မနေ့က သမ္မတရုံးအကြံပေးအဖွဲ့ရဲ့ အကြံပေးပုဂ္ဂိုလ် ပြောသွားတာလေးကို အားလုံးသိပြီးဖြစ်ကြမှာပါ...။ နောက်ဆုံး စော်ကားလိုက်တာကတော့ အဲ့ဒီတော့ စေတနာနဲ့ ပြောချင်တာက ကျနော်တို့ကလည်း ဖယောင်းတိုင်တွေကို ကိုယ့်အိမ်မှာ ကိုယ် ထွန်းပြီး မီးလေးပိတ်ထားလိုက်ကြပါ။ အားလုံး အဆင်ပြေသွားပါလိမ့်မယ်။”တဲ့ အထက်ပါ အကြောင်းကို မရေးခင်မှာ တခုပြောလိုတာကတော့ ဦးကိုကိုလှိုင် ပြောတဲ့ ဂျပန်က မီးချွေတာတဲ့ ကိစ္စပါ...။ သဘာဝဘေးအန္တရာယ်ကြောင့် ပိတ်လိုက်ရတဲ့ နျူကလီးယား စက်ရုံတွေအတွက် ထိုစဉ်က မီးခြွေတာဖို့ ဆော်သြခဲ့တာ ဖြစ်သလို ပြည်သူတွေကို အသိပညာပေးပြီး အဓိက မီးခြွေတာခဲ့တာကတော့ အများပြည်သူ အသုံးပြုတဲ့ နေရာတွေ (ဥပမာ ရထားဘူတာရုံနဲ့ တချို့နေရာတွေမှာ ရွေ့လျားစက်လှေကား စက်ကို ပိတ်ထားပြီး လှေကားကိုပဲ အသုံးပြုတာတို့ နောက် အစိုးရရုံးတွေ ကုမ္ပဏီတွေမှာ မလိုအပ်ပဲ မီးကိုအသုံးမပြုတာတို့၊ စီးပွားရေးလုပ်ငန်းတွေမှာ မလိုအပ်ပဲ နီယွန်ဆိုင်းဘုတ်မီးတွေ ခေတ္တအသုံးမပြုတာမျိုး အစရှိတဲ့ Public နေရာတွေမှာ မီးကို ခြွေတာအသုံးပြု ခဲ့ကြတာပါ..။ ဒါတောင် အစပိုင်းမှာ တချို့သော တိုကျိုဧရိယာအတွင်း နေရာတွေမှာ လျှပ်စစ်မီးပြတ်တာ မကြုံဘူးပဲ အတွေ့အကြုံ မရှိတော့ ယာဉ်တိုက်မှုအချို့နဲ့အတူ လူသေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်..။ အဆိုပါ နျူကလီးယား ဓာတ်အားပေး စက်ရုံကြောင့် နစ်နာခဲ့ရတဲ့ ပြည်သူတွေအတွက် လျော်ကြေးတွေ အပြင်ပြည်သူလူထုအားလည်း ထိုင်ရှိခိုးမတတ် တောင်းပန်ခဲ့ကြတာပါ...။
တကောင်းတောင် နီကယ်စီမံကိန်း ကွန်ဗေယာလိုင်း နေ့ဘက်မြင်ကွင်း
ဒါကတော့ တပိုင်းပေါ့...။ ဖယောင်းတိုင်မီး ထွန်းပြီး လျှပ်စစ်မီးချွေတာပါ စော်ကားပြောဆိုနေတဲ့ ဦးကိုကိုလှိုင်အနေနဲ့ အထက် ဓာတ်ပုံပါ တရုတ်နဲ့ ဖက်စပ်ထုတ်လုပ်တဲ့ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့နယ်ခွဲ၊ တကောင်းတောင် တောကြီးမျက်မည်းထဲက နီကယ်သတ္တုရိုင်း ကြိတ်ခွဲစက်ရုံမှ ပို့လွှတ်တဲ့ ကွန်ဗေယာလိုင်း တလျှောက် လျှပ်စစ်မီးတွေ ထိန်ထိန်ညီ အသုံးပြုနေပုံကို မြင်မိကြည့်မိမှာပါ...။ တရုတ်က ဆောက်လုပ်ပေးတဲ့ ရွှေလီ(၁)က ထုတ်လုပ်လိုက်တဲ့ လျှပ်စစ်ဓာတ်အားတွေကို ပြည်တွင်းအတွက် ပြန်လည်ဝယ်ယူရသလို တရုတ်ပြည်သို့လည်း ပို့ဆောင်ပါတယ်..။ ထို့အပြင် ထပ်မံပို့ဆောင်တာကတော့ အထက်ပါ တကောင်းတောင် နီကယ် စီမံကိန်းပါ...။ ထို့အတွက်လည်း ဓာတ်အားလိုင်းများကို အသစ်တဖန် ဆောက်လုပ် ပို့ဆောင်နေတာပါ..။ ဒါအကြောင်းတွေကို ကိုယ့်ပြည်သူတွေကို မထေမဲ့မြင် စော်ကားတဲ့ စကားလုံးတွေ သုံးနှုန်းအသုံးပြုတဲ့ ဦးကိုကိုလှိုင်ဆိုသူ သိပါလေစ။
တောကြီးမျက်မည်းအတွင်းမှ နေ့ဘက်အလား လင်းထိန်နေတဲ့ တကောင်းတောင် နီကယ်စက်ရုံမြင်ကွင်း..
