Pages

Thursday, May 24, 2012

MRTV က ည(၈)နာရီ သတင်းမှာ ဒီလို ကြေငြာသွားပါတယ်တဲ့..

(၂၃)ရက်နေ့ည ရန်ကုန်မြို့မှ ၂၄နာရီ လျှပ်စစ်မီးရရှိရေး ဆုတောင်းပွဲ မြင်ကွင်း (ဓာတ်ပုံ Reuters)

လျှပ်စစ်မီးနဲ့ ပတ်သက်ပြီး ယနေ့ည MRTV ၈နာရီ သတင်းမှာ ကြေငြာသွားတဲ့ သတင်းအား ပေးပို့လာတဲ့ အတွက် ဖော်ပြလိုက်ပါတယ်..။

အဆိုးမြင်တာတော့ မဟုတ်ပါ... ခံရပေါင်းများနေလို့ တကယ် ၂၄နာရီ မီးရတယ်ဆိုမှ ယုံပါတော့မယ်..။ ဖြစ်ချင်တော့ မြို့ (၄)မြို့ကလည်း ခုနာမည်ကြီး မြို့(၄)ခု ဖြစ်နေတယ်လေ..။ တခြားမြို့တွေရောလို့ မေးစရာရှိပါတယ်..။ ကျွန်တော်တို့ ပြည်သူတွေ ခံရပေါင်း များနေလို့ သံသယအကျိုးကို ခံစားခွင့်ရှိတယ်လို့ ယုံကြည်ရင်း  ယုံလား ယုံရင် MRTV ကကြေငြာသွားတဲ့ သတင်းကြေငြာချက်ကို ဖော်ပြလိုက်ပါတယ်...

အများပြည်သူ လျှပ်စစ်မီးရရှိရေးဓာတ်အားပေးစက်များဖြင့် ဓာတ်အားဖြန့်ဖြူးပေးခြင်း သတင်း 

နွေရာသီ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု လျော့နည်းနေချိန်တွင် အများ ပြည်သူများအတွက် ဓာတ်အား ပြတ်တောက်သည့် နေရာများတွင် သောက်သုံးရေရရှိရေးနှင့် ညဘက် မီးရရှိရေးတို့အတွက် လက်ရှိဓာတ်အား ထုတ်လုပ်ဖြန့်ဖြူး ပေးလျှက်ရှိသည့် ဓာတ်အားပေးစက်များအပြင် အောက်ပါ ဓာတ်အားပေးစက်များ ထပ်မံဝယ်ယူ ဖြည့်တင်း၍ တိုးမြှင့်ဖြန့်ဖြူး ပေးလျှက်ရှိပါသည်။
(က) ရန်ကုန်မြို့
(၁) ၅၀၀ KVA - (၄) လုံး (၂၀၀၀ KVA )
(၂) ၃၅၀ KVA - (၁) လုံး ( ၃၅၀ KVA )
(၃) ၃၄၀ KVA - (၂) လုံး ( ၆၈၀ KVA )
(၄) ၃၁၅ KVA - (၁) လုံး ( ၃၁၅ KVA )
(၅) ၂၅၀ KVA - (၁) လုံး ( ၂၅၀ KVA )
(၆) ၁၅၀ KVA - (၂) လုံး ( ၃၀၀ KVA )
စုစုပေါင်း (၁၁)လုံး (၃၉၈၅KVA )

(ခ) မန္တလေးမြို့
(၁) ၅၀၀ KVA - (၄) လုံး (၂၀၀၀ KVA )
(၂) ၃၁၅ KVA - (၁) လုံး ( ၃၁၅ KVA )
(၃) ၃၀၀ KVA - (၁၀) လုံး (၃၀၀၀ KVA )
(၄) ၂၅၀ KVA - (၂) လုံး ( ၅၀၀ KVA )
(၅) ၂၀၀ KVA - (၂) လုံး ( ၄၀၀ KVA )
(၆) ၁၀၀ KVA - (၁) လုံး ( ၁၀၀ KVA )
စုစုပေါင်း (၂၀)လုံး (၆၃၁၅ KVA )

(ဂ) ပြည်မြို့
(၁) ၅၀၀ KVA - (၁) လုံး (၅၀၀ KVA)
(၂) ၁၀၀ KVA - (၂) လုံး (၂၀၀ KVA)
(၃) ၂၀ KVA - (၁) လုံး ( ၂၀ KVA)
(၄) ၁၅ KVA - (၁) လုံး ( ၁၅ KVA)
စုစုပေါင်း (၅)လုံး (၇၃၅KVA)

