Pages

Saturday, June 23, 2012

၂၂ရက်နေ့က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗြိတိန်ဝန်ကြီးဒေးဗစ်ကင်မရွန်းတို့ ထပ်မံတွေ့ဆုံကြတဲ့ မြင်ကွင်းနဲ့ ဗြိတိန်ခရီးစဉ် ရုပ်သံများ ..

 ဒီဓာတ်ပုံလေးကြည့်ပြီး ကြည်နှူးဝမ်းသာမိပါတယ်..

ကိုယ့်ခေါင်းဆောင်ကို လေးစားသမှုပြုတဲ့ ဗြိတိန်ဝန်ကြီးချုပ်ရဲ့ အလေးထားမှု မြင်ကွင်းလေးပါ..။
ဗြိတိန်ဝန်ကြီးချုပ်က အမေစုကို ဝန်ကြီးချုပ်နေအိမ်မှာ နေ့လည်စာ တည်ခင်းဧည့်ခံပြီး နှင်းဆီပန်းခြံကို လမ်းလျှောက်ထွက်လာတဲ့ မြင်ကွင်းပါ..။
 ဗြိတိန်ဝန်ကြီးချုပ် ဆောင်းပေးတဲ့ ထီးကို သတိထားမိလို့ အမေစု ရယ်မောနေလေသလားပဲ.. ပကာသနမပါ ဟန်ဆောင်မှုမပါ.. အင်မတန် သဘာဝကျပြီး အေးချမ်းလှတဲ့ မြင်ကွင်းလေးပါ..။

 မြန်မာပြည်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လေးစားသမှုနဲ့ အချိန်တွေ အများကြီးပေးပြီး နိုင်ငံခေါင်းဆောင် တဦးထက် မိတ်ဆွေရင်း တယောက်လို အမကြီးတဦးလို စောင့်ရှောက်တဲ့ ဗြိတိန်ဝန်ကြီးချုပ်ကိုလည်း ကျေးဇူးတင်ရမှာပါ..။

ဒီဓာတ်ပုံတွေကို ကြည့်မိရင်းက နှစ်ပေါင်းများစွာ နေအိမ်အကျဉ်းချခံရ အသက်ဘေးမှ အကြိမ်ကြိမ် လုပ်ကြံခံခဲ့ရပြီး လွတ်မြောက်လာရတဲ့ ဒီလို ပိန်ပိန်ပါးပါး ကမ္ဘာကျော် အမျိုးသမီးကြီးတဦးကို ညီမလေ...းတဦးလိုပါပဲ ဆိုပြီး အမြဲ ပြောဆိုကြတဲ့ ပြည်တွင်းက ခေါင်းဆောင်တွေ နှုတ်ဖျားက စကားထက် ရင်ထဲက စေတနာအမှန်နဲ့ လက်တွဲ လုပ်ဆောင်ခဲ့ကြမယ်ဆိုရင် ဘယ်လောက်များ တိုင်းပြည်အတွက် အကျိုးရှိလေမလဲ ဆိုတဲ့ အတွေးလည်း ဝင်လာမိပါတယ်..။

အကြောက်တရားနဲ့ နှစ်ပေါင်းများစွာ အုပ်ချုပ်လာခဲ့တဲ့ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံရသူ ပြည်တွင်းက မြင်ကွင်းတွေနဲ့ ယခု ဓာတ်ပုံပါ ဗြိတိန်ဝန်ကြီးချုပ်နဲ့ သူရဲ့ ပြည်သူတွေရဲ့ ရိုးစင်းလှတဲ့ မြင်ကွင်းတွေဟာ အတွေးပေါင်းများစွာ ဖြစ်ပေါ်စေပါတယ်..။
၂၂ရက်နေ့က မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းနဲ့ ဇနီးတို့မှ နေ့လည်စာနဲ့ တည်ခင်းဧည့်ခံခဲ့ပါတယ်..။

AP, Getty Images
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗြိတိန်ခရီးစဉ် သတင်းရုပ်သံများ စုစည်းမှု (ရိုက်တာ)

