တရုတ်ရဲ့ တကောင်းတောင် နီကယ်စီမံကိန်း လုပ်ငန်းခွင်တခု
ဒီဆောင်းပါးလေးက မေလ-၂၁-ရက်နေ့ Money Morning.com.au အင်တာနက်ပေါ်က ဆောင်းပါးကို ဘာသာပြန်ပြီး ဘာသာပြန်သူရဲ့ အမြင်လေးတချို့ကို (ဖြည့်စွက် အနီလိုင်းတားပြီး) စာဖတ်ပရိသတ် အတွက် ဖေါ်ပြလိုက်တာပါ။ တရုတ်စီးပွားရေးဟာ အင်မတန်ကြီးမားတဲ့ သင်္ဘောကြီးတစ်စီး ထိုးရပ်လိုက်တာနဲ့ အလွန်တူပါတယ်။ တရုတ်စီးပွားရေးမှာ ဘရိတ်ကလေး နဲနဲ အုပ်လိုက်တာနဲ့ တကမ္ဘာလုံး စီးပွားရေးတွေ ကမောက်ကမ ဖြစ်သွားနိုင်လို့ သတိလေးတွေထားကြဖို့ ရေးလိုက်ရတာပါ ။
A SHOCKING WEEK FOR CHINA
Melbourne, Australia, by Dr. ALex Crowie
Melbourne, Australia, by Dr. ALex Crowie
တရုတ်ပြည်က စီးပွားကိန်း ဂဏန်းလေးတွေက သူတို့စီးပွားရေး အနေအထားလေးကို လှစ်ဟပြလာပါတယ်။ ယူရိုစီးပွားရေးဇုံ ထဲကနေ ဂရိနိုင်ငံ ထွက်သွားဖို့  အခြေအနေတွေ များလာလေ ယူရိုဈေးကွက် ပြိုကွဲလာနိုင်ခြေ များလာလေ တရုတ်စီးပွားရေးလဲ ဇတ်ကိုတုန့်ကနဲ ဆွဲတန့်လိုက်သလို တန့်သွားပါတယ် ။
ကျနော့်မိတ်ဆွေတစ်ဦးဟာ အာရှမှာ ကမ္ဘာ့ရင်းနှီးမြုပ်နှံမှု ဘဏ်လုပ်ငန်းကြီး တခုမှာလုပ်နေသူရှိပါတယ်။ သူက တရုတ်ပြည်ဘက်ကို အချက်အလက်ရှာဖွေးရေး ခရီးထွက်နေပါပြီး သတ္တုလုပ်ငန်းရှင်ကြီးတွေ ကုန်သွယ်မှု လုပ်ငန်းရှင်ကြီးတွေနဲ့ ကုန်သည်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးနေပါတယ်။ သူ့ကိုဘာ အချက်အလက်များ ပြောပြနိုင်မလဲ မေးလိုက်ပါတယ်။ သူက (တရုတ်ပြည် အခြေအနေကတော့ မကောင်းတော့ဘူး။ ဒါပေမယ့် အများစုကတော့ ဒီလောက် အပြောင်းအလဲ သေးသေးလေးကို ခပ်ပေါ့ပေါ့ဘဲ သဘောထားကြပါတယ်)။
သတင်းကောင်းတခုအနေနဲ့ ကတော့ ယခုနစ် ပထမ ( ၃-လ )ပတ် မှာ တရုတ်စီးပွားရေး တိုးတက်မှုနုံးက ယခင်နှစ်ကထက် (၈.၁ -%) တိုးနေတာပြနေပါတယ်။ သင်ဟာ ကိန်းဂဏန်းတွေကို ကြည့်ပြီး သုံးသပ်နေမယ်ဆိုရင်တော့ ဒါဟာ အားရစရာပါဘဲ။
ဒါပေမယ့် တရုတ်စီးပွားရေးမှာ တကယ့် အဖြစ်မှန်က ဘာတွေဖြစ်ပျက် နေတယ်ဆိုတာကို သတိထား ကြည့်လိုက်မယ်ဆိုရင် အချို့အချက် အလက်လေးတွေကို သတိမူလိုက်မယ်ဆိုရင် နက်ဖန် စီးပွားရေး ကိန်းဂဏန်းတွေ ဘယ်လို ပြနေမယ်ဆိုတာကို လ-ချီပြီး ထိုင်စောင့်နေစရာ မလိုတော့ပါဘူး။ (အရိပ်ပြတာနဲ့  အကောင်မြင် လို့ ဆိုလိုပုံရပါတယ်)
တရုတ်ပြည်ရဲ့ လျှပ်စစ်ထုတ်လုပ်မှု တိုးတက်မှု နှုန်းထား/ ဘဏ်ချေးငွေ ထုတ်ယူမှုနှုန်း/ အိမ်ယာ ခြံမြေဈေးကွက် ကိုကြည့်ရင် ဒါတွေကတော့ မကောင်းတော့ဘူး။
သဲလွန်စလေးတွေကို ကြည့်တတ်မယ် ဆိုရင် ပေါ်နေပါတယ်။ တရုတ်ပြည်ရဲ့ လျှပ်စစ်ထုတ်လုပ်မှုကို မြင်အောင်ကြည့်ဖို့က ခက်ခဲပါတယ်။ (အမှောင်ချထားသလို မဲမှောင်နေပါမယ်) တိုင်းပြည်တခုမှာ ကုန်ထုတ်လုပ်မှု တိုးတက်ဖို့ ဆိုတာက လျှပ်စစ်ထုတ်လုပ်မှု တိုးတက်မှုက ပူးတွဲတိုးတက်မှု ရှိနေရပါမယ်။ တရုတ်ရဲ့ လျှပ်စစ်တိုး ထုတ်လုပ်မှုက မတိုးတက်ဘဲ စီးပွားရေး တိုးတက်နေပါတယ်လို့ ပြောလို့မရပါဘူး။ တိုင်းပြည်တခုရဲ့ တိုးတက်မှုနှုန်းကို လျှပ်စစ်တိုးတက် ထုတ်လုပ်မှု ရောင်ပြန် ဟတ်ပြနေပါတယ်။
(ကျနော်တို့ နိုင်ငံမှာ လျှပ်စစ် ၁၅၀၀-မီဂါဝပ်တောင် မှန်အောင်မပေးနိုင်ဘဲ အခု သေလုနီးနီး ငနဲကြီးက နိုင်ငံတော်ကြီး ဘယ်လို တိုးတက်လာတယ်။ ဘယ်လို ခေတ်မှီလာတယ် ပြောပြော။ အရိုးအရင်းလေး ကိုက်ရဖိုးလောက် မျှော်နေတဲ့ အကောင်တွေက ခေါင်းငြိမ့်ကြ အမြှီးလေးတွေ နှံ့ပြကြနဲ့ ဒီလိုလူတွေ အာချင်တိုင်း အာမရအောင် ကျနော်တို့ နိုင်ငံရေး လုပ်နေသူတွေက ပြည်သူတွေကို နားမျက်စေ့လေးတွေ ဖွင့်ပေးရပါမယ်။ ဆောင်းပါးထဲကလို မြင်တတ်အောင်ပေါ့။ ဒါနိုင်ငံရေးတာဝန်ခုပါဘဲ)။
