Pages

Monday, June 18, 2012

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ရခိုင်ပြည်နယ် ကယ်ဆယ်ရေး ခြေလှမ်းများ..

ရခိုင်ကယ်ဆယ်ရေး ပထမခြေလှမ်း

ရခိုင်ပြည်နယ်တွင် အိုးမဲ့အိမ်မဲ့ ရှောင်ပြေးကြရင်း စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေခဲ့ ကြသည့် ဒုက္ခသည်မိသားစုဝင် ညီအစ်ကိုမောင်နှမများတို့အား လူသားချင်းစာနာထောက်ထားသည့် အနေဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင် ဦးဆောင်သည့်အဖွဲ့သည် ၁၆.၆.၂၀၁၂ ရက်နေ့ နံနက် (၇း၃၀) နာရီဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Air Mandalay ဖြင့် စတင်ထွက်ခွာခဲ့ပြီး နံနက် (၉း၀၀) နာရီအချိန်တွင် စစ်တွေမြို့သို့ ရောက်ရှိခဲ့သည်။

 စစ်တွေမြို့ နာရေးကူ ညီမှုအသင်းရှိ နာယကကြီးများ၊ ဥက္ကဋ္ဌ ဦးသန်းရွှေနှင့် အတွင်းရေးမှူး ဦးအောင်ကျော်ဇံတို့၏ အကူအညီ ဖြင့် အဓိဋ္ဌာန်ကျောင်း ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု (၂၆၅)၊ သံကျောင်း (ဦးရဲကျော်သူ) ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု (၂၂၃)၊ ရွာကြီးမြောက် အ.မ.ကကျောင်း ကယ်ဆယ်ရေးစခန်း တွင် အိမ်ထောင်စု (၆၆)၊ မြစ်ချေကျောင်း ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု (၇၀)၊ အာသောကာ ရုံကျောင်း ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု (၃၈)၊ ထီးစွဲကျောင်း ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု (၂၅)၊ ဆင်ကူးကျောင်း ကယ်ဆယ်ရေးစခန်းတွင် (၁၄၁)၊ ဂြစ်ဘတ်ကျောင်း ကယ်ဆယ်ရေး စခန်းတွင် အိမ်ထောင်စု (၄၉)၊ ကျားရုပ်ကျောင်း ကယ်ဆယ်ရေးစခန်းတင် အိမ်ထောင်စု (၄၀)၊ တန်ဂိုး ကျောင်း ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု (၃၀)၊ စစ်ကဲကျောင်း ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု (၉၅)၊ ပုသိမ်ကျောင်း ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု (၅၀)၊ ရွှေစေတီကျောင်း ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု (၂၂၇)၊ ပုညာရာမကျောင်း ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင် စု (၃၅)၊ ယက္ခောက်ကျောင်း ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု (၃၆) စုစုပေါင်းကယ်ဆယ်ရေးစခန်း (၁၅) ခု၊ အိမ်ထောင်စုပေါင်း (၁၄၄၀)အတွက် တစ်အိမ်ထောင်လျှင် (၅၀၀၀ိ/-) ကျပ်နှုန်းဖြင့် စုစုပေါင်း အလှူငွေ (၇၂) သိန်းကျပ်အား ဒုက္ခသည်မိသားစုများ၏ လက်ဝယ်သို့ ပထမခြေလှမ်းအဖြစ် ကူညီ ထောက်ပံ့ပေးနိုင်ခဲ့သည်။

ရခိုင်ပြည်နယ်အတွက် စေတနာရှင်များ လှူဒါန်းလိုပါက နာရေးကူညီမှုအသင်း(ရန်ကုန်) အမှတ် (၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ (၄၂) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ဖုန်း - ၅၈၁၃၆၃၊ ၅၈၀၁၃၃၊ ၀၉ - ၈၆၄ ၀၂၂၀ သို့ တိုက်ရိုက်ဆက်သွယ် လှူဒါန်းနိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။
ရခိုင်ကယ်ဆယ်ရေးစတင်

ရခိုင်ပြည်နယ်ရှိ မောင်တောမြို့၊ ဘူးသီးတောင်မြို့နှင့် စစ်တွေမြို့များတွင် ဖြစ်ပွားပေါ်ပေါက် ခဲ့သည့် ဆူပူအကြမ်းဖက်မှုများကြောင့် လူနေအိမ်များ မီးလောင်ဆုံးရှုံးခဲ့ပြီး လတ်တလောဒုက္ခနှင့်ရင်ဆိုင် နေကြရသည့် ဒေသခံပြည်သူဒုက္ခသည်များအား ကူညီစောင့်ရှောက်မှုများဆောင်ရွက်ပေးလျှက်ရှိသည့် ကယ်ဆယ်ရေးစခန်းများရှိ ဒုက္ခသည်များအား လူသားချင်း စာနာထောက်ထားသော စိတ်ဓါတ်များဖြင့် နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ သိန်း (၂ဝဝ)ကျပ် မတည်ခဲ့သည်။ ဦးစောညီစံနှင့် အသင်းသား(၄)ဦး အဖွဲ့သည် ယမ်ယမ်ခေါက်ဆွဲခြောက် (၂ဝဝဝဝ)ကျော်၊ အဝတ်ထုတ် (၆ဝ)ထုတ်၊ ကွေကာအုပ် (၅ဝဝဝ)ထုတ်နှင့် ဘီစကစ် (၁ဝဝဝဝ)ကျော် အစရှိသည့် ကုန်ပစ္စည်းများအား (၂၄ ပေ) မော်တော်ယာဉ်ပေါ်သို့ တင်ဆောင်၍ ၁၄.၆.၂ဝ၁၂ (ကြာသပတေးနေ့) ည (၉း၃ဝ) နာရီအချိန်တွင် ဘုရင့်နောင်ပွဲရုံမှ စတင်ထွက်ခွာခဲ့သည်။ (၂၄ ပေ မော်တော်ယာဉ်အား ရွှေပြည်သစ် ကားဂိတ်မှ ကိုတင်အုန်းမှ စစ်တွေခရီးစဉ် အတွက် ကူညီဆောင်ရွက်ပေးခဲ့သည်။)

