ဂုဏ်ယူကြပါ မြန်မာပြည်သူ အပေါင်းတို့..
ဒုတိယကမ္ဘာစစ် နောက်ပိုင်း ခမ်းနားကြီးကျယ်လှတဲ့ ဗြိတိသျှ အထက်အောက် ပါလီမာန်ရဲ့ Westminster Hallမှာ မိန့်ခွန်းပြောကြားခွင့်ရတဲ့  နိုင်ငံရပ်ခြားမှ နိုင်ငံ့ခေါင်းဆောင်များ စာရင်း။
၅ဦးမြောက်ကတော့ အနာဂတ်မြန်မာနိုင်ငံရဲ့ ဒေါ်အောင်ဆန်းစုကြည်ပါ..
...
7 April 1960 Charles de Gaulle President of France
11 July 1996 Nelson Mandela President of South Africa
17 September 2010 Benedict XVI Pope (state Visit)
25 May 2011 Barack Obama President of the United States
21 June 2012 Dr. Aung San Suu Kyi Union of Myanmar
ဗြိတိသျှ အထက်အောက် လွှတ်တော်ရဲ့ ကြီးကျယ်ခန်းနားလှတဲ့ Westminster Hallမှာ ဒီလို ဝိုင်းဝိုင်းလည် ဂုဏ်ပြုကြတာပါ..
ဗြိတိသျှ အထက်အောက် လွှတ်တော်ရဲ့ ကြီးကျယ်ခန်းနားလှတဲ့ Westminster Hallမှာ အရှေ့တောင် အာရှတိုင်းပြည် မြန်မာနိုင်ငံမှ မြန်မာပြည်သူများရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဒုတိယကမ္ဘာစစ် နောက်ပိုင်း ဗြိတိန်နိုင်ငံသို့ ရောက်ရှိလာကြတဲ့ နိုင်ငံခေါင်းဆောင်များထဲမှ ၅ဦးမြောက်အဖြစ် ဟောပြောခွင့် ရရှိခြင်းအား ဝမ်းမြောက်ဝမ်းသာ လေးစား ဂုဏ်ပြုအပ်ပါသည်...။
(ဝဲမှညာ) လက်ရှိဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း (ဝဲအစွန်)၊ လေဘာပါတီ ခေါင်းဆောင် Ed Miliband (ဒုဝဲ) ယခင်ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲရဲ့ ဇနီး ရှေ့နေ Cherie Blair (အဖြူဝတ် အမျိုးသမီး)၊ ယခင် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဂေါ်ဒွင်ဘရောင်း၊ အလယ်ကတော့ မြန်မာပြည်ရဲ့ အနာဂတ်ခေါင်းဆောင် မြန်မာပြည်ရဲ့ မီးရှုးတန်ဆောင် ကျွန်တော်တို့ အားလုံးရဲ့ အမေ ဒေါ်အောင်ဆန်းစုကြည်..။ ပတ္တမြားကို ရွှေကွပ်ထားတဲ့ အလားမြင်တွေ့ရပါတယ်ဗျာ...
ဗြိတိသျှ အထက်အောက် လွှတ်တော်ရဲ့ ကြီးကျယ်ခန်းနားလှတဲ့ Westminster Hallမှာ အရှေ့တောင် အာရှတိုင်းပြည် မြန်မာနိုင်ငံမှ မြန်မာပြည်သူများရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဒုတိယကမ္ဘာစစ် နောက်ပိုင်း ဗြိတိန်နိုင်ငံသို့ ရောက်ရှိလာကြတဲ့ နိုင်ငံခေါင်းဆောင်များထဲမှ
ဗြိတိန်ရဲ့ နိုင်ငံ့ခေါင်းဆောင်တွေကြားမှ မြန်မာပြည်သူလူထုရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်..
(ဝဲမှညာ) လက်ရှိဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း (ဝဲအစွန်)၊ လေဘာပါတီ ခေါင်းဆောင် Ed Miliband (ဒုဝဲ) ယခင်ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲရဲ့ ဇနီး ရှေ့နေ Cherie Blair (အဖြူဝတ် အမျိုးသမီး)၊ ယခင် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဂေါ်ဒွင်ဘရောင်း၊ အလယ်ကတော့ မြန်မာပြည်ရဲ့ အနာဂတ်ခေါင်းဆောင် မြန်မာပြည်ရဲ့ မီးရှုးတန်ဆောင် ကျွန်တော်တို့ အားလုံးရဲ့ အမေ ဒေါ်အောင်ဆန်းစုကြည်..။ ပတ္တမြားကို ရွှေကွပ်ထားတဲ့ အလားမြင်တွေ့ရပါတယ်ဗျာ...
Westminster Hall မြင်ကွင်း..
