Pages

Wednesday, June 20, 2012

မြန်မာပြည်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၁၉ရက်နေ့ အင်္ဂလန်နိုင်ငံ ခရီးစဉ် မြင်ကွင်းများ..

၁၉ရက်နေ့က Oxfordတက္ကသိုလ်မှ အမေစု ပညာသင်ဖက် ငယ်သူငယ်ချင်းများနဲ့ အမှတ်တရ
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပညာသင်ကြားခဲ့ရာ Oxfordတက္ကသိုလ်သို့ ရောက်ရှိလာစဉ်..။ Oxfordတက္ကသိုလ်ရဲ့ အဓိပတိ Chris Patten မှ ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုနေစဉ်...။ ယနေ့မှာတော့ Oxfordတက္ကသိုလ်မှ မိတ်ဟောင်း ဆွေဟောင်းများနဲ့ မွေးနေ့ အထိမ်းအမှတ် ပြုလုပ်မှာ ဖြစ်ပါတယ်..
London School of Economics ဆွေးနွေးပွဲမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ၁၉၄၇ခုနှစ် ဖခင်ဗိုလ်ချုပ်အောင်ဆန်း လန်ဒန်ရောက်စဉ် ရိုက်ကူးထားတဲ့ ပုံနဲ့ LSE Baseball Club ဦးထုပ်တို့အား ပေးအပ်ခဲ့ပါတယ်..။
၁၉ရက်နေ့က Oxfordတက္ကသိုလ်မှ ပညာသင်ဖက် ငယ်သူငယ်ချင်းများနဲ့ ပြန်လည်တွေ့ဆုံစဉ်.. ဝမ်းသာအားရ မြင်တွေ့ရတဲ့ အမေစု..။ ထူးခြားတာကတော့ အမေစုက အများထက် ငယ်ရွယ်နုပျိုနေပါတယ်..။ ပြည်သူအပေါ်ထားတဲ့ မေတ္တာနဲ့ ပြည်သူ့မေတ္တာကြောင့်လို့ ထင်မြင်မိပါတယ်..။
 
 BBC World Service Studio မှာ အသံလွှင့်ထုတ်နေစဉ်... အမှန်တရားတွေအတွက် အမေစု ဆွေးနွေးခဲ့မယ်လို့ ယုံကြည်ပါတယ်..။
ဓာတ်ပုံများ AP,Reuters, Getty Images
အိုင်ယာလန် ခရီးစဉ် ရုပ်သံပေါင်းချုပ်

6 comments:

  1. Thanks for updating photoes in times.

    ReplyDelete
  2. လှလိုက်တာအမေရယ် စိတ်ထားကလည်းလှ နှလုံးသားပါလှဆိုတော့ လူပါလှလာရတာပေါ့ဗျာ။

    ReplyDelete
  3. အမေစု


    ခရီးစဉ်ချောမွေ့ပါစေ

    ReplyDelete
  4. သူငယ်ချင်းတွေကို ပြန်တွေ့ ရတော့ ၀မ်းသာနေတဲ့ အန်တီ .........

    ReplyDelete
  5. သူငယ်ချင်းတွေကို ပြန်တွေ့ ရတော့ ၀မ်းသာနေတဲ့ အန်တီ .........

    ReplyDelete
  6. အမေစုသက်တော်ရာကျော်ရှည်ပါစေ

    ဘဝခရီးလမ်းဖြောင့်ဖြူးပါစေ

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။