(နောက်ဆက်တွဲ) (ပေးစာ)
ဟိုတယ် လုပ်ငန်းရှင်တွေရဲံ မကျေနပ်သံတွေလည်း ဖတ်လိုက်ရပါတယ်။ ဟုတ်ပါတယ် သူတို့ပြောသလိုဘဲ၊ အဆိုပါ DDG ကအပြောကောင်းပြီး ၀န်ကြီးကိုတောင် ကျအောင်ပြောနိုင်သဖြင့် ဒု-ညွှန်ချုပ်ရာထူး ရတာ ပူပူနွေးနွေး တစ်လဘဲ ရှိသေးကြောင်း၊ ပြီးခဲ့တဲ့ လက ၀န်ထမ်း PROMOTION ပေးရာမှာလည်း ဟိုတယ်ပါမစ် ထုတ်ပေးသူ ၀န်ကြီးရုံးမှ လ/ထ ညွှန်ကြားရေးမှူးအား ဒု-ညွှန်ကြားရေးမှူးသို့ လည်းကောင်း။ ဦးစီးဌာန ဟိုတယ်လိုင်စင်ဌာနခွဲ မှ လ/ထ ညွှန်ကြားရေးမှူးအား ဒု-ညွှန်ကြားရေးမှူးသို့ လည်းကောင်း၊ အဆိုပါဌာနမှ ပင် ဒု-ညွှန်ကြားရေးမှူး အား ညွှန်ကြားရေးမှူးရာထူးသို့ လည်းကောင်း တိုးပေးခဲ့ကြောင်း ကျန်အရာထမ်း အမှုထမ်များအား ငုတ်တုတ် မေ့နေရပါကြောင်း ဟိုတယ်/ခရီးဝန်ထမ်း အသိုင်အ၀န်းမှသိရှိရပါသည်။
ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ အဖြစ် တာဝန်ပေးအပ်လိုက်သူမှာ ရe်ကုန်တိုင်း STAR အဆင့် စစ်ဆေးရေး တာဝန်ခံဖြစ်ပြီး ရန်ကုန်တိုင်ဦးစီးမှူး အဖြစ် တာဝန်ပေးအပ် လိုက်သူမှာမှာ ရန်ကုန်တိုင်း STAR အဆင့် စစ်ဆေးရေး ဒုတိယတာဝန်ခံ ဖြစ်ကြာင်း သိရှိရပါသည်။ Promotion တွင် ဟိုတယ်ဆိုင်ရာ လုပ်ငန်းများ ကိုင်တွယ် ဆောင်ရွက်နေသူ အရာထမ်း လူနည်းစု (၇)ဦးခန့်သာရာထူး တိုးပေးပြီး ပညာရှင်များ မပါဝင်ကြောင်း။ ဂွင်သမားများသာ ရာထူးရရှိ သွားကြောင်း ဟိုတယ်/ခရီးဝန်ထမ်း အသိုင်အ၀န်းမှသိရှိရပါသည်။
ဝန်ကြိးများအနေဖြင့် နာယက ဂုဏ်(၆)ပါးနှင့် အညီ ကျင်ကြံသင့်ပါကြောင်း အကျိုးမျှော်ပြီး နှိုးဆော် အပ်ပါကြောင်း။
နေပြည်တော်သားဝန်ထမ်းတဦး
အောက်မှာတော့ ဟိုတယ်လုပ်ငန်းရှင် တဦးရဲ့ ရေးသားချက်ပါ။
