Pages

Thursday, May 31, 2012

ထိုင်းသတင်းဋ္ဌာနများမှ ထုတ်လွှင့်သွားတဲ့ ယနေ့မဟာချိုင်ရောက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကြိုဆိုကြသူ ပြည်သူများ မြင်ကွင်း (ရုပ်သံ)

ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဇစ်ဝိဇ္ဇာမှ တည်းခိုရာဟိုတယ်၌ လာရောက်တွေ့စုံစဉ်..
မဟာချိုင်မှ ယနေ့ကြိုဆိုနေကြတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ..နဲ့ လုံခြုံရေး  ဆောင်ရွက်ပေးနေတဲ့ ထိုင်းလုံခြုံရေးများ..
ယနေ့ ထိုင်းသတင်း ဋ္ဌာနတွေက တအံ့တသြ ထုတ်လွှင့်သွားတဲ့ မဟာချိုင်ရောက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မဟာချိုင်မှ ရွှေ့ပြောင်းအလုပ်သမား ပြည်သူများရဲ့ မြင်ကွင်းပါ...။ ထိုင်းလုံခြုံရေးရဲ ၄၀၀ကျော် ချထားခဲ့ပါတယ်...။ မြန်မာပြည်သူတွေကတော့ မြင်ရတဲ့ အတိုင်းကြိတ်ကြိတ်တိုး ဝက်ဝက်ကွဲပေါ့...။ ပြည်ပရုပ်သံ သတင်းတွေမှာ အဆိုပါသတင်းဟာ ယနေ့ အထူးထုတ်လွှင့်ရတဲ့ သတင်းတစ်ခု ဖြစ်ပေမယ့် မြန်မာပြည်မှ ပြည်တွင်း သတင်းတွေမှာတော့ ဗလာနတ္ထိပါ..။

ထိုင်းသတင်းရုပ်သံတွေက တအံ့တသြ ထုတ်လွှင့်နေရတဲ့ ယနေ့ မဟာချိုင်မှ လူထုခေါင်းဆောင်နဲ့ ရွှေမြန်မာများ (ရုပ်သံ)

ယနေ့ တို့ခေါင်းဆောင်၊ တို့ပြည်သူနဲ့ လုံခြုံရေး ဆောင်ရွက်ပေးတဲ့ ထိုင်းလုံခြုံရေးရဲတွေရဲ့ ဟန်ချက်ညီညီ (မြင်ကွင်း ရုပ်သံ)

ဒါကတော့ ရိုက်တာ သတင်းရုပ်သံပါ..
ဓာတ်ပုံ AP,Getty Images, Thai Daily

4 comments:

  1. ကျုပ်တို့အမေရဲ့ခရီးစဉ်အတွက်ဝမ်းသာလွန်းလို့..
    ဘယ်လိုအကောင်းဆုံးစိတ်အချမ်းသာဆုံးစကားလုံးတွေ
    နဲ့ပြောရမှန်းတောင်မသိတော့ပါဘူး..
    အခြာတိုင်းပြည်တွေကိုလာခဲ့ရင်လဲ.အဲ့ဒီမှာရှိတဲ့
    ညီအကိုမောင်နှမတွေ.ဒီလိုပဲ ညီစေနော်..

    ReplyDelete
  2. ကမ္ဘာ့အဖိနှိပ်ခံလူသားတို့၏ စံပြမီးရှူးတန်ဆောင် မြန်မာစစ်အာဏာရှင် အဆက်ဆက်တို့၏ စစ်ဘိနပ်အောက်မှာ ပြားပြားဝပ်နေခဲ့ကြရသော ပြည်သူတို့၏ အားထားကိုးကွယ်ရာ အမေဒေါ်အောင်ဆန်းစုကြည်ကား ပြည်တွင်းမှာလဲ ၀က်ဝက်ကွဲ၊ ပြည်ပမှာလဲ ခြိမ့်ခြိမ့်သဲ ကြိုဆိုသူ၊ ကောင်းချီးပေးသူ၊ ဆုတောင်းမေတ္တာပို့သူတို့၏ အုန်းအုန်းကြွက်ကြွက် တိုးဝှေ့နေမှုကြောင့် လုံခြုံရေးများက သူမ သွားလိုရာ သွားနိုင်အောင် ခက်ခဲစွာ ကြိုးစားဆောင်ရွက်ပေးနေကြရပေသည်။
    မေတ္တာ၊ ကရုဏာတရားကို လက်ကိုင်မထား မိမိလက်ထဲက ရာထူးအာဏာ၊ လက်နက်ကိုသာ အားကိုးစွဲကိုင်ထားပြီး ပြည်သူကို ဖိနှိပ်ချုပ်ချယ် အနိင်ကျင့်သူတို့ကား လက်နက်မရှိသည်နှင့် မည်သူကမျှ မရိုသေ။
    လူမသေမီက နာမည်သေပြီး၊ သမိုင်းစာမျက်နှာပေါ်က ပျောက်ပျက်လွင့်စင် သွားကြရပေသည်။
    သူတို့ ခိုးဝှက်ထားသော စည်းစိမ်ဥစ္စာများက သူတို့ကို နာမည်ဂုဏ်သတင်း မွှေပျံ့အောင် မစွမ်းဆောင်နိုင်သည့်အပြင် သေသည်အထိ အတိတ်က အရိပ်မဲကြိးများက သူတို့ကို ခြိမ်းချောက်နေပေသည်။
    ဘုရားရှင်က မကောာင်းမှုသည် ကျူးလွန်သူ၏နောက်သို့ အမြဲတစေ လိုက်ပါနေ၏။ လှည်းဘီးသည် နွာနောက်သို့ ထက်ချပ်မကွာ လိုက်ပါသကဲ့သို့ ဖြစ်ပေ၏ ဟု မိန့်ဆိုချက်သည် ထာဝရမှန်ကန်နေမည်သာဖြစ်ပေသည်။

    ReplyDelete
  3. ထိုင်းရုပ်သံ အစပိုင်း ကြိုနေပုံ က ရုတ်ရုတ်သဲသဲနဲ့ဗျာ
    ကြည့်ရသူတွေ အထင်သေးကုန်ကြပါအုံးမယ်
    သတင်းသမားနဲ့ လူတွေ စည်းကမ်းလေးတော့ ရှိစေချင်တယ်
    နေရာကြည့်ရတာက ဆင်းရဲသားရပ်ကွက်ပုံစံနဲ့
    မြန်မာတွေ ပြည်တွင်းမှာသာမက ပြည်ပမှာပါ ဆင်းရဲနေပုံပဲ

    ReplyDelete
  4. မြန်မာတွေ ပြည်တွင်းမှာသာမက ပြည်ပမှာပါ ဆင်းရဲနေပုံပဲ) That is right, because of junta..

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။