Pages

Sunday, June 24, 2012

မူစယ်မြို့ တောင်ရပ်ကွက်ရှိ အကျင့်ပျက် ခြစားနေသည့် အမက (၃) ကျောင်းအုပ်ကြီးအား အရေးယူပေးပါရန်

မူစယ်မြို့ တောင်ရပ်ကွက်ရှိ အကျင့်ပျက်ခြစားနေသည့် အမက (၃) ကျောင်းအုပ်ကြီးအား အရေးယူပေးပါရန်

သို့ 
ပြည်ထောင်စုဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန
ပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်
ညွှန်ကြားရေးမှူးချုပ်၊ အမှတ် (၂) အခြေခံပညာဦးစီးဌာန (အထက်မြန်မာပြည်)
ပြည်နယ်ပညာရေးမှူး (စီမံ/စစ်ဆေးရေး) (ရှမ်းပြည်နယ် - မြောက်ပိုင်း)၊ လားရှိုး
ဦးမိုးဟိန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မူဆယ်ခရိုင်
ဒေါ်မာကြူမင်း၊ ခရိုင်ပညာရေးမှူး၊ မူဆယ်ခရိုင်
ဦးမြဟန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မူဆယ်ခရိုင်

အမက (၃) ကျောင်းအုပ်ကြီး ဦးအောင်စိုး

            ကျွန်တော်၊ ကျွန်မတို့ သျှမ်းပြည်နယ် (မြောက်ပိုင်း) မူစယ်မြို့ တောင်ရပ်ကွက်မှာရှိသော အမှတ် (၃) အခြေခံပညာ မူလတန်းလွန်ကျောင်း ကျောင်းအုပ်ကြီး ဦးအောင်စိုး သည် ၂ဝ၁၂ - ၂ဝ၁၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးကာလတွင် ကျောင်းသား ကျောင်းသူ တစ်ဦးချင်းစီ အတွက် အလှူငွေဟုပြောဆိုကာ အောက်ပါအတိုင်း မထည့်မနေရ ပေးဆောင်နေရကြောင်းတင်ပြအပ်ပါသည်။

(၁) ကျောင်းဝင်ခွင့်လျှောက်လွှာများကို တစ်စောင်လျှင် အလှူငွေ တစ်ထောင့်ငါးရာကျပ် (၁၅ဝဝ/ကျပ်) တောင်းခံခြင်း၊
(၂) ကျောင်းဝတ်စုံတွင် တပ်ဆင်ရမည့် ပညာရေးအမှတ်တံဆိပ်များကိုနှစ်စဉ် ကျောင်းဝင်ခွင့်လျှောက်လွှာနှင့်အတူ မဝယ်မနေရရောင်းချနေခြင်း၊
(၃) ကျောင်းပြောင်းလက်မှတ်ရရှိလိုသူ တစ်ဦးလျှင် တစ်သောင်းကျပ် (၁ဝဝဝဝ/ကျပ်) စီအလှူငွေ ကောက်ခံခြင်းတို့ဖြစ်ပါသည်။

            အဆိုပါ အမှတ် (၃) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းအုပ်ကြီး ဦးအောင်စိုး ကိုယ်တိုင် အလှူငွေဟု အကြောင်းပြကာ ကောက်ခံ တောင်းယူ ရောင်းချနေခြင်းဖြစ်ပြီး ကိုယ်ကျိုးအတွက်သာ ရယူနေခြင်း ဖြစ်ကြောင်း စုံစမ်းသိရပါသည်။

