မြိတ်မြို့၏ မြို့မျက်နှာဖုံးလော အာလီဘာဘာလော
(တိုင်ကြားစာ)
(တိုင်ကြားစာ)
တခါတုန်းက ကျားကြီးအော်ကျေးရွာမှာ နေတဲ့ ဘိတ်သားလေး တယောက်ရှိသတဲ့။ အဲဒီကောင်လေးဟာ အလယ်တန်း ကျောင်းသားဘ၀မှာ မြို့မှာ အဆင်မပြေလို့ဆိုပြီး တောဆင်းကာစီပွားရှာသတဲ့။ ဘယ်လိုစီးပွားရှာသလဲ ဆိုတော့ ရွာက ပိုက်လှေ ပုဇွန်လှေတွေဆီက ငါး၊ ပုဇွန်တွေဝယ်ပြီး ယိုးဒယားနိုင်ငံကို ခိုးပြီးတော့ပို့တယ်။ ယိုးဒယားဘက် အပြန်မှာလည်း နိုင်ငံခြားကုန်တွေ မတရားခိုးတင်တာပေါ့။ ဒီလိုလုပ်ရင်းနဲ့ တစတစ ချမ်းသာလာလိုက်တာ ဟောအခုတော့ မြိတ်မြို့ရဲ့အချမ်းသာဆုံးလူ၊ မြို့ရဲ့ကျက်သရေဆောင်ဆိုပြီး ဖြစ်လာတော့တာဘဲ။
နောက်တော့ စက်ရုံကြီးတွေ ပိုင်ဆိုင်လာတယ်၊ ငါးဖမ်းလှေကြီးတွေ၊ ငါးသယ်လှေကြီးတွေကလည်း အမြောက်အများ ပိုင်ဆိုင်လာတယ်။ ပင်လယ်ပြင်ကြီးတောင်မှ သူပိုင်သတဲ့။ ဟောအခုတော့ ဘယ်ကရမှန်းမသိတဲ့ ငွေကြေးတွေနှင့် ကုန်တိုက်နှစ်လုံးတောင် ပိုင်ဆိုင်လာတယ်။ အဲဒီကုန်တိုက်မှာ ရောင်းနေတဲ့ ကုန်တွေက အခွန်ဆောင်ပြီး ရောင်းနေတယ်လို့ မထင်နှင့်၊ မတရားခိုးသွင်းပြီး ရောင်းနေတာ၊ ဒီကြားထဲ တနင်္သာရီတိုင်း တတိုင်းလုံးရဲ့ သစ်တောတွေလည်း သူ့လက်ချက်နဲ့ ကုန်သလောက်ဖြစ်နေပြီ။ အဲဒီလို ကိုယ့်ဒေသကိုတောင် ကောင်းကျိုးမပြုတဲ့ လူကို နိုင်ငံတော်အစိုးရအနေဖြင့် ဆက်လက် ထားသင့်မထားသင့် စဉ်းစားကြည့်ပေါ့။ စစ်ဆေးကြည့်ပေါ့။
ရွေးကောက်ပွဲ ကာလတုန်းကလည်း သူပိုင်တဲ့စက်ရုံက အလုပ်သမားတွေကို ကြံ့ဖွံထဲမဲထည့်၊ အတင်းအကြပ်၊ အကြပ်ကိုင်စည်းရုံးမဲထည့်ခိုင်း ခဲ့သေးတယ်။ အဲဒီလောက် ဆိုးသွမ်းတဲ့သူက ဘယ်သူလဲ ပြည်ဖြိုးထွန်း ကုမ္ပဏီရဲ့ပိုင်ရှင် ဘဂျမ်း(ခေါ်) မောင်လှသန်း ဖြစ်ပါတယ်။ မနေ့တနေ့က လုပ်တဲ့အစည်းအဝေး တခုမှာ ငါးလုပ်ငန်းအဖွဲ့ရုံး ဆောက်ဖို့အတွက် နောက်လာမည့် ငါးဖမ်းရာသီ ပြန်ဖွင့်ချိန်ဆိုရင်တော့ လှေတစ်စီးကို တစ်သိန်းကောက်ဖို့ ပြောနေပြန်ပါတယ်။ ငါးလုပ်ငန်း အဖွဲ့ရုံး ငါးထပ်ဆောက်မယ် ကုန်ကျစရိတ်က သိန်း(၂၅၀၀)တဲ့။ ဒါကြောင့်မို့ အဲဒီလို စုန်းပြူးကြီးတွေကို သက်ဆိုင်ရာမှ အရေးယူပေးဖို့ တောင်းဆိုလိုက်ရကြောင်းပါ။
မြိတ်မြို့သား..

