Pages

Tuesday, June 19, 2012

ဒီကနေ့ အိုင်ယာလန်နိုင်ငံ Dublin မြို့ရဲ့ လွတ်လပ်ရေး ဂုဏ်ထူးဆောင် ဆုချီးမြှင့်ပွဲ အခမ်းအနား ရုပ်သံလင့်ခ်..

 အိုင်ယာလန်နိုင်ငံ Dublin City ရဲ့ လွတ်မြောက်ရေး ဂုဏ်ထူးဆောင် ဆုလက်ခံရယူ
၁၈ရက်နေ့က အိုင်ယာလန်နိုင်ငံ Dublin City ရဲ့ ဂုဏ်ထူးဆောင် ဆုလက်ခံရယူတဲ့ အခမ်းအနား ဒီလင့်ခ်မှာ ပြန်ကြည့်လို့ရပါပြီ http://www.rte.ie/player/#!v=3321402
Ambassador of Conscience Award လက်ခံရယူစဉ်..
Amnesty International ရဲ့ ၂၀၀၉ခုနှစ်က ချီးမြှင့်တဲ့ (Ambassador of Conscience Award)ကို ခမ်းနားကြီးကျယ်တဲ့ Bord Gais Energy Theatreမှာ လက်ခံရယူခဲ့ပြီး အဆိုပါ ခန်းမ အပြင်ဘက်က ထောက်ခံဂုဏ်ပြုသူ ထောင်ချီတဲ့ လူထုရှေ့မှောက်မှာ Dublin City ရဲ့ ဂုဏ်ထူးဆောင်ဆု လွတ်လပ်ရေးဆုကို လက်ခံရယူခဲ့တာပါ။
အိုင်ယာလန် သမ္မတ Michael D. Higgins သမ္မတရုံးမှာ တွေ့ဆုံစဉ်..
၆နာရီကြာ အိုင်ယာလန် ခရီးစဉ်အတွင်း အိုင်ယာလန် သမ္မတ Michael D. Higginsမှ မြန်မာ ပြည်သူလူထု ခေါင်းဆောင်အား သမ္မတရုံးမှာ တွေ့ဆုံခဲ့ပါတယ်..။

ဂုဏ်ယူဝမ်းမြောက်မှု များစွာနဲ့ ကျွန်တော်တို့ရဲ့ ပြည်သူ့ခေါင်းဆောင် ယနေ့မွေးနေ့မှ စ၍ နှစ် ၁၀၀တိုင်ပါစေ..

ဒီမိုဝေယံ
အိုင်ယာလန်နိုင်ငံ Dublin City ရဲ့ လွတ်မြောက်ရေး ဂုဏ်ထူးဆောင် ဆုလက်ခံရယူပွဲ ရိုက်တာရုပ်သံ

ဓာတ်ပုံ AP,Getty Images

2 comments:

  1. အမေ့ရဲ့  ယခု (၆၇)နှစ်ပြည့်မွေးနေ့ ရက်မြတ်မှသည် နောင်နှစ်ပေါင်းများစွာတိုင် အမေ့ရင်ထဲမှာဖြစ်ပေါ်သမျှကိစ္စအ၀၀ ထမြောက်အောင်မြင်ပြီးပြည့်စုံပြီး၊ လူယုတ်မာအပေါင်း၏ အန္တရာယ်မှကင်းစင်ပါစေ၊

    ReplyDelete
  2. အမေစု ၆၇နှစ်ပြည့်မွေးနေ့မှတည် တိုင်းပြည်နှင့်လူမျိုး ဘာသာသာသနာအကျိုးကို ဆောင်ရွက်နိုင်ပြီး ဂုဏ်ထူးဆောင်ဆုတွေလည်းထပ်ကာထပ်ကာရရှိနိုင်ပါစေ။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။