(ကုန်သွယ်ရေးဝန်ကြီး ဦးဝင်းမြင့်က နိုင်ငံခြားက ရင်းနှီးမြုပ်နံမဲ့ လူတွေလာကြတာ အများကြီး တကယ်လက်တွေ့ ရင်းနှီးမဲ့သူ မလာဘူးတဲ့။ တကယ်က လာကြသူတွေက တကယ့်ကို ရင်းနှီးဖို့ လာကြတာပါ။ ဆွေးနွေးတိုင်း လျှပ်စစ်ကိစ္စ မေးပါမယ်။ ရန်ကုန်မြို့လယ်ခေါင်က တဒုံးဒုံးမောင်းနေတဲ့ မီးစက်လေးတွေက အဖြေပေးနေတာ မြင်တော့ မေးစရာ မလိုတော့တာလဲ ဖြစ်နိုင်ပါတယ်။ လျှပ်စစ်မီးမရှိဘဲ နိုင်ငံခြားရင်းနှီး မြုပ်နှံမယ့် သူတွေကို ဖိတ်နေ မျှော်နေတာက ဥပမာခပ်ရိုင်းရိုင်းလေးပေးရရင် မီးယပ်ဖြစ်ပြီး ပိန်ခြောက်ကပ်နေတဲ့ မိန်းမက လင်ရရင်ဘဲ ကလေးမွှေးပြီး ၀ဖြိုးလာမယ် လို့မျှော်လင့်နေသလို ဖြစ်နေပါတယ်။ ကိုယ့်သားအိမ် ကိုယ်ရောဂါကို မကုစားဘဲ .......ထားပါတော့)
ပြီးခဲ့တဲ့နှစ်က တရုတ်ပြည်မှာ လျှပ်စစ်တိုးတက် ထုတ်လုပ်နိုင်မှုက ၇-% ကနေ ၁၂-% အထိတိုးတက် ထုတ်လုပ်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ လျှပ်စစ်ဓါတ်အား တိုးထုတ်လုပ်မှုက (သုည) ဖြစ်သွားပါတယ်။ ဒါလိမ်ညာလို့ မရတဲ့ကိန်းဂဏန်းပါ။ ဒါတင်လားဆိုတော့ ဘဏ်ကြီးတွေမှာပါ ငွေချေးထုတ်ယူမှု နှုန်းထား ကျဆင်းသွားပါတယ်။ တရုတ်သတင်းစာ China Dailyမှာ ဖေါ်ပြတာက တရုတ်ဘဏ်ကြီး-၄-ခု စလုံး မေလမှာ (လတ၀က်)အတွက် ချေးငွေအသစ် ထုတ်ပေးမှုက (လုံးဝ -ဇီးရိုး) ဖြစ်သွားပါတယ်။ တနည်းငွေချေးမှု အသစ်တွေ ရပ်ဆိုင်းနေပါတယ်။
Industrail Commercial Bank of China (HKG- 1398)
China Construction Bank (HKG- 0939)
Bank of China (HKG- 3988)
Agriculture Bank of China (HKG- 1288)
စတဲ့ဘဏ်ကြီး လေးခုဟာ မတ်လမှာ ချေးငွေအသစ် (၁၀၀၁) - ဘီလျှံယွမ် ထုတ်ချေးခဲ့ပါတယ်။ ဧပြီလမှာ -၆၈၁ -ဘီလျှံ ထုတ်ချေးခဲ့ပါတယ်။ အခုမေလ လ-တ၀က် ကျိုးလာချိန်အထိ (၀) ဆိုတော့ ထိတ်လန့်စရာ ဖြစ်လာပါတယ်။
တခါ တရုတ်ရဲ့ သွင်းကုန် တိုးတက်မှုကလည်း (၀.၃-%) ဘဲတိုးတက်လာပါတယ်။ တခါ အိုးအိမ် ဆောက်လုပ်ရေးမှာလဲ ယမန်နစ်က (၁၆-%) တိုးတက်မှုရှိခဲ့သော်လည်း အခုနစ်မှာ (၄.၀-%) ဘဲ တိုးတက်မှုရှိပါတယ်။ ပိုဆိုးတာက အိမ်အရောင်းဈေးကွက် (ရောင်းချနိုင်မှု နှုန်းထား) ကျသွားတာပါဘဲ။ အိမ်အရောင်းနှုန်းက ယမန်နှစ်ကထက် (၁၇.၅ -%) လျော့ကျသွားပါတယ်။ တစ်ခါ လူမနေသော အိမ်အသစ်က ယမန်နှစ်က အိမ်ခန်းအလွတ် (လူမနေသော အခန်းပေါင်း-သန်း-၇၀ ) ရှိနေတာကနေ ဒီနစ်မှာ ( ၄၇.၄-% )တိုးလာပြီး လူမနေသောအခန်းသစ်က ဈေးကွက်မှာ အခန်းပေါင်း- (သန်း-၁၀၀) လောက်အထိ ဖြစ်လာတာပါ။ မြေရောင်းချနိုင်မှုဈေးကွက်ကလဲ ( ၅၅.၀-%) ကျဆင်းသွားပါတယ်။
ဒီအိမ်ခြံမြေ ဈေးကွက်ကို ထိုခိုက်လာတာက ဘာကိုပြသလဲဆိုရင် အိမ်ယာဆောက်လုပ်ရေး လုပ်ငန်းဟာ တရုတ်အမျိုးသား ကုန်ထုတ်လုပ်မှုရဲ့- (၁၃.၀-%) အထိ ကြီးမားနေတော့ အတော်လေး အရေးပါနေပါတယ်။ (နိုင်ငံတကာမှာ အိမ်ယာဆောက်လုပ်မှု ပမာဏဟာ အမျိုးသား အသားတင် ထုတ်လုပ်မှု တန်းဖိုးရဲ့ ( ၁၀.၀ %) အောက်မှာ ထိန်းထားတတ်ကြပါတယ်။ တချို့နိုင်ငံကြီးတွေမှာ (၈.၀%) ထက်မပိုအောင် ကြပ်မတ်ထားပါတယ်)။
အဲဒီတော့ ဥရောပက ယူရိုဇုံက ပြသနာက တရုတ်စီးပွားရေးမှာ ဧရာမသင်္ဘောကြီး ရပ်တန့်လိုက်ရတာ နဖူးတွေ ဒူးတွေ့ ကြုံနေစပြုနေပါပြီ။ ကျနော်အနေနဲ့တော့ ဒီလက္ခဏာတွေဟာ တရုတ်စီးပွားရေးမှာ နလုံးဖေါက်ပြန် လာတယ်လို့ သုံးသပ်ပါတယ်။ တရုတ်စီးပွားရေးဟာ လတ်တလောမှာ ထိခိုက်နေပါပြီ။ ကျစပြုနေပါပြီ။ ဒီကနေ ပိုမိုဆိုးဝါးသွားနိုင်ပါသလား ..????