ဟုတ်လေစွ၊မှန်လေစွ။. ဪအားလုံးသိတဲ့အတို်င်းဘဲ့။
ReplyDeleteတိုင်ကြားစာပို့တဲ့ ကိုရွှေမြိတ်သား
ReplyDeleteတကယ်ရော မြိတ်မြို့အကြောင်းကိုသိရဲ့လား။ မြိတ်မှာလျှပ်ပြေးယာဉ်လုပ်ငန်းလုပ်တာဘယ်သူလဲဆိုတာ ကလေးတွေကတောင်သိကြပါတယ်။
မဆိုင်တာကိုအတင်းလိုက်ဆိုင်ခိုင်းတာတော့ နာမည်ပျက်အောင် လိုက်ဖျက်ရာရောက်နေပါတယ်။
ဦးလှသန်း ချမ်းသာတာ သူဘယ်လောက်ပင်ပန်းစွာရုန်းကန်ရသလဲဆိုတာ ကိုရွှေမြိတ်သားရဲ့ ပထမ စာပိုက်မှာပဲ ထင်ထင်ရှားရှား ရေးသားခဲ့တာပဲ။ ကိုရွှေမြိတ်သား အပြင်မြိတ်ကလူတွေလည်းသိကြပါတယ်။မြို့ကိုတိုးတက်အောင်သူလုပ်ဆောင်ခဲ့တာတွေကိုဘာဖြစ်လို့မပြောကြတာလဲ?အမှန်တရားကိုသိတဲ့သူကသာနားလည်ကြပါတယ်။
ဦးလှသန်းကိုပဲ ပြောနေကြတာ ခင်ဗျား တို့ရောဘယ်လောက်ကင်းဝေးနိုင်ကြလို့လဲ။ သူများကိုချည်းလက်ညှိုးထိုးဖို့ဘဲကြည့်နေကြတာကိုယ့်ကိုကိုယ်လည်းပြန်ကြည့်ကြပါအုံး။
ကုန်တိုက်မှာရောင်းတဲ့ကုန်တွေကအခွန်မဆောင်ဘဲရောင်းနေတယ်လို့ပြောကြတာနော်။ဒါဆိုဘိတ်မှာရောင်းနေကြတဲ့ကုန်အားလုံးကိုရောဘယ်လိုပြောကြမလဲ။ ခင်ဗျားတို့ရောဘယ်လိုလဲ၊ဘိတ်မြို့ရဲ့လိုအပ်တဲ့နေရာတိုင်းကိုဦးလှသန်းလှူတာတွေ။ပေးကမ်းတာတွေရောခင်ဗျားတို့သိကြရဲ့လား။အဲတာတွေကိုကြတော့ဘယ်လိုဖြစ်လို့ထည့်မရေးတာလဲ?