(ဃ) မုံရွာမြို့
၁၀၀ KVA - (၂) လုံး (၂၀၀ KVA)
ထို့ပြင် အမေရိကန်နိုင်ငံ Caterpillar Co,.Ltd မှ 2 Mw မီးစက် (၆)လုံးကိုလည်း လေယာဉ်ဖြင့် တင်ပို့ရန် စီစဉ်နေပြီး တစ်ပတ်အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပါသည်။ ရောက်ရှိပါက လျှပ်စစ်ဓာတ်အား လိုအပ်သော နေရာများသို့ ဆက်လက်ပေးပို့၍ ဓာတ်အားဖြန့်ဖြူး ပေးသွားမည် ဖြစ်ပါသည်။

ထပ်မံ၍လည်း1 Mw ထွက်ရှိသော ဒီဇယ်ဓာတ်အားပေးစက် (၆)လုံးကိုစင်္ကာပူနိုင်ငံမှ မှာယူ၍ တစ်ပတ်အတွင်း မြန်မာနိုင်ငံအရောက် ပို့ပေးနိုင်ရေး ဆောင်ရွက်လျှက် ရှိပါကြောင်းနှင့် General Electric Co,.Ltdမှလည်း ၂၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သော Gas Turbine (၂)လုံးကို ၀ယ်ယူရေး ဆောင်ရွက်လျှက်ရှိပြီး ၎င်းစက် (၂)လုံးအား အမြန်ဆုံး ရောက်ရှိရေး ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
ဒီလိုဖော်ပြထားပါတယ်..။

၂၀၁၂ ခုနှစ်၊ မေလ (၁၈)ရက်နှင့် (၁၉)ရက်နေ့ များတွင် မိုင်းခွဲဖျက်ဆီး ခံရမှုကြောင့် ပျက်စီးခဲ့သည့် ၂၃၀ ကေဗွီ ရွှေလီ - မန်စံမဟာ ဓာတ်အားလိုင်းရှိ တာဝါတိုင်များအား ပြန်လည် ပြုပြင်ဆောင်ရွက်မှု အခြေအနေ

၁။        အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ မြန်မာ့လျှပ်စစ်ဓာတ်အား လုပ်ငန်းမှ ၂၃၀ ကေဗွီ ရွှေလီ - မန်စံမဟာ ဓာတ်အားလိုင်း တာဝါတိုင်အမှတ် (၇၃)၊ (၂၀၆)၊ (၂၀၇)နှင့် (၂၀၈) တို့အားကချင် လက်နက်ကိုင် သောင်းကျန်းသူများမှ ယခုလ (၁၈)ရက်နှင့် (၁၉)ရက်နေ့များတွင် ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် ဓာတ်အားစနစ်အတွင်း (၂၀၀)မဂ္ဂါဝပ် လျော့နည်း ပြတ်တောက်ခဲ့ပါသည်။

၂။        အဆိုပါ လျှပ်စစ်ဓာတ်အားကိုအမြန်ဆုံး ပြန်လည်ပို့လွှတ်နိုင်ရေး အမှတ်(၂)လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ၀န်ထမ်းများအနေဖြင့် ပြုပြင်ခြင်း လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျှက်ရှိရာ (၂၂-၅-၂၀၁၂) ရက်နေ့တွင် အရာထမ်း (၁၀)ဦး၊ အမှုထမ်း (၁၀၈)ဦးတို့ဖြင့် တာဝါတိုင်အမှတ် (၂၀၆)နှင့် (၂၀၇) တို့အား ဖြန့်ခွဲပြုပြင်ခဲ့ရာ တာဝါတိုင်သို့ ချဉ်းကပ်လမ်းဖောက်ခြင်း၊ ကြိုးထိန်းရန် Stay ကျင်းတူးခြင်း၊ Earth Wire ကြိုး (၂)ချောင်းမြေပြင်တွင် ဖမ်းထိန်းခြင်း၊ တိုင်ဟောင်းမှ ACSR ကြိုးနှင့် Earth Wire ကြိုးဖြုတ်ခြင်းလုပ်ငန်းများ (၁၀၀%)ပြီးစီးအောင် ဆောင်ရွက်ပြီးစီးခဲ့သည့်အပြင် တာဝါတိုင်အမှတ် (၂၀၆)အား တာဝါတိုင်  ဖျက်ခြင်းလုပ်ငန်း (၁၀%)၊ တာဝါတိုင်ဖောင်ဒေးရှင်း မြေတူးခြင်းလုပ်ငန်း (၁၀၀%)၊ တာဝါတိုင်အမှတ် (၂၀၇)အား တာဝါတိုင်  ဖျက်ခြင်းလုပ်ငန်း (၁၀%)၊ တာဝါတိုင် ဖောင်ဒေးရှင်း အဟောင်း ဖျက်သိမ်းခြင်းနှင့် မြေတူးခြင်းလုပ်ငန်း (၇၅%)စုစုပေါင်း လုပ်ငန်းပြီးစီးမှု (၁၀%)အားမိုးသည်းထန်စွာ ရွာသွန်းနေသည့် ကြားမှ ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။