(က) ၂ဝ၁၂ - ၂ဝ၁၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ပညာရေးဝန်ကြီးဌာနက မေလ ၂၅ ရက် မှ မေလ ၃၁ ရက်နေ့အထိ သတ်မှတ်ခဲ့ပါသည်။
(ခ) နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်မိန့်ကြားချက်အရ မသင်မနေရ မူလတန်းပညာရေးစနစ်သို့ ဦးတည်၍ ၂ဝ၁၁ - ၂ဝ၁၂ ပညာသင်နှစ်မှ စပြီး မူလတန်းအဆင့် ကျောင်းသားကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်များကို နိုင်ငံတော်က အခမဲ့ထောက်ပံ့ပေးခဲ့ပါသည်။ ယခု ၂ဝ၁၂ - ၂ဝ၁၃ ပညာသင်နှစ်တွင်လည်း မူလတန်းအဆင့် ကျောင်းသားကျောင်းသူအားလုံးအတွက် ကျောင်းသုံးစာအုပ် အပြည့်အစုံနှင့် လေ့ကျင့်ခန်းစာအုပ် ခြောက်အုပ်စီကို နိုင်ငံတော်က အခမဲ့ထောက်ပံ့ပေးမည်ဟု သိရပါသည်။
(ဂ) ၂ဝ၁၂ ခုနှစ် မေလ ၂၅ ရက်နေ့တွင် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြအေး က ၂ဝ၁၂ - ၂ဝ၁၃ ပညာသင်နှစ် ကျောင်းအုပ်နှံရေး အထိမ်းအမှတ်အခမ်းအနားတွင်
“အခြေခံ ပညာကျောင်းများအနေဖြင့် ပညာသင်နှစ် တစ်လျှောက်လုံးတွင် သတ်မှတ်ထားသော ရန်ပုံငွေနှင့် ကျောင်းလခတို့မှအပ မိဘများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် အခြားသောငွေကြေးကောက်ခံမှုများကို ရှောင်ကြဉ်ကြရမည်ဖြစ်ကြောင်း၊ မိဘပြည်သူများကလည်း ကျောင်းနေ အရွယ် ကလေးအားလုံး ကျောင်းအပ်နှံရေး၊ ကျောင်းမှန်မှန်တက်စေရေးအတွက် အလေးထားဆောင်ရွက် ပေးကြရမည် ဖြစ်ကြောင်း၊ လူမှုရေး အသင်းအဖွဲ့များနှင့် ပညာရေးစေတနာရှင်များ အနေဖြင့်လည်း ကျောင်းနေမြဲရေးလုပ်ငန်းများတွင် လိုအပ်သလို ပံ့ပိုးကူညီပေးကြရန် မေတ္တာ ရပ်ခံပါကြောင်း” ပြောကြားခဲ့ပါသည်။

            နိုင်ငံတော်အစိုးရက မသင်မနေရ မူလတန်းပညာရေးစနစ်၊ ကျောင်းသုံးစာအုပ်အပြည့်အစုံကို အခမဲ့ ထောက်ပံ့ပေးနေချိန်ဖြစ်ပြီး သတ်မှတ်ရန်ပုံငွေနှင့် ကျောင်းလခတို့မှအပ ကျောင်းသားမိဘများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် အခြားသော ငွေကြေးကောက်ခံမှုများကို ရှောင်ကြဉ်ရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြအေး ၏ လမ်းညွှန်မှာကြားချက်အား သွေဖီဆန့်ကျင်ကာ မူစယ်မြို့ တောင်ရပ်ကွက် အမှတ် (၃) အခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းအုပ်ကြီး ဦးအောင်စိုး သည် အလှူငွေ၊ လမ်းညွှန်မှာကြားချက်နှင့် မညီသော ကျောင်းဝင်ခွင့်လျှောက်လွှာနှင့် ပညာရေးအမှတ်တံဆိပ်များ ရောင်းချနေခြင်း၊ ကျောင်းပြောင်းလက်မှတ်အား အဆမတန် အလှူငွေ အဖြစ် အကြောင်းပြကာ ကောက်ခံနေခြင်းတို့သည် ကျောင်းသားကျောင်းသူမိဘများအနေဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေသည့် ငွေကြေး ကောက်ခံမှုများ ဖြစ်နေပါသည်။ နိုင်ငံတော်က ချမှတ်အကောင်အထည်ဖော်နေသော “အခြေခံပညာကဏ္ဍ အမျိုးသားပညာရည်မြင့်မားရေး နှစ် (၃ဝ) နှစ်ရှည်စီမံကိန်း၏ လုပ်ငန်းစဉ် (၂) အရ နိုင်ငံသားတိုင်း အခြေခံပညာအဆင့်အလိုက် သင်ယူပြီးမြောက်ရေးအတွက် အခြေခံပညာ မူလတန်းအဆင့် ကျောင်းနေနှုန်း တိုးတက်မြင့်မားရေး၊ အတန်းစဉ်အလိုက် ကူးပြောင်းသင်ယူနှုန်း မြင့်မားရေး၊ ကျောင်းနေအရွယ် ကလေးတိုင်း အခြေခံပညာအဆင့်အလိုက် သင်ယူပြီးမြောက်ရေးလုပ်ငန်းများကို ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်းကောင်း၊ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေရေး လုပ်ငန်းများတွင် ဒေသအာဏာပိုင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မိဘ ပြည်သူများနှင့် ပညာရေး စေတနာရှင်များ၏ ပူးပေါင်းပါဝင်ဆောင်ရွက်ရာတွင်လည်းကောင်း” အနှောက်အယှက်ဖြစ်နေရကြောင်း ခံစားကြရ ပါသည်။ သို့ပါ၍ သက်ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်နှင့် နိုင်ငံတော်မှ စုံစမ်းထိရောက်စွာဖြေရှင်းပေးနိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း တင်ပြလိုက်ပါသည်။

“သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးပေါ်ပေါက်ရေးအတွက် အဂတိလိုက်စားမှုများကို ထိရောက်စွာ အရေးယူနိုင်ရန် အဂတိ လိုက်စားမှု တားမြစ်ရေးဥပဒေ Anti-Corruption Law ” ပေါ်ထွန်းအဓွန့်ရှည်ပါစေ။

ကျေးဇူးအထူးတင်ရှိပါသည်။

ကျောင်းသားမိဘများကိုယ်စား ကျောင်းသားမိဘတစ်ဦး
တောင်ရပ်ကွက်၊ မူစယ်မြို့
၂၀၁၂ ခုနှစ် ဇွန်လ ၂၃ ရက်

11 comments:

  1. သောက်ရေးထဲမှာ.
    ဒီအသုံးမကျတဲ့.ကျောင်းဆရာမတွေကလဲတစ်မှောင့်.
    ပိုက်ဆံထုပ်နဲ့.မျက်နှာဖြတ်ရိုက်ဖို့ကောင်းတယ်.

    ReplyDelete
  2. ယူထားတဲ့ ပိုက်ဆံထုပ်တောင် မနိုင်ရဲ့ လား။ ကိုယ့် ဟာ ကိုယ့် ပိနေအုန်းမယ်။ ကျောင်းအုပ်ကြီး ကတော် ကလည်း ထိန်းထိန်းသိမ်းသိမ်း လုပ်ပါ။ တပည့်မကောင်း ဆရာ။ ဆရာဆရာမ မကောင်းရင် ဘယ်သူလဲ စဉ်းစဉ်း စားစား တွေးခေါ်ပေးပါနော်။ ဆရာ ဗဟို ပြု ပညာရေး ခေတ် ကုန်ဆုံးပါစေ .......

    ReplyDelete
  3. အရိုးစွဲနေတဲ့ အတွေးအခေါ် လုပ်နည်းလုပ်ဟန် တွေကြောင့် မြန်မာ့ ပညာရေးက ဧည့်ခံမှာသာ ဘွဲ့ ဝတ်စုံနဲ့  ဓါတ်ပုံချိတ်ရတဲ့ ပညာရေး စနစ်ထက် မတက်နိုင်သေးတာပေါ့ ။ ပညာရေးဝန်ကြီး ကြည့်လုပ်ပါအုန်း - အစိုးရ အဆက်ဆက် ပညာရေးဝန်ထမ်းတွေကို မွန်းမံ သင်တန်း အထက်မြန်မာပြည်၊ အောက်မြန်မာပြည် ဗဟို ၀န်ထမ်းတက္ကသိုလ် မှာ သင်ခဲ့တာတွေ အလကား ဖြစ်ပြီပေါ့၊ ၀န်ကြီးရဲ့  လမ်းညွန်ချက်တွေဟာ နေပြည်တော် ၁ ခုတည်း အတွက်လား .....

    ReplyDelete
  4. အရိုးစွဲနေတဲ့ အတွေးအခေါ် လုပ်နည်း လုပ်ဟန် တွေကြောင့် ဧည့်ခန်းမှာ ဘွဲ့ ဝတ်စုံနဲ့  ဓါတ်ပုံ ချိတ်နိုင်တဲ့ ပညာရေးစနစ်ထက် မတက်နိုင်သေးတာပေါ့။ ပညာရေး ၀န်ထမ်းတွေကို အစိုးရ အဆက်ဆက်က ဗဟို ၀န်ထမ်းတက္ကသိုလ်မှာ မွန်းမံသင်တန်းတွေ တက်ခိုင်းတာ သဲထဲရေသွန်ဖြစ်ရပြီ။ ပြည်ထောင်စု ၀န်ကြီးရဲ့  လမ်းညွန်ချက်က နေပြည်တော် ၁ ခုတည်း အတွက် ဟုတ်မည် မထင်ပါကြောင်း။ ကျောင်းသား မိဘ များရဲ့  ၀န်ထုပ်ဝန်ပိုးကို ကိုယ်ချင်းစာပေးကြပါ။

