ပြင်သစ်သမ္မတ Francois Hollande ရဲ့ အထူးဧည့်သည်တော် မြန်မာပြည်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်..။ အပြိုင်အဆိုင် ခမ်းခမ်းနားနားကို ကြိုဆိုကြတာပါ..။
ဇွန်လ(၂၆)ရက်နေ့က ပြင်သစ်နိုင်ငံမှာ အစိုးရဧည့်သည်တော် အဖြစ်ရောက်ရှိနေတဲ့ မြန်မာပြည်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ်သမ္မတ Francois Hollandeမှ Elysee နန်းတော်မှာ လက်ခံတွေ့ဆုံ ခဲ့ပါတယ်..။ မြန်မာပြည်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ယနေ့မနက်ပိုင်းက အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှ Eurostar အမြန်ရထားဖြင့် ပြင်သစ်နိုင်ငံ ပါရီမြို့ကို ရောက်ရှိလာခဲ့ပါတယ်..။
ဓာတ်ပုံ၊ AP,Reuters







ကြက်သရေ မင်္ဂလာ ရှိလိုက်ပါပေ့...။ အသိဉာဏ်နဲ့ မေတ္တာစေတနာ ဂုဏ်ရှိတဲ့လူကို အသိဉာဏ်နဲ့ ဂုဏ်ရှိသူများကပဲ အသိအမှတ်ပြုကြတာပါ။ ဒီခေါင်းဆောင်မျိုး ဘယ်တုန်းက ရှိခဲ့ဖူးမှာလဲ... လုပ်သမျှအောင် ကြံသမျှ ဖြစ်နိုင်ပြီး လူထုအတွက် လုပ်ချင်သမျှ အားလုံး အနှောက်အယှက် အန္တရာယ်ကင်းကင်းနဲ့ အောင်မြင်ပါစေ...
ReplyDeleteကျက်သရေ အလွန်ရှိပါတဲ့ မြန်မာဆန်တဲ့ အမေစုရဲ့ ၀တ်ပုံစားပုံလေးတွေကို ခုခေတ်
ReplyDeleteမြန်မာမိန်းခလေးတွေ အတုယူကြစမ်းပါလို့ 
ပြောပါရစေ။ အမေစု ကတော့ မြန်မာအမျိုးသမီးတွေ အတွက် တကယ့်စံပြ
မော်ဒယ်ပါဘဲ။ကမ္ဘာမှာ မြန်မာအမျိုးသမီးဟေ့ လို့ အမြဲဂုဏ်ယူနေပါတယ်အမေ။
She certainly LOOKS MAGNIFICENT man!
ReplyDeleteThan Shwe and his brood must be SEETHING WITH RAGE after seeing these pictures.
Well, the WORLD KNOWS WHO IS THE LEGITIMATE and ELECTED LEADER of BURMA as well.
However, I have MUCH QUALM OVER WHAT IS GOING TO HAPPEN BETWEEN NOW and 2015 for Daw Suu and her NLD of course.