ကိုယ့်မြေ ကိုယ့်ရေမှာ ကျီးလန့်စာ စားနေရတဲ့ ရခိုင်ပြည်နယ်က ပြည်သူတွေ မျက်နှာကိုကြည့်ပြီး ကျူးကျော် စော်ကားသူများအား ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းပေးပါရန်....
စစ်တွေမှာ ဆွေမျိုးမိဘတွေ ကျန်ခဲ့တဲ့ ရခိုင်မိတ်ဆွေ တဦးမှ စစ်တွေက သူ့မိဘတွေကို ဖုန်းဆက်သွယ်အပြီး စိတ်မကောင်းကြီးစွာနဲ့ ဖုန်းဆက်လာတယ်..။
စစ်တွေအခြေအနေက တော်တော်ဆိုးနေကြောင်း မိမိကိုတိုက်ခိုက်လာမယ့် ဘင်္ဂလီတွေကို စစ...်တွေမြို့ပေါ်က ပြည်သူတွေထိုင်ပြီး စောင့်နေရတဲ့ အခြေအနေမျိုးရောက်နေကြောင်း အိပ်ကောင်းခြင်း မအိပ်ရ စားကောင်းခြင်း မစားရ ကျီးလန့်စာ စားနေရကြောင်း ဖြစ်နေရပြီတဲ့၊ ဒီနေ့ မကျည်းမြိုင် ရပ်ကွက် ဗလီမှာ လက်နက် သေတ္တာ (၃)သေတ္တာနဲ့ လက်ပစ် ဗုံးအလုံး ၁၀၀ မိတယ်တဲ့။ အင်မတန် စိုးရိမ်စရာ အခြေအနေပါပဲ။
ငွေကြေးချမ်းသာတဲ့ သူတွေ ရန်ကုန်ကို ဆင်းနေကြကြောင်း၊ လေယာဉ်လက်မှတ်တွေ ဝယ်လို့ မရတော့တဲ့အပြင် လေဆိပ်ဆင်းမယ့် လမ်းတောင် လမ်းမှာ ဘင်္ဂလီတွေ တိုက်ခိုက်ခံရမှာ ဆိုးတဲ့အတွက် စိုးရိမ်ထိတ်လန့်နေကြပြီး မဆင်းရဲ ဖြစ်နေကြတယ်လို့ ဆိုပါတယ်..။ ညဘက်မှာ အလှည့်ကျ ကင်းစောင့်နေရပြီး ဘင်္ဂလီများမှ လစ်ရင်လစ်သလို ဝင်ရောက် တိုက်ခိုက်နေကြကြောင်း စစ်တပ်နဲ့ ရဲကို ဘင်္ဂလီတွေမှ မထေ့မဲ့မြင် ပြုလုပ်နေကြတယ်လို့ ဆိုပါတယ်..။
အဆိုပါ မိတ်ဆွေရဲ့ မိသားစု နေအိမ်ဟာ စစ်တွေမြို့လယ်ကောင်မှာ ရှိနေတာတောင် ဒီလို အဖြစ်တွေကြုံတွေ့နေရတာပါ...။ လူတော်တော်များများ နေရပ်ကနေ ပြောင်းရွှေ့နေကြတဲ့အတွက် လူအင်အားလည်း နည်းပါးလာနေကြောင်း ယနေ့ဖြစ်ပျက်ခဲ့တဲ့ ဘင်္ဂလီတွေရဲ့ လက်နက်နဲ့ ပြန်လည် ပစ်ခတ်မှုဟာ စစ်တွေ မြို့ခံပြည်သူတွေအတွက် တပူပေါ် နှစ်ပူဆင့်သလို ဖြစ်နေပါတယ်...။ ဒါဟာ စစ်တွေ မြို့ထဲက အခြေအနေပါတဲ့ လုံခြုံရေး အလှမ်းဝေးတဲ့ နေရာတွေမှာ ဘယ်လိုများ နေကြမလဲ စဉ်းစားကြည့်ကြပါတဲ့.။ ဖုန်းပြောနေတဲ့ အချိန်မှာတောင် လုံခြုံရေး ရဲကားတွေ အဆက်မပြတ် ဖြတ်သန်းသွားတယ်တဲ့။ တောင်မင်း မြောက်မင်း မကယ်နိုင်သလို ဖြစ်နေရပါတယ်တဲ့။
စစ်တပ်မှ ပြန်လည် ပစ်ခတ် နှိမ်နင်းတာကို မြို့ခံတွေ လိုလားနေကြပြီး အားမလို အားမရ ဖြစ်နေကြတယ်လို့လည်း စိတ်မကောင်းစွာ ပြောဆိုသွားပါတယ်...။ မိတ်ဆွေကတော့ ဒီလို စစ်တွေမြို့ခံတွေ ခံစားနေရတာကို နီးစပ်ရာ အာဏာပိုင်တွေရဲ့ အသိုင်းအဝန်းတွေကို သိစေလိုကြောင်း ပြောဆိုသွားပါတယ်..။
အထက်ပါ သတင်းအတွက် အထူးအင်မတန် စိုးရိမ်မိသလို စိတ်မကောင်းလဲ ဖြစ်မိပါတယ်..။ စစ်တွေက တိုင်းရင်းသား ပြည်သူတွေရဲ့ မိမိအသက်ကို ဖက်နဲ့ ထုတ်ထားရသလို ဖြစ်နေရတဲ့ အခြေအနေ အတွက် စိတ်ထိခိုက်မိတယ်ဗျာ။ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ထိပါးခံရတဲ့ လုပ်ရပ်ပါဗျာ..။ သက်ဆိုင်ရာ အာဏာပိုင်များ ဒီထက်ပိုပြီး တတ်နိုင်သမျှ လုံခြုံရေးတွေ ထပ်တိုးပေးဖို့ တင်းတင်းကြပ်ကြပ် ဖြေရှင်းပေးဖို့ တောင်းဆိုအပ်ပါတယ်..။ လောလောဆယ် ကိုယ့်ပြည်သူတွေ မျက်နှာက ပိုအရေးကြီးပါတယ်ဗျာ...။ ဒီသတင်းကို ဖတ်မိသူများ မိမိနဲ့ အဆက်အသွယ်ရှိတဲ့ ဆိုင်ရာဆိုင်ရာကို တွန်းအားပေးကြဖို့ အနှူးအညွတ် တောင်းပန်အပ်ပါတယ်...။
ကျွန်တော်တို့ ပြည်သူတွေ တတ်နိုင်သလောက် ဝိုင်းဝန်းကူညီ ကြပါဗျာ...