ကိုယ့်ကိုကိုယ်ကြိုးစားလို့ဖြစ်လာတာကိုမနာလိုမရှုစိမ့်နဲ့မဟုတ်မမှန်တဲ့သတင်းတွေရေးချင်တိုင်းရေးပြီးတင်နေတာကိုယ့်ကိုကိုယ်ဟုတ်လှပြီလို့မထင်ပါနဲ့ကိုရွှေမြိတ်သား။
အမှန်တရားကိုမြတ်နိုးသူ
ဥပဒေအထက်တွင်ရှိသောဦးလှသန်း....မြိတ်ကမ်းနား လမ်းတစ်လျှောက်တွင် ဆိပ်ကမ်းအာဏာပိုင်မှလွဲပြီး ကိုယ်ပိုင်တံတားနှင့် ရုံးခန်းများပိတ်သိမ်းဖယ်ရှားရန် အမိန့်ထုတ်ပြန်ထားသော်လည်း ဦးလှသန်းတံတား (သဲကွင်း)နှင့် ရုံးခန်း(တလိုင်းစု)တို့မှာယနေ့ အချိန်ထိ တည်ရှိဆဲ
ReplyDeleteကျွန်တော်တို့ လည်းစုံစမ်းကြည့်တော့ သဲကွင်းတံတား ကတော့ သူ့ရဲ့လုပ်ငန်းခွင်ဖြစ်တဲ့ အတွက် လုပ်ငန်းအနေအထားပေါ်မူတည်ပြီး လုပ်ရမှာဖြစ်တဲ့အတွက် မဆိုင်တာလျှောက်ပြောနေသလိုဖြစ်နေတယ် ဆိုတာ စဉ်းစားသင့်တယ်။
Deleteတလိုင်းစု ကတော့ အဲ့ဒီအရှေ့မှာ ရုံးခန်းဆောက်လုပ်ပြီး ပြောင်းပေးဖို့ သက်ဆိုင်ရာအား အကြောင်းကြားထားပြီးပြီလို့
သိရှိရပါတယ် ကိုယ့်စိတ် ဟိုထင်ဒီထင်လျှောက် မဝေဖန်သင့်ဘူးထင်တယ် ဆင်ချင်ပေါ့နော်
ဟုတ်တယ် ကိုအောင်ထက် ပြောသလိုပဲ
ReplyDeleteကျွန်တော်တို့ မြိတ်မှာ ရွေးကောက်ပွဲတုန်းက ဦးလှသန်းက ကြံ့ဖွတ်ကို မထည့်ရင် သူလုပ်သားတွေ ကျွန်းပေါ်က ထွက်သွားဖို့တောင် မောင်းထုတ်တာ
ကြံ့ဖွတ်ဘက်တော်သားတွေဗျ သေချာတာပေါ့
အမှန်တရားကိုမြတ်နိုးသူ ရေ ခင်ဗျားပြောသလို ဦးလှသန်း ကမြိတ်မြို့ ကြီးတိုးတက်အောင် လုပ်ပေးတယ်လိုရေးထားတယ်။ လိုအပ်တဲ့နေရာအားလုံး လှုပေးနေတယ်လို့ ရေးထားတယ်။ မှန်ပါတယ် ရှေ့က ၁ကျပ်လှူ နောက်က ၁၀ကျပ်ဖိုး အခွင့်ရေးတောင်း၊ လုပ်ကွက်တွေတောင်းနေတာတွေတမြို့ လုံးအသိပဲ့လေ။ ဆိပ်ငယ်ရပ် ကမ်းနားလမ်းက တံတားတွေ အကုန်လုံးဖျက်ပြီးတဲ့အချိန် ၄-၅ နှစ် အချိန် ယနေ့  အထိမဖျက် ရသေးတာ ဆိပ်ကမ်းကတာဝန်ရှိသူတွေ၊ ၀န်ကြီးတွေ လဒ်ပေးထားတာတွေသိသာထင်ရှားတာပဲ့။ အ ချို့ သောတံတားပိုင်ရှင်များ အဖမ်းခံအချူပ်ခံရပါသည်။
ReplyDeleteမောင်လှသန်းက ၁ကျပ်ဖိုးလှူ ၁၀ကျပ်ဖိုးခိုးဆိုတာမဟုတ်ပါဘူးခင်ဗျား။
