ဓာတ်ပုံ ကိုထွန်းဝေ ဖေ့စ်ဘွတ်ခ်
(လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အမွေ ပိုင်ဆိုင်ခွင့်အမှု ဆုံးဖြတ်ချက်ဟာ ဥပဒေအရ အမွေဆက်ခံခွင့် ရှိပေမယ့် ဦးအောင်ဆန်းဦးဟာ နိုင်ငံခြားသား ဖြစ်နေတဲ့ အတွက်ကြောင့် ဥပဒေအရ တကယ်တန်း လက်တွေ့ အကောင်အထည် ဖော်လို့မရဟု ရှေ့နေကြီး ဦးဥာဏ်ဝင်းပြောဆို)အမေရိကန်နိုင်ငံမှာ နေထိုင်ပြီး အမေရိကန်နိုင်ငံသား ခံယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကိုဖြစ်သူ ဦးအောင်ဆန်းဦးမှ ၂၀၀၀ခုနှစ်က ရန်ကုန်တိုင်း ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာ လမ်းရှိ ခြံအမှတ် ၅၄အား နေအိမ်အမွေ ပိုင်ဆိုင်ခွင့် ရယူလိုမှုနဲ့ တရားစွဲဆိုခဲ့ပါတယ်..။
အဆိုပါအမှုအား ပြီးခဲ့တဲ့ ဇွန်လ(၂၂)ရက်နေ့ သောကြာနေ့က ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှ လက်ရှိ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရာ တက္ကသိုလ်ရိပ်သာ လမ်းရှိ ခြံအမှတ် ၅၄နေအိမ်ဟာ ဗိုလ်ချုပ်နဲ့ ဒေါ်ခင်ကြည်တို့၏ သားနှင့် သမီးများဖြစ်ကြ၍ တဝက်စီခွဲဝေ ယူစေဟု အမိန့်ချမှတ် လိုက်ပါတယ်..။ အဆိုပါ အမှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်မှ လိုက်ပါဆောင်ရွက်သူ အဖွဲ့ချုပ် ရှေ့နေကြီး ဦးဥာဏ်ဝင်းမှ အောက်ပါအတိုင်း ပြောဆိုခဲ့ပါတယ်..။
" အန်ကယ် တခုပြောချင်တာက ဒီအမှုစီရင် ဆုံးဖြတ်ချက်ဟာ မပြည့်စုံဘူးလို့ ဆိုချင်ပါတယ်..။ ဥပဒေအကြောင်းအရ ပြောရင် ရှည်နေမှာစိုးလို့ အတိုချုပ်ပြောရရင် ဥပဒေအရ အမွေဆက်ခံခွင့် ဆိုတာရှိတယ်..။ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်း ဥပမာ အိမ်တို့ မြေတို့ဆိုတာ နိုင်ငံခြားသားက ပိုင်ဆိုင်ခွင့် မရှိစေရဆိုတာ ဥပဒေမှာ အတိအလင်း ဖော်ပြထားပြီးသားဖြစ်တယ်။ ဒါကြောင့် တရားရုံးက ဆုံးဖြတ်ချက် ချပေမယ့် တကယ်တန်းမှာ ဒါဟာ အကောင်အထည်ဖော်လို့ မရပါဘူး.။ ဒါကြောင့်ယခုဆုံးဖြတ်ချက်ဟာ တရားတာ မတရားတာထက် ဥပဒေအရ မပြည့်စုံဘူးလို့ ပြောလို့ရတယ်..။ အန်ကယ်တို့ ဆက်ပြီး အယူခံဝင်မှာပါဟု ပြောဆိုသွားပါတယ်..။"
အဖွဲ့ချုပ် အတွင်းရေးမှူးလည်းဖြစ် ရွေးကောက်ပွဲ အောင်နိုင်ရေး မာန်နေဂျာလည်း ဖြစ်တဲ့ ရှေ့နေကြီးဦဥာဏ်ဝင်းအား ရွေးကောက်ပွဲ ကော်မရှင်မှ ပြီးခဲ့တဲ့ ရွေးကောက်ပွဲအတွင်း မဲစာရွက်များမှာ ဖယောင်းသုတ်ထားတယ်ဆိုပြီး မမှန်သတင်း ပေးခဲ့တယ်ဆိုတဲ စွပ်စွဲချက်နဲ့ လာမယ့် ၂၆ရက်နေ့မှာ နေပြည်တော်မှာ တရားရင်ဆိုင်ရမှာ ဖြစ်ပါတယ်..။ အဆိုပါအမှုဟာ အနည်းဆုံး ထောင်ဒဏ်(၆)လနဲ့ ငွေဒဏ် ၁ထောင်ကျပ်အထိ အမိန့်ချမှတ်နိုင်တယ်လို့ ဆိုပါတယ်..။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပ ခရီးစဉ် အတွင်း ယင်းကဲ့သို့ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးဥာဏ်ဝင်းအား တရားစွဲဆိုမှု၊ ဦးအောင်ဆန်းဦးရဲ့ နေအိမ်ပိုင်ဆိုင်ခွင့် အမှုအား တဝက်စီ ခွဲဝေယူရန် တရားစီရင် ဆုံးဖြတ်မှုများဟာ ဆက်တိုက်ဆိုသလို ပေါ်ထွက်လာပါတယ်။ ဒါဟာတိုက်ဆိုင်မှု မဟုတ်ပဲ တမင်ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင် နေသလားဆိုတာ စဉ်းစားစရာ ဖြစ်နေပြီး ဒီမိုကရေစီဖော်ဆောင်ရေး လုပ်ငန်းစဉ်များအတွက် အဟန့်အတားဖြစ်စေကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အတွင်း စိတ်အနှောင့်အယှက် ဖြစ်အောင် တမင် လုပ်ဆောင်နေသလားဆိုတာ သံသယဖြစ်မိကြောင်း သုံးသပ်သူများမှ ဆိုပါတယ်..။
ဒီမိုဝေယံ

အဲသလိုဆုံးဖြတ်ပေးလိုက်တဲ့ တရားသူကြီးရဲ့ နောက်ကြောင်းရာဇ၀င်လေးကိုလည်းသိချင်ပါတယ်။
ReplyDeleteနိုင်ငံခြားသားသည် မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများကို အမွေရပိုင်ခွင့်မရှိဘူး ဆိုတာ သူ့ခမျာ တကယ်ပဲ မသိရှာတာလား (သို့မဟုတ်) အသိသိနဲ့ တခုခုကြောင့်လား
ဆိုတာ သိသင့်ပါတယ်။
That STUPID BROTHER of Daw Suu's (excuse my language) HAS NO RIGHT to the PROPERTY of late Gen. Aung San and his wife, as he is NO LONGER a BONA FIDE citizen of the Union of Burma in the first place.