၃။ တာဝါတိုင်အမှတ် (၇၃)အားလည်းအမြန်ဆုံး ပြုပြင်နိုင်ရေးနယ်မြေခံ လုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။
 
အထက်ပါအတိုင်း ပေးပို့လာပါတယ်..။

14 comments:

  1. ၂၀၁၀ ကြံ့ဖွတ်ရွေးကောက်ပွဲကြီးအပြီး ဂက်စ်ပိုင်လိုင်းသွယ်တန်းပြီး သဘာဝဓါတ်ငွေ့သုံး မီးစက်ဖြင့် မီးပေးခဲ့စဉ်က ရန်ကုန်မြို့ ၂၄-နာရီ မီးရရှိခဲ့ပါသည်။
    ယခုအခါ အဆိုပါ အစီအစဉ်ကို ဖျက်သိမ်းခဲ့သောကြောင့် မီးမလာ ရေရှားပြီး ပြည်သူအများ ဒုက္ခပင်လယ်ဝေနေပါသည်။
    လာပြန်ပါပြီ နှစ်(၅၀) စစ်အစိုးရတို့၏ ထုံးစံလိမ်လည်မှုများ။ သူတို့အာဘော် သတင်းစာမှ မမှန်ကန်သော ကိန်းဂဏန်းများ။
    ၂၄-နာရီ မီးအားအပြည့်။ သောက်သုံးရေ လုံလုံလောက်လောက် မရမချင်း ဖယောင်းတိုင်ဆက်ပြီး ထွန်းညှိဆုတောင်းဘို့သာ ရှိပါတော့သည်။

    ReplyDelete
  2. ဖွတ်အစိုးရမင်းတို့၏ လျှပ်စစ်ဌာနကို မေးချင်သည်ကား အဆိုပါ မီးစက်များသည် စစ်တစ်ပိုင်း ဖွတ်အစိုးရမင်းတို့နှင့် လှေခါးရင်းမှာ အရိုးအရင်းဝါးနေကြသည့် ကျေးတော်မျိုး ကျွန်တော်မျိုးတို့၏ အိမ်ဂေဟာများအတွက်လား။ စည်ပင်သာယာကို အပိုင်ကိုင်ထားသော ဘောင်းဘီချွတ် စစ်ဗိုလ်များ ရပ်ရွာသန့်ရှင်းရေး မဆောင်ရွက်လို့ ရေပုပ် ရေဆိုးမြောင်းတွေ ပေါများ၊
    ခြင်တွေက တ၀ီဝီ ပူအိုက်တဲ့ ရာသီမှာ သောက်သုံးရေ မလာလို့ ညဉ့်နက်သန်းခေါင် မအိပ်ဘဲ ရေအလာကို စောင့်နေရသော လူ့ငရဲမှာ ခံနေကြရသော ပြည်သများအတွက်လော။
    မီးပေးပြန်တော့လဲ မီးအားက မပြည့်လို့ စက်တွေ ဖွင့်မရ။ ရုတ်တရက် မီးအားကဆောင့်တက်လာတော့လဲ လျှပ်စစ်ပစ္စည်းတွေ အကုန်ကျွမ်းလို့ တရုတ်လုပ်လျှပ်စစ်ပစ္စည်းအညံ့စားတွေ ၀ယ်ရပြန်။
    မီးပျက်တာက ပြည်သူသာ ထိခိုက်နစ်နာပေမဲ့ လျှပ်စစ်ဝန်ထမ်းများကား စက်ရုံတွေအတွက် မီးလိုင်းသီးသန့်ချိတ်ပေးပြီး ၀င်ငွေဖြောင့်နေပြီး၊တရုတ်ကုမ္မဏီကြီးများကလည်း လျှပ်စစ်ပစ္စည်းများ၊ မီးစက်အင်ဂျင်များ ရောင်းအားကောင်းသဖြင့် တရုတ်ပေါက်ဖော်ကြီးတို့လဲ သွားတဖြီးဖြီးနဲ့ စစ်အာဏာရှင်ကြီးများ အာဏာသက်ရှည်ကြာပါစေကြောင်း ကွမ်ရင်မယ်တော်ရှေ့မှာ ဆုတောင်းနေကြပေမည်။
    မီးက အချိန်ပိုင်းပင် မှန်အောင်မပေးဘဲ သတင်းစာမှာ ဖော်ပြထားသော စက်ကြီးများကို ဓါတ်ပုံကြီးချဲ့ပြီး ပြယုံမက ဗိုလ်ကျော်ဆန်းကိုယ်တိုင်၊ ဗိုလ်ဇော်မင်းကိုယ်တိုင် ချေးစားပြီးပြောသော်လည်း ခံရပေါင်းများနေသော ပြည်သူတို့ကား ယုံကြည်လိမ့်မည် မဟုတ်။
    ပြည်ပမှ ရောက်လာမည်ဆိုသော စက်သစ်ကြီးများကိုလည်း မယုံကြည်။ လက်တွေ့ မီးတွေ အားပြည့် လာပြီး၊ သောက်သုံးရေ အလုံအလောက် ရရှိမှသာ ယုံတော့မည်။