ReplyDeleteသိန်းတစ်ရာဖိုးလှူ သိန်းတစ်သောင်းဖိုးခိုးတာပါ။
ဦးကျားမောင် ကတော့ ဓားပြ၊
ယုဇနဌေးမြင့် ကငတက်ပြားအကြီးစား၊
ကဲ.......ဘယ်သူငြင်းမလဲ
အမှန်တရားကိုမြတ်နိုးသူ ရေ ခင်ဗျားပြောသလို ဦးလှသန်း ကမြိတ်မြို့ ကြီးတိုးတက်အောင် လုပ်ပေးတယ်လိုရေးထားတယ်။ လိုအပ်တဲ့နေရာအားလုံး လှုပေးနေတယ်လို့ ရေးထားတယ်။ မှန်ပါတယ် ရှေ့က ၁ကျပ်လှူ နောက်က ၁၀ကျပ်ဖိုး အခွင့်ရေးတောင်း၊ လုပ်ကွက်တွေတောင်းနေတာတွေတမြို့ လုံးအသိပဲ့လေ။ ဆိပ်ငယ်ရပ် ကမ်းနားလမ်းက တံတားတွေ အကုန်လုံးဖျက်ပြီးတဲ့အချိန် ၄-၅ နှစ် အချိန် ယနေ့  အထိမဖျက် ရသေးတာ ဆိပ်ကမ်းကတာဝန်ရှိသူတွေ၊ ၀န်ကြီးတွေ လဒ်ပေးထားတာတွေသိသာထင်ရှားတာပဲ့။ အ ချို့ သောတံတားပိုင်ရှင်များ အဖမ်းခံအချူပ်ခံရပါသည်။
ReplyDeleteပေါ်ကကြောင်းအရာနဲ့ ပတ်သက်ပြီး အမှန်တရားကို မြင်တတ်အောင် ကျွန်တော်တို့ပြောပြချင်ပါတယ် ။
အချို့သောတံတားပိုင်ရှင်များအဖမ်းခံရတယ်ဆိုတာ ကျွန်တော်တော့ အကြောင်းအရာရှိမယ်ထင်တယ်။ ကျွန်တော်တို့ကတော့ သက်သေမရှိပဲ မယုံချင်ဘူး။
တိုင်းပြည်နှင့်ကိုယ့်မြို့ကိုယ့်ရွာ တိုးတက်အောင်ကြိုးစားနေချိန်မှာ အားလုံးကတစ်ညီတစ်ညွှန့်တည်း ပါဝင်ကြိုးပမ်းရကြမည်မှာ မလွဲပါဘူး ။ ဒါမှလည်းတိုးတက်ဖွံ့ဖြိုးလာမှာပေါ့ ။ ဘာဖြစ်လို့လဲဆိုတော့ ဝေဖန်တဲ့သူတွေကိုယ်တိုင်ကလည်း ကိုယ်တိုင်ဘယ်အတိုင်းအတာအထိ အကောင်အထည်ဖော်နိုင်ကြပြီလဲ ။ ဟိုရောင်ရောင်
ဒီရောင်ရောင်လုပ်ပြီး သူများကြီးပွားတိုးတက်နေတာ ဝေဖန်နေမည့်အစား ၀ိုင်းဝန်းကြိုးပမ်းကြရမှာပါ ။ ဥပမာ အခုဆိုရင် မြိတ်မြို့တစ်လျှောက် ကမ်းနားလမ်းလည်း တိုးတက်ရှည်လျှားလာအောင် ကျွန်တော်တို့မြို့အ၀င်လှအောင် လုပ်နေတာကို ခင်ဗျားတို့ ဝေဖန်နေကြတယ် ။ ခင်ဗျားတို့ရော့ သူတို့လို အခွင့်ရေးပေးရင်ရော့ လုပ်နိုင်ကြမည်လား ။
လုပ်နိုင်ကြရင် အစိုးရမှာ အခွင့်အလမ်းတွေအများကြီးရှိတယ် ။ ကိုယ်တိုင်လည်း ဂဂနနသိအောင်မကြိုးစားကြပဲနဲ သူများပြောသံ ကြားစကားများနောက်လိုက်နေလျှင် သင်တို့ဟာ တစ်နေ တန်ဖိုးရှိပြီးတိုးတက်တဲ့ မြို့ပြုပြင်ပြောင်းလဲမှုကို များစွာ အနောက်အယှဉ်ပေးနေတဲ့ မကောင်းဆိုးဝါးတွေနဲတူနေပြီဆိုတာ သတိထားသင့်တယ် မိတ်ဆွေတို့ရေ