တောကြီးမျက်မည်းအတွင်းမှ နေ့ဘက်အလား လင်းထိန်နေတဲ့ တကောင်းတောင် နီကယ်စက်ရုံမြင်ကွင်း..
အဆိုပါ စက်ရုံဝင်းအတွင်းမှာ နေထိုင်လုပ်ကိုင်နေတဲ့ တရုတ်ဝန်ထမ်း စာရင်းပါ...။ အဆိုပါတရုတ် ဝန်ထမ်းများလည်း မီးချွေတာတဲ့ အနေနဲ့ ဖယောင်းတိုင် ထွန်းပြီး နေခိုင်းဖို့ တိုက်တွန်းပေးစေလိုပါတယ်..။
ယခင် သတင်း ပြန်ဖတ်ချင်ရင် http://www.demowaiyan.org/2012/03/blog-post_3829.htmlအချိန်အခက်ခဲကြောင့် သတင်းများ အပြည့်အစုံရေးသား မဖော်ပြနိုင်သေးတာ ခွင့်လွှတ်ပါ။ ဆက်လက်ရေးသား ဖော်ပြပါမည်...
ဒီမိုဝေယံ










မီးပျက်ကြောင်း ဆန္ဒပြကြောင်း ဖယောင်းတိုင်ထွန်းကြောင်းတွေပဲ ဖတ်နေရတယ်ဗျာ ဖတ်ရတာ စိတ်မသက်သာလှဘူး ကေအိုင်အေအနေနဲ့ အများပြည်သူနဲ့ဆိုင်တဲ့ တာဝါတိုင်တွေ ဆေးရုံ အဆောက်အဦတွေ လိုက်ဖျက်ဆီးနေတာ ပြည်သူတွေပဲနစ်နာရတယ်..သဘောပေါက်ကြပေါ့
ReplyDeleteမီဒီယာများ အားကောင်းမောင်းသန် အစွမ်းထက်နေသော ခေတ်ကြီးမှာ စစ်အာဏာရှင်တို့အနေနဲ့ ဗိုလ်နေ၀င်းခေတ်နှုင့်၊ ဗိုလ်သန်းရွှေခေတ်ကာလများလို ပြည်သူကို လိမ်ညာလို့ မရတော့ပါ။
ReplyDeleteယနေ့ ပြည်သူတို့ဘ၀ အမှောင်ခေတ် အမှောင်တိုက်ထဲမှာ ကျရောက်နေအောင် လုပ်ဆောင်နေသော စစ်အာဏာရှင်တို့သည် တရုတ်နှင့် စစ်ဗိုလ်ချုပ်ကြီးများပိုင်သော တောတွင်းက ဂုတ်သွေးစုတ် နှီကယ်ဖက်စပ် စီမံကိန်းကြီးကို မီးအားတွေ ထိန်လင်းနေအောင် ပေးထားသည်ကို
ငြင်းနိုင်ဦးမည်လော။
ကိုကိုလှိုင် ပြောသလို တောထဲမှာ ဖယောင်းတိုင်နဲ့ ဘာလို့ မနေကြတာလဲ။
မီး ရေ မရလို့ ငြိမ်းချမ်းစွား ဆန္ဒထုတ်ဖော်သူများကို နေ၀င်း သန်ရွှေ စစ်အာဏာရှင် ဖက်ဆစ်ခေတ်ကလို ရိုက်နှက်ပြီး တိရိစ္ဆာန်များကို ကားပေါ်တင်သလို ပစ်တင်ဖမ်းဆီးခြင်းကား ရွှေဝါရောင်တော်လှန်ရေးကြီးအတွင်း တရားမဲ့ ရှိက်နှက်ဖမ်းဆီးမှုများကို ပြန်လည်သတိရစေပေသည်။
သန့်ရှင်းသော အစိုးရဟူသည် ညစ်ပတ် ရိုင်းစိုင်းသော နေ၀င်း သန်းရွှေအမှောင်ခေတ်က အပြုအမူများကို ရပ်ဆိုင်းသင့်ပြီး ပြည်သူအများအတွက် ကိုယ်စိတ် နှစ်ပါး ပျော်ရွှင် အေးချမ်းပြီး သာယာသောဘ၀များကို ဖန်တီးပေးသင့်ပါကြောင်း တင်ပြအပ်ပါသည်။
