစ်ယောက်နဲ့ တိုင်းပြည်
(ကဗျာရှင် နေရဲနီ)

ကျွန်တော်ရောက်နေတဲ့ တိုင်းပြည်
တိုးတက်လာတာ သိပ်မကြာသေး
နှစ်ပေါင်းနှစ်ဆယ်ကျော် အတွင်းမှာ
ကြိုးစားပမ်းစား ရုန်းကန်လာရတာဆိုတော့
(၄၅ - ၅၀) အထက် လူကြီးပိုင်းတွေ
ပညာကောင်းကောင်း မတတ်ကြရှာ
ဒါပေမဲ့ ခေတ်နဲ့အညီ ရင်ဘောင်တန်းနိုင်ဘို့အတွက်
ကမ္ဘာ့သတင်းတွေကိုတော့ မျက်ခြေမပြတ်လေ့လာတယ်။

ကျွန်တော်နဲ့ အလုပ်အတူ လုပ်တဲ့အဒေါ်ကြိး
အသက်က(၆၅) နှစ် လောက်ရှိမယ်
တိုးတက်တဲ့ နိုင်ငံဆိုပေမဲ့
လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ ဘဝတွေကြားမှာ
အသက်အရွယ် ထောက်ပေမဲ့
သူလည်းဘဲ အလုပ်လုပ်နေရတယ်။

ဒီကနေ့မှာတော့ ထူးထူးခြားခြား
သူက မေးခွန်းတစ်ခု မေးလာတယ်
နင်တို့တိုင်းပြည်မှာ စုကြည်က ဘာလဲ...တဲ့
ဘာဖြစ်လို့လည်းလို့ ပြန်မေးတော့
နင်တို့တိုင်းပြည်ကို နိုင်ငံစုံက ခေါင်းဆောင်တွေလာတယ်
ယူတိန်းစိန်နဲ့ တွေ့တယ်
ပြီးရင်စုကြည်နဲ့တွေ့တယ် နိုင်ငံစုံကလာသမျှ လူအားလုံး
ဒီလိုဘဲတွေ့ကြတယ်
ယူတိန်းစိန်က သမ္မတ
စုကြည်ကကော သမ္မတလား...တဲ့

သူမေးတဲ့မေးခွန်း နားလည်ပေမဲ့
သူနားလည်နိုင် လောက်အောင် ပြန်ရှင်းပြဘို့ရာ
ဘာသာစကား အခက်အခဲရှိလေတော့
သူ့အမေးကို ရယ်ကျဲကျဲနဲ့ဘဲ
နေလိုက်ရကြောင်းပါခင်ဗျာ။

နေရဲနီ

မှတ်ချက်။ ကျွန်တော်ရောက်နေတဲ့ တိုင်းပြည်မှာတော့ သမ္မတ ဦးသိန်းစိန်(U Thein Sein)ကို အင်္ဂလိပ်စာ အသံထွက်အတိုင်း ယူတိန်းစိန် ဦးသန့် (U Thant) ကို ယူတန့် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ အဖျားဆွတ်ပြီး စုကြည်လို့ ခေါ်ကြပါတယ်။

ဓာတ်ပုံ.. Reuters

2 comments:

  1. Actually right, there are 2 presidents in our country. One was officially elected by people in 1990 and the other was cheatingly elected in 2010.
    So all the guests had to meet these 2 different presidents of our country.

    ReplyDelete
  2. Now, Myanmar people could be proud of our real people's leader Amay Su.

    Every country of the whole world would like to invite and visit Amay Su to their country.

    our leader is brilliant and no one can like her ability and sacrifice for the people.

    long life Amay Su.

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။