ကိုကျော်ကျော်ထွေး(ခ) ကိုမာကီ နှင့် မစုစုနွေး(ခ) မနွယ်နွယ်ဝင်းတို့ရဲ့ မင်္ဂလာ ဧည့်ခံပွဲ အခမ်းအနားအား ယနေ့ ၃-၆-၁၂ ညနေ့ ၅း၀၀မှ ၇း၀၀အထိ ရန်ကုန်၊ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခန်းမှာ ပြုလုပ်ခဲ့ပါတယ်..။
နိုင်ငံရေးနယ်ပယ်မှ ဇနီးမောင်နှံရဲ့ မင်္ဂလာဧည့်ခံပွဲ ဖြစ်တဲ့အတွက် နိုင်ငံရေးနယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များ တတ်ရောက်ကြပါတယ်..။ အဖွဲ့ချုပ်နာယက ဘဘတင်ဦးနဲ့ ဘဘ၀င်းတင်တို့ တက်ရောက်ကြပြီး ကိုမင်းကိုနိုင်နှင့် ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့ဝင်များ အားလုံး တက်ရောက်ကြပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူငယ်များ၊ NLD(BG) အဖွဲ့ဝင်များ၊ မဇ္ဈိမလှိုင်း ကိုရဲလွင်နှင့် အဖွဲ့ဝင်များ လူမှုရေးနယ်ပယ်က မဖြူဖြူသင်းတို့ အမေသီတာဝင်းအောင်တို့နှင့် အဖွဲ့ချုပ် လွှတ်တော်အမတ်များလည်း တက်ရောက်ခဲ့ကြပါသည်..။ မင်္ဂလာခန်းမ ပြည့်လျှံသည့်အထိ နိုင်ငံရေး၊ လူမှုရေးနယ်ပယ်မှ မိတ်ဆွေ သင်္ဂဟများ တက်ရောက်ခဲ့ကြပါသည်။
သတင်း၊ ဓာတ်ပုံ ညီငယ် လင်းဆက်
ကိုယ်ကျိုးမဖက် တိုင်းပြည်အတွက် ထမ်းဆောင်နေကြတဲ့ ကိုကျော်ကျော်ထွေး(ခ)ကိုမာကီနဲ့ မစုစုနွေး(ခ)မနွယ်နွယ်ဝင်းတို့ မင်္ဂလာနှစ်တရာတိုင်ပြီး တိုင်းပြည်အကျိုး ဆက်လက် သယ်ပိုး ထမ်းရွက်နိုင်ပါစေ..
ဒီမိုဝေယံ
အနှစ်တစ်ရာတိုင်မကချစ်၂ခင်၂နဲ့ပေါင်း
ReplyDeleteသင်းနိုင်ကြပါစေဗျာ............။
ကိုမာကီး နဲ့ မစုစုနွေး
ReplyDeleteဒီမိုကရေစီ တိုက်ပွဲဝင် ရဲဘော်၊ ရဲမေ ဘဝမှသည် သွေးချင်း တူလို့ ဒီမိုကရေစီ ဇနီးမောင်နှံ အဖြစ် ကူးပြောင်းလာတဲ့ ကိုမာကီး နဲ့ မစုစုနွေး တို့ ရာသက်ပန် အနှစ်သာရ ပြည့်ဝတဲ့ ဒီမိုကရေစီ ဘဝခရီးဖော်များ အဖြစ် စိတ်တူကိုယ်တူ လျှောက်လှမ်းနိုင်ကြပါစေ။
စစ်အာဏာရှင်စနစ်၊ စစ်တပ် အသိုင်းအဝိုင်း နဲ့ ခရိုနီ လက်ဝါးကြီးအုပ် စနစ်၊ စစ်ဗိုလ်ကြီးပွားရေးစနစ်၊ အရပ်ဘက်အစိုးရအရာရှိ လာဘ်စားခွင့်လိုင်စင်၊ ခိုးခွင့်လိုင်စင် ရနေသည့် စနစ် လုံးဝဥသုံ ချုပ်ငြိမ်းသည် အထိ ဆက်လက် တိုက်ပွဲဝင်နိုင်ကြပါစေ။
လူ့အခွင့်အရေးကို နည်းမျိုးစုံနဲ့ ချိုးဖောက်ခံနေရဆဲ ဖြစ်တဲ့ မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေးအတွက် ဆက်လက် တိုက်ပွဲဝင်နိုင်ကြပါစေ။
လူများစု ဗမာနဲ့ လူနည်းစုတိုင်းရင်းသားများအားလုံး လက်တွေ့မှာ အခွင့်အရေး တန်းတူ ရရှိပြီး တကယ် ငြိမ်းချမ်းသာယာ တိုးတက်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ မြန်မာနိုင်ငံတော်ကို တည်ဆောက်ရာမှာ ဆက်လက် ပါဝင်နိုင်ကြပါစေ။
Activist
တစ်ချို့မြန်မာလူမျိုးတွေမှာငယ်စဉ်ကကုလားလို့
ReplyDeleteနောက်ပြောင်ခေါ်ကြရင်း ကြီးလာတော့ပြင်မရတော့ပဲ
ဗမာစင်စစ်ကနေ.ကုလားဖြစ်ရတော့တာပါပဲ.
