တောင်ကြီးမြို့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲအား ပြည်နယ်အစိုးရအဖွဲ့မှ ပိတ်ပင်
၂၀၁၂ ခုနှစ် ဇွန် ၃၀
ယနေ့ ဇွန် ၃၀ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ထားသည့် တောင်ကြီးမြို့  ရေအေးကွင်းရပ်ကွက် ကမ္ဘောဇလမ်းရှိ ဟုတ်ကြန့် ဘုံကျောင်းတွင် ပြုလုပ်မည့် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲအား ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကျင်းပခွင့် မပြုဘဲ ပိတ်ပင်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်မပြုကြောင်းကို တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင် မှတစ်ဆင့် ရေအေးကွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး အား အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးကတစ်ဆင့် ဘာသာ ပေါင်းစုံအဖွဲ့ ခေါင်းဆောင်များကို အကြောင်းကြားရန် အဆင့်ဆင့် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ခွင့်မပြု ကြောင်း ရုံးတွင်း စာမထွက် ခင်ကတည်းက တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့က ခွင့်မပြုကြောင်း ခေါ်ယူပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲ ကျင်းပနိုင်ရန် ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လူငယ်)နှင့် ၈၈ မျိုးဆက်ကျောင်းသား (ရှမ်းပြည်နယ်) အဖွဲ့က ဦးဆောင်ပြုလုပ်ရန် စိစဉ်ခဲ့ခြင်းဖြစ်သည်။ ယခုလ ၁၇ ရက်တွင် တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမတွင် အခမ်းအနား ကျင်းပရန် ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ခဲ့ပြီး ၂၀ ရက်တွင် အခမ်းအနား ပြုလုပ်ရန် သတ်မှတ်ခဲ့သော်လည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးက ပြည်နယ် ၀န်ကြီးချုပ် နေပြည်တော် သွားရောက်နေသဖြင့် တာဝန်ယူ ကျင်းပခွင့် မပေးခဲ့သောကြောင့် ၃၀ ရက်နေ့ကို ရက်ရွှေ့ဆိုင်း ခဲ့ရသည်ဟု သိရသည်။ ကျင်းပရန် တစ်ရက်အလိုတွင် ယခုကဲ့သို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ခွင့်ပြုခြင်း မရှိဘဲ ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။
ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ဘာသာပေါင်းစုံ ခေါင်းဆောင်များမှ နိုင်ငံတွင်း အေးချမ်းသာယာရေး ဘာသာပေါင်းစုံ ညီညွှတ်ရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး တို့အတွက် ဆုတောင်းပွဲအခမ်းအနား ကျင်းပရန်သာ ရည်ရွယ် ခဲ့ခြင်း ဖြစ်ကြောင်း စုံစမ်းသိရသည်။ ယင်းအခမ်းအနားတွင် အလှူငွေ ပေးအပ်ပွဲပါ ပူးတွဲကျင်းပရန် စီစဉ်ထားသည်ဟု သိရသည်။
သတင်း.. ကိုညီဇော်



Religious harmony is necessary issue in Burma.
ReplyDeleteWe need to accept for their effort to achieve common platform of all religious.
Those people (so called authority) who stop and disturb this kind of true value of social and religious harmony will be considered as terror.
They may have power but don't forget that power was not coming from people so that consider as false power by them self.
They like to intimidate our people(all citizen of Burma) to deter from right path.
Please be aware of danger and be alert of their terror action.
I wish for them to change their mindset from third world to first world.