Pages

Sunday, May 20, 2012

မြိတ်မြို့ လွှတ်တော်အမတ် ယုဇနဦးဋ္ဌေးမြင့်မှ ပြင်ဆင်ပေးမည်ဆိုပြီး မဲဆွယ်စည်းရုံးခဲ့သည့် မြိတ်မြို့လယ်ရှိ ပျက်ဆီးနေသော လမ်းများအား ပြင်ဆင်ပေးပါရန် (တိုင်ကြားစာ)

မြိတ်မြို့လယ်မှ ပျက်ဆီးနေသော လမ်းများအား ပြင်ဆင်ပေးပါရန်..

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ မြို့လယ်ခေါင်ရှိ လမ်းများမှာ မိုးရာသီ မရောက်ခင် ကတည်းက အလွန်ပင် ပျက်စီးမှုများ ကြုံတွေနေရပါသည်။ တစ်ချို့လမ်းများမှာ ချိုင့်ကြီးလွန်းသဖြင့် ယာဉ်မောင်းသူများနှင့် လမ်းသွား လမ်းလာများအတွက် အလွန်ပင် ဒုက္ခရောက်နေကြရပြီး အဆိုပါ ချိုင့်ခွက်များအား ရှောင်ကွင်း သွားနေရသဖြင့် ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်ပွားနေပါသည်။ တိုင်းဒေသကြီး ၀န်ကြီးချုပ် မြိတ်ရောက်စဉ်က  အဆိုပါ လမ်းများအား ဟန်ပြအဖြစ် အနည်းငယ်သာ ပြုပြင်ပြလိုက်ပါသည်။

၎င်းလမ်းများအား မြိတ်မြို့အမတ် ဦးဌေးမြင့်ပိုင် ယုဇနကုမ္ပဏီမှ ပြုပြင်ရန် တာဝန်ယူထားကြောင်း ကြားသိရသော်လည်း ယခုထက်တိုင် ပြုပြင်ခြင်းမရှိပဲ ကျောက်နှင့်သဲများအား ပြုပြင်မည့်အတိုင်း ဟန်ရေးပြအဖြစ် ပုံထားသည်။ ၎င်းဦးဌေးမြင့်သည် ၂၀၁၀ ရွေးကောက်ပွဲ ကာလအတွင်း လမ်းများအား ကောင်းအောင် ပြုပြင်ပေးမည်။ လျှပ်စစ်မီးများအား တယူနစ်(၂၀၀)ကျပ်ဖြင့် ရအောင် လုပ်ပေးမည်ဟု အတုအယောင် ကတိများ အမျိုးမျိုးပေးကာ စည်းရုံးခဲ့ပါသည်။ မြိတ်မြို့၏ ကြံ့ဖွံ့ လွှတ်တော် ကိုယ်စားလှယ်ကြီး များမှလည်း ယခုအခါ ၎င်းလမ်းကိစ္စများအား မိမိနှင့်မဆိုင်သလို ယခင်(မဆလခေတ် ၊စစ်အစိုးရခေတ်)က အတိုင်း ရေငုံနုတ်ပိတ် နေခဲ့ကြပါသည်

သို့ဖြစ်ပါ၍ မြိတ်မြို့လယ်၌ အရုပ်ဆိုး အကျဉ်းတန်  ဖြစ်နေပြီး ချိုင့်များအား ရှောင်ကွင်းသွားရသည့် အတွက်  မလိုလားအပ်သည့် ယာဉ်တိုက်မှုများ မကြာခဏဖြစ်နေသည့်  ပျက်ဆီးနေသော အဆိုပါလမ်းများအား အမြန်ဆုံး ပြုပြင်ပေးပါရန် တင်ပြလိုက်ရပါသည်။

5 comments:

  1. ဒီလိုလူတွေ ပြောတာ ယုံမိသူများ၏ အပြစ်, သာ ဖြစ်ပါသည်။ မကြေနပ်လျှင် နောင် မဲ မထည့်ပါနှင့်။ ပြည်သူ့ဘဏ္ဍာနှင့် မဲဆွဲသွားတာဖြစ်ပီး။ သူပိုင်ငွေ ဘာမှ မရှိပါ။ နိုင်ငံတော်ကို ပေးဆပ်ရန် အကြွေး များစွာရှိပါသည်။

    ReplyDelete
  2. တော်တော်ခက်တယ်

    ReplyDelete
  3. မဆလ၊ တစည၊ ကြံ့ဖွတ် သုံးပါတီ နှိပ်စက်လို့ ဖွတ်ဖွတ်ကျေနေခဲ့ကြပြီး ဖြစ်ပါလျှက် ယုံမှတ်ပြီး ပုံအပ်ကြရင်တော့ တစ်ပြည်လုံး ချောက်ထဲကျပြီးရင်း ထပ်ကျတော့မည်။
    လျှပ်စစ်စီမံကိန်းကြီးများ၊ ရေပေးရေးစီမံကိန်းကြီးများ၊ တာတမံများကို သတင်းစာထဲမှာရေး၊ ဗိုလ်သန်းရွှေနဲ့ လက်ပါးစေတို့က မှန်ပြောင်းကြီးတွေ ကိုင်ပြီး ဟိုကြည့် ဒီကြည့်လုပ်တဲ့ ဓါတ်ပုံကြီးတွေ ထည့်။ ပြည်သူကို လိမ်လာခဲ့တာ ကြာပါပကော။
    ခု နှစ်ပေါင်း(၂၃) နှစ်လဲ ကြာရော သူတို့သာ ချမ်းသာသွားတယ် တိုင်းပြည်မှာ မီးလဲမရ။ ရေလဲ ငတ်၊ ရေကိုတောင်မှ ကိုကျော်သူတို့လို လူမှုရေး အသင်းတွေနဲ့ အဖွဲ့ချု့ပ်က ဗိုလ်ကြီးဟောင်း နေမျိုးဇင်တို့ လှူလို့ သောက်နေရတယ်။
    ဌေးမြင့်ဆိုတာ စစ်တပ်လက်ဝေခံ ခေတ်ပျက်သူဌေးပါ။ မြေယာတွေ အဓမ္မသိမ်းပြီး ချမ်းသာလာတဲ့ ခင်ရွှေနဲ့ အတူတူပါ။

    ReplyDelete
  4. Yes, the country should be ran by good attitude people: Not by opportunists. Burma was ruined by attitude bad people.

    Choose good persons next time. Cant help it now/

    ReplyDelete
  5. ဋ္ဌေးမြင့် ခင်ရွှေ တို့ပြောတာမှ သွားယုံတယ်
    ခင်ဗျားတို့မှတ်ထား ဒီကောင်တွေပါးစပ်က
    မိန်းမရွှင် ဟာထက်တောင် ယုတ်ညံ့သေးတယ်

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။