မစုစုနွေးဟာ.လူညံ့တစ်ယောက်မဟုတ်တာတော့
အသေအချာပဲ.ပြင်မရတဲ့ငယ်နံမည်ပဲဖြစ်နိုင်ပါတယ်.
မာကီးကိုပြောင်းပြန်ကောက်ရင်.မီးကာပဲ.
သူ့ကိုမွေးတဲ့အချိန်မှာမီးလောင်တာတွေဘာတွေဖြစ်လို့
ကာရံပီးမွေးခဲ့ရလို့မီးကာကနေ
မာကီးပြောင်းသွာတာလဲဖြစ်နိုင်တာပဲ.
ခန့်မှန်းကြည့်တာပါ.ဟားဟား.ဟုတ်မဟုတ်တော့မသိဘူး
လူပျိုကြီး.အပျိုကြီးတွေလက်ထပ်ကြတာဆိုတော့.
ReplyDeleteအရွယ်ကနောက်ကြနေပီ.မြန်မြန်ခလေးယူဖို့
လုပ်ကြပါ..
ဇနီးမောင်နှံလက်တွဲပြီး အဖိနှိပ်ခံ ပြည်သူတို့အတွက် ဆက်လက်ဆောင်ရွက်ပါ၊ မပြီးဆုံးသေးသောတိုက်ပွဲကို ဆက်လက်တိုက်ပါလို့ မင်္ဂလာဦးမှာ တိုက်တွန်းပါတယ်။
ReplyDeleteလက်ရှိပြည်ထောင်စုကြီးကား ဗိုလ်ချုပ်အောင်ဆန်းမျှော်မှန်းခဲ့သော တန်းတူညီမျှ ၀ါဒဖြူစင်သောနိုင်ငံဖြစ်မလာသေးပါ။
သေနတ်ပစ်သံ၊ ဗုံးကွဲသံ။ သွေးချင်းတို့၏ ငိုကြွေးသံ။ လယ်သိမ်းခံ လယ်သမားတို့၏ တောက်ခေါက်သံ။ ငတ်မွတ်နေသော အလုပ်သမားတို့၏ ၀မ်းဝယုံ၊ ခါးလှယုံလုပ်ခလေး ရဘို့ တောင်းဆိုသံ။
ဘာသာမတူသူတို့က မုဒိန်းကျင့် လည်လှီးသတ်လို့ မကျေနပ် ဆန္ဒပြသံတို့ဖြင့် ငရဲပွက်သည့်ပမာ ပွက်လောရိုက်နေပါသည်။
ပြည်ထဲရေးပုလိပ်တို့၏ စစ်ကြောရေးလုပ်ရင် လက်လွန်သွားလို့ သေဆုံးသူသားတို့၏ မိခင်တို့၏ ငိုရှိုက်သံ၊ အော်ဟစ်တမ်းတရင်ဘတ်စည်တီး ငိုညည်းသံတို့ကလည် နေရာအနှံ့မှ ပေါ်ထွက်ဆဲဖြစ်ပါသည်။
ဘာသာရေးအဓိကရုဏ်းများကို စစ်အစိုးရများ အထွေထွေ အကျပ်အတည်း ဆိုက်ရောက်ချိန်များမှာ ဖန်တီးလေ့ရှိပါသည်။
ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီးကိုကိုကား ခေါင်းမာဂိုဏ်းသားများထဲတွင် အရက်စက်ဆုံး၊ လူသတ်ရာမှာ လက်အယဉ်ဆုံးဖြစ်သည်။ ရခိုင်လူထုကို ပစ်ခတ်သတ်ဖြတ်ပြခြင်းဖြင့် သူသည် ဗိုလ်သန်းရွှေ၏ လူယုံသားတပည့်ဖြစ်ကြောင်းကို အလျင်အမြန်ပြသလိုက်ပေသည်။
အမေစုအား ကမ္ဘာလုံးဆိုင်ရာထောက်ခံမှု တခဲနက်ရရှိလာသည်ကို မနာလို မရှုစိမ့်နိုင်သော ကြံ့ဖွတ်အစိုးရ ခေါင်းမာဂိုဏ်းသာတို့က မစားရသည့်အမဲသဲနဲ့ပက်ဘို့ ကြံစည်နေမည်ကို သတိရှိသင့်ကြသည်။
ဖားမင်းဆွေကဲ့သို့ စာပေဇာတ်ပျက် စွမ်းအားရှင်လူမိုက်ကို ပွဲထုတ်မြှောက်ပင့်ပြီး သမတကြီးနဲ့အမေစုတို့ ပုံဖော်နေသော ဒီမိုကရေစီနိုင်ငံတော်ကို မရောက်အောင် အဖျက်လုပ်ရပ်များကို လုပ်ဆောင်နေပေသည်။
နိုင်ငံရေးအသိုင်းအ၀ိုင်းက ခေါင်းဆောင်ကြီးတွေဆိုတော့ မွေးလာတဲ့ကလေးကတော့ မွေးကတည်းက အူဝဲ အူဝဲ မအော်ဘဲ ဒို့အရေး ဒို့အရေးအော်ငိုနေမှ ဒုက္ခ...