တရုတ်နိုင်ငံဟာ သြစတေးလျနိုင်ငံ (Australia) နိုင်ငံရဲ့အဓိက ကုန်သွယ်ဖက် (အဓိက ကုန်ကြမ်း တင်ပို့ရာနိုင်ငံ) ဖြစ်လေတော့ တရုတ်မှာ စီးပွားရေး တုန့်ဆိုင်းမှုလေးဟာ အော်ဇီအတွက် ထိတ်လန့့် စရာသတင်းဆိုးကြီး ဖြစ်ရပါတော့တယ်။ (စကားချပ်- အော်ဇီလွှတ်တော်မှာ အစိုးရက ဘတ်ဂျက်ကို ပြီးခဲတဲ့ နှစ်ပတ်က ဘတ်ဂျက်အသစ် အတည်ပြုထားပါတယ်။ ပိုငွေလေးပြထားတာကနေ မနေ့ကတော့ တရုတ်စီးပွားရေး တန့်သွားလို့ လိုငွေပြနိုင်ပါတယ်လို့ စကားပြောင်းလိုက်ရတော့ အတိုက်အခံက ဝေဖန်တော့တာပေါ့။ နှစ်ပတ်မပြည့်သေးဘူး စကားပြောင်းပြောတယ်လို့ စွပ်စွဲတော့တာပေါ့၊)
ဒီတော့ ကျနော့်မိတ်ဆွေကို ကျနော်ကမေးပါတယ်။ ခင်ဗျား အမြင်ဘယ်လို ရှိပါသလဲဆိုတော့ သူက တရုတ်စီးပွားရေးက ခန့်မှန်းဖို့ ခက်ခဲပါတယ်တဲ့။ သူတို့က တနည်းမဟုတ် တနည်း ကြံဆပြီး ဖြေရှင်းတတ်လို့ပါတဲ့။ ဈေးတွေ ယခုထက် ပိုကျလာမယ်ဆိုရင် အစိုးရက ကြားဝင် ကိုင်တွယ် လာတတ်ပါတယ်တဲ့။ အခုထက် ဈေးတွေပိုကျလာရင် အစိုးရကနောက်တကြိမ် (၂၀၀၈-ကတကြိမ် ၀င်ထားပါတယ်) ကြားဝင် ကုစားပါမယ်တဲ့။
(စကားချပ်- ၂၀၀၈-ခုနစ်တုန်းက အနောက်နိုင်ငံကြီးတွေကနေ ကုန်ချော မှာထားတာတွေ ရပ်လိုက်တော့ သူတို့ ဆီမှာအလုပ်လက်မဲ့ ပြသနာကြီးထွား မလာအောင် အစိုးရကနေ လိုအပ်ချက်မရှိဘဲ မြို့သစ်ကြီးတွေ ဈေးကြီးတွေ လူနေအိမ်တွေ အများကြီး ဆောက်ခိုင်းလိုက်ပါတယ်။ အခုလူမနေတဲ့ အခန်းပိုတွေဟာ အဲဒီကုစားမှုရဲ့ ရလာဒ်ပါ။ အခုအခန်းတွေပိုများပြီး အရောင်းဈေးကွက် ပျက်လာတော့ ဘေးထွက် ဆိုးကျိုးစတင် သက်ရောက်လာမှုပါ)။
သူက ဆက်ပြောပါတယ်။ တခုတော့ရှိတယ် ..တရုတ်က သူနိုင်ငံမှာ စီးပွားရေးတည်ငြိမ်မှုကို ဘယ်လိုအခြေအနေနဲ့မှ အပျက်ခံမှာ မဟုတ်ပါဘူးတဲ့။ စီးပွားရေး အရှိန်ပျက်လိုက်တာနဲ့ လူမှုရေးပြသနာတွေ ထောင်တက်လာမှာကို အလွန်သတိထားပါတယ်တဲ့။ သိပ်ကြောက်ပါတယ်တဲ့။
အခုကိုပင် အစိုးရက ဘဏ်ကြီးတွေကို ချေးငွေထုတ်ပေးနိုင်ခွင့်ကို အရင်က ဘဏ်ငွေရင်းပမာဏရဲ့  (၂၀.၅-%) ချန်ပြီး ငွေချေးခွင့် ပြုထားရာကနေ အခု-(၂၀.၀-%) ချန်ထားပြီး ..(၀.၅-%) ပိုထုတ်ချေခွင့် ပေးလိုက်ပါတယ်။ ချေးငွေပေါ်လာမှ စီးပွားရေးလုပ်ငန်းတွေ ပိုမိုလည်ပတ်လာအောင် ဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်အာဏာပိုင်တွေ အတွက် တကယ့်ပြသာနာက ချေးငွေတွေ တိုးယူလာဖို့က (တနည်းလုပ်ငန်းတွေ တိုးပေါ်လာဖို့က) ဈေးကွက်မှာ ထွက်ထားပြီးတဲ့ သကြားလုံးတွေကို ကုန်အောင် စားပစ်သူရှိမှ သကြားဈေးကို ကျားကန် နိုင်မှာဖြစ်ပါကြောင်း ...။
လှိုင်မြင့်
ကျနော့်မိတ်ဆွေတစ်ဦးဟာ အာရှမှာ ကမ္ဘာ့ရင်းနှီးမြုပ်နှံမှု ဘဏ်လုပ်ငန်းကြီး တခုမှာလုပ်နေသူရှိပါတယ်။ သူက တရုတ်ပြည်ဘက်ကို အချက်အလက်ရှာဖွေးရေး ခရီးထွက်နေပါပြီး သတ္တုလုပ်ငန်းရှင်ကြီးတွေ ကုန်သွယ်မှု လုပ်ငန်းရှင်ကြီးတွေနဲ့ ကုန်သည်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးနေပါတယ်။ သူ့ကိုဘာ အချက်အလက်များ ပြောပြနိုင်မလဲ မေးလိုက်ပါတယ်။ သူက (တရုတ်ပြည် အခြေအနေကတော့ မကောင်းတော့ဘူး။ ဒါပေမယ့် အများစုကတော့ ဒီလောက် အပြောင်းအလဲ သေးသေးလေးကို ခပ်ပေါ့ပေါ့ဘဲ သဘောထားကြပါတယ်)။
သတင်းကောင်းတခုအနေနဲ့ ကတော့ ယခုနစ် ပထမ ( ၃-လ )ပတ် မှာ တရုတ်စီးပွားရေး တိုးတက်မှုနုံးက ယခင်နှစ်ကထက် (၈.၁ -%) တိုးနေတာပြနေပါတယ်။ သင်ဟာ ကိန်းဂဏန်းတွေကို ကြည့်ပြီး သုံးသပ်နေမယ်ဆိုရင်တော့ ဒါဟာ အားရစရာပါဘဲ။
ဒါပေမယ့် တရုတ်စီးပွားရေးမှာ တကယ့် အဖြစ်မှန်က ဘာတွေဖြစ်ပျက် နေတယ်ဆိုတာကို သတိထား ကြည့်လိုက်မယ်ဆိုရင် အချို့အချက် အလက်လေးတွေကို သတိမူလိုက်မယ်ဆိုရင် နက်ဖန် စီးပွားရေး ကိန်းဂဏန်းတွေ ဘယ်လို ပြနေမယ်ဆိုတာကို လ-ချီပြီး ထိုင်စောင့်နေစရာ မလိုတော့ပါဘူး။ (အရိပ်ပြတာနဲ့  အကောင်မြင် လို့ ဆိုလိုပုံရပါတယ်)
တရုတ်ပြည်ရဲ့ လျှပ်စစ်ထုတ်လုပ်မှု တိုးတက်မှု နှုန်းထား/ ဘဏ်ချေးငွေ ထုတ်ယူမှုနှုန်း/ အိမ်ယာ ခြံမြေဈေးကွက် ကိုကြည့်ရင် ဒါတွေကတော့ မကောင်းတော့ဘူး။
သဲလွန်စလေးတွေကို ကြည့်တတ်မယ် ဆိုရင် ပေါ်နေပါတယ်။ တရုတ်ပြည်ရဲ့ လျှပ်စစ်ထုတ်လုပ်မှုကို မြင်အောင်ကြည့်ဖို့က ခက်ခဲပါတယ်။ (အမှောင်ချထားသလို မဲမှောင်နေပါမယ်) တိုင်းပြည်တခုမှာ ကုန်ထုတ်လုပ်မှု တိုးတက်ဖို့ ဆိုတာက လျှပ်စစ်ထုတ်လုပ်မှု တိုးတက်မှုက ပူးတွဲတိုးတက်မှု ရှိနေရပါမယ်။ တရုတ်ရဲ့ လျှပ်စစ်တိုး ထုတ်လုပ်မှုက မတိုးတက်ဘဲ စီးပွားရေး တိုးတက်နေပါတယ်လို့ ပြောလို့မရပါဘူး။ တိုင်းပြည်တခုရဲ့ တိုးတက်မှုနှုန်းကို လျှပ်စစ်တိုးတက် ထုတ်လုပ်မှု ရောင်ပြန် ဟတ်ပြနေပါတယ်။
(ကျနော်တို့ နိုင်ငံမှာ လျှပ်စစ် ၁၅၀၀-မီဂါဝပ်တောင် မှန်အောင်မပေးနိုင်ဘဲ အခု သေလုနီးနီး ငနဲကြီးက နိုင်ငံတော်ကြီး ဘယ်လို တိုးတက်လာတယ်။ ဘယ်လို ခေတ်မှီလာတယ် ပြောပြော။ အရိုးအရင်းလေး ကိုက်ရဖိုးလောက် မျှော်နေတဲ့ အကောင်တွေက ခေါင်းငြိမ့်ကြ အမြှီးလေးတွေ နှံ့ပြကြနဲ့ ဒီလိုလူတွေ အာချင်တိုင်း အာမရအောင် ကျနော်တို့ နိုင်ငံရေး လုပ်နေသူတွေက ပြည်သူတွေကို နားမျက်စေ့လေးတွေ ဖွင့်ပေးရပါမယ်။ ဆောင်းပါးထဲကလို မြင်တတ်အောင်ပေါ့။ ဒါနိုင်ငံရေးတာဝန်ခုပါဘဲ)။
တကောင်းတောင် နီကယ်စီမံကိန်းမှ ညဘက် လျှပ်စစ်သုံးစွဲမှု မြင်ကွင်းတခု
တိုင်းပြည်တပြည်ရဲ့ စီးပွားရေး အခြေအနေတွေ ဘယ်လိုရှိ နေတယ်ဆိုတာကို အဲဒီတိုင်းပြည်မှာ လျှပ်စစ်ဘယ်လောက် ထုတ်လုပ်နေတယ်ဆိုတာကို လျှပ်တပြတ် ကြည့်နိုင်ရင် ဆန်းစစ်လိုက်ရင် ခန့် မှန်းလို့ ရသွားတာပါဘဲ။ ဘာကြောင့်ပါလိမ့်။ စီးပွားရေးအားလုံးမှာ လျှပ်စစ်မီးအနည်းများဆိုသလို လိုနေပါတယ်။ အိမ်/ ရုံး/ စက်ရုံ/ အဆောက်အအုံတွေ/ လေယာဉ်ကွင်းတွေ ဘာကျန်သေးလဲ စီးပွားရေး တိုးတက် နေပါတယ်ဆိုရင် လျှပ်စစ်လဲ တိုးတက်နေရပါမယ်။ လျှပ်စစ်တိုး မထုတ်ဘဲ စီးပွားရေး တိုးတက် နေပါတယ်ဆိုတာ..။ (ကုန်သွယ်ရေးဝန်ကြီး ဦးဝင်းမြင့်က နိုင်ငံခြားက ရင်းနှီးမြုပ်နံမဲ့ လူတွေလာကြတာ အများကြီး တကယ်လက်တွေ့ ရင်းနှီးမဲ့သူ မလာဘူးတဲ့။ တကယ်က လာကြသူတွေက တကယ့်ကို ရင်းနှီးဖို့ လာကြတာပါ။ ဆွေးနွေးတိုင်း လျှပ်စစ်ကိစ္စ မေးပါမယ်။ ရန်ကုန်မြို့လယ်ခေါင်က တဒုံးဒုံးမောင်းနေတဲ့ မီးစက်လေးတွေက အဖြေပေးနေတာ မြင်တော့ မေးစရာ မလိုတော့တာလဲ ဖြစ်နိုင်ပါတယ်။ လျှပ်စစ်မီးမရှိဘဲ နိုင်ငံခြားရင်းနှီး မြုပ်နှံမယ့် သူတွေကို ဖိတ်နေ မျှော်နေတာက ဥပမာခပ်ရိုင်းရိုင်းလေးပေးရရင် မီးယပ်ဖြစ်ပြီး ပိန်ခြောက်ကပ်နေတဲ့ မိန်းမက လင်ရရင်ဘဲ ကလေးမွှေးပြီး ၀ဖြိုးလာမယ် လို့မျှော်လင့်နေသလို ဖြစ်နေပါတယ်။ ကိုယ့်သားအိမ် ကိုယ်ရောဂါကို မကုစားဘဲ .......ထားပါတော့)