အပေါ်ဆုံးက လက်ကိုင်တုတ်ရေ KIA လုပ်တာထက် မင်းပထွေးဗိုလ်ချုပ်တွေ ဖျက်ဆီးသွားလို့ တိုင်းပြည်အဖတ် ဆည်မရတာဟ ငပေါရဲ့
ReplyDeleteမပေါ်ဆုံးက ရေးတဲ့ ငတုံးရေ၊ မင်းပထွေးတွေက သူတို့ဘာသာ သူတို့ ဖျက်ပီး ကေအိုင်အေ ကိုလွှဲချတာ မင်းမသိဘူးလားကွ။ မင်းအမေ့လင်တွေ ပြောတိုင်း ယုံနေတဲ့ မင်းလိုကောင်တွေ ရှိနေလို့ ဒီလို ခွေးမသားတွေ လူလည်ကျလို့ ရနေတာ။ ငါတော့ ကေအိုင်အေ လုပ်တယ်လို့ လုံးဝ မထင်ဘူး။
ReplyDeleteအပေါ်ဆုံးကကွန်မန်းရေးတဲ့ ငကြောင် ငတုန်း မင်းလို လက်ကိုင်တုတ်တွေကြောင့် မင်းပထွေးတွေက လူပါးဝနေကြတာ။ မင်းလို မျက်စိကန်း နားကန် နေတဲ့ ကောင်းမို့ မသိတယ်။ လူ ၁၀၀ ကို မေးကြည့် ပြည်တွင်းမှာ ဗုံးခွဲတာ ဘယ်သူလည်း ဆိုတာ ကလေးကအစ အဖိုးအို အဖွားအို အဆုံး လူတိုင်သိတယ်/ တခါလာလည်း သောင်းကျန်းသူတွေ လုပ်တာ နဲ့ အကုန်သာ ငြိမ်းချမ်းရေး ရရင် ဘယ်သူလွှဲချရပါမလည်း တောင်မသိတော့ဘူး။ဒါကြောင့် တဖွဲ့ဖွဲ့ကိုတော့ မဖြစ်မနေ ငြိမ်းချမ်းရေ မလုပ်ပဲ ထားရဦးမယ် ဟုတ်မဟုတ် စောင့်ကြည့်။ မင်းလို လူမျိုး မြန်မာပြည်မှာ ရှိနေတာ တာနာတယ် ။ခွေးလိုသာ အော်သေလိုက်တော့ လူလိုမှမသိတဲ့ကောင်
ReplyDeleteဟုတ်ပါတယ် ဘယ်တုန်းကမှ KIA,KNU,DKBA စသညိ့ အဖွဲ့တွေဟာ အဓိပ္ပာယ်မရှိတာ လုံးဝမလုပ်တာ အားလုံးသိတယ်ခုကြည့်လေ အလုံးငြိမ်းချမ်းရေ ယူထားတော့ ကျန်တဲ့ တဖွဲ့ကို လွှဲချတာလေ အရင်ကဆို DKBA လား KNU လား တဖွဲဖွဲ့ကို လွှဲချမှာ မြင်သေးဗျ...ဟားဟား လိမ်ဆင်ကြီး အသိအသာ မသိတာ မသာ
ReplyDeleteကေအိုအေလုပ်တာ သေချာလောက်ပါတယ်
ReplyDeleteသူတို့ က တစ်ဖက်သတ် အကြမ်းဖက်တာ မြစ်ကြီးနားက ကချင်လူမျိုး သူငယ်ချင်းကိုယ်တိုင် ပြောပြတာပါ။
ဘာပဲဖြစ်ဖြစ် ငါတို့နိုင်ငံကတော့အမြတ်ထုတ်ဂုတ်သွေးစုပ်ခံနေရတာပဲလေ
ReplyDeleteဘာပဲဖြစ်ဖြစ် ငါတို့နိုင်ငံကတော့အမြတ်ထုတ်ဂုတ်သွေးစုပ်ခံနေရတာပဲလေ
ReplyDeleteတရုပ်တွေကိုအမြစ်ကကော်ထုတ်ဖို့အချိန်ကျရောက်နေပြီဆိုတာပြည်သူတွေကိုပြသထားတဲ့အတွက်ရေးတဲ့သူကိုကျေးဇူးတင်ပါတယ်။
ReplyDelete