    ReplyDelete
  5. ကျောင်းသားမိဘများ၊ မူစယ်June 25, 2012 at 6:14 PM

    လှော်တက် မညီသော် လှော်တက်နှင့် ရိုက်ချိန် တန်ပြီ။ နားစွင့်စောင့်ကြည့်နေမည်။

    ReplyDelete
  6. မူစယ်မြို့ ခံJune 25, 2012 at 6:19 PM

    အရိုးစွဲနေတဲ့ အတွေးအခေါ် လုပ်နည်းလုပ်ဟန် ရှိသူ တွေကို ချန်ထားရုံနှင့်မပြီး ခေတ်သစ် စနစ်သစ် ကို လှမ်းသို့ ချီတာတွင် ရေဆန်ခရီးမှာ ခရီးမတွင်ပါ။ လက်တွဲဖြုတ်ချပစ်စေချင်ပါသည်။

    ReplyDelete
  7. ပညာရေးဝန်ထမ်းတစ်ဦးJune 25, 2012 at 6:23 PM

    ပြည်ထောင်စုဝန်ကြီး၏ လမ်းညွန်ချက်များသည် နေပြည်တော်ကောင်စီနယ်မြေ တစ်ခုတည်းအတွက် မဟုတ်ပါ။

    ReplyDelete
  8. ရဲဝန်ထမ်းတစ်ဦး (မူဆယ်)June 25, 2012 at 6:34 PM

    အရာရှိကြီး ကတော် ခရိုင်ပညာရေးမှူးကလည်း ကျောင်းအုပ်ကြီးတွေအတွက် တရုတ်က 3G အင်တာနက်လိုင်း တစ်ခုစီ ၀ယ်ပေးထား သင့်ပါသည်။ ရှိရင်လည်း ခရိုင်ပညာရေးမှူးရုံးက စာရင်း ပြုစုထားပါ၊ ဒါမှ အချိန်နှင့်တပြေးညီ ရထား (သိသည်။ ရသည်) ဖြစ်ပါမည်။ ယခုလို မတရားမှူ အကြောင်း စောင့်မျှော်ကြပါစို့  .....

    ReplyDelete
  9. တကယ်ဆိုအစိုးရ ၀န်ထမ်းတွေကို အိမ်တွေ နောင်ရေး အတွက်အဆင်ပြေစေ မဲ့ စီမံကိန်းမျိုးထားရမှာ။ လဒ်ယူရင်တခါထဲ အဲ့ဒါတွေကို ဖျက်သိမ်းမယ်ဆိုရင်သူတို့လဒ်ယူတာ နဲနဲ နည်းသွားမယ်ထင်ပါတယ်။နိုင်ငံတကာနဲ့လဲညီသွားမယ်။

    ReplyDelete
  10. ဒါတော်သေးတာပေါ့ ပုသိမ်မြို့ ပေါ်ကျောင်းမှာရှိတဲ့တစ်ခို့  ကျောင်း ကကျောင်း အုပ်တွေ ပို ဆိုး လက် ထောက် တွေ တင်မကစာရေးမ တွေရဲ့ မျက်နှာတွေ ကကျောင်းသားမိဘ တွေ ကိုမသိလို့ မေးရင် ဖြေ ချင် မှဖြေ တယ် ထ. ၂ ကျောင်းကစာရေးမ ပိုဆိုး အကျင့်ပျက်ခြစား တယ်ဆိုလို့ ဧရာဝတီတိုင်း ကလက်ထောက်ပညာရေးမှုး တစ်ယောက်လောက်တော့ဆိုးမယ်လို့မထင်ပါဘူး လူမှု့ရေးဖောက်ပြန်မှု့က လည်း တစ်မြို့ လုံးအသိ ဖြစ်ပြီး ကားတစ်စီးနဲ့ မယားငယ်နဲ့

    ReplyDelete
  11. မှန်တာ ပေါ့ မျက်နှာ ပြောင် ချက် များ မယားငယ်က တိုင်းပညာ စာ ကပ်ထား တဲ့ ကား ကို တက် မောင်းပြီး သွား နေ သေး ကျောင်းဆရာ မ ပေါက် စ လေး တွေလည်း အလွတ်မပေး ဒီ မို က ရေ စီ ခေတ် မှာ တောင် ဒီပညာ ရေး မှုး က ကြံ့ဖွတ်ပါ တီဝင် ပ ညာ ရေး မှုး ဆိုပြီး မာန် တက်နေ တဲ့ အထဲ အ မ တ် ဝင် ရွေး ဖို့တောင် ကြံနေ လေရဲ့

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။