ဟိုတယ်/ခရီးဝန်ကြီးဌာန က Star သတ်မှတ်တဲ့ စနစ်ကြောင့် ကျွှန်တော်တို့ ဟိုတယ် လုပ်ငန်းရှင်တွေလည်း မသက်သာလှ ပါ International Standard အညီ သတ်မှတ်တယ် ဆိုပြီး ဒု-ညွှန် ချုပ်(ဒုတိယ ဗိုလ်မှူးကြီး ငြိမ်း)ဦးဌေးဝင်း ကပြောဆိုပြီး ရန်ကုန်ရွှေဂုံတိုင် ဟိုတယ်မှာ လာရောက်ပြီး ဇိမ်ခံသွားကြောင်းပါ။ သူအတွက်အားလုံး Free ဧည့်ခံရပါတယ်။ Bank Accountထဲ ကို ၃၀၀၀၀၀ိ/ထည့်ပေးရပါတယ်။ Star ထွက်လာတော့ Two Star ဘဲပေးပါတယ်။ အခြားဟိုတယ်တွေ လည်း အလားတူပါဘဲလာစစ်တဲ့ ရန်ကုန်က ညွှန်မှူး နဲ့ အဖွဲ့ ကိုလည်း အပြည့်အ၀ ဧည့်ခံရပါ တယ်။ Star လာစစ် တာ လား အေးဓါးပြ လာတိုက်တာလား၊ မသိနိုင်တော့ပါ။ International Standard အညီ ဆိုတာဘာတွေဘာလဲ ၊International မှာအဲဒီလို ပေးရပါလို့လား၊Star အကြောင်းပြပြီး အခွင်သာတုံး ဂွင်ဖန်တာမဟုတ်ပါလား။
ဟိုတယ်/ခရီးဝန်ကြီးက သူချမှတ်တဲ့လုပ်ငန်းရည်မှန်းချက်တွေ အကောင်အထည်ဖေါ်ဆောင်ရွက်နှို်င် တယ်ဆိုပြီး ညွှန်ကြားရေးမှူးကနေ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ရာထူးတိုးပေးလိုက်သည်ဟု သိရှိရပြီး ၀န်ကြီးကိုပါ လှည့်ပတ် ပြီး ရာထူးတိုးရေးပါ ဌာနတွင်း ကွက်ကျော်ရိုက် ဂွင်ဖန် သွားသည်ဟု နေပြည်တော် သတင်းရပ်ကွက်မှသိရှိ ရပါကြောင်း။
Star ဆိုင်းဘုတ် လာရောက်ချိတ်ဆွဲခမှာ ဟိုတယ် တခုလျှင် ဦးစီးဌာနသို့ ငွေ၁၀၀၀၀၀ိ/ ပေးသွင်း ရမည်ဟုလည်း ညွှန်ကြားသည်ဟု သိရှိရပါသည်။ Star မရလျှင်လည်း မရ ကြောင်းဆိုင်းဘုတ်ကို လာရောက်ချိတ်ဆွဲမှာဖြစ်ြ့ပီး ချိတ်ဆွဲခမှာဟိုတယ်တခု လျှင် ဦးစီးဌာနသို့ ငွေ ၆၀၀၀၀ိ/ ပေးသွင်းရမည်ဟု လည်းညွှန်ကြားသည်ဟုသိရှိရပါသည်။
Star မရလျှင် မရ ကြောင်းဆိုင်းဘုတ် လာရောက်ချိတ်ဆွဲ ရန်ကော လိုအပ်ပါသလား၊ International မှာရော ဒီလိုပါဘဲလား မိမိအရှက်ခွဲတဲ့ ဆိုင်းဘုတ် ကို ၆၀၀၀၀ိ/ပေးပြီး ချိတ်ရမှာလား International Star သတ်မှတ်ရေးအဖွဲ့ရေ စဉ်းစဉ်းစားစားလည်း လုပ်ကြပါဦး၊ အ၀တ်လျှော်စက် နဲ့ မီဖိုချောင်အသုံး အဆောင်တွေလည်း ပို့လိုက်ပြီးပါပြီ။ ရန်ကုန်က ဦးစီးဌာန ဟိုတယ်စစ်ဆေးရေး အဖွဲ့များ ကိုလည်း အိတ်ထဲထည့်ပေးပြီပါါပြီ။ Star ဆိုင်းဘုတ် လာရောက်ချိတ်ဆွဲခ မှာဟိုတယ်တခုလျှင် ဦးစီးဌာနသို့ ငွေ၁၀၀၀၀၀ိ/ တရားဝင် ထပ်သွင်းရဦးမှာပါလား ခင်ဗျာ။ မိမိအရှက်ခွဲတဲ့ဆိုင်းဘုတ် ကို ၆၀၀၀၀ိ/ပေးပြီး ချိတ်ရမှာလား ခင်ဗျာ။
