Pages

Friday, June 29, 2012

ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့ရှာ (ကဗျာရှင် နေရဲနီ)

ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့ရှာ
(ကဗျာရှင် နေရဲနီ)

တရံရောအခါ ဗာရာသနင်း
ဗြဟ္မဒတ်မင်းသည် သူ၏ဆင်တပ် ရေသက်ဖို့ရာ
ဂင်္ဂါကမ်းသို့စေလေ၏။

ရဲရင့်ဝံ့ကြွား ဆင်အများတို့ အေးမြကြည်လင်
မြစ်ဂင်္ဂါ၏ ရေအလျင်ကို
မြင်သော်ခဏ အားရဝမ်းသာ
ဂင်္ဂါမြစ်တွင်း ဆင်းလေသော်
ရုတ်ချည်းမူရာ ပြောင်းလဲကာလျှင်
တစ်ကောင်မျက်နှာ တစ်ကောင်ကြည့်ကာဖြင့် ရုတ်တရက်လျှင်
ကျိုးကျိုးကျည်ကျည် အော်ကာမြည်လျက်
ဖရိုဖရဲတပ်ပျက် အသွင် ပြေးကာလျင်သည်
ဂင်္ဂါကမ်းမှ ဝေးရာတည်း။

ဆင်အပေါင်း၏ ထူးခြားဖြစ်အင် မြင်သော်ခဏ
စုံစမ်းကြသော် မြစ်ဂင်္ဂါ၏ အထက်အညာ
ဟိမဝန္တာ မြိုင်ရပ်သာတွင် ဘုန်းရှိန် သမ္ဘာပြည့်စုံစွာသား
ရတနာဆင်ဖြူ ပေါ်ထွန်းမူ၍
ဆင်ဖြူဘုန်းကံ အရှိန်ဒဏ်ကို ဆင်မည်းမခံနိုင် ၍လန့်ကြောက်အသွင် အပြေးနှင်သည်
အုတ်အော်သောင်းနင်း ဖြစ်သတည်း။

မင်းဗြဟ္မဒတ် ရာဇာမြတ်လည်း သူ၏ဆင်တပ် ရေသက်ဖို့ရာ
ကြံကာတွေးသော် ဆင်ဖြူ့အညစ်ကြေး မစင်ချေးကို
ရေနှင့်ဖျော်၍ ဆင်မည်း ကိုယ်ပေါ်လောင်းသော်ခဏ ဆင်အပေါင်းလည်း
သောင်းသောင်းဖျဖျ အားရဝမ်းသာ ရွှင်မြူးကာလျှင် မြစ်ဂင်္ဂါ၏ရေတွင်လူးသည်
အုံးအုံးကျွက်ကျွက် ညံလေသတည်း။

နိပါတ်တော်လာ ထိုပုံဝတ္ထု ပမာပြု၍
ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့
ဆိုရိုးစကား ရှေးကထားသည်
လက်ထက်တော်က စလေသတည်း

ဤသို့လျှင် ဘုန်ကံနိမ့်ပါး လူ့အန္တတို့
မိန်းမသားပင် ဖြစ်လင့်ကစား ဘုန်းမြင့်မားမူ ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့သို့
မသိကျိုးကျွံ ပြုကြတုံသည် လူမိုက်တို့ထုံးနှလုံးတည်း။

ပြည်ထောင်စုမြန်မာနိုင်ငံ တိုင်းသားပြည်သူ များရှင်လူတို့
ဂုဏ်ယူဖွယ်သား နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏
ဥရောပခရီး ကမ္ဘာ့မီဒီယာ အသီးသီးတွင်
သူ့ထက်ငါဦး အလုအယက် ရေးသားနေချိန်
နိုင်ငံပိုင် မီဒီယာ မြန်မာ့အသံ ရုပ်မြင်သံကြား
မြန်မာအလင်းကြေးမုံ အဖုံဖုံတွင် တစိုးတစိမျှ
မရေးကြသည် ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့ရှာသည်
ပုဂ္ဂိုလ်ရေးခရီး အကြောင်းပြချက်တည်း။

နေရဲနီ

9 comments:

  1. ကောင်းလေစွ..
    အင်းဒီလူရုပ်မာတွေကတော့
    ဒီတစ်သက်ကျွှတ်မယ်မထင်ပါဘူး..