    ReplyDelete
  3. မြန်မာပြည်က ကျန်တဲ့မြို့ တွေလည်းဖရောင်းတိုင်ထွန်းဆန္ဒပြကုန်ကြ တော့မှာပေါ့ သောက်ရူးတွေရဲ.

    ReplyDelete
  4. Looks like they don't have any firmed plan to distribute electricity to the people. It is very obvious that the electric generators they provided are just for temporary installation and not able to distribute enough power to the cities and districts. To distribute sufficient power to these areas you need the power station which can produce Megawatts and not KVA(Kilovoltamp).

    ReplyDelete
  5. မီးမရတိုင်းသာ ဆန္ဒပြနေရင် တစ်နိုင်ငံလုံး ဖယောင်းတိုင်ကိုင် လျှောက်ကုန်ကြမှာပေါ့..ကချင် KIA က တာဝါတိုင်တွေမိုင်းခွဲတာလဲ ပြောကြဦးလေ..

    ReplyDelete
  6. သတင်းစာသွားပြီးဖတ်မကြည့်ကြနဲ့ မဂ္ဂါဝပ်တွေအများကြီး ဓာတ်လိုက်အုံးမယ် လေလှိုင်းသံသွားပြီးနားမထောင်ကြနဲ့ လေလှိုင်းထဲမှာလဲ လျပ်စစ်တွေစီးဝင်နေတယ် ဓာတ်လိုက်မယ်ဝေးဝေးကရှောင်ကြ...

    ReplyDelete
  7. KIA ကဓာတ်တိုင်မိုင်းခွဲတယ်ဆိုတာ ဗုံးအမျိုးအစား ပြင်းအား ခွဲတဲအချိန် တိတိကျကျဖော်ပြရင်ယုံမယ် လိမ်နေကြဆိုတော့ ပင်လယ်ထဲမှာရေရှိတယ်ဆိုရင်တောင် သံသယ၀င်နေကြတယ်..

    ReplyDelete
  8. ခဏလေးတော့ စောင့်ကြည့်ပေးလိုက်ကြပါဦး။ ရောမမြို့ကြီးကို တစ်ရက်တည်းနဲ့တော့ ဆောက်လို့မရနိုင်ဘူးပေါ့။ အခုရေတွင်းတူးပြီး အခုရေကြည်သောက်လို့ မရသေးတဲ့ အခြေအနေလို့ပဲ စဉ်းစားပေးလိုက်ကြပါ။ တကယ်တမ်း သူတို့တွေပြောတဲ့ အချိန်ရောက်တော့ တကယ်ဖြစ်မလာတဲ့အခါ ကျမှဝေဖန်ကြပေါ့။ လက်ရှိသမ္မတလည်း သူလုပ်စရာရှိတာတွေကို လုပ်နေတာပါပဲ။ အရင်အစိုးရရဲ့ ဆိုးမွေတွေကို သူ့ခမျာ သိမ်းကြုံးခံနေရတာလို့ မြင်မိပါတယ်။