Star ဆိုင်းဘုတ် လာရောက်ချိတ်ဆွဲခမှာ ဟိုတယ် တခုလျှင် ဦးစီးဌာနသို့ ငွေ၁၀၀၀၀၀ိ/ ပေးသွင်း ရမည်ဟုလည်း ညွှန်ကြားသည်ဟု သိရှိရပါသည်။ Star မရလျှင်လည်း မရ ကြောင်းဆိုင်းဘုတ်ကို လာရောက်ချိတ်ဆွဲမှာဖြစ်ြ့ပီး ချိတ်ဆွဲခမှာဟိုတယ်တခု လျှင် ဦးစီးဌာနသို့ ငွေ ၆၀၀၀၀ိ/ ပေးသွင်းရမည်ဟု လည်းညွှန်ကြားသည်ဟုသိရှိရပါသည်။
Star မရလျှင် မရ ကြောင်းဆိုင်းဘုတ် လာရောက်ချိတ်ဆွဲ ရန်ကော လိုအပ်ပါသလား၊ International မှာရော ဒီလိုပါဘဲလား မိမိအရှက်ခွဲတဲ့ ဆိုင်းဘုတ် ကို ၆၀၀၀၀ိ/ပေးပြီး ချိတ်ရမှာလား International Star သတ်မှတ်ရေးအဖွဲ့ရေ စဉ်းစဉ်းစားစားလည်း လုပ်ကြပါဦး၊ အ၀တ်လျှော်စက် နဲ့ မီဖိုချောင်အသုံး အဆောင်တွေလည်း ပို့လိုက်ပြီးပါပြီ။ ရန်ကုန်က ဦးစီးဌာန ဟိုတယ်စစ်ဆေးရေး အဖွဲ့များ ကိုလည်း အိတ်ထဲထည့်ပေးပြီပါါပြီ။ Star ဆိုင်းဘုတ် လာရောက်ချိတ်ဆွဲခ မှာဟိုတယ်တခုလျှင် ဦးစီးဌာနသို့ ငွေ၁၀၀၀၀၀ိ/ တရားဝင် ထပ်သွင်းရဦးမှာပါလား ခင်ဗျာ။ မိမိအရှက်ခွဲတဲ့ဆိုင်းဘုတ် ကို ၆၀၀၀၀ိ/ပေးပြီး ချိတ်ရမှာလား ခင်ဗျာ။
ဝန်ကြီးရေ မသိတာလား မသိချင်ယောင်ဆောင်နေတာလားခင်ဗျာ။
ဓာတ်ပုံ ဟိုတယ်ဝန်ကြီး ဦးတင့်ဆန်း ပီကင်းအိုလံပစ် ရောက်ရှိစဉ်
ခွင့်သာခိုက်မှာ ဂွင်မရိုက်စေချင်ပါ..
အာဏာရှုင်စနစ်ဆိုတာ ပြည်သူ့ဆီက ဆင်းသက်လာတာ မဟုတ်၊ ထို့ကြောင့် ပြည်သူကို အလုပ်အကျွေးမပြု။
ReplyDeleteအာဏာသည် သေနတ်ပြောင်းဝက ထွက်ပေါ်လာ၏ဆိုတဲ့ ဆောင်ပုဒ်ကို ဗိုလ်နေ၀င်းလက်ထက်က စပြီးကျင့်သုံးလာခဲ့တာ ယနေ့ထိ သေနတ်ရှိသူက ဗိုလ်ကျနေသည်မှာ အရိုင်းအစိုင်း ကမ္ဘာဦးလူသားခေတ်ကနှင့်မထူးလှသေးပေ။
လက်နက်ရှိသူများနဲ့ သူတို့၏ လက်ပါးစေများကား လယ်ကိုလည်း သိမ်း၏၊အလုပ်သမားကိုလဲ ဂုတ်သွေးစုတ်၏။ အလုပ်ရှင်လက်ထဲ အလုပ်သမားတို့ အနှိပ်စက်ခံ ကျွန်သာသာ အခြေအနေရောက်နေမှန်း သိသော်လည်း လက်နက်အားကိုးနဲ့ အလုပ်သမားကို ပစ်ခတ်သတ်ဖြတ်ခဲ့သည်မှာ ၁၉၆၂-ခုနှစ် စစ်တပ်အာဏာသိမ်းပြီးကထဲကပင်ဖြစ်သည်။
