Pages

Sunday, June 24, 2012

ရခိုင်ပြည်နယ် တောင်ပိုင်း ဂွမြို့နယ်ဂွကျွန်းသို့ ဘင်္ဂလီများ ကျူးကျော် ရောက်ရှိနေသဖြင့် အာဏာပိုင်များ လုံခြုံရေးယူပေးရန် ဒေသခံများ လိုလားလျှက်ရှိ

ဂွမြို့ ကမ်းသာယာ ပင်လယ်ကမ်းစပ် မြင်ကွင်းတခု  ဓာတ်ပုံ MC mandalaygazette.com


ရခိုင်ပြည်နယ် တောင်ပိုင်း ဂွမြို့နယ်ဂွကျွန်းသို့ ဘင်္ဂလီများ ကျူးကျော် ရောက်ရှိနေသဖြင့် အာဏာပိုင်များ လုံခြုံရေးယူပေးရန် ဒေသခံများ လိုလားလျှက်ရှိ..
(သတင်း ကိုမောပြေ)
 
ရခိုင်ပြည်နယ် ဂွမြို့မှနေပြီး တစ်နာရီကျော်ခန့် စက်လှေမောင်းရသည့် နေရာတွင်ရှိသော ဂွကျွန်း ပေါ်သို့ ဘင်္ဂလီ ကုလားအုပ်စု (လူဦးရေမည်မျှ ရှိမည် အတိအကျမသိ) ရောက်ရှိနေသောကြောင့် ဂွဒေသခံတွေရဲ့ လုံခြုံရေး စိတ်ပူရဖွယ် အနေအထား ရှိသောကြောင့် မီဒီယာများ အနေဖြင့် အကူအညီ ပေးစေလိုကြောင်း ဒေသခံ တစ်ဦးက ဆက်သွယ်ပြောကြားလာပါတယ်...

ကျတော် အကူအညီပေးနိုင်တဲ့ဘက်က ကူညီတဲ့အနေနဲ့ ဖေ့ဘွတ်တင်လိုက်ပါတယ်... ဂွကျွန်းဟာ နှစ်မိုင်ခွဲကျော် ပတ်လည်ခန့်ရှိပြီး ဒေသခံငါးဖမ်းလှေတွေ နားခိုရာ၊ ဂွဒေသခံတွေ သွားရောက် အပန်းဖြေရာနေရာ ဖြစ်ပြီး ကျွန်းပေါ် အမြဲတမ်းနေထိုင်သူမရှိကြောင်း သိရပါတယ်.. လွန်ခဲ့တဲ့ နှစ်ရက်က ဘင်္ဂလားဒေ့ရှ် ဘက်က မောင်းနှင်လာတယ်လို့ ယူဆရတဲ့ စက်လှေတစ်စီးဟာ စက်လှေပါလူတွေကို ဂွကျွန်းပေါ်သို့ ချထားပြီး ပြန်ထွက် အလာ ရခိုင်ကတို့ကျွန်း အနားမှာစက်လှေဟာ ကျောက်ဆောင်နဲ့ တိုက်ပြီး ပျက်စီးသွားတယ်လို့ သိရပါတယ်...

အဆိုပါ ဂွကျွန်းပေါ်သို့ရောက်ရှိနေတဲ့ ဘင်္ဂလီကုလား လေးယောက်ဟာ မနေ့က ရေကူးပြီး ဂွမြို့ကို ရောက်ရှိလာကြောင်း၊ အဆိုပါ ဘင်္ဂလီများဟာ ရခိုင်စကားကော၊ ဗမာစကားပါ မတတ်ကြောင်း ဒေသခံတွေက ပြောပါတယ်... ဂွမြို့နဲ့ နီးကပ်တဲ့ နေရာမှာ ဘင်္ဂလီတွေ ရောက်ရှိနေတာကို ဒေသခံတွေက စိုးရိမ်သလို၊ မြို့ရဲ့ လုံခြုံရေးအင်အား နည်းပါးတာကြောင့်လဲ ပိုပြီး ထိတ်လန့်နေရတယ်လို့ ဒေသခံက ပြောပါတယ်... ဒီကနေ့လဲအဆိုပါကျွန်းမှ ဘင်္ဂလီ သုံးယောက်ဟာ ထပ်မံပြီး ဂွမြို့အနီး ရွှေရကြိုင်ကျေးရွာကို ရောက်ရှိလာပြန်ပါတယ်...