၁၅.၆.၂ဝ၁၂ (သောကြာနေ့) နံနက် (၇း၃ဝ) နာရီလေယာဉ်ဖြင့် စစ်တွေမြို့သို့ ထွက်ခွာရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဒု-ဥက္ကဌဒေါ်သန်းမြင့်အောင်၊ အလုပ်အမှုဆောင် ဦးဖြိုးကိုကိုနှင့် ဒေါ်နှင်းနှင်းယုတို့သည် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နံနက် (၆းဝဝ) နာရီအချိန်တွင် စတင် ထွက်ခွာခဲ့ ကြသော်လည်း နံနက် (၁၁းဝဝ) နာရီအချိန်တွင် ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်နှင့်အဖွဲ့သည် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ပြန်လည် ရောက်ရှိလာခဲ့ပြီး စစ်တွေမြို့တွင် ရာသီဥတု အခြေအနေကြောင့် လေယာဉ် ဆင်းသက်နိုင်ရန် ခက်ခဲသဖြင့် ၁၅.၆.၂ဝ၁၂ (စနေနေ့) နံနက် (၇း၃ဝ) နာရီလေယာဉ်ဖြင့် တစ်ရက် နောက်ကျ၍ ထွက်ခွာမည်ဖြစ်တော့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အများပြည်သူတို့အားတတ်စွမ်းရွေ့ ကူညီဖေးမပေးဆပ် ခဲ့ကြသလို ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ လူသားနှင့် သက်ရှိသတ္တဝါ အားလုံးကမ္ဘာကြီးမှာ ငြိမ်းချမ်းစွာအတူတကွ မြတ်နိုးစွာ ချစ်ခင်ကြရင် ကမ္ဘာလောကကြီး ငြိမ်းချမ်းသာယာ၍ သောကကင်းဝေးစေရန် အစဉ်ထာဝရ ဆုတောင်းမေတ္တာပို့သကာ ဗြဟ္မစိုရ်တရားလေးပါးအား လက်ကိုင်ပြု၍ နိုင်ငံအဝှမ်း ဆက်လက်ချီတက် ပေးဆပ်သွားပါတော့မည်။

1 comment:

  1. ဒါကြောင့် ရိုဟင်၈ျာတွေကို က ထင်တိုင်းဆိုးသွမ်းနေတာကို နိုင်ငံတော်အနေနဲ့ တိတိကျကျ မရှင်းပဲ အရူးကွက်နင်းနေတာ
    တစ်ချို့ က နိုင်ငံတော်အနေနဲ့ မဟာဗျူဟာ ဆင်နေတယ်လို့ ထင်ကြေးပြောနေကြတယ်
    ဒါဟာ မဖြစ်နိုင်ဘူး
    နောက်ထပ် အကြောင်း တစ်ခုရှိသေးတယ် တိုင်းအုပ်ချုပ်ရေးမှူးတွေ ဟာ စစ်တပ်က အကောင်ကြီးကြီးတွေဖြစ်တယ်
    အဲ ဒီအကောင်ကြီးကြီးတွေ က ဒူဗိုင်း မှာ ရင်းနှီးမြှုပ်နှံထားတာတွေရှိတယ် အဲဒါတွေကြောင့် ဒူဗိုင်း အစိုးရက အဲဒီစီးပွားအရင်းအနှီးရှင်တွေကို ချိန်းချောက်ထားတယ်လို့ သိရတယ်
    ဒါကြောင့်လည်းပဲ ပြောတော့ စီးကမ်းတွေ ဥပဒေတွေ ချမှတ်တယ် ပြော ကာဖြူးတွေ ချမှတ်တယ်ပြောနေကြပေမဲ့ ဟိုးအကောင်တွေရဲ့ ဆိုးသွမ်းချက်တွေကို တာဝန်ယူမဖြေရှင်းပဲနဲ့ အရူးကွက်နင်းနေကြတယ်လို့ ယူဆရတာပဲ။
    ရာဇ၀င်တွင်အောင် အဆဲခံရမဲ့ ဟို××××.တွေ ရဲ့ ကိုယ်ကြိုးစီးပွါးငဲ့ ကွက်တွေကြောင့် တတိုင်းပြည်လုံး နစ်နာသွားစရာတွေရှိတယ်

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။