မြို့ဖျက်အင်တာနက်အသားစားဘီလူး
တံတားပို်င်ရှင်တွေ တာဝန်ခံတွေ ဖမ်းခူပ်ခံတာ မသိဘူးလို့  ရေးထားတော့ ဘယ်နားသွားပြီးအိပ်ပျော်နေလဲ။? ဥပဒေဟာ တမျိုးတည်းဘဲ့ ဖြစ်သင့်တယ်။
ReplyDeleteစံချိန် စံညွန်း မမီတဲ့ ကမ်းနားလမ်းသစ်(သဲကွင်း) လုပ်ပြီးတောင် မကြာသေးဘူး ပလက်ဖောင်းတွေ ပျက် မြောင်းတွေမရှိ လမ်းမီးမရှိ ၊ လုပ်ရင်လဲကောင်းအောင်လုပ်၊ငွေရရုံရောင်းစားဖို့ လုပ် တားတာ၊ မြို့ သားတွေအတွက် ကစားကွင်းတွေ၊ပန်းခြံတွေဘယ်မှာလဲ၊ အကွက်ရိုက် ရောင်းစားဖို့ ဘဲ့လုပ်နေပြီး ကြီးကြီး ကျယ်ကျယ် မြို့  ရွာဖွံ့ ဖြိုးရေးလို့  ဘာတို့  အော်နေသေးတယ်။ စောက်ရှက် မရှိဘူးလား?

ReplyDeleteဟားဟား အရမ်းရယ်ရတယ် .... ကိုယ့်ကိုကိုယ်စံချိန်
ReplyDeleteမှီမမှီ ဆန်းစစ်ပြီးပြီလား ။ စောက်ရှက်မရှိဘူးလား ဆိုတဲ့
စကားရပ်ကို ကြားရတာ တော်တော်ရယ်ရတယ် ။။....
ခင်ဗျား မှပညာတတ်အစစ်ဗျ .. ကျွန်တော်က မြို့ဖျက်မည့် အင်တာနက်ဘီလူးကြီးဆိုတော် ဘယ်လို
စောက်ရှက်ရှိနိုင်မလဲဗျ ....မသက်ဆိုင်တဲ့စာဖတ်သူတွေ ....ခွင့်လွတ်ပြီးတော့ ...နားနဲ့မနာ ဖ၀ါးနဲ့ နာပေးကြ
ပါဗျို့ ....ကျွန်တော်ကဘီလူးဆိုတော့ တော်တော်ပြောဆိုးတတ်တယ်ဗျ... စပြီးရှင်းပြတော့မယ် ခင်ဗျားနာရွင်ကြည့်ပါတော့ .....
ဘဂျမ်း(ခေါ်)ဦးလှသန်း ဆိုတဲ့သူ ကြိုးစားလာတာ
ခင်ဗျားတို့ အသိပါပဲ့ ဒါပေမဲ့သူဘာပဲလုပ်လုပ် ငါ့တို့အလုပ်မဟုတ်ဘူး ငါတို့လိုအပ်တာ မြို့တိုးတက်လာပြီး ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် မြို့လှပသာယာလာတာကို လိုလို့ငါဝင်ထောက်ပြနေတာပါ ......
တံတားကြောင့်အဖမ်းခံရသူတွေကို ခင်ဗျားငါ့ကိုအသက်သေပြနိုင်သလား ..... ဘယ်သူတွေလဲ ပြောပြနိုင်သလား .....
ဒါပေမဲ့ မင်းဘယ်သူဆိုတာကိုတော့ သတိပေးရုံပါပဲ
ရေလမ်းခရီးသွားရင် သတိထားသွားအုံး အသေဆိုနဲ့သေနေအုံးမယ် အခုကမိုးရာသီဆိုတော့လေ..မကောင်းမြင်ဝါဒသမား
ကြီးရေ .....သတိထားနော်...