မီဒီယာတွေဆီက ဘာအကူအညီလိုချင်တာပါလဲ လို့ အဆိုပါ ဒေသခံတွေကို မေးကြည့်တော့ မီဒီယာတွေ သိထားတဲ့ ကိစ္စရပ်တွေကို အစိုးရက အရေးတယူ ကိုင်တွယ်တတ်လို့ အကူအညီတောင်းရတာဖြစ်ကြောင်း
အဆိုပါ ဂွကျွန်းလူမနေပေမယ့် အချက်အချာကျတဲ့နေရာဖြစ်လို့ ဘင်္ဂလီတွေ ခြေကုပ်ချရာနေရာ ဖြစ်သွားမည်ကို ပူပင်ကြောင်း... ဘင်္ဂလီ ယာယီရောက်ရှိနေထိုင်ရာမှ တခြားရခိုင်ဒေသတွေ ကဲ့သို့ပင် အမြဲတမ်း အခြေစိုက် နေရာဒေသ ဖြစ်လာမည်ကို စိုးရိမ်နေကြောင်း ပြောပါတယ်...

ကျတော်ကတော့ ဘောင်အတွင်းက ပြောရတာဆိုတော့ ဒီလောက်ပဲ ပြောပါရစေ... ဂွမြို့ကို ဆက်သွယ်ပြီး သတင်းပိုင်းအရ စိတ်ဝင်စားရင် မေးမြန်းနိုင်ပါတယ်... ကျတော်လဲ ကွန်ဖန်းလုပ်ပြီးပါပြီ... သတင်းမှန် ပါတယ်...

လေးစားပါတယ်ဗျာ...

မောပြေ ( Freelance Video Journalist)

4 comments:

  1. သက်ဆိုင်ရာလူုကီးများဒီကိစ္စကို တင်းတင်ုးကပ်ုကပ် ဘဂ်လီများကိုတားဆီးသင့်တယ်။မြန်မာပြည်ရဲ့ရေရှည်အန္တရာယ်များဖြစ်တယ်။

    ReplyDelete
  2. ဦးသိန်းစိန်ခင်ဗျာ ကိုယ့်တိုင်းရင်းသား ညီအကိုတွေဖြစ်တဲ့ သျှမ်းတို့ ကချင်တို့ကိုကြတော့ မတော်မတရား ထိုးစစ်ဆင်နိုင်တယ် မြန်မာပြည်ကို မတရား ကျူးကျော်လာတဲ့ ဘင်္ဂလီ ကုလားတွေကျတော့ ဘာလို့မပစ်ရဲတာလဲ မနှိမ်နှင်းရဲတာလဲခင်ဗျာ။

    ReplyDelete
  3. ဂွကျွန်းသို့ရောက်ရှိလာတဲ့ ဘဂါလီများဟာ လူဦးရေ တစ်ရာကျော်ခန့်ရှိပြီး ဒေသအာဏာပိုင်များက နေ့စဉ် ထမင်းထုပ်ပါပို့ပေးနေရကြောင်း သိရပါတယ်။

    ReplyDelete
  4. ကဲ သမ္မတဆိုတဲလူ အတိုက်အခံဆိုတဲ အဖွဲ့
    မဲရတာမရတာကြောင့် အာဃာတတွေကိုဘေး ခဏဖယ်ပြီး သိက္ခာ ရှိစွာနဲ့ ပြည်သူတွေအတွက်လုပ်ပေးလိုကကြဦး။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။