9 comments:

  1. ရီ စရာ အနေနဲ့ မှတ်ချက်ပေးပါရစေ။ ဝန်ကြီးချုပ် အိမ်မှာ ထီးကောင်းကောင်း တချောင်းတော့ ရှိဘို့ လိုနေပြီဗျ။ ထီးကြီး ရဲ့ ခရိုင် က ထီးရွက် ကနေ ငေါထွက်နေတယ်။ ဒါပေမဲ့ ပကာသန မလုပ် ဟန်မပါတဲ့ ဝန်ကြီးချုပ်ရဲ့ အမူအရာ ကို ကြည့်ပြီး ချီုးကျုးမိတယ်။ ထီးကိုကိုယ်တိုင် ဆောင်းပြီး ဧည့်သည် ကို ဧည့်ဝတ်ကျေတဲ့ နေရာမယ် တော့ သူတို့ နိုင်ငံနဲ့ သူတို့ ဓလေ့ အရ ပေါ်လွင်လှပါတယ်။ ဒို့နိုင်ငံက နိုင်ငံတော် အကြီးအကဲ လို့ ကိုယ့်ကိုယ် ကို သမုတ်တဲ့ သတင်းစာတွေက ဖါးပြီးရေး ကြတဲ့ စစ်တပ် ခေါင်းဆောင်တွေကျတော့ တွေးကြည့်လိုက်တာနဲ့ စက်ဆုပ်မိကြောင်းပါ။

    ReplyDelete
  2. အမေစုကို ချားလ်စ်မင်းသား၊ ဗြိတိန်နိုင်ငံဝန်ကြီး ချုပ်နဲ့ ဗြိတိန်နိုင်ငံသားများကဒီလောက်ထိနွေး ထွေးပျူငှာလှိုက်လှဲစွာကြိုဆိုကြတာမြင်ရတော့ ရင်ထဲမှာမြန်မာပြည်ကမြန်မာအမျိုးသမီးတဦး အနေနဲ့  အရမ်းအရမ်း ကို ဂုဏ်ယူမဆုံး
    ကျေနပ်လို့ မဆုံးပီတိတွေဖြစ်မိပါတယ်။
    သူများနိုင်ငံက ခေါင်းဆောင်တွေတောင်
    ကိုယ်တိုင် ထီးဆောင်းပေးနေတာ မြင်ရတော့ ဗုဒ္ဒဘာသာထွန်းကားတဲ့ ဒီအမိမြန်မာနိုင်ငံက
    ခေါင်းဆောင်းကြီးတွေ ဘာလို့ ဒီလောက်မေတ္တာ
    စေတနာနဲ့ အကြင်နာတရားတေံခေါင်းပါး နေ ကြလဲ ဆိုတာတွေးတောင်မတွေးတတ်တော့ ပါဘူး၊ရှက်တတ်ရင်လဲသေဘို့ ကောင်းပါတယ်
    လေးစားဂုဏ်ယူလျက်ပါအမေ
    ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း လိုဘဲ ဆထက်တန်ဘိုး တိုးလို့ သာ တိုင်းပြည်နဲ့ 
    လူမျိုး ရဲ့ အကျိုးကို ရွက်ဆောင်နိုင် ပါစေလို့ 
    အမြဲ ဆုတောင်းပေးနေလျက်ပါ၊
    အမေစု ကျန်းမာပြီး အသက်ရာကျော်ရှည်ပါစေသား။