လက်နက်ကိုင်ထားနိုင်လျှင် သယံဇာတတွေကို ထင်သလို ထုတ်ေ၇ာင်းနိုင်၏။ စာရင်းအင်းပြစရာမလို။
ပြည်သူပိုင်အဆောက်အဦများ၊ စက်ရုံများကို လင်သေကြွေးပူဈေးနဲ့ လေလံဆွဲနိုင်၏။ ပြည်သူ့ဘဏ္ဍာနဲ့ ဟိုတယ်ကြီးများဆောက်ပြီး ကိုယ်ပိုင်လုပ်နိုင်၏။ လာဘ်ငွေ သိန်းပေါင်းများစွာ ယူပြီး ရာထူးတိုးပေးနိုင်၏။
အတိုက်အခံများကို ဇွတ်အတင်း ဖောက်ခွဲရေးပုဒ်မတပ်ပြီး ဆယ်သက်စာ ထောင်ချနိုင်၏။
သောက်မြင်ကပ်ပုဒ်မများနဲ့
စိတ်ကြိုက်စွဲချက်တင်နိုင်၏။ သံဃာများကို နလံမထူနိုင်အောင် ဖိနှိပ်ရေးပုဒ်မတွေကို သူတို့ သြဇာခံဘုန်းကြီး (၄ရ)ပါးကို လက်မှတ်ထိုး ထုတ်ပြန်ခိုင်းနိုင်၏။
မိမိမွေးရာပါ အခွင့်အရေးအရ ဆန္ဒထုတ်ဖော်သူများကို ၆၂-ခှနှစ်မှ စပြီး စိတ်ကြီုက်ပစ်သတ်ခဲ့၏။ မသေမရှင် လူတွေကို မီးသဂြီုဟ်စက်ထဲ ထည့်၏။ အချို့ကို ပေါ်တာအဖြစ် ရှေ့တန်းပို့ပြီး လက်စတုံးပစ်၏။
ိ ယခု ဒီမိုကရေစီခေတ်တိုင်အောင် ဖမ်းဆီဆဲ၊ နံပါတ်ဒုတ်စာ ကျွေးမြဲ၊ သံဃာများကို စစ်ဘိနပ်အောက် ပြားပြားဝပ်နေအောင် ဖိနှိပ်ဆဲ။ ပြည်သူ့ဘဏ္ဍာများကို သိန်းသောင်းဂဏန်းချီပြီး ၀န်ကြီးဌာနများမှ အလွဲသုံးစားလုပ်နေဆဲံ။ပြည်သူ သန်းချီပြီး တစ်သက်စာ ထိုင်စားနိုင်လောက်သော နိုင်ငံပိုင် ပစ္စည်းများကို ခိုးဝှက်နေသူတို့အား မည်သည့်ဥပဒေနဲ့မျှ အရေးမယူ လွှတ်ထားဆဲ၊ ပ်ြည်သူကား အမှောင်ထုထဲမှာ အစာငတ် ရေပြတ်ဘ၀ဖြင့် အရှင်လတ်လတ်ပြိတ္တာဘုံမှာ ၀ဋ်ခံနေရဆဲ။
သမတကြီးရဲ့ ကောင်းမွန် သန့်ရှင်းသော အစိုးရဟူသော စကားလုံးမှာ နားဝင် ချိုလှသော်လဲ လက်တွေ့ မဟုတ်သော ယုံတမ်းစကားများလားလို့ သံသယများ ပြည်သူများအကြား
တိုးပွါးလာနေကြပါသည်။
(၈၈) အရေးအခင်းကာလ သမတကြီး ဦးမောင်မောင်လို အပျော့ဆွဲ ဆွဲပြီး ပြည်သူကို လှည့်စားတာ မဟုတ်ပါစေကြောင်း ရွှေတိဂုံစေတီတော်မှာ ဆုတောင်းကြပါစို့ ခင်ဗျား။