စံချိန်စံညွန်းမမီတာ ကို မင်းပြောထားတယ်နော် ....မင်းရော့စံချိန်စံညွန်းမှီရဲ့လား .... လက်ရှိလုပ်ထားတာတွေကို မင်းကိုတိုင်အမြင်ပဲလေသေချာသွားအောင်သွား ကြည့်လိုက်ပါအုံး ... မင်းဘိုးအေလက်ထက်ကတောင် ဒီဟာတွေမြင်ဖူးမှာ
မဟုတ်ဘူး..... ကစားကွင်းတွေ ပန်းခြံတွေဆိုတာ
မင်းသူငယ်ပျံရင်သွားဆော့ဖို့လား စောက်အလကားကောင်း အကျိုးရှိအောင်လုပ်ဖို့မကြိုးစားဘူး ဂလေလိုက် အေစီလိုက်ဖို့ပဲစဉ်းစားနေတာ မင်းလိုကောင်မျိုးကြောင့်တိုင်းပြည်မတိုးတက်တာ ...
ငါတောင်အရင်က ရှိရင်းစွဲတွေကြောင့် မြို့ကိုဖျက်ဖို့လုပ်နေတာ အခုတော့ ခေတ်ပြောင်းတော့ စိတ်လျှော့လိုက်လို့ မင်းတော်တော်ကံကောင်းတယ်မှတ်ထား ....
အခုသူများလုပ်နေတာတွေက မပြီးသေးတဲ့ဟာတွေကို
လိုက်ဝေဖန်တယ် ..... ပလက်ဖောင်တွေပျက်တာ မင်းစည်ပင်ကိုသွားပြောပါလား ဟေးကောင်တွေ မင်းတို့ဘာ စောက်လုပ်လုပ်နေတာလဲ လမ်းတွေ ပလက်ဖောင်းတွေကောင်းအောင် လာလုပ်ပါလားလို့
သွားပြောပါလား ပြောမရဲပဲသူရဲဘောကြောင်နေတဲံ့မင်းလို့ ကောင်ပြောတဲ့စကားကို ငါ့တို့ဘယ်လိုနားလည်ပေးရမလဲ ... မကောင်းဆိုးဝါး ကြီးရေ... ထသွားရင်အနောက်ကိုလည်း သေချာအောင်လဲ့ကြည့်သွားပါအုံး ဘာလုပ်လုပ်စောင့်ကြည့်နေကြတယ်ဆိုတာ
မင်းသုံးတဲ့နေရာနဲ့မလန်းမကန်းမှာ ငါရှိနေတယ်ဆိုတာ
မင်းသိသင့်တယ် .... ငါက ဘီလူးဖြစ်တဲ့အတွက်ကြောင့်ပဲ.။.....
ပန်းခြံတွေ ကစားကွင်းတွေလုပ်တယ်ဆိုတာ မင်းမှာပိုက်ဆံရှိရင် သွားလုပ်ပါလား ။။... တွေးအခေါ်ရှိရင်၊ အရင်းအနှီးငွေတွေရှိရင် မင်းတည်ဆောက်လိုက်လေ ငါတို့လာကစားမယ်လေ
မကောင်းဆိုးဝါးကြီးရေ ....
ငါက ဘဂျမ်းမကလို့ အခြားတိုးတက်အောင်ကြိုးစားနေတဲ့သူတွေ ကိုဒီလိုရေးလာမယ် ဆိုရင် ၀င်ပြောမှာပဲ ၀င်ရှင်းပြမှာပဲ ငါနေတဲ့နေရာ တိုးတက်တာကိုပဲမြင်ချင်တယ် ဆုတ်ရုတ်တာမလိုဘူး
မင်းလဲသူတို့လိုတိုးတက်အောင်လုပ်ကြည် လူရာဝင်ရဲ့လား ကြိုးစားကြည့်ပါကွ သူများကို တစ်ချောင်းထိုးတိုင်း ကိုယ်ဘက်လေးချောင်းထိုးခံထိနေတာ ဆိုတာကိုဥပမာ
ယူပြီးစဉ်းစားကြည့်ပါ ..... ကိုယ့်မိသားစုကို ဘယ်လို ထိန်းရမှန်းမသိတဲ့ကောင်ကများ .....