    ReplyDelete
  3. ပြည်ပနိုင်ငံတွေနဲ့အဖွဲ့အစည်းတွေခင်ဗျား.
    ဦးဇာဂနာနဲ့ဒေါ်အောင်ဆန်းစုကြည်တို့ကို.ပြည်ပခရီးစဉ်.
    ဖိတ်ကြားတာအရမ်းကျေးဇူးတင်ပါတယ်..
    သိုသော်လည်း.၈၈ကျောင်းသားများကိုလဲမေ့မထားကြပါနဲ့
    လို့ပြောပါရစေ.
    မင်းကိုနိုင်ကိုပေးထားသောဆုများကိုလဲ.ပြည်ပကဖိတ်ကြား
    ပီးပေးတာမျိုး.ကိုကိုကြီးတို့ကိုလဲ.ပြည်ပဒီမိုကရေစီနိုင်ငံတွေ
    ရဲ့စံနစ်တွေကိုလေ့လာရေး.အတွက်လဲဖိတ်ကြားသင့်ပါတယ်
    ထောင်ကျခံပီးအနှစ်နာခံဆောင်ရွက်ကြသော.၈၈ကျောင်း
    သားများအားကမ္ဘာကမေ့နေပီလားလို့..မေးပါရစေ.

    ReplyDelete
  4. နောက်ဆုံးပြည်သူတွေ အတွက် တစ်ကယ်တမ်း အနစ်နာခံ ဆောင်ရွက်ပေးရတာ စစ်တပ်ပါဘဲ။

    ReplyDelete
  5. အန်တီစုကိုဘဲ ချီးမွမ်းမနေကျနဲ့အုံး အန်တီစုပြောသလို လိုက်လုပ်ဖို့လဲလိုတယ် လိုက်လုပ်မယ်လို့  တစ်ယောက်မှလဲ မပြောကြပါလား

    ReplyDelete
  6. ပကာသန မရှိတဲ့သူတွေက US$ သန်းချီ ချမ်းသာ ကြပါတယ်။ ထပ်ပြီးလဲ ချမ်းသာကျအုံးမှာပါ။ အန်တီစု ဖန်တီးပေး လိုက်လို့  လူတစ်သိန်းလောက် အလုပ် ရသွားတယ် ဆိုတဲ့ သတင်းတွေ ထဲ့ကျပါအုံး။

    ReplyDelete
  7. "နောက်ဆုံးပြည်သူတွေ အတွက် တစ်ကယ်တမ်း အနစ်နာခံ ဆောင်ရွက်ပေးရတာ စစ်တပ်ပါဘဲ။"

    ဟုတ်ပါတယ်ကိုရွှေစစ်တပ်ရယ်.
    အတော်ကြီးကိုပဲအနှစ်နာခံခဲ့ရတာကိုး.
    စစ်ဗိုလ်တွေထားစရာမရှိလောက်ချမ်းသာသွားပီလေ.
    စစ်တပ်ကြောင့်ရဟန်းရှင်လူတွေသေပွဲဝင်ခဲ့ရတာလဲ
    တစ်ပုံကြီး..
    စစ်ဗိုလ်မှသိစစ်ဗိုလ်မှတတ်.စစ်တပ်ကောင်းစားရေး
    လုပ်စားလို့.တစ်တိုင်းတစ်ပြည်လုံးလဲဖွတ်မွဲ.မွဲတာတောင်
    လာလာချေသေး.အနှစ်နာခံရတယ်လေးဘာလေး.
    ခွေးစကားပြောနေသေးတယ်.အရှက်မရှိအတော်လေး
    စောက်ခွက်ပြောင်တဲ့ကောင်ပဲ..

    ReplyDelete
  8. She's doing her job.
    Why don't you guys do yours as well?
    David Cameron knows what to do, lest you guys forget!
    Of course Than Shwe and his people are BLUE if not BLIND with RAGE today I bet because Daw Suu is in the international focus and limelight no less.
    At this rate THIS GAME WOULDN'T GO THE LENGTH (2015) any bets?
    Than Shwe backed by the communists in Beijing would be BUSY from now PLACING/WIRING DEVICES and BOOBY TRAPS for Daw Suu and NLD all the way until 2015.
    A single ROAD SIDE BOMB in the NAME of ROHINGYA as well COULD SEAL the FATE of the WORLD ICON of DEMOCRACY and BURMA as a BONUS no less I say.

    ReplyDelete
  9. You are so rude man.Don't be so rude.

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။