နေပြည်တော်က ၀န်ကြီးဌာန အတော်များများမှာ အခုလို ဂွင်ရိုက်-ကွက်ကျော်- ကျော်ခွ/နင်းတက်- အဂတိလိုက်စားမှု-ကြီးမားတဲ့ အကျင့်ပျက် ခြစားမှုတွေက အရင်အစိုးရလက်ထက် ကလိုဘဲ- ထူးမခြားနားပါ- တချို့ အကျင့်ပျက်ခြစားမှု - နီးစပ်ရာစားတော်ခေါ်မှု- အီလစ်-လူ့မလိုင်တွေကိုဘဲ ထင်ထင်ပေါ်ပေါ် ဂွင်ချပေးမှု ဂွင်ရိုက်ပေးမှုတွေကို လူကြီးတွေ ကိုယ်တိုင်ကကို လုပ်ပေးနေပါတယ်- တချို့ အကျင့်ပျက် ခြားစားမှုတွေဆိုရင် အခုအစိုးရ လက်ထက် စပ်ကူးမတ်ကူး အသွင်ပြောင်းကာလမှာ အရင်အစိုးရထက်ကို ပိုလို့တောင်ဆိုးနေပါပြီ -အာက်ခြေမှာ ဘာမှ မပြောင်းလဲဘူးဆိုတာ လက်တွေ့ပါ - အခုလို အကျင့်ပျက်ခြားစားမှုတွေ ကို တိုက်ဖျက်မှုတွေကို အခုအတိုင်းဘဲ လက်ပိုက် ကြည့်နေတော့မှာလား- တကယ့်အဖြစ် အပျက်တွေ ပါ- ကြာလေ ကြာလေ ပိုဆိုးလေပါဘဲ- ဒီလို မျိုးတွေကိုဘဲ နေ့တိုင်း မြင်နေ တွေ့နေ ကြားနေရတာ စိတ် လုံးဝ မသက်သာပါဘူး--
ReplyDelete(တိုင်းပြည်အတွက် မနစ်နာစေလိုသူ)(သို့မဟုတ်)
(နေပြည်တော်မှ နိုင်ငံဝန်ထမ်းတစ်ဦး)
ဒီမိုမှ တင်ပြသော သတင်းများ မှန်ကန်သည်ဟု စုံစမ်းသိရှိရပါသည်..
ReplyDeleteပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းသည် ၀န်ကြီးဌာနများတွင် လက်တန်းအမိန့်ညွှန်ကြားချက်များ ထုတ်ပြီး ခိုင်းစေလျှက်ရှိသည်ဟုလည်းသိရပါသည်. ဒုဝန်ကြီး ဦးဌေးအောင်မှာလည်း အမေရိကားက Tourism (Master) ရထားသော်လည်း အင်ဂလိပ်စကားကျွမ်းကျင်သည်မှလွဲပြီး ၀န်ကြီးခိုင်းသမျှ အကုန်လိုက်လုပ်ပေးနေပြီး အထက်လူကြီးများ ငြိုငြင်မှာကို အရမ်းကြောက် လုပ်ငန်းရှင်များနှင့်ဆိုလျှင် သွားဖြဲသောမျက်နှာနှင့် ဆက်ဆံပြောဆိုလျှက်ရှိစေကာမူ အောက်ဝန်ထမ်းကိုတော့ အမြဲ ဖိ ဟောက် မျက်နှာမဲတင်းမာလျှက် အမြဲအသုံးမကျကြောင်းပြောလျှက်ရှိသည်ဟုလည်း သိရပါသည်. ၀န်ကြီးမှ ထင်မြင်ရာ ညွှန်ကြားသမျှကို လိုက်လုပ်ပေးနေသဖြင့် ဟိုတယ်ခရီး ၀န်ကြီးဌာန ဆောင်ရွက်ချက်မှန်သမျှ အောင်မြင်သည်ဟုမရှိသေးပါ.. ပိုက်ဆံရှိလျှင် ဘာမဆိုဖြစ်တယ်ဆိုတဲ့ ၀န်ကြီးနှင့် ခိုင်းသမျှ အကုန်လုပ်ပေးမည့် ဒုဝန်ကြီး နှင့် ဒီလှေဒီရေမှာ ၀န်ကြီးဌာနရပ်တည်ဖို့အရေး ရှေ့ဆက်ရင်လေးမိကြောင်း၊ ဒုသမ္မတ ပြောဆိုခဲ့တဲ့ community based tourism မိန့်ခွန်းပေါ်လစီနှင့်သွေဖီပြီး လုပ်ငန်းရှင်များ အကျိုးဖြစ်ထွန်းစေမည့် ၄င်းကိုယ်တိုင် အကျိုးဖြစ်ထွန်းမည့် လယ်ယာသိမ်းဆည်းရေးလမ်းစဉ်နှင့် ဟိုတယ်ဇုန်အသစ်ဖော်ထုတ်ရေးလမ်းစဉ်ကို အချိန်ရှိသရွေ့ ကြံဆနေသူဖြစ်ကြောင်း၊ အလုပ်ကြိုးစားလုပ်ကိုင်လိုသူ/စိတ်ဓာတ်ကောင်းမွန်သူ/ဌာနတိုးတက်အောင်လုပ်ကိုင်လိုသူများသည် အမြဲ အထင်သေးအမြင်သေးမျက်လုံးများဖြင့်ကြည့်ပြီး အသုံးမကျကြောင်း/အရည်အချင်းမရှိကြောင်းပြောခံရပါများသဖြင့် နှုတ်ထွက်သွားသူ/နှုတ်ထွက်လိုသူများ ဌာနတွင် များပြားလျှက်ရှိပြီး လွန်စွာ စိတ်မကောင်း ဖြစ်လျှက်ရှိသော မိတ်ဆွေဝန်ထမ်းတစ်ဦးမှ ရင်ဖွင့်လာသဖြင့် ကျနော် မျှဝေပေးလိုက်ရခြင်းဖြစ်ပါတယ်....
ဝန်ကြီး ဦးတင့်ဆန်း အချစ်တော် ရာထူးတိုးပေးခံရသူ ဒုညွှန်ချုပ် ဦးဌေးဝင်းရဲ့ တစ်ခန်းရပ်ဇာတ်လမ်းဖြစ်ရပ်မှန် (ရန်ကုန်) က ဒီလိုပါဗျား.....
ReplyDeleteစတားအဆင့်သတ်မှတ်ရန် ရန်ကုန်ရွှေမြို့တော်သို့ ချီတက်ပြီးသကာလ.. ဟိုတယ်တစ်လုံးအား စစ်ဆေးရန်အလာ...
(၁)
မန်နေဂျာ။ ဘာများလိုအပ်သေးလဲအဘဌေးဝင်း
ဌေး+အဖွဲ့။ မလိုပါဘူးကွာ တို့က တာဝန်ရှိလို့ စနစ်တကျလုပ်မှာပါ
မန်နေဂျာ။ ညနေ ဒင်နာစားပါဦးအဘ
ဌေး။ အိုကွာ ဘာမှလုပ်မနေနဲ့ မလိုပါဘူး။
ရေလောက်တိုက်တော်ရောပေါ့..
ဟိုတယ်အား ဟိုဟိုဒီဒီလိုက်ကြည့် မှတ်တမ်းစာအုပ် ဟိုရေးဒီရေးရေး.... ပြီးပြန်။
(၂)
ကလင်လင်...
ဧည့်ကြို။ ဟုတ်ကဲ့ ..... ဟိုတယ်ကပါရှင် ဘာများကူညီပေးရပါမလဲရှင်..
ဌေး။ အေး ဟိုတယ်မန်နေဂျာနဲ့ဖုန်းပြောချင်လို့ ငါ ဟိုတယ်/ခရီးက ဗိုလ်မှူးကြီးဌေးဝင်းပါလို့ပြောလိုက်..
ကြို။ ဟုတ်.. ဟုတ်.. ဟုတ်ကဲ့ပါရှင် ခဏလေးစောင့်ပါရှင်..
...လိုင်းတီးလုံးသံ.....
မန်နေဂျာ။ ဟုတ်ကဲ့ပါအဘ ပြောပါခင်ဗျ
ဌေး။ အေး ဒီည ငါမင်းတို့ဟိုတယ် လာမလို့ကွ..