အကျိုးမရှိ တဲ့အတွေးတွေနဲ့လူတွေရဲ့တိုးတက်လမ်းကို
လိုက်နှောက်ယှက်ပေးနေတဲ့ မကောင်းဆိုးဝါးတွေဆိုရင်ဒီက ဘီးလူးကတော့ စားဖို့ အဆင်သင့်ပဲ့ ....
စောက်ရှက်မရှိပဲ ဟိုအကြောင်းဒီအကြောင်းပြောနေတာ
မကောင်းဆိုးဝါးကြီးရေ မင်းအကြောင်းလေးလည်းပြောပြပါလားကွ
လိပ်စာပါပေးနိုင်ရင် ပေါ်ပြူလာလေးဖြစ်သွားအောင်လိုပါကွာ.....
ငါကဘီလူးဆိုတော့ပုလောမှာနေတာပေါ့ကွယ်...
သိချင်လာလည်လိုက်ပါအုံးပညာတွေသင်ပေလိုက်မယ်လေ
.........တားတာ
မြို့ဖျက်အင်တာနက်အသားစားဘီလူး
မင်း ကရော့ အတွေးအခေါ်တွေ စံချိန်မှီရဲ့ လား ။စောက်ရှက်ရော့ရှိရဲ့လား။မင်းဒီလောက်တော်နေရင် မင်းဘာသာမင်းစဉ်းစားကြပေါ့။မကောင်းဆိုးဝါးမိတ်ဆွေကြီးရေ။မြို့ဖျက်အင်တာနက်အသားစားဘီလူး
ReplyDeleteမင်းကသူများအမည်တင်ရေးရဲရင် ကိုယ်နာမည်လေးပါတင်ရေးရဲရတယ်။ သူရဲဘောနည်းတဲ့ကောင်ရေ။ဲမြို့ဖျက်အင်တာနက်အသားစားဘီလူး
ReplyDeleteတံတားတာဝန်ခံတွေ ဖမ်းချုပ်ခံရတယ်ဆိုတာ ဘယ်သူတွေလဲ။သိရင်ပြောပြပါလား။ဘယ်လိုအကြောင်ကြောင့်လည်း ပြောပြပါလား။
ReplyDeleteမြိတ်သားတွေကတော့ အချင်းချင်းဆော်မနေကြနဲ့ တိုးတက်ဖို့အတွက်ပူးပေါင်း လိုက်ကြပါလား--တနင်္သာရီတိုင်းမှာ မြိတ်တစ်ခုတည်းမဟုတ်ဘူးနော်၊ ကျွန်တော်တို့ထားဝယ်လဲပါပါတယ်။
ReplyDeleteမြိတ်မှာ ဦးလှသန်းက ၁ကျပ်ဖိုးလှူပြီး ၁၀၀ ခိုးတာသူ့အပေါ်မှာကြံ့ဖွံ့ ပါတီ ကရှိ နေတာကို တိုင်းမှူးကလဲသူ့ဘက်မှာရှိနေတာကို၊ ဌာနဆိုင်ရာတွေကလဲ သူ့ဘက်ကဘဲလေအဲဒီတော့ (၁)ကျပ်ဖိုးလောက်လှူတာကို ဘဲကျေနပ် ရမလိုဖြစ်နေ တာပေါ့။
ကျွန်တော်တို့ ထားဝယ်မှာလည်း ကြံ့ဖွှုံနဲ့ပေါင်းပြီး လုပ်စားနေတဲ့ သူ တစ်ယောက် တော့ရှိတယ်.. သူလဲပဲအရင်တုန်းက လှေငယ်တစ်စီး နဲ့ ငါးသလောက်လှေတွေများ မှောင်ခိုလိုက်ဝယ်ပြီးချမ်းသာလာတာ ကြံ့ဖွတ် မှာနယ်မြေစည်းရုံးရေးမှူးတာဝန်ယူပြီးဒေသဖွံဖြိုးဖို့အတွက်လုပ်ပေးမယ်ဆို ပြီးအခုတော့ ထားဝယ်သားတွေအပေါ်မှာ ဂုတ်သွေးစုပ်ဖို့ကြံနေတဲ့ မောင်ခင်စိုး ပေါ့။