ReplyDeleteOf course the guy knew that since day one as well.
The presiding JUDGE is OUT OF TUNE and WIT as well for handing down this sentence I say.
Burma's JUDICIARY is as CORRUPT and INEPT as well as Than Shwe and his lot at Naypyidaw I say.
The TIMING of the SENTENCE not to say COMING OUT OF THE BLUE and at this TIME and JUNCTURE - while Daw Suu was out of the country - call for SERIOUS THOUGHT and CAUTION on the part of Daw Suu and her legal team no doubt.
Rohingya mess, the legal problem and what is next NOBODY KNOWS are certain CAUSES for CONCERN lest Daw Suu and her people forget.
တိုင်းပြည်အတွက်ဘာတစ်ခုမှအားမကိုးရ.
ReplyDeleteဘာတစ်မှလဲဝင်မလုပ်ပဲ.သူများနိုင်ငံသားခံ.
လုပ်နေတဲ့သူကိုလဲအနှောင့်အယှက်ပေး.
အတော်သောက်ရှက်မရှိတဲ့..
ဗိုလ်ချုပ်အောင်ဆန်းရဲ့သားအောင်ဆန်းဦး.
ခင်ဗျားသိတ်လိုချင်နေတဲ့ငွေ.သေရင်သင်္ဂျိုင်းကုန်းကိုယူသွား
ွှ
ဒီအမူ့ကိုသန်းရွှေအမိန့်နဲ့အမိန့်ချခိုင်းတာဖြစ်တယ်.
ReplyDeleteသမိုင်းဝင်ဒီအိမ်ကိုဘယ်သူ့လက်ထဲမှအရောက်မခံနိုင်ဘူး.
သန်း၆၀ ရှိတဲ့မြန်မာပြည်သူတွေထဲက.
သန်းရွှေနဲ့သူခိုးများအပေါင်းအပါတစ်စုဖယ်လိုက်ဦး.
သန်း၅၀ကျော်ကျန်သေးတယ်.
တစ်ယောက်ကို၁၀၀၀ကျပ်ပဲထည့်ဦး.
ဥစ္စာရူးအောင်ဆန်းဦးကိုပါးရိုက်ပေးလျှော်လို့ရတယ်.
အမေစုခင်ဗျား၊ရှင်
ဘာမှမပူပါနဲ့.ဘယ်တော့မှအဆုံးအရူံးမဖြစ်စေရပါဘူး.
ငွေလိုပီလို့သာကြေညာလိုက်ပါ.တစ်လမကြာစေရပါဘူး.
လိုချင်သလောက်ရ ရစေမယ်.
ဒီမိုကရေစီနဲ့ အရပ်သားအရေခြုံအစိုးရကလည်း ရိုဟင်ဂျာရန်မှ ရခိုင်တိုင်းရင်းသားများကို ကာကွယ်ဘို့စီမံရမည့်အစား လူထုခေါင်းဆောင် အမေစုပြည်ပခရီးထွက်နေစဉ်မှာ နောက်ကျောကို ဓားနဲ့ထိုးတဲ့ အောက်တန်းကျ ယုတ်မာတဲ့အလုပ်ကို လုပ်နေတယ်။
ReplyDeleteသမတကြီးလဲ ဘာမှ တတ်နိုင်ပုံမပေါ်ပါ။
ဒေါ်စုပြောသလို အချိန်မရွေးနောက်ပြန်လှည့်သွားနိုင်တယ်ဆိုတာ သတြိ့ပုကြပါ။
တရားဥပဒေ စိုးမိုး ရေး တောင်း တ နေချိန်မှာ
ReplyDeleteစိုးမိုးခံနေရတဲ့ တရားဥပဒေ ဆို တော.
......