ပြီးခဲ့တဲ့နှစ်က တရုတ်ပြည်မှာ လျှပ်စစ်တိုးတက် ထုတ်လုပ်နိုင်မှုက ၇-% ကနေ ၁၂-% အထိတိုးတက် ထုတ်လုပ်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ လျှပ်စစ်ဓါတ်အား တိုးထုတ်လုပ်မှုက (သုည) ဖြစ်သွားပါတယ်။ ဒါလိမ်ညာလို့ မရတဲ့ကိန်းဂဏန်းပါ။ ဒါတင်လားဆိုတော့ ဘဏ်ကြီးတွေမှာပါ ငွေချေးထုတ်ယူမှု နှုန်းထား ကျဆင်းသွားပါတယ်။ တရုတ်သတင်းစာ China Dailyမှာ ဖေါ်ပြတာက တရုတ်ဘဏ်ကြီး-၄-ခု စလုံး မေလမှာ (လတ၀က်)အတွက် ချေးငွေအသစ် ထုတ်ပေးမှုက (လုံးဝ -ဇီးရိုး) ဖြစ်သွားပါတယ်။ တနည်းငွေချေးမှု အသစ်တွေ ရပ်ဆိုင်းနေပါတယ်။
Industrail Commercial Bank of China (HKG- 1398)
China Construction Bank (HKG- 0939)
Bank of China (HKG- 3988)
Agriculture Bank of China (HKG- 1288)
စတဲ့ဘဏ်ကြီး လေးခုဟာ မတ်လမှာ ချေးငွေအသစ် (၁၀၀၁) - ဘီလျှံယွမ် ထုတ်ချေးခဲ့ပါတယ်။ ဧပြီလမှာ -၆၈၁ -ဘီလျှံ ထုတ်ချေးခဲ့ပါတယ်။ အခုမေလ လ-တ၀က် ကျိုးလာချိန်အထိ (၀) ဆိုတော့ ထိတ်လန့်စရာ ဖြစ်လာပါတယ်။
တခါ တရုတ်ရဲ့ သွင်းကုန် တိုးတက်မှုကလည်း (၀.၃-%) ဘဲတိုးတက်လာပါတယ်။ တခါ အိုးအိမ် ဆောက်လုပ်ရေးမှာလဲ ယမန်နစ်က (၁၆-%) တိုးတက်မှုရှိခဲ့သော်လည်း အခုနစ်မှာ (၄.၀-%) ဘဲ တိုးတက်မှုရှိပါတယ်။ ပိုဆိုးတာက အိမ်အရောင်းဈေးကွက် (ရောင်းချနိုင်မှု နှုန်းထား) ကျသွားတာပါဘဲ။ အိမ်အရောင်းနှုန်းက ယမန်နှစ်ကထက် (၁၇.၅ -%) လျော့ကျသွားပါတယ်။ တစ်ခါ လူမနေသော အိမ်အသစ်က ယမန်နှစ်က အိမ်ခန်းအလွတ် (လူမနေသော အခန်းပေါင်း-သန်း-၇၀ ) ရှိနေတာကနေ ဒီနစ်မှာ ( ၄၇.၄-% )တိုးလာပြီး လူမနေသောအခန်းသစ်က ဈေးကွက်မှာ အခန်းပေါင်း- (သန်း-၁၀၀) လောက်အထိ ဖြစ်လာတာပါ။ မြေရောင်းချနိုင်မှုဈေးကွက်ကလဲ ( ၅၅.၀-%) ကျဆင်းသွားပါတယ်။
ဒီအိမ်ခြံမြေ ဈေးကွက်ကို ထိုခိုက်လာတာက ဘာကိုပြသလဲဆိုရင် အိမ်ယာဆောက်လုပ်ရေး လုပ်ငန်းဟာ တရုတ်အမျိုးသား ကုန်ထုတ်လုပ်မှုရဲ့- (၁၃.၀-%) အထိ ကြီးမားနေတော့ အတော်လေး အရေးပါနေပါတယ်။ (နိုင်ငံတကာမှာ အိမ်ယာဆောက်လုပ်မှု ပမာဏဟာ အမျိုးသား အသားတင် ထုတ်လုပ်မှု တန်းဖိုးရဲ့ ( ၁၀.၀ %) အောက်မှာ ထိန်းထားတတ်ကြပါတယ်။ တချို့နိုင်ငံကြီးတွေမှာ (၈.၀%) ထက်မပိုအောင် ကြပ်မတ်ထားပါတယ်)။
အဲဒီတော့ ဥရောပက ယူရိုဇုံက ပြသနာက တရုတ်စီးပွားရေးမှာ ဧရာမသင်္ဘောကြီး ရပ်တန့်လိုက်ရတာ နဖူးတွေ ဒူးတွေ့ ကြုံနေစပြုနေပါပြီ။ ကျနော်အနေနဲ့တော့ ဒီလက္ခဏာတွေဟာ တရုတ်စီးပွားရေးမှာ နလုံးဖေါက်ပြန် လာတယ်လို့ သုံးသပ်ပါတယ်။ တရုတ်စီးပွားရေးဟာ လတ်တလောမှာ ထိခိုက်နေပါပြီ။ ကျစပြုနေပါပြီ။ ဒီကနေ ပိုမိုဆိုးဝါးသွားနိုင်ပါသလား ..????