    ReplyDelete
  2. အမေစုကို ညီမလေးတစ်ယောက်လို သဘောထားပါတယ်ဆိုသော စစ်ဗိုလ်ချုပ်ကြီးများကား အမေစုကို ညှင်းပန်းနှိပ်စက်နည်းမျိုးစုံတို့ဖြင့် နှိပ်စက်ခဲ့ကြသည်။
    ဒီလို အကိုကြီးတွေရဲ့ ညီမလေးဖြစ်ရမှာ ကျောချမ်းလိုက်ပါဘိ၊
    ညီမလေးရဲ့ကောင်သတင်းတွေကို မဖော်ပြ၊ ညီမလေးခရီးသွားနေခိုက် အိမ်ကိုထက်ဝက်ခွဲပေးရမည်၊ ဘားမားဟု မသုံးရ စသည်ဖြင့် စိတ်ဆင်းရဲအောင် အကိုကြီးတို့က လုပ်နေသည်။

    ReplyDelete
  3. Very good poem again, The White Elephant is designated in big currency notes in Myanmar now.

    ReplyDelete
  4. မှန်ပါပေသည် မှန်ပေသည်။ သူထက်သာ မနာလို။ အားလုံးကွာသွားပြီလေ။

    ReplyDelete
  5. I really don't know how to type font English or Myanmar on computer but i would like to best comment for your poem (if not).

    ReplyDelete
  6. ကောင်းတယ်ဗျာ။ ရှိသေးရင် ထပ်တင်ပေးပါအုံး

    ReplyDelete
  7.ွှ အဲ့ဒါပြောတာပေါ့ လူယုတ်မာတွေ လူဆိုးသူခိုးတွေ ညီမလေးဆိုပြီး သူများကို ဒုတ်နဲ့လိုက်ထိုး သဲနဲ့လိုက်ပက် နေတာ တယောဂဏ္ဍန်းလိုေ၇ှ့ကလဲမသွား နောက်ကလဲမလိုက် ဘေးတိုက်လိုက်နေတဲ့ဟာတွေ

    ReplyDelete
  8. ဟင်း….
    ပြန်ကြားရေး က ရဲထွတ် ဆိုတဲ.ကောင် ပြောတုန်းကတောဖြင်.. လွတ်တော်ကလွှတ်တာမဟုတ် တဲ.ပုဂလိက ခရီးစဉ် ဆိုဘဲ
    ဘာမှဖော်ပြစရာမလိုဘူးဆိုပြီး….ခုကျတော.လဲ လွှတ်တော် အမတ် ဆိုဘဲ ..ခုတမျိုး တော်ကြာတမျိုးနဲ.
    နိုင်ငံတော်ခရီးစဉ်လဲမဟုတ်..လွှတ်တော်ကိုယ်စားပြုလဲ မဟုတ်ဘဲနဲ. ဘာ ကိုဂရုစိုက်နေစရာလိုလဲ
    ဖော်ပြမဲ.ဖော်ပြတော.လဲ အပြစ်ဘဲမြင်တတ်တယ်…ကိုယ်.နိုင်ငံက နိုဘယ်ဆုရှင် ကို
    ချီးကြူးရမှန်းဂုဏ်ယူရကောင်းမှန်း မသိကြဘဲ မနာလိုစိတ်တွေကများနေလိုက်ကြတာ..ရီဖို.ကောင်းတယ်
    ကော်မရှင်ကလဲ ရွေးကောက်ပွဲတုန်းက မဲစာရင်းမှားတာ..စီမံခန်.ခွဲမှုတွေမှား တာကျတော. တာဝန်ယူရကောင်းမှန်း တောင်းပန်ရကောင်းမှန်းမသိ..သူများအမှား(NLD သီးသန်.) ဘဲ လိုက်ထောက်တတ်တာပါလား…….
    နောက်လာမဲ.ရွေးကောက်ပွဲအတွက်…အမှားကင်းအောင်သာ ကြိုးစားလေ.လာပါဦး….
    တို.နိုင်ငံ သတင်းစာကလဲ နိုဘယ်ဆုရှင်သတင်းကိုဖော်ပြချင်တာများ ထူးထူးဆန်းဆန်း ဒီလိုဖော်ပြရ
    တယ်လို….. ကိုကျော်ဆန်းကိုကြောက်လို. ထင်ပါရဲ.

    ReplyDelete
  9. ဟင်း….

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။