အမှတ်(၁၀) ဒေါင်းနင်းလမ်း မှအပြန်
ခွပ်ဒေါင်းမိခင် နင်းလျှောက်ခဲ့တဲ့ အမှတ်(၁၀)ဒေါင်းနင်းလမ်းမှအပြန်...
မြန်မာပြည်လူထုခေါင်းဆောင် ၂နှစ်သမီးအရွယ် လောက်ကပေါ့ မြန်မာပြည် လွတ်လပ်ရေးအတွက် ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ဒီဒေါင်းနင်းလမ်း အမှတ် ...၁၀ မှာပဲ အောင်ဆန်း အက်တလီ စာချုပ်ကို ဖခင်ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗြိတိသျှ ဝန်ကြီးချုပ် အက်တလီတို့ လက်မှတ် ရေးထိုးခဲ့ကြတယ်။
ထိုမှ နှစ်ပေါင်း (၆၅)နှစ်အကြာမှာတော့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အား အဆိုပါ ဒေါင်းနင်းလမ်း အမှတ် ၁၀ မှာဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းမှ နေ့လည်စာနဲ့ တည်ခင်းခဲ့သလို ဗြိတိန်နိုင်ငံရဲ့ အထက်အောက် လွှတ်တော်မှာ ဒုတိယကမ္ဘာစစ် နောက်ပိုင်း နိုင်ငံခေါင်းဆောင် အဆင့်တွေသာ ဂုဏ်ပြုတဲ့ အနေနဲ့ ပြောခွင့်ပြုတဲ့ ဗာတီကန်မှ ပုပ်ရဟန်းမင်းကြီး၊ အမေရိကန်သမ္မတ အိုဘားမားနဲ့ ယခု မြန်မာပြည်က ဒေါ်အောင်ဆန်းစုကြည်မှ ၅ဦးမြောက်အနေနဲ့ ဟောပြောခွင့်ရခဲ့ပါတယ်..။ ရွှေမြန်မာတွေအတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ် သတင်းတပုဒ်ပါ..။ ကျင်းပတော့မယ့် လန်ဒန်အိုလံပစ်က ရွှေတံဆိပ်ဆုထက် အဆပေါင်းများ စွာသာတဲ့ မြန်မာနိုင်ငံသားတွေအတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ် နိုင်ငံဂုဏ်ဆောင် ဆုတံဆိပ်တွေကို ကမ္ဘာ့အလယ်မှာ မော်ကြွားနိုင်အောင် အမေစု ဂုဏ်ဆောင်ပေးခဲ့ပါပြီ။
သမိုင်းလိုအပ်ချက်အတွက် နှစ်ပေါင်းများစွာမှ ပေါ်ပေါက်ပေးရတဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခွပ်ဒေါင်းမိခင် ဒေါ်အောင်ဆန်းစုကြည်တို့ ရဲ့ ကျေးဇူးတရားများကား အင်မတန်မှပင် ကြီးမားလှပါပေသည်...။
အမေစု ကျန်းကျန်းမာမာ ဘေးဘယာ ကင်းရှင်းစွာဖြင့် အနာဂတ် မြန်မာနိုင်ငံအကျိုးကို ဆက်လက်သယ်ပိုး နိုင်ပါစေလို့ ဆုတောင်း မေတ္တာပို့သ အပ်ပါတယ်..။
ဒီမိုဝေယံ







Thank you very much for all great photos.
ReplyDeleteTruly thanks for the picture. No doubts all the people from Burma will be proud of her.
ReplyDeleteAnd all the glorious and historical photoes, Pls keep them.
ReplyDeleteAh May be healthy and long life.
ReplyDeleteThank you so much for the great photos.I am so....proud of our Leader Ahmay Su. Long life Ahmay...
ReplyDeleteအမေစုရဲ့မိန့် ခွန်းကိုကြားရတာမြန်မာ
ReplyDeleteပြည်သူတယောက်အနေနဲ့ ကဗ္ဘာက
သိသွားရတာ(ကဗ္ဘာမှာမြန်မာဟေ့လို့ )
ဂုဏ်မယူကြဘူးလားဝမ်းမသာကြဘူးလား
မုဒိတာမပွားနိုင်ကြဘူးလား။တနိုင်ငံ
လုံးမမြင်စေချင်။မကြားစေချင်ကြဘူးလား
မြင်ကြရရင်ဘယ်လောက်ဝမ်းသာကြမလဲ
ဘယ်လောက်ဂုဏ်ယူကြမလဲ။အား
လုံးကိုမြင်စေချင်ပါတယ်ဒီမိုကရေစီကအတု
ဖြစ်နေသေးတယ်။အစပျိုးနေသေးတယ်
ဆိုတော့သီးခံကြပါအုံးနော်။ယောက်ကျား
ရင့်မကြီးတွေပြောထားတာဆိုတော့
နောက်တော့ပြန်မသွားလောက်ပါဘူး
နော်။ဂတိတော့တည်မှာပါနော်
ယုံလိုက်မယ်နော်။အစိုးရပိုင်သတင်းစာ
တွေထဲမှာအားနာပါးနာလေး။မကောင်း
တတ်လို့ တောင်မပါဘူးနော်။ဒေါ်စုက
မြန်မာနိုင်ငံသားစစ်စစ်ကမွေးဖွားခဲ့
တဲ့(မြန်မာစစ်)မြန်မာ့ဂုဏ်ဆောင်တဲ့
အားကစားသမားတွေတောင်နိုင်ငံ
ပိုင်သတင်းစာမှာပါနိုင်သေးရင်
မြန်မာတမျိုးသားလုံးအတွက်အပင်ပန်း
ခံပြီးဆောင်ရွက်နေတာ(မြန်မာနိုင်ငံသား
အားလုံးကလှိုက်လှိုက်လှဲလှဲဂုဏ်ယူကြ
ရမှာပေါ့(တို့ များတော့)ဂုဏ်ယူပါတယ်
ဦးသိန်းစိန်.အစိုးရဟာ.ယနေ့အထိ.