ဂျာ။ ဟုတ်ကဲ့အဘ ကျနော်ဘာများစီစဉ်ပေးရမလဲ
ဌေး။ အေး မင်းတို့ဆီမှာ မာဆက်ကောင်းကောင်းရှိတယ်ကြားလို့
ဌေး။ ရပါတယ်အဘ... အဘ အတွက် အဆင်ပြေရပါစေမယ်..
ဌေး။ အေးဒါဆို ငါ့အတွက် တစ်ခန်းစီစဉ်ထားပေး ညနေငါလာမှ မင်းနဲ့ပြောစရာရှိတယ် မင်းနဲ့အရင်တွေ့မယ်။။
(၃)
ညနေ ၆း၀၀ ခန့်အချိန် ဦးဌေးဝင်းတစ်ဦးတည်း ဟိုတယ်သို့လာ
ဌေး။ အေးညီလေးရေ.. အေးအေးဆေးဆေး ပြောကြတာပေါ့ကွာ..
မန်နေဂျာ။ ဟုတ်ကဲ့အဘ အခန်းတစ်ခန်းစီစဉ်ထားပါတယ်.. အဘအတွက် အမြည်းကောင်းကောင်းနဲ့ သောက်စရာ ကောင်းကောင်းစီစဉ်ထားပါတယ်ခင်ဗျ
ဌေး။ အေး ကောင်းပါ့ကွာ.. လာင့ါညီသွားမယ်
ဌေး။ ညီလေး ကိုယ်တို့စစ်ဆေးရေးအဖွဲ့မှာ ကိုယ်က တာဝန်အရှိဆုံးလူကွ သိလား.. ဟိုတယ်လိုင်စင် /စတားသတ်မှတ်တာ ကိုယ့်ဌာနကအဓိကကွ သိလား... အားလုံး ကိုယ်ဖြစ်သလို ဖြစ်တယ် .. ကိုယ့်နောက်ကလိုက်လာတဲ့ စစ်ဆေးရေးအဖွဲ့တွေက အလကားအဆင့်တွေပါကွာ .. ရုံးကထည့်ပေးလိုက်တာ .. တောက်တိုမယ်ရ ဟိုဟာမှတ်ဒီဟာမှတ်ဖို့ပေါ့ ....သိလား
မန်နေဂျာ။ ဟုတ်ကဲ့အဘ
ဌေး။ အေး မင်းဟိုတယ်ကို စတားများများ ရဖို့ကိုယ်တာဝန်ယူတယ်.. ကိုယ့်လူကြီးတွေလည်း နည်းနည်းပါးပါး ဂါပေးဖို့ရှိတယ် . မများပါဘူးကွာ သုံးသိန်းထဲပါ.. ကိုယ့်တပည့်တွေကို ဘာမှပေးစရာမလိုဘူးကွသိလား.. အကျင့်ပါတယ် ... ကိုယ့်ကိုယ်ပဲပေး.. ကိုယ်ပြောတဲ့ သုံးသိန်းကို ကိုယ့်ဘဏ်အကောင့်မှာ သွင်းပေးလိုက် ညီလေးဟိုတယ် စတားများများ ရစေရမယ်...
မန်နေဂျာ။ ဟုတ်ကဲ့အဘ ကျေးဇူးတင်ပါတယ် ကျနော် မနက်ဖြန်ပဲသွင်းလိုက်ပါမယ်..
ဌေး။ အေး.. အေး.. မနက်ဖြန် ငါတို့အဖွဲ့လာရင် ဘာမှ မစီစဉ်နဲ့သိလား... အအေးလောက်ဆိုရပြီ ... ဘာလက်ဆောင်မှ ပေးစရာမလိုဘူးနော်...
မန်နေဂျာ။ ဟုတ်ကဲ့ပါအဘ
.....
(၄)
ဌေး။ ရီဝေေ၀ စကားသံလေးလေးနှင့်
ဟေ့ညီလေး ကိုယ်တော့ ရေချိန်ကိုက်သွားပြီကွာ.. မင့်ခလေးမလေးတွေလွှတ်လိုက်တော့ကွာ. ... ကိုယ်လက်တွေကိုက်နေလို့ ... ရုပ်ရည်တော့ သန့်ပလေ့စေကွာနော်....