တရုတ်နိုင်ငံဟာ သြစတေးလျနိုင်ငံ (Australia) နိုင်ငံရဲ့အဓိက ကုန်သွယ်ဖက် (အဓိက ကုန်ကြမ်း တင်ပို့ရာနိုင်ငံ) ဖြစ်လေတော့ တရုတ်မှာ စီးပွားရေး တုန့်ဆိုင်းမှုလေးဟာ အော်ဇီအတွက် ထိတ်လန့့် စရာသတင်းဆိုးကြီး ဖြစ်ရပါတော့တယ်။ (စကားချပ်- အော်ဇီလွှတ်တော်မှာ အစိုးရက ဘတ်ဂျက်ကို ပြီးခဲတဲ့ နှစ်ပတ်က ဘတ်ဂျက်အသစ် အတည်ပြုထားပါတယ်။ ပိုငွေလေးပြထားတာကနေ မနေ့ကတော့ တရုတ်စီးပွားရေး တန့်သွားလို့ လိုငွေပြနိုင်ပါတယ်လို့ စကားပြောင်းလိုက်ရတော့ အတိုက်အခံက ဝေဖန်တော့တာပေါ့။ နှစ်ပတ်မပြည့်သေးဘူး စကားပြောင်းပြောတယ်လို့ စွပ်စွဲတော့တာပေါ့၊)
ဒီတော့ ကျနော့်မိတ်ဆွေကို ကျနော်ကမေးပါတယ်။ ခင်ဗျား အမြင်ဘယ်လို ရှိပါသလဲဆိုတော့ သူက တရုတ်စီးပွားရေးက ခန့်မှန်းဖို့ ခက်ခဲပါတယ်တဲ့။ သူတို့က တနည်းမဟုတ် တနည်း ကြံဆပြီး ဖြေရှင်းတတ်လို့ပါတဲ့။ ဈေးတွေ ယခုထက် ပိုကျလာမယ်ဆိုရင် အစိုးရက ကြားဝင် ကိုင်တွယ် လာတတ်ပါတယ်တဲ့။ အခုထက် ဈေးတွေပိုကျလာရင် အစိုးရကနောက်တကြိမ် (၂၀၀၈-ကတကြိမ် ၀င်ထားပါတယ်) ကြားဝင် ကုစားပါမယ်တဲ့။
(စကားချပ်- ၂၀၀၈-ခုနစ်တုန်းက အနောက်နိုင်ငံကြီးတွေကနေ ကုန်ချော မှာထားတာတွေ ရပ်လိုက်တော့ သူတို့ ဆီမှာအလုပ်လက်မဲ့ ပြသနာကြီးထွား မလာအောင် အစိုးရကနေ လိုအပ်ချက်မရှိဘဲ မြို့သစ်ကြီးတွေ ဈေးကြီးတွေ လူနေအိမ်တွေ အများကြီး ဆောက်ခိုင်းလိုက်ပါတယ်။ အခုလူမနေတဲ့ အခန်းပိုတွေဟာ အဲဒီကုစားမှုရဲ့ ရလာဒ်ပါ။ အခုအခန်းတွေပိုများပြီး အရောင်းဈေးကွက် ပျက်လာတော့ ဘေးထွက် ဆိုးကျိုးစတင် သက်ရောက်လာမှုပါ)။
သူက ဆက်ပြောပါတယ်။ တခုတော့ရှိတယ် ..တရုတ်က သူနိုင်ငံမှာ စီးပွားရေးတည်ငြိမ်မှုကို ဘယ်လိုအခြေအနေနဲ့မှ အပျက်ခံမှာ မဟုတ်ပါဘူးတဲ့။ စီးပွားရေး အရှိန်ပျက်လိုက်တာနဲ့ လူမှုရေးပြသနာတွေ ထောင်တက်လာမှာကို အလွန်သတိထားပါတယ်တဲ့။ သိပ်ကြောက်ပါတယ်တဲ့။
အခုကိုပင် အစိုးရက ဘဏ်ကြီးတွေကို ချေးငွေထုတ်ပေးနိုင်ခွင့်ကို အရင်က ဘဏ်ငွေရင်းပမာဏရဲ့  (၂၀.၅-%) ချန်ပြီး ငွေချေးခွင့် ပြုထားရာကနေ အခု-(၂၀.၀-%) ချန်ထားပြီး ..(၀.၅-%) ပိုထုတ်ချေခွင့် ပေးလိုက်ပါတယ်။ ချေးငွေပေါ်လာမှ စီးပွားရေးလုပ်ငန်းတွေ ပိုမိုလည်ပတ်လာအောင် ဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်အာဏာပိုင်တွေ အတွက် တကယ့်ပြသာနာက ချေးငွေတွေ တိုးယူလာဖို့က (တနည်းလုပ်ငန်းတွေ တိုးပေါ်လာဖို့က) ဈေးကွက်မှာ ထွက်ထားပြီးတဲ့ သကြားလုံးတွေကို ကုန်အောင် စားပစ်သူရှိမှ သကြားဈေးကို ကျားကန် နိုင်မှာဖြစ်ပါကြောင်း ...။
မနေ့က ဒီဆောင်းပါးလေး ရေးပြီးတာနဲ့ ဒီမိုဝေယံကို ပို့ပြီး
သတင်း ကြည့်လိုက်ပါတယ်။ ဆောင်းပါးပို့အပြီး တနာရီဘဲခြားပြီး
ညနေပိုင်းသတင်းမှာ အမေရိကန်မှာ လွန်ခဲ့ တနှစ်တာအတွင်း
စီးပွားရေး ပြန်ဦးမော့လာလို့ စတောက်ဈေး (စတောက်ရှယ်ယာတန်ဖိုး)တွေ
ပြန်တက်ထားပါတယ်။ တနှစ်အတွင်း ပြန်တက်ထားတဲ့ တနှစ်စာ တက်ထားသမျှတန်ဖိုးဟာ
စတောက်တန်ဖိုးဟာ သောကြာနေ့ တရက်ထည်း (၀၁ / ၀၆ / ၂၀၁၂)
တရက်ထဲ ပြန်ကျသွားပါတယ်။ ဆိုးဆိုးဝါးဝါး ကျသွားလို့ တနင်္လာနေ့ အာရှစတောက် ရှယ်ယာ ဈေးတွေပြန် ဈေးဖွင့်ချိန်မှာ
ဘယ်လို ဂယက်ရီုက်မယ် ဘယ်လောက်အထိ ကျသွားမယ်ဆိုပြီး တရုတ် ဟောင်ကောင်
အာရှ၊ ဂျပန်၊ အော်ဇီ အာဆီယံက စတောက်ရှယ်ယာ ၀ယ်ထားသူတွေ ရင်မောနေကြရပါပြီ။
အခုမြန်မာအစိုးရက ဂျပန် ဒိုင်ဝါ ငွေကြေးဌာနကြီးနဲ့ မြန်မာပြည်မှာ
စတောက်ရှယ်ယာ ဈေးကွက်ဖေါ်ဖို့ ကြိုးပမ်းနေပါတယ်။
အမြန်ဆုံး အကောင် အထည် ပေါ်ပါစေလို့ ဆုတောင်းနေပါတယ်။ အာဏာရှင်ကို
လက်သံပြောင်ပြောင် ဆုံးမနိုင်တာ ရိုက်နိုင်တာက စတောက်ရှယ်ယာ ဈေးနှုန်းပါဘဲ။ အာဏာသိမ်း တယ်ဆိုရင် မာရှယ်လော အမိန့်ထုတ်ရတာပါဘဲ။ မာရှယ်လောနဲ့