ReplyDeleteဒေါ်အောင်ဆန်းစုကြည်ရဲ့.အရည်အချင်းတွေကို.
အသိအမှတ်မပြုချင်သေးဘူးဆိုတာထင်ရှားပါတယ်.
ဒေါ်စုခရီးစဉ်အကြောင်းမြူမူံစားလေးလောက်တောင်
မဖေါ်ပြချင်တာဟာ.အပြောင်းအလွဲလုပ်ချင်ပါတယ်
ဆိုတာကိုသံသယဖြစ်စရာပါပဲ.
ကမ္ဘာကလေးထားဂုဏ်ပြုခံရတဲ့.ကိုယ့်လူမျိုးတစ်ယောက်
လို့မမြင်နိုင်ပဲ.တို့ထက်သာရင်မနာလိုဝန်တိုဖြစ်နေတာ
ထင်းထင်းကြီးပေါ်လွင်ပါတယ်..
စစ်တပ်ကလာတဲ့စစ်ဗိုလ်ဖြစ်လို့.စစ်ဗိုလ်စိတ်မပျောက်
သေးတာပြနေတာပါပဲ.မြန်မာပြည်မှာ.စစ်ဗိုလ်မှပဲ.သိတယ်
စစ်ဗိုလ်မှပဲတတ်တယ်ဆိုတဲ့.အောက်တန်းကျတဲ့.
အတွေးတွေ.အသိတွေဖျောက်ကြပါတော့.
စစ်ဗိုလ်တွေလုပ်လို့.တိုင်းပြည်မွဲရတာပါဆိုတာကိုဝန်မခံ
ချင်တောင်.သိဖို့တော့လိုနေပါပီ.
I am citizen of myanmar I very proud for mother of burma democracy aundy SU I love SU we protect SU
ReplyDeleteThanks for the POST and PHOTOS as well of course.
ReplyDeleteNOW I AM TRULY PROUD TO BE BORN, BRED and BROUGHT UP IN BURMA guys!
I gave my RESPECTS to her father LYING IN STATE in the JUBILEE HALL, Rangoon, Burma, way back in 1947, after his ASSASSINATION holding my father's hands of course.
Today Daw Suu has SHOWN the ILK of PEOPLE WHO MADE BURMA and PROUD as well.
She has joined the rank of King Anaw-ra-hta, Bayint Naung, Alaung-pa-ya, Gen. Aung San and U Thant as well today.
Of course the WORLD GAVE HER A STANDING OVATION and ACCLAIM no man nor woman of Burma EVER HAD until today.
She has GIVEN and STILL GIVING HER ALL for her PEOPLE and COUNTRY.
Hence, SHE DESERVED NO LESS as well I say.
Kyaw Hsan SHUTS HER OUT of course.
And it is UNDERSTANDABLE as well.
LIMITED EDUCATION and LESS MORALS on the part of the lot at Naypyidaw are WELL EVIDENCED at this time and juncture no doubt.
And PEOPLE ARE SAYING Thein Sein led lot at Naypyidaw are TRUSTWORTHY in Burma's CHANGE for DEMOCRACY.
Hope those people who TRUST in Thein Sein for Burma's democracy should CHECK and RECHECK their VIEWS and CONTENTS of their CRANIUMS as well, lest they forget.
မြန်မာအမျိုးသမီးတယောက်အနေနဲ့  အရမ်းကို ဂုဏ်ယူနေမိပါတယ်
ReplyDeleteအမေရယ်။
အမေစုရဲ့  မြန်မာဆန်တဲ့ ကျက်သရေအလွန်ရှိ တဲ့ အ၀တ်အစားလေးတွေကို ခုခေတ် မြန်မာမိန်းခလေးတွေ အတုယူစေချင်လိုက်တာ။