သတင်း AP,Getty Images,Reuters




နိုင်ငံတော်မှ တာဝန်ရှိ လူကြီးမင်းများခင်ဗျား----------
ReplyDeleteဒီသတင်းအပြင် ရခိုင်မှာ ဖြစ်ပျက်နေတဲ့ နိုင်ငံမဲ့ အကြမ်းဖက်သမားတွေရဲ့ လုပ်ရက်တွေက တော်တော့်ကို အခြေအနေဆိုးနေပြီ-
ဒီကောင်တွေရဲ့ အတရယ်ကို ကာကွယ်ဖို့ - စစ်တပ်နဲ့ လုံခြုံရေး အင်အား ထပ်မံ တိုးမြှင့် ပေးသင့်ပါပြီ- သူတို့ကို သတ်ဖို့- တိုက်ဖို့ မဟုတ်ပါ- အပြစ်မဲ့ပြည်သူတွေ ထိခိုက်မှာ စိုးရိမ်လို့ပါ- ပြီးတော့ အပြစ်ရှိတဲ့သူေ8O_ gု ထိထိရောက်ရောက် အရေးယူဖို့ ပြင်ဆင်ထားသင့်ပါပြီ
ပြည်သူတွေရဲ့ လုံခြုံရေးအတွက် စစ်တပ်နဲ့ ရဲ အင်အားတိုးသင့်ပြီ- ပိုထိရောက်အောင် တပ်မတော် (လေ) က ရဟတ်ယာဉ်နဲ့ ကင်းလှည့်သင့်ပါပြီ- စစ် ရဟတ်ယာဉ်တွေကို ဂိုဒေါင်ထဲမှာ ဘဲ သိမ်းထားပြီး - လေယာဉ်ဆီ ခွဲတမ်းဘဲ မျှစားကြတော့မှာလား - အပြစ်ပြောတာမဟုတ်ပါ- ကျွန်တော့်အမြင်ကို ပြောတာပါ- သိတဲ့အတိုင်ဘဲ ရခိုင်မှာက လမ်းပန်းဆက်သွယ်ရေးက ခက်တယ်လေ- ဒါကြောင့်မို့ ရဟတ်ယာဉ်တွေနဲ့ ကင်းလှည့်သင့်တယ်လို့ထင်ပါတယ်-- ပိုမိုထိရောက်တဲ့ လုံခြုံရေး ဗျူဟာတွေနဲ့ ရခိုင်က အဖြစ်အပျက်တွေကို ကိုင်တွယ်သင့်ပါတယ်- အကြမ်းဖက်သမားတွေဆီမှာ လက်နက်တွေတောင်တွေ့နေရပြီလေ- တိုင်းပြည်အတွက် ထိခိုက်အတော်စိုးရိမ်တယ်- စိတ်မကောင်းလည်း ဖြစ်မိတယ်- ပြီး ဒီပြသ နာတွေပြီးရင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန(လ၀က)ကို ထိထိရောက်ရောက်နဲ့ ပြတ်ပြတ်သားသား တာဝန်ပေးသင့်ပါတယ်- ဒီပြသနာမှာ လ-၀-က ရဲ့ တာဝန် မကင်းဘူးဆိုတာ မြန်မာနိုင်ငံက ပြည်သူတွေ အတော်များများ သိကြပါတယ်-- ကျွန်တော်တို့ကတော့ ကောင်းတာတွေကိုဘဲ ဖြစ်စေ
ချင်လို့ ပြည်သူနဲ့ အမိနိုင3wO]g [gတွက် စေတနာ နဲ့ ရင်ဖွင့်ရခြင်းဖြစ်ပါတယ်- အမှားပါသွားရင် ခွင့်လွတ်ပေးဘို့လည်း ကြိုတင်ပြီး တောင်းပန်ပါရစေ
ကျေးဇူးတင်ပါတယ်-
Bengalies armed with AK47 whereas our Police with II world war Rifles seen inabove foto.Holy Cow!
ReplyDeleteThis case is very angry
ReplyDelete