စတောက်ဈေးကွက်က တဇောင်းစေး နဲ့မျက်ချေး ပြောမလား။
အာဏာသိမ်းလိုက်တာနဲ့ စတော့ဈေးကွက် ထိုးကျသွားတာပါဘဲ။ ဘယ်နိုင်ငံကြီးတွေကိုမှ Sanction လုပ်ပါ အော်နေစရာ မလိုတော့ဘူး။
အကူတောင်းနေစရာ မလိုတော့ပါဘူး ။
ထိုင်းနိုင်ငံမှာ စစ်တပ်အာဏာ သိမ်းမှု မကြာခန ဖြစ်ခဲ့ပါတယ် ။
ဒီဘက်နစ်တွေမှာ အာဏာသိမ်းတာနဲ့  စီးပွားရေးတွေ ထိုးကျသွားတတ်တော့
ထိုင်းဗိုလ်ချုပ်တွေ လက်စွမ်းသိပ် မပြရဲကြတော့ဘူး။
စတောက်ဈေးကွက်ဆိုတာကလဲ အာဏာရှင်တွေ ထိုင်းဗိုလ်ချုပ်တွေက အများစု
ပိုင်ဆိုင်ထားကြတာ ဆိုတော့ စတောက်ဈေးကျမှာ အကြောက်ဆုံးက အာဏာရှင်တွေနဲ့
ခရီုနီတွေပါဘဲ။ သူတို့ စားရိတ်နဲ့  သူတို့ လိမ္မာနေကြပါမယ်။
မနက်ဖန် တင်္နလာနေ့ ကတော့ ကမ္ဘာ့စီးပွားရေး သတင်းမှာ ပွက်ပွက်ဆူမဲ့ နေ့တနေ့ ဖြစ်နိုင်ပါတယ်။ အမေရိကန် စီးပွားရေး အကျပြလိုက်ရင်
တရုတ်ကြီး ခေါင်းကြိမ်း နေပါတော့ မယ်။ တရုတ်ပြည်မကြီးမှာ
လူထုတော်လှန်ရေးတွေ ပေါ်လာနိုင်ပါတယ်။ ဒီတစ်ခါ ၂၀၀၈-လို ကုန်ကြမ်းတွေ
ပြည်တွင်းမှာ သုံးဖို့  ဂွင်ပျောက်နေပါပြီ။ ကျနော်တို့ ဆီက
အာဏာရှင်တွေကို ကျားကန်ပေးပြီးတိုင်း သူတို့မှာ သေလုမျှောပါး ပြသနာတက်ရတယ်လို့ ကျနော်ယခင် ဆောင်းပါးတွေမှာ ရေးထားဘူးပါတယ်။ ကဲတရုတ်ကြီး အလှဲ့ကျရင် မနွှဲ့ကြစတမ်းပေါ့ ။
အားလုံးကို လေးစားလျှက်
လှိုင်မြင့်
ဓာတ်ပုံ ဒီမိုဝေယံ

ဆရာ့ရဲ့အရင်ဆောင်းပါးမှာ ရေးထားတာတွေဟာ အခုတောင်မှန်နေပီ. ရွှေဝါရောင်ကိုအားပေးပြီးမကြာဘူး တိဗက်ဘုန်းကြီးတွေကိုသတ်တယ် နာဂစ်မှာအမေရိကန် မဝင်ရအောင်အကြံပေးပြီး မကြာဘူး ငလျင်အကြီးအကျယ်လှုပ်တယ်။ တိုက်ဆိုင်တာတွေ ဟာအံ့သြစရာကောင်းလောက်အောင်ကို များများလာပြီနော်ဆရာ။
ReplyDeleteဟုတ်ကဲ့ပါ ဥိးကိုလေး(တိုကျို )...၈၈၈၈-ဖြစ်ခါနီး.မ.ဆ.လ.ဥိးနေ၀င်းနုတ်ထွက်ချိန် ကာလမှာ တရုတ်က မြန်မာနိုင်ငံမှာ အာဏာရှင်စံနစ်ပြုကျပြီး ဒီမိုကရေစီပေါ်လာမှာ မလိုလားတော့ နေ၀င်း-စန်းယုစစ်အစိုးရလို့ တသက်လုံးအော်လာတာရပ်ပြီးနယ်စပ်ကုန်သွယ်ရေးဆိုပြီး တက်သုတ်ရီုက် လုပ်ခဲ့တယ် ။ ပြီးစစ်လက်နက်တွေ စစ်ကားတွေ တက်သုတ်ရီုက်ပို့ ပေးပါတယ် ။ မကြာပါဘူး..၁၉၈၉-မေလမှာ တိန်အမင်ရင်ပြင်မှာကျောင်းသားတော်လှန်ရေးကြီးပေါ်လာပြီး ဇွန်-၄-ရက်နေ့ မှာ လူသတ်ပွဲကြီးလုပ်ရတော့တာပါဘဲ ။
ReplyDeleteအခုကျနော်တို့စီးပွားရေး အဆက်အဆံပြောင်းနေတာကို ကြိတ်ဝိုင်းနဲ့  အစိုးရကို ဖိအားပေးနေပါတယ် ။ တစွန်းတစတော့သိနေရပါပြီ .။
အော်ဇိမှာလဲ မေလ-တတိယပတ်မှာ အော်ဇီစတောက်တန်ဖိုး ( ၇၁-ဘီလျှံ ) ပျောက်ထွက်သွားပါတယ် ။ အခုအမေရိကန်မှာလဲ စတောက်တန်းဖိုး အများကြီး ပျောက်ထွက်သွားပါမယ် ။
စတောက်ရှယ်ယာဈေးတန်ဖိုးကို ပညာရှင်တွေက ဘူပေါင်းပုံသဏ္ဍန်နဲ့ ခိုင်းနိုင်းကြပါတယ် ။ ဘူပေါင်း ပေါက်သွားတယ်ပေါ့ ။ ကျနော်က ကျိုထားတဲ့နွားနို့ အိုးကြီးနဲ့ခိုင်းနိုင်းခြင်ပါတယ် ။ ပူနေတုံး အမြုပ်တွေနဲ့ ဖေါင်းပြည့်နေတဲ့နို့ အိုးကြိး မီးရပ်သွားရင် အမြုပ်တွေ ကျသွားသလို တကယ်အရှိတန်ဖိုးထက် ကြွတက်နေတဲ့ တန်းဖိုး ( အမြုပ်တွေ ) ပျောက်ကုန်တာပါ ။
လှိုင်မြင့်
ဆရာဆက်ရေးပါ
ReplyDeleteဆောင်းပါးတွေ မျှော်နေပါတယ်
လျှပ်စစ်မီးအကြောင်းလည်း ရေးပါဦး
ကောင်းလိုက်တဲ့ဆောင်းပါးပါ.. ကျေးဇူးအထူးတင်ပါတယ်..။
ReplyDeleteပထမဆုံးအချက်ကတော့ trust ပါပဲ။ ယုံကြည်မှငွေရင်းနှီးမှာပေါ့..နောက်လိုအပ်တဲ့ အင်ဖရာစထရပ်ချာ Infrastructure တွေကတော့ မခဲယဉ်းပါဘူး။ Trust ဘယ်လိုရနိုင်မလဲ .. ငွေရှာနည်းနဲ့ငွေကိုတိုးပွား၊အကျိုးများစေတဲ့နည်းက Trusted People တွေပဲလုပ်နိုင်ပါတယ်။
အချိန်ရရင် ဆက်ဖတ်ဖို့ရာ
http://murann.com/fdi.htm