ကိုမွေးခဲ့တဲ့ကျေးရွာက စာသင်ကျောင်းတစ်ခုတောင်မလုပ်ပေးဘဲ ထားဝယ်သား များအများပိုင်ကုမဏီထူးထောင်ပြီးဒေသဖွံ ဖြိုးရေးကို လုပ်အုံးမယ်တဲ့ ထားဝယ်မှာ ဟိုတယ်ဇုံလုပ်မယ်ဆိုပြီး မြေသိမ်းဆည်းရေးတွေ စနေပြီ ကျောက်ဆင်ကျေးရွာ နှင့်သပေါ့ဆိပ့်ကြားမှာလေ သစ်တောပိုင်မြေအတွင်းမှာ နှစ်ပေါင်းများစွာကြာအောင်နေလာတဲ့မိသားစုတွေကို လျော်ကြေးပေးခြင်းမရှိဘဲ မောင်းထုတ်ဖို့ကြံနေတယ်ဗျာ...
သစ်တောကြိုးဝိုင်းထဲမှာဖြစ်တဲ့အတွက်လျော်ကြေးပေးရန်မလိုဘူးခံယူထားပြီး အများပိုင်ဆိုပြီး အာဏာနဲ့ မတရားသိမ်းပိုက်ဖို့ကြံနေတယ်
ဒီနေရာတွေကိုလည်း အရင်ကတည်းက ပိုင်ဆိုင်ထားတဲ့သူတွေ ပြန်ရောင်းထားတဲ့သူတွေ နေပြည်တော်က ဗိုလ်မှူးတစ်ယောက်တောင်ပါသေးတယ်။ ဒါတွေကိုရှင်းဖို့တော့လိုတာပေါ့....
ဒီနေရာတွေကို အများပိုင်က ကိုအောင်မျိုးကလိုက်ပြပေးလို့ ဟိုတယ်ဇုံအဖြစ် သတ်မှတ်လိုက်တာ အခုတော့ ပြပေးလိုက်တဲ့ကိုအောင်မျိုး ကို အသုံးမလိုတော့တဲ့ပုံစံ သတ်မှတ်ပြီး ရှေ့ ရောက်နေတဲ့သူကို နောက်ဆုံးကို ပို့လိုက်တယ်။ အချင်းချင်း တောင်အသုံးမလိုရင် မသုံးချင်တဲ့ ခေါင်းဆောင် ခင်စိုး မျိုးမောင်လှကမှ ၁၀၀၀၀ ဖိုးယူပြီး ၁ကျပ်ဖိုးတောင်လှူးသေးတယ် ခင်စိုးကတော့ စက်ရုံအခြေအနေကလဲမကောင်းတော့ ထားဝယ်တောမှာ ဆရာကြီးလာလုပ်နေတာ လှူမလှုဆိုတာ စောင့်ကြည့်ရအုံးမှာပေါ့..မောင်လှသန်းထဲမှ ပြောမိတာဆော်ရီးပါ သီးသန့်တင်ပေးအုံးမယ်နော်...
မြိတ်သားတွေကတော့ အချင်းချင်းဆော်မနေကြနဲ့ တိုးတက်ဖို့အတွက်ပူးပေါင်း လိုက်ကြပါလား--တနင်္သာရီတိုင်းမှာ မြိတ်တစ်ခုတည်းမဟုတ်ဘူးနော်၊ ကျွန်တော်တို့ထားဝယ်လဲပါပါတယ်။