    ReplyDelete
  9. ဘကြီးဖြိုး(နေပြည်တော်)May 25, 2012 at 11:37 AM

    အရင်အစိုးရရဲ့ ဆိုးမွေ!!! အရင်အစိုးရ လက်ထက်တုံးက ဦးသိန်းစိန် ဘာရာထူးပါလိမ့်????

    ReplyDelete
  10. ဖိုးဖိုး(ရွာသာကြီး)May 25, 2012 at 11:45 AM

    စောင့်ခဲ့တာဘဲ ၁၉၄၈ ခုလွတ်လပ်ရေးရပြီးကတဲက ခုထိပါဘဲကွယ် င့ါမြေးတို့ရယ်။ လျှပ်စစ်မီး မရတာနဲ့ ဖိုးဖိုးတို့ရွာလဲ ညညဆိုလုပ်စရာမရှိဘဲ. ကလေးတွေသာ တိုးပွားလာပါတော့တယ်ကွယ်။ ဖိုးဖိုးနောက်ထပ်ဘယ်လောက်ထိစောင့်ရမှာလဲ?

    ReplyDelete
  11. ဗိုလ်ကျော်ဆန်းကိုယ်တိုင်၊ ဗိုလ်ဇော်မင်းကိုယ်တိုင် ချေးစားပြီးပြောသော်လည်း ခံရပေါင်းများနေသော ပြည်သူတို့ကား ယုံကြည်လိမ့်မည် မဟုတ်။

    ReplyDelete
  12. အေးပေါ့ “အခုရေတွင်းတူးပြီး အခုရေကြည်သောက်မရ” စကားမျိုး မင်းတို့ရဲ့အဘ “ငတမှူးကြီး”လည်း ပြောခဲ့တာပေါ့။ သူ့နောက်လိုက်တွေလည်း “ရေဗူးပေါက်တာမလိုချင် ရေပါတာပဲလိုချင်” အရူးစကားမျိုးတွေ တွင်တွင်သုံးခဲ့တာပေါ့။ မင်းတို့ကိုအဲလိုပြောတဲ့ “ငတမှူးကြီး” နဲ့မိသားစုကတော့ ရေတောင်မသောက်ဘူးထင်တာပဲ မင်းတို့ရဲ့၆လစာဝင်ငွေလောက်တန်ဖိုးရှိတဲ့ ရှန်ပိန်တွေကို ဖန်ခွက်ပိရမစ်အမြင့်ကြီးစီပြီး သွန်ချသောက်ပြနေခဲ့တာ ရင်နာနာနဲ့မေ့မရနိုင်သေးပါဘူး။ အခုအုပ်ချုပ်လုပ်ကိုင်နေတဲ့ကောင်တွေက တခြားလူတွေများမှတ်နေလို့လား တယောက်မှမပြောင်းသေးဘူး။ ဖယောင်းတိုင်လေးထွန်းပြီး မီးပိတ်ထားကြပါ ဂျပန်တွေလို အိမ်သာတက်ချိန်ဖင်ကိုလျှပ်စစ်မီးနဲ့အပူမပေးကြပါနဲ့ လျှပ်စစ်မီးချွေတာကြပါ ရေမသောက်ကြပါနဲ့ ဒါဆို အားလုံးအဆင်ပြေသွားပါလိမ့်မယ်။

    ReplyDelete
  13. တို့ကတော့ တိုကတော့ မီးထွန်းပွဲမှာ ဖယောင်းတိုင်ပဲ
    ရောင်းမယ်

    ReplyDelete
  14. လျှပ်စစ်မီးတွေပိုနေလို့ တရုတ်ပြည်ကိုရောင်းထားပါတယ်ဆိုမြန်မာပြည်သူလူထုတွေကအမှောင်ထဲမှာကျင့်သားရနေကြပြီဆိုတော့ဒီအတိုင်းပဲနေလိုက်ပါနော်။ဒီမှာအိပ်ကပ်မပြည့်သေးလို့ ဆက်ဖြည့်လိုက်အုံးမယ်။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။