တနင်္လာနေ့  အာရှစတောက်ဈေးကွက်တွေဖွင့်ချိန် တချို့ နိုင်ငံတွေ ရုံးပိတ်ရက်ဆိုတာ စတောက်အပြောင်းအလဲ မရှိပေမဲ့  အော်ဇိက တနင်္လာနေ့ တရက်ထဲမှာ စတောက် -၂.၀% ခန့် ကျသွားပြီး အော်ဇီ စတောက်ရျယ်ယာတန်ဖိုး..၂၄- ဘီလျှံ တရက်ထဲနဲ့  ပျောက်သွားပါတယ် ။ Wipe out from the market လို့ သုံးနုံးပါတယ် ။
ReplyDeleteမေလဆန်းကနေ ဇွန်လ -၄-ရက်နေ့ တွင်း ( ၃၅-ရက်အတွင်း ) အော်ဇီစတောက်တန်းဖိုး..၁၂၅- ဘီလျှံ ပျောက်သွားပါတယ် ။ 125-billions wipe out in just 35 days. စတောက် တန်ဖိုး ၁၀.၃၄ % ကျသါားတာပါ ။
အင်္ဂါနေ့ မှာတော့ စတောက် အင်္ဂါနေ့ မှာတော့ ၁.၂၃ % ပြန်တက်လာပါတယ် ။ သောကြာနေ့ က တရုတ်က သံရိုင်းအမှာတွေ ကျသွားပါတယ် ။
အားလုံးက ဇွန်လ-၁၄ -ရက်နေ့ ဂရိရွေးကောက်ပွဲကို ရင်တမမ စောင့်ကြည့်နေကြရပါတယ် ။ တရုတ်စိးပွားရေးတုန့် ဆိုင်းမှု အမေရိကန်စီးပွားရေးကျသွားမှု ဥရောပကြွေးမြီပြသနာ..အခုတစ်လော စီးပွားရေးသတင်းတွေမှာ တွဲပြီး ကြားနေရတာပါ ။
လှိုင်မြင့်
ဆရာ ကျနော်ကတော့ တရုတ်ရင်းနှီးမြှပ်နှံမှုတွေလာတိုင်းမြန့်မာနိုင်ငံရေးရှုပ်တွေးတာ ပဋိပက္ခတွေတက်ရတာကို ရင်နာမိတယ် ဟိုစာသားလေးလို
ReplyDelete“ဟိုးဖက်ရွာကတုတ်ကြီးကနေကိုယ့်ရွာထဲလာပြီး တုတ်ဒါးအားကိုးနဲ့ အနိုင်ကျင့်ဗိုလ်ကျလုယက်တာကို တစ်ရွာလုံးလိုလိုမခံချင်ပဲ အာခံဖို့ ကြိုးစားခဲ့ကြပေမယ့် ၊ရွာထဲက သူကြီးသာဂိရဲ့ လက်ရုံးရည်အားကိုးပြီး နည်းမျိုးစုံနဲ့ ဂုတ်သွေးစုပ် လက်ဝါးကြီးအုပ် နှိပ်စက်ကလူ ပြုမူတာတွေကိုတော့ တစ်ရွာလုံးကနေ သေလုမျောပါးခံစားနေရတာပဲ။" အဲလိုပဲပြောရမလားပဲ ဘယ်လိုခုခံကာကွယ်နိုင်မလဲ မသိတော့ဘူး
တရုတ်ရင်းနှီးမြုပ်နံမှုတွေကို လက်ခံကောင်းပါတယ် ။ အနောက်နိုင်ငံကြိးတွေလို ပွင့်လင်းမြင်သာမှုရှိမယ် မြန်မာအလုပ်သမားတွေကို အသုံးပြုမယ်ဆိုရင် ကြိုဆိုရပါမယ် ။ ဒါပေမဲ့ မြစ်ဆုံစီမံကိန်းလို တိုင်းပြည်အတွက် ငလျှင်ကျောကြိးဘေးကပ်ပြီးဧရာမဆည်ကြိးဆောက်တာမျိုး အပြင် ဘိန်းဘုရင်မျိုးဆက်လို ဘယ်မိသားစု ဘ၀ပျက်ပျက် လော်စစ်ဟန်ငွေရဖို့ ကအဓိက ရာဇ၀င်ရိုင်းထားသူ ရှိထားသူတွေမျိုးနင့် ဖက်ဆပ် လုပ်ထားတာ ။
ReplyDeleteဦိးပိုင်လို တပ်မတော်နံမည်သုံးပြီး မတရားခိုးထားလို့  မတရားချမ်းသားထားသူ ဗိုလ်ချုပ်တွေအတွက် လုပ်နေတဲ့ ဦးပိုင်လို နင့် ဖက်ဆပ်တွေကိုတော့ အပြုတ်တိုက်ရပါမယ် ။
ဦးပိုင်ဆိုတာ ၉၄/ ၉၅ ကာလက မွတ်စလင်ကုလား- လှဝင်း- GRAND WYNN နင့်ပေါင်းပြီး အင်ဒိုနီးရှားနိုင်ငံက ရက်လွန် ချောကလက်တွေ နင့် ရက်လွန်-ဒိန်းမတ် ကွက်ကီတွေ တင်းသွင်းခဲ့ပါတယ် ။ စာအုံးဆီကိုလဲ ဆပ်ပြာချက်တဲ့ အဆင့်ကို လူထုစားဖို့ သွင်းခဲ့တာ ဦးပိုင် ပါဘဲ ။
အဲဒီဒါဏ်တွေ ယခု မြန်မာတွေ ကင်ဆာအများဆုံးဖြစ်တာခံစားနေရပါတယ် ။ဦးပိုင်ကိုအပြုတ်တိုက်ရပါမယ် ။ ပြီးသူ့ နဲ့ ပေါင်းပြီး မြန်မာတွေကို အနုနည်းနဲ့  သတ်နေတဲ့ ကုလားကုမ္မဏီ ( Grand Wynn ) လှဝင်းကို သပိတ်မှောက်ကြရပါမယ် ။
လူထု သိအောင် ဖြန့် ဝေကြပါ ။
ဟုတ်ပါတယ် ။ ဒီ ဂရင်းဝင်းကုလားက လူလိမ်ပါ ။ သူသွင်းတဲ့ Mother Choice မာဂျရင်းကလဲ ရက်လွန်တွေ စုဆောင်းပြီး အဖုံးပေါ်မှာ ရက်စွဲရိုက်ထားတာဆိုတော့ အဖုံးပြောင်းပြီး မြန်မာပြည်ကိုသွင်းနေတာပါ ။ အလကားရတာဆိုတော့ ရောင်းရတာအကုန်မြတ်နေတာပါ ။ ရော၈ါရတော့ မြန်မာတွေရတာပါ ။
ReplyDeleteမြန်မာတွေကို အနုနည်းနဲ့ သတ်နေတာ မှန်သမှ သိပ်မှန် ။
နောက် ဆံပင်အရောင်ဆိုးဆေး နံမည်ကိုက Lolane ( လိုလိမ်း -ပြောင်းပြန် လိမ်လိုး ) ပါ ။ ကုလားကုန်ပစ္စည်းတွေ အမျုးသားစိတ်နဲ့ သပိတ်မှောက်ရင် သစ္စာအမဲ့ဆုံး( လိမ်လိုး ) ပစ္စည်းတွေ ထိပ်ဆုံးက သပိတ်မှောက်ရပါမယ် ။