မန်နေဂျာ။ စိတ်ချအဘ ကျနော်ကလေးတွေက ရုပ်လည်းချော/အနှိပ်လည်းကောင်း အဘ စိတ်ကြိုက်တွေ့သွားစေရမယ်....
ဌေး။ အေး.. လက်တွေ့သိရမှာပေါ့...
....
။။။
ကောင်မလေးများ ၀င်သွားပြီး ခေတ္တအကြာ...
ကျမတို့ကို ဘယ်လိုလူစားများမှတ်နေလို့လည်း ဦးလေး
ကျမတို့ဟိုတယ်က ကောင်းမွန်တဲ့ဝန်ဆောင်မှုပေးနေတာ ဦးလေးထင်သလို အနှိပ်ခန်းက မိန်းမတွေများ မှတ်နေသလား..
...... နင်တို့ကဘာ...
.....
...
ကောင်မလေး (၂) ဦးပြေးထွက်လာ...
သိပ်မကြာ
ဦးဌေးဝင်းထွက်လာ...
(အင်္ကျီချွတ်လျှက်)
စိတ်ညစ်ညစ်ပုံနဲ့ lobby က ဆက်တီမှာ ထိုင်နေ......
ပါးစပ်မှ တီးတိုးအလိုမကျသံ ရေရွတ်လျှက်...
။။။။။
...
ခဏအကြာ မန်နေဂျာရောက်လာ...
မန်နေဂျာ။ အဘ ဘာဖြစ်လို့လဲ
ဌေး။ မင်းကောင်မတွေ ဘာတွေမှန်းမသိဘူး အဆင်မပြေဘူး အကြောကခပ်တင်းတင်းနဲ့ အချိုးမပြေဘူး..
မန်နေဂျာ။ အဘ ဘာဖြစ်လို့လဲ
ဌေး။ မင်းကောင်မတွေက မနူးမနပ်နဲ့..
မန်နေဂျာ သဘောပေါက်သွား..
မန်နေဂျာ။ အဘ ကျနော့်ဟိုတယ်က မာဆက်က တကယ် အနှိပ်သက်သက်ပဲဗျ.. အဘက မထိတရိ သွားလုပ်လို့ဖြစ်မယ်...
ဌေး။ ဘာကွ မင်းက ငါ့ကို ဘယ်လိုလူထင်လို့လဲ
မန်နေဂျာ။ ကန်တော့ အဘ ကျနော် တောင်းပန်ပါတယ်. အဆင်ပြေအောင် လုပ်ပေးပါ့မယ်.. ဒီနေရာကြီးမှ ဘေးလူမြင်ရင်မကောင်းပါဘူးအဘရာ .. ပြန်ဝင်ပါ အဘစိတ်ကျေနပ်အောင် ကျနော် ကောင်မလေးတစ်ယောက်ရှာပေးပါမယ်.. ခဏစောင့်ပါ...
(မန်နေဂျာမှ အတင်းလက်ဆွဲပြီး အခန်းထဲသို့ ဆွဲခေါ်သွား)
မန်နေဂျာမှ ဟန်းဖုန်းဖြင့် ပြင်ပဖုန်းခေါ် အဆင်ပြေဟန်မတူ...
နောက်တစ်လုံးခေါ်ပြန်သည်...
အေးကွာ ဒီမှာ ဘဲကြီးက ရစ်နေလို့ အမြန်ရှာပြီး ဟိုတယ်ခေါ်လာခဲ့ကွာ... လန်းပလေ့စေ... ပိုပေးချင်ပေးရပါစေကွာ .. မြန်မြန်လုပ်နော်..
အေး...
အေး..
.............
နာရီဝက်အကြာ.. ကောင်မလေး လန်းလန်းလေးတစ်ယောက် ဦးဌေးဝင်းအခန်းတွင်းသို့ ဟန်ချီပန်ချီ ကိုယ်ဟန်နွဲ့နွဲ့နှင့် ၀င်သွားလေသတည်း..........................
History of Myanmar`s Army movies have to watch future not far away. Myanmar Junta have many many bad history.
ReplyDeleteHello,
ReplyDeleteOur president
you have to need something action for these worst person. If you do not
make any action they can make other badly case in our country.
with best regard