ReplyDeleteမာကီး ကုလားဆိုတာ သေချာစုံစမ်းကြည့် မအေလိုးရဲ့ မိုက်ရိုင်းဖို့ ကြိုးစားနေတာ မဟုတ်ဘူး ကုလားကို အထင်ကြီးရင် မင်းအမေပါ အစစ်ထည့်ပေးလိုက် ငါလိုးမသား
ReplyDeleteကိုမာကီးက ဗုဒ္ဓဘာသာ စစ်စစ်ပါ
ReplyDeleteMarky is not buddhist. he comes from Christian Family. His mother name is Daw Marry, young brother name is Jeffery who working in UNDP. All are Christian family of Ko Marky and relative also.
ReplyDeleteGod Bless you ko marky!
ReplyDeleteနှစ်ပေါင်းများစွာ စစ်အာဏာရှင်စနစ်၏ ဆိုးဝါးသော ရိုက်နှက်ချက်ကို ကျောကော့အောင် ခံစားရင်း ပြည်သူအတွက်ပေးဆပ်ခဲ့လို့ ပင်ပန်းနေတဲ့ တော်လှန်ရေး ရဲဘော်များ ပျော်ရွှင် စွာ ဘ၀ကို လက်တွဲသွားနိုင်ပါစေ.
ReplyDeleteများစွာသော ရဲဘော်တို့သည် စစ်အာဏာရှင်နဲ့ လက်ကိုင်ဒုတ် ထောက်လှမ်းရေး၏ လက်ချက်နဲ့ လမ်းခုလတ်မှာကျဆုံးခဲ့ကြပါပြီ။
သူတို့စုံတွဲက အခုထိလဲ အဖိနှိပ်ခံပြည်သူအတွက် ကိုယ်ကျိုးမဖက် ဆောင်ရွက်နေဆဲပါ။
ရာသက်ပန်ပျော်ရွှင်စွာလက်တွဲရင်း အခက်အခဲကို အတူတကွ ရင်ဆိုင်ပြီး အောင်ပွဲကို အရယူနိုင်ကြပါစေ။
congratulationပါ
ReplyDeleteကိုမာကီရဲ့ နာမည်ရင်းက ကျော်ကျော်ထွေးပါ။ကိုမာကီဆိုတာက Mark ဆိုတဲ့ ခရစ်ယန်နာမည်ကနေ ဖြစ်လာတာပါ။အဖေက ဗမာဗုဒ္ဓပါ။အမေက မွန်ဗမာပါ။အမေက ကွန်ဗင့်ကျောင်းသူမို့ ခရစ်ယန်ပါ။ငယ်ငယ်ကတော့ ကိုမာကီလည်း ခရစ်ယန်တစ်ဦးပါ။ဒါပေမယ့် ဗုဒ္ဓဘာသာအသိုင်းကြားမှာပဲ ကြီးပြင်းခဲ့ပါတယ်။လူငယ်ဘဝမှာတော့ လက်ဝဲစာပေတွေရဲ့လွှမ်းမိုးမှုကြောင့်လားမသိ ဘာသာမဲ့ပါ။နိုင်ငံရေးအကျဉ်းသားအဖြစ် ထောင်ထဲမှာ နှစ်ရှည်နေခဲ့ရတော့ ဗုဒ္ဓစာပေတွေဖတ်တာ တွေ့ရတယ်။တရားထိုင်တယ်။ဗုဒ္ဓဘာသာဝင်တစ်ဦးလိုပဲ နေထိုင်ပြုမူတယ်။သူ့ကို အများက ဗုဒ္ဓဘာသာဝင်တစ်ဦးလို့ပဲ အသိမှတ်ပြုကြပါတယ်။
ReplyDelete